[Zawgyi]

ေမာ္ဒယ္၊သရုပ္ေဆာင္ခင္သဇင္ရဲ႕ ေတးစီးရီးကို သႀကၤန္မတိုင္ခင္ ပရိသတ္ေတြဆီအေရာက္ပို႔ေပးေတာ့မယ္

ေမာ္ဒယ္၊ သရုပ္ေဆာင္ခင္သဇင္က “ခပ္ေခ်ေခ်ပဲ” လို႔ယာယီအမည္ရွိတဲ့ တစ္ကုိယ္ေတာ္ေတးစီးရီးကို သႀကၤန္မတိုင္ခင္ ပရိသတ္ေတြလက္ထဲကို အေရာက္ထည့္ေပးသြားမယ္လို႔ ဆိုပါတယ္။ “ခပ္ေခ်ေခ်ပဲ” လို႔ ယာယီအမည္ေပးထားတဲ့ ေတးစီးရီးကို Audio CD နဲ႔ MTV ကို တစ္ခါတည္းထြက္ရွိမွာျဖစ္ၿပီး ပါဝင္မယ့္ေတးသီခ်င္းေတြက ကိုယ္ပိုင္သံစဥ္မ်ားျဖစ္တယ္လို႔ ခင္သဇင္ကဆိုပါတယ္။

Hlwan Paing

”သဇင္သီခ်င္းေခြကို ပရိသတ္ေတြလက္ထဲ ဒီလကုန္ ဒါမွမဟုတ္ ေနာက္လထဲေပ့ါ။ သႀကၤန္မတိုင္ခင္ေတာ့ ထြက္မွာပါ။ ထြက္ရင္လည္း တစ္ခါတည္း Audio နဲ႔MTV ႏွစ္ခုလံုးထြက္မယ္။ ဒီေခြထဲမွာ သဇင္သီခ်င္းေတြကို ကုိယ္ပိုင္သံစဥ္ေတြပဲ လုပ္ထားတယ္။ ပရိသတ္ေတြ အႀကိဳက္ေတြ႔ေစမွာပါ။ အမ္တီဗီကိုေတာ့ ၈ ပုဒ္ရိုက္ထားတယ္။ ဒီအမ္တီဗီထဲမွာလည္း သဇင္ကိုယ္တိုင္ ၅ ပုဒ္ေလာက္ သရုပ္ေဆာင္ထားတယ္။ တျခားအႏုပညာရွင္ေတြ၊ ေမာ္ဒယ္ေတြလည္း အမ်ားႀကီးပါတယ္။ သီခ်င္းေခြနာမည္ကိုေတာ့ အေခြထဲမွာပါတဲ့ သီခ်င္းတစ္ပုဒ္ျဖစ္တဲ့ ခပ္ေခ်ေခ်ပဲ သီခ်င္းကိုပဲ ခဏေတာ့ေပးထားတယ္။ သဇင္သီခ်င္းေခြထြက္ခ်င္တာ ေတာ္ေတာ္ကိုၾကာပါၿပီ ၾကားထဲမွာဗီဒီယိုဇာတ္ကားရိုက္တာရယ္၊ ေက်ာင္းကလည္းတစ္ဖက္ရယ္ဆိုေတာ့ သိတဲ့အတိုင္းၾကာသြားတာပါ။ ပရိသတ္ေတြကို ေကာင္းေကာင္းေလးေပးခ်င္တယ္။ အဲဒီအတြက္ကို ေသခ်ာရိုက္ထားတယ္” လို႔ သူမကဆိုပါတယ္။

Tun Tun

“ခပ္ေခ်ေခ်ပဲ” လို႔ယာယီအမည္ရွိတဲ့ ေတးစီးရီးမွာ ပါဝင္သရုပ္ေဆာင္ထားၾကတဲ့ သရုပ္ေဆာင္ေတြကေတာ့ ေနတိုး၊ ရဲတိုက္၊ ထြန္းထြန္း၊ လႊမ္းပိုင္၊ ခါရာ၊ ပိုင္တံခြန္၊ တိုင္ရြန္တို႔က ကူညီေပးထားတယ္လို႔ သိရပါတယ္။

Ye Teik

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

မော်ဒယ်၊သရုပ်ဆောင်ခင်သဇင်ရဲ့ တေးစီးရီးကို သင်္ကြန်မတိုင်ခင် ပရိသတ်တွေဆီအရောက်ပို့ပေးတော့မယ်

မော်ဒယ်၊ သရုပ်ဆောင်ခင်သဇင်က “ခပ်ချေချေပဲ” လို့ယာယီအမည်ရှိတဲ့ တစ်ကိုယ်တော်တေးစီးရီးကို သင်္ကြန်မတိုင်ခင် ပရိသတ်တွေလက်ထဲကို အရောက်ထည့်ပေးသွားမယ်လို့ ဆိုပါတယ်။ “ခပ်ချေချေပဲ” လို့ ယာယီအမည်ပေးထားတဲ့ တေးစီးရီးကို Audio CD နဲ့ MTV ကို တစ်ခါတည်းထွက်ရှိမှာဖြစ်ပြီး ပါဝင်မယ့်တေးသီချင်းတွေက ကိုယ်ပိုင်သံစဉ်များဖြစ်တယ်လို့ ခင်သဇင်ကဆိုပါတယ်။

Hlwan Paing

”သဇင်သီချင်းခွေကို ပရိသတ်တွေလက်ထဲ ဒီလကုန် ဒါမှမဟုတ် နောက်လထဲပေ့ါ။ သင်္ကြန်မတိုင်ခင်တော့ ထွက်မှာပါ။ ထွက်ရင်လည်း တစ်ခါတည်း Audio နဲ့MTV နှစ်ခုလုံးထွက်မယ်။ ဒီခွေထဲမှာ သဇင်သီချင်းတွေကို ကိုယ်ပိုင်သံစဉ်တွေပဲ လုပ်ထားတယ်။ ပရိသတ်တွေ အကြိုက်တွေ့စေမှာပါ။ အမ်တီဗီကိုတော့ ၈ ပုဒ်ရိုက်ထားတယ်။ ဒီအမ်တီဗီထဲမှာလည်း သဇင်ကိုယ်တိုင် ၅ ပုဒ်လောက် သရုပ်ဆောင်ထားတယ်။ တခြားအနုပညာရှင်တွေ၊ မော်ဒယ်တွေလည်း အများကြီးပါတယ်။ သီချင်းခွေနာမည်ကိုတော့ အခွေထဲမှာပါတဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ ခပ်ချေချေပဲ သီချင်းကိုပဲ ခဏတော့ပေးထားတယ်။ သဇင်သီချင်းခွေထွက်ချင်တာ တော်တော်ကိုကြာပါပြီ ကြားထဲမှာဗီဒီယိုဇာတ်ကားရိုက်တာရယ်၊ ကျောင်းကလည်းတစ်ဖက်ရယ်ဆိုတော့ သိတဲ့အတိုင်းကြာသွားတာပါ။ ပရိသတ်တွေကို ကောင်းကောင်းလေးပေးချင်တယ်။ အဲဒီအတွက်ကို သေချာရိုက်ထားတယ်” လို့ သူမကဆိုပါတယ်။

Tun Tun

“ခပ်ချေချေပဲ” လို့ယာယီအမည်ရှိတဲ့ တေးစီးရီးမှာ ပါဝင်သရုပ်ဆောင်ထားကြတဲ့ သရုပ်ဆောင်တွေကတော့ နေတိုး၊ ရဲတိုက်၊ ထွန်းထွန်း၊ လွှမ်းပိုင်၊ ခါရာ၊ ပိုင်တံခွန်၊ တိုင်ရွန်တို့က ကူညီပေးထားတယ်လို့ သိရပါတယ်။

Ye Teik

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။