[Zawgyi]

စုစုလိႈင္အျဖစ္ပဲ ပရိသတ္ေတြ ေတြ႔ျမင္ရမယ့္ ေမျမင့္မိုရ္

စာေရးဆရာမႀကီးမစႏၵာရဲ႕ ေအာင္ျမင္ေက်ာ္ၾကားခဲ့တဲ့ ‘အရိပ္’ ဝတၱဳကို ဇာတ္လမ္းတြဲအျဖစ္ ျပန္လည္ပံုေဖာ္ရိုက္ကူးထားတဲ့ ‘အရိပ္’ဇာတ္လမ္းတြဲကို ေမလ ၁ ရက္ေန႔မွစတင္ကာ တနလၤာေန႔မွ ေသာၾကာေန႔အထိ ည-၇း၀၀ MRTV-4 ရုပ္သံလိုင္းမွာ ျပသေပးသြားေတာ့မွာျဖစ္ပါတယ္။ အရိပ္ဇာတ္ကားဟာဆိုရင္ တစ္ခ်ိန္က သရုပ္ေဆာင္ပန္းျဖဴကို အကယ္ဒမီဆုရယူေပးႏိုင္တဲ့အထိကို ေအာင္ျမင္ခဲ့ၿပီး ဇာတ္လမ္းတြဲအျဖစ္ရိုက္ကူးတဲ့ေနရာမွာေတာ့ ဇာတ္လမ္းကို ဘယ္လိုပံုေဖာ္ဖန္တီးထားတယ္ အဓိကဇာတ္ေဆာင္ျဖစ္တဲ့ စုစုလိႈင္ကေရာ ဇာတ္ေကာင္ကို ဘယ္လိုပံုေဖာ္ရိုက္ကူးထားလဲဆိုတာကုိေတာ့ မၾကာခင္မွာ ေတြ႔ျမင္ရေတာ့မွာျဖစ္ပါတယ္။

Ah Yake

အရိပ္ဇာတ္လမ္းတြဲမွာဆိုရင္ျဖင့္ အဓိကဇာတ္ေကာင္ျဖစ္တဲ့ စုစုလိႈင္ဆိုတဲ့ေနရာကို သရုပ္ေဆာင္ေမျမင့္မိုရ္က အေကာင္းဆံုး ႀကိဳးစားရိုက္ကူးထားေၾကာင္းကို “ ဒီအရိပ္ဝတၳဳက တကယ္ကုိပရိသတ္ေတြၾကားမွာ ေအာင္ျမင္ခဲ့တဲ့ ဝတၳဳျဖစ္သလို ရုပ္ရွင္ဇာတ္ကားရိုက္ကူးခဲ့တဲ့ မပန္းျဖဴကလည္း ဒီဇာတ္ကားနဲ႔ အကယ္ဒမီကိုရခဲ့တယ္။ အဲဒီအတြက္ ညီမအေနနဲ႔ အရမ္းတာဝန္ႀကီးတယ္။ စိတ္ဖိစီးမႈလည္းမ်ားတယ္။ ဒါေပမယ့္ အေကာင္းဆံုး ႀကိဳးစားသရုပ္ေဆာင္ခဲ့တယ္။ စုစုုလိႈင္ျဖစ္ေအာင္လည္း ဇာတ္ေကာင္ထဲမွာစိတ္ႏွစ္ၿပီး ေသခ်ာအခ်ိန္ယူျပင္ဆင္တယ္။ လာမယ့္ေမလ ၁ ရက္ေန႔ကစၿပီး MRTV- 4 ရုပ္သံလိုင္းမွာ စတင္ျပသသြားမွာပါ။ အဲအခ်ိန္က်ရင္လည္း ေဝဖန္ေပးၾကဖို႔နဲ႔ အရင္ေတြ႕ေနက်ေမျမင့္မိုရ္ပံုစံမ်ိဳးနဲ႔ ေတြ႔ရေတာ့မွမဟုတ္ဘဲ အရိပ္ဇာတ္လမ္းတြဲထဲက စုစုလိႈင္အျဖစ္ပဲ ပရိသတ္ေတြ ေတြ႔ျမင္ရမို႔မွာ အားေပးၾကပါဦး ” လို႔ ေျပာျပပါတယ္။

‘အရိပ္’ဇာတ္လမ္းတြဲကို ဒါရိုက္တာျပည္သစ္ႏိုင္က ရိုက္ကူးထားတာျဖစ္ၿပီး သရုပ္ေဆာင္ေတြအျဖစ္ အကယ္ဒမီရန္ေအာင္၊ အကယ္ဒမီစိုးျမတ္သူဇာ၊ အကယ္ဒမီခ်ိဳၿပံဳး၊ နကၡတ္၊ ဟိန္းထက္၊ ေမျမင့္မိုရ္၊ ေခးဆက္သြင္၊ နန္းစႏၵာလွထြန္း၊ မိုက္မိုက္၊ စိုုေျပျမင့္၊ ဟိန္းမင္းသူ၊ ဆန္းတိုးႏိုင္၊ စ်ဴးစ်ဴးစ်ာန္၊ ေမမီကိုကို၊ ၿဖိဳးအိျႏၵာမင္း၊ ေက်ာ္ေက်ာ္၊ ဦးဝင္းၿမိဳင္၊ ထူးသာ၊ အကယ္ဒမီႏြဲ႕ႏြဲ႕စန္း၊ အကယ္ဒမီခင္မုိ႔မို႔ေအး၊ သန္းသန္းစိုးစတဲ့ အႏုပညာရွင္ေတြက ပါဝင္သရုပ္ေဆာင္ထားတာျဖစ္ပါတယ္။’အရိပ္’ ရုပ္ရွင္ဇာတ္ကားနဲ႔ ၁၉၉၇ ခုႏွစ္က အေကာင္းဆံုးအမ်ိဳးသမီးဇာတ္ေဆာင္ဆုကို သရုပ္ေဆာင္ပန္းျဖဴက ရရွိခဲ့ဖူးပါတယ္။

Photo Credit: အရိပ္,May Myint Mo Facebook

www.akhayar.com

[Unicode]

စုစုလှိုင်အဖြစ်ပဲ ပရိသတ်တွေ တွေ့မြင်ရမယ့် မေမြင့်မိုရ်

စာရေးဆရာမကြီးမစန္ဒာရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ ‘အရိပ်’ ဝတ္တုကို ဇာတ်လမ်းတွဲအဖြစ် ပြန်လည်ပုံဖော်ရိုက်ကူးထားတဲ့ ‘အရိပ်’ဇာတ်လမ်းတွဲကို မေလ ၁ ရက်နေ့မှစတင်ကာ တနင်္လာနေ့မှ သောကြာနေ့အထိ ည-ရး၀၀ MRTV-4 ရုပ်သံလိုင်းမှာ ပြသပေးသွားတော့မှာဖြစ်ပါတယ်။ အရိပ်ဇာတ်ကားဟာဆိုရင် တစ်ချိန်က သရုပ်ဆောင်ပန်းဖြူကို အကယ်ဒမီဆုရယူပေးနိုင်တဲ့အထိကို အောင်မြင်ခဲ့ပြီး ဇာတ်လမ်းတွဲအဖြစ်ရိုက်ကူးတဲ့နေရာမှာတော့ ဇာတ်လမ်းကို ဘယ်လိုပုံဖော်ဖန်တီးထားတယ် အဓိကဇာတ်ဆောင်ဖြစ်တဲ့ စုစုလှိုင်ကရော ဇာတ်ကောင်ကို ဘယ်လိုပုံဖော်ရိုက်ကူးထားလဲဆိုတာကိုတော့ မကြာခင်မှာ တွေ့မြင်ရတော့မှာဖြစ်ပါတယ်။

Ah Yake

အရိပ်ဇာတ်လမ်းတွဲမှာဆိုရင်ဖြင့် အဓိကဇာတ်ကောင်ဖြစ်တဲ့ စုစုလှိုင်ဆိုတဲ့နေရာကို သရုပ်ဆောင်မေမြင့်မိုရ်က အကောင်းဆုံး ကြိုးစားရိုက်ကူးထားကြောင်းကို “ ဒီအရိပ်ဝတ္ထုက တကယ်ကိုပရိသတ်တွေကြားမှာ အောင်မြင်ခဲ့တဲ့ ဝတ္ထုဖြစ်သလို ရုပ်ရှင်ဇာတ်ကားရိုက်ကူးခဲ့တဲ့ မပန်းဖြူကလည်း ဒီဇာတ်ကားနဲ့ အကယ်ဒမီကိုရခဲ့တယ်။ အဲဒီအတွက် ညီမအနေနဲ့ အရမ်းတာဝန်ကြီးတယ်။ စိတ်ဖိစီးမှုလည်းများတယ်။ ဒါပေမယ့် အကောင်းဆုံး ကြိုးစားသရုပ်ဆောင်ခဲ့တယ်။ စုစုုလှိုင်ဖြစ်အောင်လည်း ဇာတ်ကောင်ထဲမှာစိတ်နှစ်ပြီး သေချာအချိန်ယူပြင်ဆင်တယ်။ လာမယ့်မေလ ၁ ရက်နေ့ကစပြီး MRTV- 4 ရုပ်သံလိုင်းမှာ စတင်ပြသသွားမှာပါ။ အဲအချိန်ကျရင်လည်း ဝေဖန်ပေးကြဖို့နဲ့ အရင်တွေ့နေကျမေမြင့်မိုရ်ပုံစံမျိုးနဲ့ တွေ့ရတော့မှမဟုတ်ဘဲ အရိပ်ဇာတ်လမ်းတွဲထဲက စုစုလှိုင်အဖြစ်ပဲ ပရိသတ်တွေ တွေ့မြင်ရမို့မှာ အားပေးကြပါဦး ” လို့ ပြောပြပါတယ်။

‘အရိပ်’ဇာတ်လမ်းတွဲကို ဒါရိုက်တာပြည်သစ်နိုင်က ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင်တွေအဖြစ် အကယ်ဒမီရန်အောင်၊ အကယ်ဒမီစိုးမြတ်သူဇာ၊ အကယ်ဒမီချိုပြုံး၊ နက္ခတ်၊ ဟိန်းထက်၊ မေမြင့်မိုရ်၊ ခေးဆက်သွင်၊ နန်းစန္ဒာလှထွန်း၊ မိုက်မိုက်၊ စိုုပြေမြင့်၊ ဟိန်းမင်းသူ၊ ဆန်းတိုးနိုင်၊ ဈူးဈူးဈာန်၊ မေမီကိုကို၊ ဖြိုးအိန္ဒြာမင်း၊ ကျော်ကျော်၊ ဦးဝင်းမြိုင်၊ ထူးသာ၊ အကယ်ဒမီနွဲ့နွဲ့စန်း၊ အကယ်ဒမီခင်မို့မို့အေး၊ သန်းသန်းစိုးစတဲ့ အနုပညာရှင်တွေက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။’အရိပ်’ ရုပ်ရှင်ဇာတ်ကားနဲ့ ၁၉၉၇ ခုနှစ်က အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို သရုပ်ဆောင်ပန်းဖြူက ရရှိခဲ့ဖူးပါတယ်။

Photo Credit: အရိပ်,May Myint Mo Facebook

www.akhayar.com