[ZawGyi]

ဇာတ္ေကာင္စရိုက္ပီျပင္ေစဖို႔ အသက္ဆံုးရမလုိျဖစ္ခဲ႔ဖူးတဲ႔ အႏုပညာရွင္မ်ား

တခ်ိဳ႕ႏိုင္ငံေတြရဲ႕အႏုပညာနယ္ပယ္မွာေတာ႔ ရုပ္ရွင္ကားတစ္ကားရိုက္ေတာ႔မယ္ဆုိရင္ သူတုိ႔က်ရာဇာတ္ရုပ္မွာပီျပင္ဖုိ႔ သရုပ္ေဆာင္ျခင္းအတတ္ပညာအျပင္ ကိုယ္႔ရဲ႕နဂိုအသြင္အျပင္ကိုပါ ေျပာင္းလဲပစ္ၾကေလ႔ရွိစျမဲပါ။ ဇာတ္ေကာင္စရိုက္ပီျပင္ဖုိ႔အတြက္ အႏုပညာရွင္ေတာ္ေတာ္မ်ားမ်ား သိသိသာသာေျပာင္းလဲပစ္ရေလ႔ရွိတာကကိုယ္အေလးခ်ိန္ပါပဲ။ တခ်ိဳ႕ေတြကေတာ႔ အသတ္အပုတ္ေတြလည္း အခ်ိန္ယူေလ႔က်င္႔ရပါတယ္။ ဒီလုိကိုယ္က်ရာ Character အတြက္ေျပာင္းလဲပစ္ၾကတဲ႔သူေတြထဲမွာ ဒီအႏုပညာရွင္ေတြကေတာ႔ အသက္ပါဆံုးပါးရေတာ႔မယ္႔အထိ ျဖစ္ခဲ႔ၾကတာပါတဲ႔။

Matthew McConaughey (Dallas Buyers Club)

matthew-mcconaughey-dallas-buyers-club

matthew-mcconaughey-dallas-buyers-club

Matthew McConaughey ကဇာတ္ကားတစ္ကားရိုက္ရင္ ဇာတ္ေကာင္စရိုက္ပီျပင္ေအာင္ အေဖာ္က်ဴးႏိုင္ဆံုးေသာမင္းသားရယ္လုိ႔သိၾကပါတယ္။ သူ႔ရဲ႕ Mud ၊ Magic Mike နဲ႔ Killer Joe ရုပ္ရွင္ေတြေၾကာင္႔ ခ်ီးက်ဴးမႈေတြအေျမာက္အျမားရခဲ႔တာပါ။ Dallas Buyers Club ဇာတ္ကားထဲမွာ AIDSေဝဒနာရွင္ Ron Woodroof ဇာတ္ရုပ္ကိုပီျပင္လြန္းလုိ႔ Academy Award ၊ Golden Globe Award ေတြနဲ႔အျခားေသာဆုေတြအမ်ားၾကီးကိုဆြတ္ခူးႏိုင္ခဲ႔သူပါ။ AIDS ေဝဒနာရွင္နဲ႔တူဖို႔ သူက ၃၈ ေပါင္တိတိဝိတ္ခ်ခဲ႔ပါတယ္။ ဒီလုိဝိတ္ခ်လိုက္တဲ႔အတြက္ သူ႔ရဲ႕အျမင္အာရံုထိခိုက္သြားျပီး မ်က္စိကြယ္လုနီးနီးျဖစ္ခဲ႔တယ္လုိ႔ဆုိပါတယ္။ ဆရာဝန္ေတြနဲ႔အျမန္ကုသႏိုင္ခဲ႔လုိ႔ ဒီေဘးကလြတ္ခဲ႔ရေပမယ္႔ Dallas Buyers Club ရိုက္ကူးျပီးတစ္ႏွစ္ေက်ာ္ေလာက္အထိ သူေနမေကာင္းေသးဘဲအျမင္အာရံုနဲ႔ပတ္သက္လုိ႔ ကုသေနခဲ႔ရတာျဖစ္ပါတယ္။ အခုေတာ႔ ခႏၶာကိုယ္ျပန္ျပည္႔ျဖိဳးျပီး က်န္းမာေနပါျပီ။

Johnny Depp (Fear & Loathing In Las Vegas)

fear loathing in las vegas johnny depp

fear loathing in las vegas johnny depp

Fear & Loathing In Las Vegas က Johnny Depp ရဲ႕ဘဝကိုအလွည္႔အေျပာင္းတစ္ခုျဖစ္ေစခဲ႔တယ္ဆုိရင္လည္းမမွားပါဘူး။ ဒီရုပ္ရွင္ကားရုိက္ကူးဖုိ႔အတြက္ စာေရးဆရာ Hunter S. Thompson က Johnny Depp ကိုသူ႔အိမ္ေျမေအာက္ခန္းမွာေနေစျပီး Character အတြက္ေလ႔က်င္႔ေစပါတယ္။ သူက Thompson ရဲ႕အဝတ္အစားေဟာင္းေတြကိုဝတ္ဆင္ျပီး တိပ္ေခြနဲ႔ Dialogue ေတြသြင္းရသလုိ ဇာတ္ညႊန္းေတြကိုလည္းကူးေရးရပါတယ္။ တစ္ခုျပႆနာရွိတာက Fear & Loathing In Las Vegas မွာပါဝင္မယ္႔ေဆးလိပ္ေသာက္ခန္းတစ္ခန္းအတြက္ ေလ႔က်င္႔ရင္းမီးေလာင္မလုိျဖစ္ခဲ႔တာပါ။ သူ႔ေဘးနားမွာယမ္းမႈန္႔ေတြသိုေလွာင္ထားတဲ႔သစ္သားစည္တစ္ခုကလည္း ရွိေနပါတယ္တဲ႔။ ကံေကာင္းလုိ႔ မီးေလာင္ေပါက္ကြဲျပီးအသက္မေသခဲ႔တာလုိ႔ဆုိပါတယ္။

Daniel Day-Lewis (Gangs Of New York)

daniel-day-lewis-gangs-of-new-york

daniel-day-lewis-gangs-of-new-york

Daniel Day-Lewis ဟာလည္း က်ရာဇာတ္ရုပ္မွာပီျပင္လြန္းသူ၊ သူ႔ Character အတြက္အခ်ိန္ယူျပင္ဆင္တတ္သူအျဖစ္ နာမည္ၾကီးပါတယ္။ Gangs Of New York ဇာတ္ကားကေတာ႔ သူ႔ကိုၾကီးၾကီးမားမားထိခိုက္ေစခဲ႔တဲ႔ ဇာတ္ကားတစ္ကားပါပဲ။ ၁၉ ရာစုက ဆင္းရဲႏြမ္းပါးတဲ႔သူတစ္ေယာက္အျဖစ္ပီျပင္ဖို႔ နယူးေယာ႔ခ္ရဲ႕ေဆာင္းရာသီၾကီးမွာ သူကအေႏြးထည္လံုးဝမဝတ္ဘဲရိုက္ကူးခဲ႔တာျဖစ္ပါတယ္။ ဒီလုိရိုက္ကူးခဲ႔တာမုိ႔ အဆုတ္ေရာင္ေရာဂါရခဲ႔တဲ႔အထိျဖစ္ခဲ႔ပါတယ္တဲ႔။

Matt Damon (Courage Under Fire)

Matt Damon-Courage Under Fire

Matt Damon-Courage Under Fire

Courage Under Fire မွာဟီရိုအင္းစြဲေနသူတစ္ေယာက္အျဖစ္သရုပ္ေဆာင္ရတာမုိ႔ Matt Damon ကေပါင္ ၄၀ တိတိဝိတ္ခ်ခဲ႔ရပါတယ္။ ဒီလုိဝိတ္ခ်လုိက္တဲ႔အတြက္ ဇာတ္ကားရိုက္ကူးျပီးေနာက္ပိုင္းမွာေတာင္ ေဆးကုသမႈခံေနရျပီး ေက်ာက္ကပ္ေဘးမွာရွိတဲ႔ Adrenal Gland ထိခိုက္သြားခဲ႔တာျဖစ္တယ္လုိ႔သိရပါတယ္။

Ashton Kutcher (Jobs)

ashton-kutcher-jobs

ashton-kutcher-jobs

၂၀၁၃ ခုနစ္ကထြက္ရွိခဲ႔တဲ႔ Jobs ဇာတ္ကားမွာ Steve Jobs အျဖစ္သရုပ္ေဆာင္တဲ႔ Ashton Kutcher က သူ႔ရဲ႕ဇာတ္ရုပ္ပီျပင္ဖုိ႔ ဆံပင္အရွည္ထားခဲ႔ရံုတင္မကပါဘူး။ အသီးနဲ႔အေစ႔အဆံေတြခ်ည္းပဲစားခဲ႔တာျဖစ္ပါတယ္။ ဒီလုိလုပ္ေဆာင္တဲ႔အတြက္ ဇာတ္ကားရိုက္ကူးမႈမစခင္ ရက္ပိုင္းအလိုမွာျပင္းျပင္းထန္ထန္ဗိုက္ေအာင္႔ခဲ႔ျပီးေသလုေမ်ာပါးျဖစ္ခဲ႔ရပါတယ္တဲ႔။

Hilary Swank (Million Dollar Baby)

hilary-swank-million-dollar-baby

hilary-swank-million-dollar-baby

Million Dollar Baby အတြက္ Hilary Swank ကအသတ္အပုတ္ေတြ အျပင္းအထန္သင္ၾကားခဲ႔ရပါတယ္။ ဒီလုိသင္ၾကားခ်ိန္မွာ သူ႔ရဲ႕ညာေျခေထာက္မွာဒဏ္ရာရသြားခဲ႔တာပါ။ ဒီဒဏ္ရာကတဆင္႔ပိုးဝင္ျပီး ဆိုးဆုိးရြားရြားျဖစ္လာခဲ႔လုိ႔ အခ်ိန္မီေဆးကုသခဲ႔ရပါတယ္တဲ႔။
ဒီလုိအျပင္းအထန္ေတြၾကိဳးစားခဲ႔လုိ႔လည္း Hilary Swank ဟာဒီဇာတ္ကားနဲ႔ ထူးခၽြန္ဆု ၄ ဆုေလာက္ပိုင္ဆုိင္ႏိုင္ခဲ႔တာျဖစ္ပါတယ္။

Christian Bale (The Machinist)

Christian Bale

Christian Bale

The Machinist အိပ္မေပ်ာ္တဲ႔ေရာဂါနဲ႔ စိတ္ပိုင္းဆုိင္ရာေဝဒနာခံစားေနရတဲ႔ Trevor Reznik အျဖစ္သရုပ္ေဆာင္ဖုိ႔ Christian Bale ကေပါင္ ၆၀ ေလာက္ဝိတ္ခ်ခဲ႔ပါတယ္။ ဒီကားထဲမွာ အရိုးပ်ိဳင္းပ်ိဳင္းနဲ႔သူ႔ပံုစံကအားလံုးကို တအ႔ံတၾသျဖစ္ေစခဲ႔တာေတြ႔ရမွာပါ။ ဒီလုိဝိတ္က်ဖုိ႔ သူကေဆးလိပ္ေတြဖြာ ဝီစကီေတြေသာက္ခဲ႔တာပါ။ ဒီလုိပိန္ခ်ဳန္းေနခဲ႔တဲ႔ခႏၶာကိုယ္ကေန Batman Begins ရိုက္ရမယ္ဆုိျပန္ေတာ႔ တစ္လခြဲအတြင္းနဂိုကိုယ္အေလးခ်ိန္ျပန္ရေအာင္ လုပ္ႏိုင္ခဲ႔တာကလည္းအ႔ံမခန္းပါပဲ။

ဂ်ဴဂ်ဴး(Akhayar)

www.akhayar.com

[Unicode]

ဇာတ်ကောင်စရိုက်ပီပြင်စေဖို့ အသက်ဆုံးရမလိုဖြစ်ခဲ့ဖူးတဲ့ အနုပညာရှင်များ

တချို့နိုင်ငံတွေရဲ့အနုပညာနယ်ပယ်မှာတော့ ရုပ်ရှင်ကားတစ်ကားရိုက်တော့မယ်ဆိုရင် သူတို့ကျရာဇာတ်ရုပ်မှာပီပြင်ဖို့ သရုပ်ဆောင်ခြင်းအတတ်ပညာအပြင် ကိုယ့်ရဲ့နဂိုအသွင်အပြင်ကိုပါ ပြောင်းလဲပစ်ကြလေ့ရှိစမြဲပါ။ ဇာတ်ကောင်စရိုက်ပီပြင်ဖို့အတွက် အနုပညာရှင်တော်တော်များများ သိသိသာသာပြောင်းလဲပစ်ရလေ့ရှိတာကကိုယ်အလေးချိန်ပါပဲ။ တချို့တွေကတော့ အသတ်အပုတ်တွေလည်း အချိန်ယူလေ့ကျင့်ရပါတယ်။ ဒီလိုကိုယ်ကျရာ Character အတွက်ပြောင်းလဲပစ်ကြတဲ့သူတွေထဲမှာ ဒီအနုပညာရှင်တွေကတော့ အသက်ပါဆုံးပါးရတော့မယ့်အထိ ဖြစ်ခဲ့ကြတာပါတဲ့။

Matthew McConaughey (Dallas Buyers Club)

matthew-mcconaughey-dallas-buyers-club

matthew-mcconaughey-dallas-buyers-club

Matthew McConaughey ကဇာတ်ကားတစ်ကားရိုက်ရင် ဇာတ်ကောင်စရိုက်ပီပြင်အောင် အဖော်ကျူးနိုင်ဆုံးသောမင်းသားရယ်လို့သိကြပါတယ်။ သူ့ရဲ့ Mud ၊ Magic Mike နဲ့ Killer Joe ရုပ်ရှင်တွေကြောင့် ချီးကျူးမှုတွေအမြောက်အမြားရခဲ့တာပါ။ Dallas Buyers Club ဇာတ်ကားထဲမှာ AIDSဝေဒနာရှင် Ron Woodroof ဇာတ်ရုပ်ကိုပီပြင်လွန်းလို့ Academy Award ၊ Golden Globe Award တွေနဲ့အခြားသောဆုတွေအများကြီးကိုဆွတ်ခူးနိုင်ခဲ့သူပါ။ AIDS ဝေဒနာရှင်နဲ့တူဖို့ သူက ၃၈ ပေါင်တိတိဝိတ်ချခဲ့ပါတယ်။ ဒီလိုဝိတ်ချလိုက်တဲ့အတွက် သူ့ရဲ့အမြင်အာရုံထိခိုက်သွားပြီး မျက်စိကွယ်လုနီးနီးဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ဆရာဝန်တွေနဲ့အမြန်ကုသနိုင်ခဲ့လို့ ဒီဘေးကလွတ်ခဲ့ရပေမယ့် Dallas Buyers Club ရိုက်ကူးပြီးတစ်နှစ်ကျော်လောက်အထိ သူနေမကောင်းသေးဘဲအမြင်အာရုံနဲ့ပတ်သက်လို့ ကုသနေခဲ့ရတာဖြစ်ပါတယ်။ အခုတော့ ခန္ဓာကိုယ်ပြန်ပြည့်ဖြိုးပြီး ကျန်းမာနေပါပြီ။

Johnny Depp (Fear & Loathing In Las Vegas)

fear loathing in las vegas johnny depp

fear loathing in las vegas johnny depp

Fear & Loathing In Las Vegas က Johnny Depp ရဲ့ဘဝကိုအလှည့်အပြောင်းတစ်ခုဖြစ်စေခဲ့တယ်ဆိုရင်လည်းမမှားပါဘူး။ ဒီရုပ်ရှင်ကားရိုက်ကူးဖို့အတွက် စာရေးဆရာ Hunter S. Thompson က Johnny Depp ကိုသူ့အိမ်မြေအောက်ခန်းမှာနေစေပြီး Character အတွက်လေ့ကျင့်စေပါတယ်။ သူက Thompson ရဲ့အဝတ်အစားဟောင်းတွေကိုဝတ်ဆင်ပြီး တိပ်ခွေနဲ့ Dialogue တွေသွင်းရသလို ဇာတ်ညွှန်းတွေကိုလည်းကူးရေးရပါတယ်။ တစ်ခုပြဿနာရှိတာက Fear & Loathing In Las Vegas မှာပါဝင်မယ့်ဆေးလိပ်သောက်ခန်းတစ်ခန်းအတွက် လေ့ကျင့်ရင်းမီးလောင်မလိုဖြစ်ခဲ့တာပါ။ သူ့ဘေးနားမှာယမ်းမှုန့်တွေသိုလှောင်ထားတဲ့သစ်သားစည်တစ်ခုကလည်း ရှိနေပါတယ်တဲ့။ ကံကောင်းလို့ မီးလောင်ပေါက်ကွဲပြီးအသက်မသေခဲ့တာလို့ဆိုပါတယ်။

Daniel Day-Lewis (Gangs Of New York)

daniel-day-lewis-gangs-of-new-york

daniel-day-lewis-gangs-of-new-york

Daniel Day-Lewis ဟာလည်း ကျရာဇာတ်ရုပ်မှာပီပြင်လွန်းသူ၊ သူ့ Character အတွက်အချိန်ယူပြင်ဆင်တတ်သူအဖြစ် နာမည်ကြီးပါတယ်။ Gangs Of New York ဇာတ်ကားကတော့ သူ့ကိုကြီးကြီးမားမားထိခိုက်စေခဲ့တဲ့ ဇာတ်ကားတစ်ကားပါပဲ။ ၁၉ ရာစုက ဆင်းရဲနွမ်းပါးတဲ့သူတစ်ယောက်အဖြစ်ပီပြင်ဖို့ နယူးယော့ခ်ရဲ့ဆောင်းရာသီကြီးမှာ သူကအနွေးထည်လုံးဝမဝတ်ဘဲရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဒီလိုရိုက်ကူးခဲ့တာမို့ အဆုတ်ရောင်ရောဂါရခဲ့တဲ့အထိဖြစ်ခဲ့ပါတယ်တဲ့။

Matt Damon (Courage Under Fire)

Matt Damon-Courage Under Fire

Matt Damon-Courage Under Fire

Courage Under Fire မှာဟီရိုအင်းစွဲနေသူတစ်ယောက်အဖြစ်သရုပ်ဆောင်ရတာမို့ Matt Damon ကပေါင် ၄၀ တိတိဝိတ်ချခဲ့ရပါတယ်။ ဒီလိုဝိတ်ချလိုက်တဲ့အတွက် ဇာတ်ကားရိုက်ကူးပြီးနောက်ပိုင်းမှာတောင် ဆေးကုသမှုခံနေရပြီး ကျောက်ကပ်ဘေးမှာရှိတဲ့ Adrenal Gland ထိခိုက်သွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။

Ashton Kutcher (Jobs)

ashton-kutcher-jobs

ashton-kutcher-jobs

၂၀၁၃ ခုနစ်ကထွက်ရှိခဲ့တဲ့ Jobs ဇာတ်ကားမှာ Steve Jobs အဖြစ်သရုပ်ဆောင်တဲ့ Ashton Kutcher က သူ့ရဲ့ဇာတ်ရုပ်ပီပြင်ဖို့ ဆံပင်အရှည်ထားခဲ့ရုံတင်မကပါဘူး။ အသီးနဲ့အစေ့အဆံတွေချည်းပဲစားခဲ့တာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်တဲ့အတွက် ဇာတ်ကားရိုက်ကူးမှုမစခင် ရက်ပိုင်းအလိုမှာပြင်းပြင်းထန်ထန်ဗိုက်အောင့်ခဲ့ပြီးသေလုမျောပါးဖြစ်ခဲ့ရပါတယ်တဲ့။

Hilary Swank (Million Dollar Baby)

hilary-swank-million-dollar-baby

hilary-swank-million-dollar-baby

Million Dollar Baby အတွက် Hilary Swank ကအသတ်အပုတ်တွေ အပြင်းအထန်သင်ကြားခဲ့ရပါတယ်။ ဒီလိုသင်ကြားချိန်မှာ သူ့ရဲ့ညာခြေထောက်မှာဒဏ်ရာရသွားခဲ့တာပါ။ ဒီဒဏ်ရာကတဆင့်ပိုးဝင်ပြီး ဆိုးဆိုးရွားရွားဖြစ်လာခဲ့လို့ အချိန်မီဆေးကုသခဲ့ရပါတယ်တဲ့။
ဒီလိုအပြင်းအထန်တွေကြိုးစားခဲ့လို့လည်း Hilary Swank ဟာဒီဇာတ်ကားနဲ့ ထူးချွန်ဆု ၄ ဆုလောက်ပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။

Christian Bale (The Machinist)

Christian Bale

Christian Bale

The Machinist အိပ်မပျော်တဲ့ရောဂါနဲ့ စိတ်ပိုင်းဆိုင်ရာဝေဒနာခံစားနေရတဲ့ Trevor Reznik အဖြစ်သရုပ်ဆောင်ဖို့ Christian Bale ကပေါင် ၆၀ လောက်ဝိတ်ချခဲ့ပါတယ်။ ဒီကားထဲမှာ အရိုးပျိုင်းပျိုင်းနဲ့သူ့ပုံစံကအားလုံးကို တအံ့တသြဖြစ်စေခဲ့တာတွေ့ရမှာပါ။ ဒီလိုဝိတ်ကျဖို့ သူကဆေးလိပ်တွေဖွာ ဝီစကီတွေသောက်ခဲ့တာပါ။ ဒီလိုပိန်ချုန်းနေခဲ့တဲ့ခန္ဓာကိုယ်ကနေ Batman Begins ရိုက်ရမယ်ဆိုပြန်တော့ တစ်လခွဲအတွင်းနဂိုကိုယ်အလေးချိန်ပြန်ရအောင် လုပ်နိုင်ခဲ့တာကလည်းအံ့မခန်းပါပဲ။

ဂျူဂျူး(Akhayar)

www.akhayar.com