[Zawgyi]

လာမယ့္ႏွစ္မွာလုပ္မယ့္ပြဲေတြ မီခ်င္မွမီေတာ့မွာပါလို႔ဆိုလာတဲ့ လူရႊင္ေတာ္ၾကီးဦးစိန္ရိုး

စိန္ရိုးမဂၤလာ-ေရြႊလိပ္ျပာဆိုတဲ့ အၿငိမ္နဲ႔စၿပီး ေအာင္ျမင္ခဲ့ရာမွ အခုဆိုရင္ အႏုပညာသက္တမ္းႏွစ္၅၀ ေက်ာ္ရိွျပီျဖစ္ျပီး ဆိုင္း၊အျငိမ့္၊ဇာတ္၊ေအာ္ပရာဇာတ္၊ အသံသြင္းေခတ္၊ ရုပ္ရွင္ဗီဒီယိုေခတ္ထိကို အႏုပညာနဲ႔ပတ္သက္လာရင္ ေဆးစက္က်ရာအရုပ္ထင္တဲ့သူကေတာ့ ၀ါရင့္လူရႊင္ေတာ္ၾကီး ဦးစိန္ရိုးပဲျဖစ္ပါတယ္။ က်န္းမာေရးအေျခအေနေၾကာင့္ အခုခ်ိန္မွာ အႏုပညာအလုပ္ေတြကို ရပ္နားလိုက္ျပီျဖစ္လို ့ သူ႔ရဲ ႔အႏုပညာစိတ္ခံစားခ်က္နဲ႔ပတ္သက္ျပီး သိလိုသမ်ွကိုေမးျဖစ္ခဲ့ပါတယ္။

“အဘ အခုခ်ိန္ထိ အႏုပညာေပၚမွာထားတဲ့စိတ္က လႊြမ္းမိုးထားမႈရိွေနတုန္းပါပဲ။ အိမ္မွာသာလူကရိွေနရေပမယ့္ ဘယ္ေန႔ဘယ္ရက္မွာဘာပြဲေတြရိွတာ ဘယ္သူေတြကတာအစကို မွတ္မိေနတာ။ လာမယ့္ႏွစ္ေတာ့ လုပ္မယ့္ပြဲေတြမီခ်င္မွမီေတာ့မွာပါေလ” လို႔ ရင္ဖြင့္ေျပာဆိုခဲ့ပါတယ္။ ပရိသတ္အတြက္စကားလက္ေဆာင္ေပးခ်င္ပါတယ္ဆိုျပီး ဦးစိန္ရုိးက အခုလုိထပ္မံေျပာျပပါေသးတယ္။

“အခုဆို အသက္ရွစ္ဆယ္ေက်ာ္ၿပီေလ။ အခုခ်ိန္ထိ အဘကိုေတြ႔ၾကရလို ့ အားလုံးလည္း၀မ္းသာေနၾကမယ္ထင္ပါတယ္။ ျပည္သူခ်စ္တဲ့ လူရႊင္ေတာ္တစ္ေယာက္ဆိုေတာ့ အားလုံးက သတိတရနဲ ့လာေမးၾကပါတယ္။ေမးၾကေပမယ့္ စိတ္မေကာင္းတာေလးတစ္ခုေတာ့ရိွတယ္။ မေန႔က လာေမးတဲ့သူဆိုရင္ ေျခေထာက္အတုၾကီးနဲ႔လာေမးတာ။ သူ႕ကိုၾကည့္ၿပီးေတာ့ ကိုယ္ကစိတ္မေကာင္းျဖစ္ေနတာ။ အခုခ်ိန္မွာေတာ့ အႏုပညာအလုပ္ေတြျပန္လုပ္ဖို ့စိတ္မကူးေတာ့ဘူး။ ဘုရားရွိခိုး ကုသိုလ္ေကာင္းမႈေလးမ်ားမ်ားလုပ္ပါတယ္။ အသက္ၾကီးေတာ့ ေသဖို႔မ်ားသြားၿပီေလ။ အားလုံးကို သံေယာဇဥ္ရိွပါတယ္။ေက်းဇူးလည္းတင္ပါတယ္။ အဘအသက္ရွည္သလို ပရိသတ္အားလုံး အသက္ရွည္ၾကပါေစလို ့ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္” ဆိုၿပီး ေျပာျပခဲ့ပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

လာမယ့်နှစ်မှာလုပ်မယ့်ပွဲတွေ မီချင်မှမီတော့မှာပါလို့ဆိုလာတဲ့ လူရွှင်တော်ကြီးဦးစိန်ရိုး

စိန်ရိုးမင်္ဂလာ-ရွှေလိပ်ပြာဆိုတဲ့ အငြိမ်နဲ့စပြီး အောင်မြင်ခဲ့ရာမှ အခုဆိုရင် အနုပညာသက်တမ်းနှစ်၅၀ ကျော်ရှိပြီဖြစ်ပြီး ဆိုင်း၊အငြိမ့်၊ဇာတ်၊အော်ပရာဇာတ်၊ အသံသွင်းခေတ်၊ ရုပ်ရှင်ဗီဒီယိုခေတ်ထိကို အနုပညာနဲ့ပတ်သက်လာရင် ဆေးစက်ကျရာအရုပ်ထင်တဲ့သူကတော့ ဝါရင့်လူရွှင်တော်ကြီး ဦးစိန်ရိုးပဲဖြစ်ပါတယ်။ ကျန်းမာရေးအခြေအနေကြောင့် အခုချိန်မှာ အနုပညာအလုပ်တွေကို ရပ်နားလိုက်ပြီဖြစ်လို့ သူ့ရဲ့အနုပညာစိတ်ခံစားချက်နဲ့ပတ်သက်ပြီး သိလိုသမျှကိုမေးဖြစ်ခဲ့ပါတယ်။

“အဘ အခုချိန်ထိ အနုပညာပေါ်မှာထားတဲ့စိတ်က လွှွမ်းမိုးထားမှုရှိနေတုန်းပါပဲ။ အိမ်မှာသာလူကရှိနေရပေမယ့် ဘယ်နေ့ဘယ်ရက်မှာဘာပွဲတွေရှိတာ ဘယ်သူတွေကတာအစကို မှတ်မိနေတာ။ လာမယ့်နှစ်တော့ လုပ်မယ့်ပွဲတွေမီချင်မှမီတော့မှာပါလေ” လို့ ရင်ဖွင့်ပြောဆိုခဲ့ပါတယ်။ ပရိသတ်အတွက်စကားလက်ဆောင်ပေးချင်ပါတယ်ဆိုပြီး ဦးစိန်ရိုးက အခုလိုထပ်မံပြောပြပါသေးတယ်။

“အခုဆို အသက်ရှစ်ဆယ်ကျော်ပြီလေ။ အခုချိန်ထိ အဘကိုတွေ့ကြရလို့ အားလုံးလည်းဝမ်းသာနေကြမယ်ထင်ပါတယ်။ ပြည်သူချစ်တဲ့ လူရွှင်တော်တစ်ယောက်ဆိုတော့ အားလုံးက သတိတရနဲ့လာမေးကြပါတယ်။မေးကြပေမယ့် စိတ်မကောင်းတာလေးတစ်ခုတော့ရှိတယ်။ မနေ့က လာမေးတဲ့သူဆိုရင် ခြေထောက်အတုကြီးနဲ့လာမေးတာ။ သူ့ကိုကြည့်ပြီးတော့ ကိုယ်ကစိတ်မကောင်းဖြစ်နေတာ။ အခုချိန်မှာတော့ အနုပညာအလုပ်တွေပြန်လုပ်ဖို့စိတ်မကူးတော့ဘူး။ ဘုရားရှိခိုး ကုသိုလ်ကောင်းမှုလေးများများလုပ်ပါတယ်။ အသက်ကြီးတော့ သေဖို့များသွားပြီလေ။ အားလုံးကို သံယောဇဉ်ရှိပါတယ်။ကျေးဇူးလည်းတင်ပါတယ်။ အဘအသက်ရှည်သလို ပရိသတ်အားလုံး အသက်ရှည်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်” ဆိုပြီး ပြောပြခဲ့ပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။