[Zawgyi]

ဆင္းရဲသားပေပ်ာက္ေရးအေၾကာင္းေျပာျပခဲ့တဲ့ ခိုင္ႏွင္းေဝ

ပရဟိတလုပ္ငန္းေတြႏွင့္ ေပ်ာ္ေမြ႔ေနသူ သရုပ္ေဆာင္ခိုင္ႏွင္းေ၀ကို ေတြ႕ဆံုခိုက္မွာ ပရဟိတလုပ္ျဖစ္တဲ့ အဓိကအေၾကာင္းအရင္းနဲ႔ပတ္သက္ၿပီး ေမးျမန္းျဖစ္ခဲ့ပါတယ္။ “မိဘမဲ့ကေလးေတြနဲ႔ ကေလးေတြေစာင့္ေရွာက္ဖို႔အတြက္ အဓိကထားၿပီး လုပ္တယ္။ သက္ငယ္မုဒိမ္းေၾကာင့္ အႏိုင္က်င့္ေစာ္ကားခံရတဲ့ ကေလးေတြကို အစ္မေစာင့္ေရွာက္ေပးတယ္။ သူတို႔အတြက္ အမႈေတြလိုက္ေပးတယ္။ ေဆး၀ါးမတတ္ႏိုင္တဲ့သူဆို ေဆး၀ါးကူညီေပးပါတယ္။ အစ္မမွာရိွတဲ့ ေငြေၾကးအင္အားေလးနဲ႔ လုပ္ႏိုင္သေလာက္ေလးေတြ လုပ္ေပးတာပါ။ အမ်ားႀကီးေတာ့ မလုပ္ႏိုင္ပါဘူး။”

သက္ငယ္မုဒိမ္းနဲ႔ပတ္သက္ၿပီး အခုဆိုရင္ အႏုပညာရွင္ေတြပါ လႈံ႔ေဆာ္လာၾကတာေတြ႔ရေတာ့ သူ႔ အေနနဲ႔ ၀မ္းသာတယ္လို႔လည္း ေျပာခဲ့ပါတယ္။ “သက္ငယ္မုဒိမ္းနဲ႔ပတ္သက္ၿပီး အခုဆိုရင္ အႏုပညာရွင္ေတြ ပါ၀င္လာတာေတြ႔ရေတာ့ အရမ္းေကာင္းပါတယ္။ ျပည္သူေတြအေနနဲ႔လည္း အားရိွတယ္။ အႏိုင္က်င့္ေစာ္ကားခံရတဲ့ မိသားစုေတြ အားငယ္ၾကတယ္။ စိတ္ဆင္းရဲၾကတယ္။ ဒီအႏုပညာရွင္ေတြက ဒီလုပ္ရပ္ကို သိပ္ၿပီးရြံရွာစက္ဆုပ္လို႔ ပါ၀င္အားျဖည့္လာေတာ့ ခံစားရတဲ့မိသားစုေတြ ၀မ္းသာတယ္။ အားတတ္သေရာျဖစ္တယ္။ အဲဒါေၾကာင့္ အႏုပညာရွင္ေတြ လႈံ႔ေဆာ္တာ အရမ္းေကာင္းပါတယ္” လို႔ ေျပာျပပါတယ္

ေမြးေန႔အမွတ္တရအေနနဲ႔ “ဆင္းရဲသားပေပ်ာက္ေရး” ဆိုၿပီး လုပ္ျဖစ္ရတဲ့ရည္ရြယ္ခ်က္ေလး သိပါရေစလို႔ ထပ္မံေမးၾကည့္လိုက္ေတာ့ “ဆင္းရဲသားပေပ်ာက္ေရးဆိုေပမယ့္ အကုန္လုံးကိုေတာ့ မကယ္တင္ႏိုင္ပါဘူး။ အစ္မနဲဲ႔ေတြ႔တဲ့သူက သူ႔ရဲ႕ဘ၀ေလးေတာ့ တစ္ခုေျပာင္းလဲသြားတာေပါ့။ တစ္လကို သုံးအိမ္ေထာင္စုနဲ႔ ေျဖးေျဖးခ်င္းပဲသြားမယ္လို႔ စိတ္ကူးထားတယ္။ အလွႈရွင္ေတြမ်ားလာရင္ေတာ့ တျဖည္ျဖည္းမ်ားလာမွာေပါ့ေနာ္။ အဲဒါက အိမ္ေထာင္ဦးစီးေယာက်္ားမရိွရဘူး။ အမ်ိဳးသမီးဦးေဆာင္ေနတဲ့ အိမ္ျဖစ္ရမယ္။ တစ္ရက္ကို ၀င္ေငြ ၂၀၀၀ ေအာက္ရိွတဲ့သူ၊ အလုပ္လုပ္ခ်င္စိတ္ရိွတဲ့သူ ျဖစ္ရမယ္။ တစ္ခ်ိဳ႕အစ္မလွဴလိုက္တဲ့ မိသားစုေတြဆိုရင္ တစ္အားရိုးသားၾကတယ္။ အရင္းအႏီွးမရိွတဲ့အတြက္ေၾကာင့္ သူတို႔သည္ ဒီဘ၀ထဲမွာပဲ က်င္လည္ေနတယ္။ တစ္ျခားဘာမွမလုပ္တတ္ဘူး။ လုပ္ခ်င္ေပမယ့္လည္း အရင္းအႏွီးမရိွၾကဘူး။ အသက္ရွင္ရင္ေတာင္မွ ကိုယ္ကိုတိုင္ အသက္ရႈမွရတာဆိုေတာ့ ေလရႈတာကလည္း ကိုယ္ကလုပ္ရတာဆိုေတာ့ အသက္ရွင္သန္ခြင့္ဆက္ရဖို႔ အလုပ္ေတြဆက္လုပ္ဖို႔ ကိုယ္ကိုတိုင္ကလည္း ခြန္အားကိုစိုက္ထုတ္ရမယ္ အလုပ္လုပ္ခ်င္တဲ့ စိတ္ကေလးရိွသြားေအာင္ရယ္လို႔” ပါဆိုၿပီး ေျပာျပခဲ့ပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ဆင်းရဲသားပပျောက်ရေးအကြောင်းပြောပြခဲ့တဲ့ ခိုင်နှင်းဝေ

ပရဟိတလုပ်ငန်းတွေနှင့် ပျော်မွေ့နေသူ သရုပ်ဆောင်ခိုင်နှင်းဝေကို တွေ့ဆုံခိုက်မှာ ပရဟိတလုပ်ဖြစ်တဲ့ အဓိကအကြောင်းအရင်းနဲ့ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့ပါတယ်။ “မိဘမဲ့ကလေးတွေနဲ့ ကလေးတွေစောင့်ရှောက်ဖို့အတွက် အဓိကထားပြီး လုပ်တယ်။ သက်ငယ်မုဒိမ်းကြောင့် အနိုင်ကျင့်စော်ကားခံရတဲ့ ကလေးတွေကို အစ်မစောင့်ရှောက်ပေးတယ်။ သူတို့အတွက် အမှုတွေလိုက်ပေးတယ်။ ဆေးဝါးမတတ်နိုင်တဲ့သူဆို ဆေးဝါးကူညီပေးပါတယ်။ အစ်မမှာရှိတဲ့ ငွေကြေးအင်အားလေးနဲ့ လုပ်နိုင်သလောက်လေးတွေ လုပ်ပေးတာပါ။ အများကြီးတော့ မလုပ်နိုင်ပါဘူး။”

သက်ငယ်မုဒိမ်းနဲ့ပတ်သက်ပြီး အခုဆိုရင် အနုပညာရှင်တွေပါ လှုံ့ဆော်လာကြတာတွေ့ရတော့ သူ့ အနေနဲ့ ဝမ်းသာတယ်လို့လည်း ပြောခဲ့ပါတယ်။ “သက်ငယ်မုဒိမ်းနဲ့ပတ်သက်ပြီး အခုဆိုရင် အနုပညာရှင်တွေ ပါဝင်လာတာတွေ့ရတော့ အရမ်းကောင်းပါတယ်။ ပြည်သူတွေအနေနဲ့လည်း အားရှိတယ်။ အနိုင်ကျင့်စော်ကားခံရတဲ့ မိသားစုတွေ အားငယ်ကြတယ်။ စိတ်ဆင်းရဲကြတယ်။ ဒီအနုပညာရှင်တွေက ဒီလုပ်ရပ်ကို သိပ်ပြီးရွံရှာစက်ဆုပ်လို့ ပါဝင်အားဖြည့်လာတော့ ခံစားရတဲ့မိသားစုတွေ ဝမ်းသာတယ်။ အားတတ်သရောဖြစ်တယ်။ အဲဒါကြောင့် အနုပညာရှင်တွေ လှုံ့ဆော်တာ အရမ်းကောင်းပါတယ်” လို့ ပြောပြပါတယ်

မွေးနေ့အမှတ်တရအနေနဲ့ “ဆင်းရဲသားပပျောက်ရေး” ဆိုပြီး လုပ်ဖြစ်ရတဲ့ရည်ရွယ်ချက်လေး သိပါရစေလို့ ထပ်မံမေးကြည့်လိုက်တော့ “ဆင်းရဲသားပပျောက်ရေးဆိုပေမယ့် အကုန်လုံးကိုတော့ မကယ်တင်နိုင်ပါဘူး။ အစ်မနဲ့တွေ့တဲ့သူက သူ့ရဲ့ဘဝလေးတော့ တစ်ခုပြောင်းလဲသွားတာပေါ့။ တစ်လကို သုံးအိမ်ထောင်စုနဲ့ ဖြေးဖြေးချင်းပဲသွားမယ်လို့ စိတ်ကူးထားတယ်။ အလှှုရှင်တွေများလာရင်တော့ တဖြည်ဖြည်းများလာမှာပေါ့နော်။ အဲဒါက အိမ်ထောင်ဦးစီးယောကျ်ားမရှိရဘူး။ အမျိုးသမီးဦးဆောင်နေတဲ့ အိမ်ဖြစ်ရမယ်။ တစ်ရက်ကို ဝင်ငွေ ၂၀၀၀ အောက်ရှိတဲ့သူ၊ အလုပ်လုပ်ချင်စိတ်ရှိတဲ့သူ ဖြစ်ရမယ်။ တစ်ချို့အစ်မလှူလိုက်တဲ့ မိသားစုတွေဆိုရင် တစ်အားရိုးသားကြတယ်။ အရင်းအနှီးမရှိတဲ့အတွက်ကြောင့် သူတို့သည် ဒီဘဝထဲမှာပဲ ကျင်လည်နေတယ်။ တစ်ခြားဘာမှမလုပ်တတ်ဘူး။ လုပ်ချင်ပေမယ့်လည်း အရင်းအနှီးမရှိကြဘူး။ အသက်ရှင်ရင်တောင်မှ ကိုယ်ကိုတိုင် အသက်ရှုမှရတာဆိုတော့ လေရှုတာကလည်း ကိုယ်ကလုပ်ရတာဆိုတော့ အသက်ရှင်သန်ခွင့်ဆက်ရဖို့ အလုပ်တွေဆက်လုပ်ဖို့ ကိုယ်ကိုတိုင်ကလည်း ခွန်အားကိုစိုက်ထုတ်ရမယ် အလုပ်လုပ်ချင်တဲ့ စိတ်ကလေးရှိသွားအောင်ရယ်လို့” ပါဆိုပြီး ပြောပြခဲ့ပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။