[Zawgyi]



Su Eiant San



www.akhayar.com

[Unicode]

သင်္ကြန်နဲ့ပတ်သက်တဲ့ အမှတ်တရ ခံစားချက်တွေကို ပြောပြခဲ့တဲ့ ဆုအိမ့်စံ

သင်္ကြန်နဲ့ပတ်သက်ပြီး သူ့ရဲ့ဖီလင်ခံစားချက်၊ အမှတ်တရတွေနဲ့ပတ်သက်ပြီး ဆုအိမ့်စံ ပြောပြခဲ့တာကတော့ “သင်္ကြန်ဆိုရင် ဆုက အိမ်မှာပဲနေတာများပါတယ်။ မနှစ်ကလည်း အိမ်မှာပဲနေတယ်။ ဆုကသိပ်ပြီးလည်ရတာ မကြိုက်ဘူး။ ဒီနှစ်သင်္ကြန်လည်း အိမ်မှာပဲနေဖြစ်မှာပါ။ အမှတ်တရအနေနဲ့ ဟိုးငယ်ငယ်တုန်းကတော့ သူငယ်ချင်းတွေနဲ့ လျှောက်လည်ဖူးပါတယ်။မိသားစုနဲ့အတူတူ ဘုရားဖူးသွားခဲ့တာတွေရှိပါတယ်။

Su Eiant San

သင်္ကြန်နဲ့ ပတ်သက်တဲ့ ခံစားချက်ကတော့ သင်္ကြန်မှာ သူများတွေပျော်ရင် ကိုယ်လည်းပျော်ပါတယ်။ ကိုယ်က ရေပက်ခံထွက်တာ၊ မဏ္ဍပ်ထိုင်ရတာတွေ မပျော်တတ်တော့လေ အိမ်မှာပဲနေတာ။ ချစ်တဲ့ပရိသတ်တွေ နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာကျန်းမာ၊ ချမ်းသာစွာဖြင့် နေနိုင်ကြပါစေ၊ နှစ်သစ်မှာလည်း အားလုံး ပျော်ရွှင်ကြပါစေ”ဆိုပြီး ဆုတောင်းပေးခဲ့ပါတယ်။

Photo Credit:Hsu Eaint San Facebook Page

www.akhayar.com