[Zawgyi]






Stella(Akhayar)

www.akhayar.com

[Unicode]

ခေတ်ဆန်ဆန်ဖက်ရှင်လေးနဲ့ပရိသတ်ကိုဖမ်းစားလိုက်တဲ့ အိချောပို

စူစူလို့ ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ အိချောပို ကတော့ သရုပ်ဆောင်ပိုင်းမှာထိထိမိမိနဲ့ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်လက်ဖြစ်သလို လှပတဲ့ကောက်ကြောင်းအလှကိုလည်း ပိုင်ဆိုင်ထားပါတယ်။

စူစူ တစ်ယောက် ခေတ်ဆန်ဆန်ဖက်ရှင်လေးကိုဝတ်ဆင်ထားတဲ့ ပုံလေးတွေကို မျှဝေထားပြီး ဆယ်ကျော်သက်ကောင်မလေး တစ်ယောက်လိုလှပနုပျိုနေတာဖြစ်ပါတယ်။ အိချောပို ဟာ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ရိုက်ကူးထားရပြီး အနုပညာလှုပ်ရှားမှုတွေဆက်တိုက်လုပ်နေရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။

လတ်တလာသူမ တင်သမျှပုံလေးတွေကို စောင့်ကြည့်အားပေးနေတဲ့ ပရိသတ်တွေကတော့ ဒီပုံလေးတွေကို သဘောကျနေမယ်လို့မျှော်လင့်ပါတယ်။ အိချောပိုဟာ လက်ရှိရုံတင်ပြသနေတဲ့ ချူဆီ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်တွေရဲ့အားပေးမှုတွေတခဲနက်ရရှိထားပါတယ်။ သရုပ်ဆောင်တော်သလို ဖက်ရှင်နဲ့ပတ်သက်ရင် အမြဲတမ်းလန်းနေတတ်တဲ့ အိချောပိုကို ချစ်တဲ့သူတွေရှိလား။

Photos Credit –  Ei Chaw Po

Stella(Akhayar)

www.akhayar.com