[Zawgyi]

လွဴဒါန္းမႈေတြ ဆက္တိုက္နီးပါးလုပ္ေဆာင္ေနတဲ့ ေဝဠဳေက်ာ္

မေကြးတိုင္းေဒသႀကီး၊ ေရစႀကိဳၿမိဳ႕ရွိ မီးေဘးသင့္ျပည္သူေတြဆီကို ေဝဠဳေက်ာ္ေဖာင္ေဒးရွင္းမွ အလွဴေငြက်ပ္၂၅ သိန္းကို မတ္လ ၅ ရက္ေန႔က ေဝဠဳေက်ာ္ကိုယ္တိုင္ သြားေရာက္လွဴဒါန္းခဲ့တာျဖစ္ပါတယ္။ မီးေဘးသင့္ျပည္သူေတြအတြက္ အဓိကေငြေၾကးလိုအပ္တဲ့အတြက္ေၾကာင့္ ေနာက္ထပ္လာလွဴမယ့္အလွဴရွင္မ်ားအေနနဲ႔ ေငြေၾကးကိုသာ အဓိကထားလွဴဒါန္းေစခ်င္ေၾကာင္းကို “မီးေဘးသင့္ျပည္သူေတြအတြက္ ႏိုင္သေလာက္ေလးလာလွဴေပးတာပါ။ ဒီျဖစ္စဥ္မွာ ႏိုင္ငံေတာ္က အစစအရာရာပံ့ပိုးကူညီမွာပါ။ ေလာေလာဆယ္ ပိုက္ဆံပဲလွဴခဲ့ပါတယ္။ သူတို႔လိုအပ္တာက ေငြေၾကးျဖစ္ကာ ဒီေငြေၾကးေတြကို အိမ္ျပန္ေဆာက္တဲ့ေနရာေတြမွာ အသံုးျပဳလို႔ရမယ္။ အခုက ကၽြန္ေတာ္တုိ႔အသင္းက၂၅ သိန္းပါ။ ေနာက္လာလွဴမယ့္သူေတြလည္း ေငြလွဴမယ္ဆိုရင္ပိုေကာင္းမယ္။ တျခားပစၥည္းေတြလည္း လိုအပ္ပါတယ္။ အဓိကကေတာ့ ပိုက္ဆံက ပိုအဆင္ေျပပါတယ္” လို႔ ေဝဠဳေက်ာ္က ေျပာျပထားခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ ေဝဠဳေက်ာ္ေဖာင္ေဒးရွင္းအေနနဲ႔ တကၠသိုလ္ဝင္တန္းေျဖဆိုၾကမယ့္ ေက်ာင္းသား၊ ေက်ာင္းသူတစ္ဦးခ်င္းစီနဲ႔ ဆရာဆရာမမ်ားအတြက္လည္း အလွဴေငြမ်ားကို လွဴဒါန္းေပးခဲ့ကာ၊ မီးေဘးသင့္ျပည္သူမ်ား ျပန္လည္ထူေထာင္ေရးလုပ္ငန္းစဥ္မွာလည္း ပါဝင္ေဆာင္ရြက္ေပးသြားမယ္လို႔ သိရပါတယ္။ ဒီမီးေလာင္မႈျဖစ္စဥ္မွာ မေကြးတိုင္းေဒသႀကီး ပခုကၠဴခ႐ိုင္ ေရစႀကိဳၿမိဳ႕နယ္ သစ္ႀကီးေတာေက်းရြာတြင္ မတ္လ ၃ ရက္ေန႔ည ၈ နာရီ ၃၀ မိနစ္အခ်ိန္ခန္႔က ေပါ့ဆမီးေၾကာင့္ မီးေလာင္ကၽြမ္းမႈျဖစ္ကာ မီးေဘးသင့္သြားၾကတဲ့ အိမ္ေထာင္စု ၁၆၇ စု မီးေဘးသင့္ျပည္သူ (၉၀၀) ဦးခန္႔ရွိတယ္လို႔လည္း သိရပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

လှူဒါန်းမှုတွေ ဆက်တိုက်နီးပါးလုပ်ဆောင်နေတဲ့ ဝေဠုကျော်

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့ရှိ မီးဘေးသင့်ပြည်သူတွေဆီကို ဝေဠုကျော်ဖောင်ဒေးရှင်းမှ အလှူငွေကျပ်၂၅ သိန်းကို မတ်လ ၅ ရက်နေ့က ဝေဠုကျော်ကိုယ်တိုင် သွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ မီးဘေးသင့်ပြည်သူတွေအတွက် အဓိကငွေကြေးလိုအပ်တဲ့အတွက်ကြောင့် နောက်ထပ်လာလှူမယ့်အလှူရှင်များအနေနဲ့ ငွေကြေးကိုသာ အဓိကထားလှူဒါန်းစေချင်ကြောင်းကို “မီးဘေးသင့်ပြည်သူတွေအတွက် နိုင်သလောက်လေးလာလှူပေးတာပါ။ ဒီဖြစ်စဉ်မှာ နိုင်ငံတော်က အစစအရာရာပံ့ပိုးကူညီမှာပါ။ လောလောဆယ် ပိုက်ဆံပဲလှူခဲ့ပါတယ်။ သူတို့လိုအပ်တာက ငွေကြေးဖြစ်ကာ ဒီငွေကြေးတွေကို အိမ်ပြန်ဆောက်တဲ့နေရာတွေမှာ အသုံးပြုလို့ရမယ်။ အခုက ကျွန်တော်တို့အသင်းက၂၅ သိန်းပါ။ နောက်လာလှူမယ့်သူတွေလည်း ငွေလှူမယ်ဆိုရင်ပိုကောင်းမယ်။ တခြားပစ္စည်းတွေလည်း လိုအပ်ပါတယ်။ အဓိကကတော့ ပိုက်ဆံက ပိုအဆင်ပြေပါတယ်” လို့ ဝေဠုကျော်က ပြောပြထားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဝေဠုကျော်ဖောင်ဒေးရှင်းအနေနဲ့ တက္ကသိုလ်ဝင်တန်းဖြေဆိုကြမယ့် ကျောင်းသား၊ ကျောင်းသူတစ်ဦးချင်းစီနဲ့ ဆရာဆရာမများအတွက်လည်း အလှူငွေများကို လှူဒါန်းပေးခဲ့ကာ၊ မီးဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်မှာလည်း ပါဝင်ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။ ဒီမီးလောင်မှုဖြစ်စဉ်မှာ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ် သစ်ကြီးတောကျေးရွာတွင် မတ်လ ၃ ရက်နေ့ည ၈ နာရီ ၃၀ မိနစ်အချိန်ခန့်က ပေါ့ဆမီးကြောင့် မီးလောင်ကျွမ်းမှုဖြစ်ကာ မီးဘေးသင့်သွားကြတဲ့ အိမ်ထောင်စု ၁၆၇ စု မီးဘေးသင့်ပြည်သူ (၉၀၀) ဦးခန့်ရှိတယ်လို့လည်း သိရပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။