[Zawgyi]

ကားဆရာေလးလို႕ အေျပာခံလုိက္ရတဲ့ ပရိသတ္အခ်စ္ေတာ္ ေဇာ္ေဇာ္ေအာင္

ျမန္မာဇာတ္ကားေတာ္ေတာ္မ်ားမ်ားမွာ မပါမျဖစ္ဆုိသလုိ ပရိသတ္ကုိ ရယ္ေမာေပ်ာ္ရႊင္ေစတဲ့သူေတြထဲမွာ သရုပ္ေဆာင္ ေဇာ္ေဇာ္ေအာင္ နဲ႕ ဘုိဘုိ တုိ႕လည္း ပါ၀င္ပါတယ္။ အႏုပညာေလာကမွာ ေနရာတစ္ေနရာစီရရွိထားတဲ့ သူတုိ႕ ႏွစ္ေယာက္ကေတာ့ ပိတ္ကားေပၚမွာသာမက အျပင္လက္ေတြ႕မွာလည္း စလုိက္၊ေနာက္လုိက္နဲ႕ အတြဲညီၾကတဲ့ မိတ္ေဆြေတြျဖစ္ပုံရပါတယ္။

သရုပ္ေဆာင္ ေဇာ္ေဇာ္ေအာင္ နဲ႕ ဘုိဘုိ တုိ႕ႏွစ္ဦးဟာ အေပါင္းသင္းမိတ္ေဆြတခ်ိဳ႕နဲ႕အတူ ၾသဂုတ္လ(၁၈)ရက္ေန႕က ပဲခူတုိင္း သာယာ၀တီနဲ႕ မုိးညိဳကုိ သြားေရာက္ခဲ့တဲ့ပုံေတြကုိလည္း မွ်ေ၀ထားတာေတြ႕ရပါတယ္။ ဘုိဘုိကေတာ့ ကားေမာင္းေပးတဲ့ ေဇာ္ေဇာ္ေအာင္ကုိ ေဘးကေနထုိင္ျပီး ဆက္ဖီအတူတူရုိက္ထားတဲ့ ပုံတခ်ိဳ႕ကိုတင္ျပီး “ကို႔ ကားဆရာ အသစ္ေလး ေခ်ာ လားလို႔စ္” ဆုိျပီး စေနာက္ထားပါေသးတယ္။


သူတုိ႕ဟာ ကုိယ္ပုိင္ကားနဲ႕ကုိယ္တုိင္ေမာင္းျပီး YGW မိဘမဲ့ပရဟိတေက်ာင္းကုိ သြားေရာက္ခဲ့တာျဖစ္တယ္လုိ႕ သိရပါတယ္။ ေပ်ာ္ေပ်ာ္ေနတတ္တဲ့ သူတုိ႕ကုိ ၾကည့္ရင္း လူမႈကြန္ရက္မွာ သူတုိ႕ကုိေစာင့္ၾကည့္အားေပးေနတဲ့ ပရိသတ္ေတြလည္း အေပ်ာ္ေတြကူးစက္မယ္လုိ႕ေမွ်ာ္လင့္ပါတယ္။

Photos Credit – Bogyi ,Zaw Zaw Aung

Stella(Akhayar)

www.akhayar.com

[Unicode]

ကားဆရာလေးလို့ အပြောခံလိုက်ရတဲ့ ပရိသတ်အချစ်တော် ဇော်ဇော်အောင်

မြန်မာဇာတ်ကားတော်တော်များများမှာ မပါမဖြစ်ဆိုသလို ပရိသတ်ကို ရယ်မောပျော်ရွှင်စေတဲ့သူတွေထဲမှာ သရုပ်ဆောင် ဇော်ဇော်အောင် နဲ့ ဘိုဘို တို့လည်း ပါဝင်ပါတယ်။ အနုပညာလောကမှာ နေရာတစ်နေရာစီရရှိထားတဲ့ သူတို့ နှစ်ယောက်ကတော့ ပိတ်ကားပေါ်မှာသာမက အပြင်လက်တွေ့မှာလည်း စလိုက်၊နောက်လိုက်နဲ့ အတွဲညီကြတဲ့ မိတ်ဆွေတွေဖြစ်ပုံရပါတယ်။

သရုပ်ဆောင် ဇော်ဇော်အောင် နဲ့ ဘိုဘို တို့နှစ်ဦးဟာ အပေါင်းသင်းမိတ်ဆွေတချို့နဲ့အတူ သြဂုတ်လ(၁၈)ရက်နေ့က ပဲခူတိုင်း သာယာဝတီနဲ့ မိုးညိုကို သွားရောက်ခဲ့တဲ့ပုံတွေကိုလည်း မျှဝေထားတာတွေ့ရပါတယ်။ ဘိုဘိုကတော့ ကားမောင်းပေးတဲ့ ဇော်ဇော်အောင်ကို ဘေးကနေထိုင်ပြီး ဆက်ဖီအတူတူရိုက်ထားတဲ့ ပုံတချို့ကိုတင်ပြီး “ကို့ ကားဆရာ အသစ်လေး ချော လားလို့စ်” ဆိုပြီး စနောက်ထားပါသေးတယ်။


သူတို့ဟာ ကိုယ်ပိုင်ကားနဲ့ကိုယ်တိုင်မောင်းပြီး YGW မိဘမဲ့ပရဟိတကျောင်းကို သွားရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ပျော်ပျော်နေတတ်တဲ့ သူတို့ကို ကြည့်ရင်း လူမှုကွန်ရက်မှာ သူတို့ကိုစောင့်ကြည့်အားပေးနေတဲ့ ပရိသတ်တွေလည်း အပျော်တွေကူးစက်မယ်လို့မျှော်လင့်ပါတယ်။

Photos Credit – Bogyi ,Zaw Zaw Aung

Stella(Akhayar)

www.akhayar.com