[Zawgyi]



ထက်ထက်ပြန်လာပါပြီ


ထက်ထက်ပြန်လာပါပြီ



ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

ပြည်သူချစ်အနုပညာရှင် ထက်ထက်မိုးဦး ပြန်လာပါပြီ

ထက်ထက်မိုးဦး ပြန်လာပြီ ဆိုပြီးတော့ ပရိသတ်နဲ့ မီဒီယာစာနယ်ဇင်းတွေကို ပြန်လည်အပ်နှံတဲ့ ပွဲမှာ သရုပ်ဆောင်ထက်ထက်မိုးဦး က အခုလိုပြောပါတယ်။ “အနုပညာနဲ့ပတ်သတ်ရင် မလဲနိုင်ပါဘူး ကျန်တဲ့ အရာတွေမှာ ကျရှုံးရင် ကျရှုံးလိမ့်မယ် အနုပညာကိုတော့ ဘယ်တော့မှ အကျရှုံးမခံဘူး အဲ့တစ်ခုအတွက် ထက်ထက်အာမခံပါတယ်လို့” ထက်ထက်ကပြောခဲ့ပါတယ်။

ထက်ထက်ပြန်လာပါပြီ

ပရိသတ်တွေ နဲ့ တွေ့ဆုံပွဲကို လည်း ဧပြီလ ၂၁ ရက်နေ့ မှာ ရှယ်ချွေးမ ရုပ်ရှင်ကို အတူတူကြည့်ဖို့ ရှိတယ်လို့သိရပါတယ်။ အဲ့အပေါ်မှာလည်း ထက်ထက်က အခုလိုပြောပါတယ် “ဒါမျိုးတစ်ခါမှတော့ မလုပ်ဖူးပါဘူး အဲ့ဒါကတော့ ခေတ်နဲ့အညီပေါ့လေ သူများတွေလုပ်တော့ ကိုယ်လည်း လိုက်လုပ်ရတာပေါ့လေ” ဆိုပြီး ပျော်ပျော်ရွှင်ရွှင်ပြောပြခဲ့ပါတယ်။

ထက်ထက်ပြန်လာပါပြီ

သရုပ်ဆောင်ထက်ထက်မိုးဦး ဟာ ပရိသတ်တွေရဲ့ ရှေ့ ကို ပြန်လည်လို့ရောက်ရှိလာပါတော့မယ်။ ကြော်ငြာတွေကိုလည်း ရိုက်မြဲအတိုင်းရိုက်မှာဖြစ်ပြီးတော့ ဇာတ်ကားတွေကိုလည်း အကောင်းဆုံးရိုက်ကူးသွားမယ်လို့ သူမ ကို ပြန်လည်ကြိုဆိုပြီး ချစ်ခင်ပေးကြဖို့ ကို ပြုလုပ်ခဲ့တဲ့ အခမ်းအနားမှာ ပြောပြခဲ့ပါတယ်။ ပြုလုပ်ခဲ့တဲ့ အခမ်းအနားမှာ ထက်ထက်ရဲ့ အနုပညာလုပ်ငန်းအကြောင်းတွေကို သာ အဓိကထားပြောခဲ့ကြပြီး ကိုယ်ရေးကိုယ်တာမေးခွန်းတွေကို ထက်ထက်ကလည်း ဖြေကြားခြင်းမရှိခဲ့ပါဘူး။

Photo Credit: Win Ni Aung

ကြည်သာ (Akhayar)

www.akhayar.com