[Zawgyi]







Stella(Akhayar)

www.akhayar.com

[Unicode]

မိတ္ထီလာ ပရိသတ်တွေကို ပွဲကျအောင်ဖျော်ဖြေခဲ့တဲ့ မင်းသားစွမ်းဇာနည်

အနယ်နယ်ရပ်ရပ်က မိန်းကလေးတွေရဲ့ ချစ်ခင်အားပေးမှုတွေသိမ်းပိုက်ထားတဲ့ သရုပ်ဆောင်၊ဇာတ်မင်းသား စွမ်းဇာနည်ကတော့ သြဂုတ်လ(၁၈)ရက်နေ့က မိတ္ထီလာမြို့ကိုသွားရောက်ကပြဖျော်ဖြေခဲ့တယ်လို့ သိရပါတယ်။အဲ့ဒီက နယ်ခံပရိသတ်တွေ ကျိတ်ကျိတ်တိုးလာရောက်အားပေးခဲ့ကြပြီး ပရိသတ်အချစ်တော် စွမ်းကတော့ နာမည်နဲ့လိုက်အောင် အစွမ်းကုန် သီဆိုကပြဖျော်ဖြေခဲ့တာဖြစ်ပါတယ်။

စွမ်းဟာ အနုပညာလောကမှာ ပရိသတ်လက်ခံအားပေးမှုတွေရရှိထားရုံသာမက ဇာတ်သဘင်လောကမှာပါ နံပါတ်တစ်နေရာယူထားနိုင်တဲ့ လူငယ်ဇာတ်မင်းသားတစ်လက်ဖြစ်ပါတယ်။

သီချင်းလေးတွေလည်းအဆိုကောင်းတာမို့ သူ့ရဲ့ ဇာတ်ပွဲကိုဆို မကြည့်ပဲမနေနိုင်လောက်တဲ့အထိ မိန်းကလေးပရိသတ်အများစု လာရောက်အားပေးကြတာတွေ့ရပါတယ်။ ပရိသတ်အချစ်တော် စွမ်း ရဲ့ စတိုင်ကျနေတဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Photos Credit- Swan Zarni

Stella(Akhayar)

www.akhayar.com