[Zawgyi]

မိခင္နဲ႔တူတဲ့ မိန္းကေလးကိုပိုင္ဆိုင္ခြင့္ရရွိခဲ့တဲ့ Me Before You(2016) မင္းသား Sam Claflin

Me Before You(2016) ဇာတ္ကားထဲက ေအာက္ပိုင္းေသေနတဲ့ ေကာင္ေလးေနရာကေနသရုပ္ေဆာင္ခဲ့တဲ့ မင္းသား Sam Claflin အေၾကာင္းကို အနည္းငယ္ေဖာ္ျပေပးခ်င္ပါတယ္။

Sam ကုိ ၁၉၈၆ ခုနွစ္ ဇြန္လ ၂၇ ရက္ေန႔မွာေမြးခဲ့တာျဖစ္လို႔ အခုဆိုရင္ အသက္က ၃၂ နွစ္ရွိလို႔ေနပါၿပီ။ အဂၤလန္နိုင္ငံသားတစ္ေယာက္ျဖစ္ၿပီး လန္ဒန္မွာ Music နဲ႔ Dramatic Art ကိုသင္ယူခဲ့တာလည္း ျဖစ္ပါတယ္။

၂၀၁၃ ခုနွစ္မွာ Laura Haddock နဲ႔လက္ထပ္ခဲ့တာျဖစ္ပါတယ္။ အေမနဲ႔တူတဲ့ အမ်ိဳးသမီးကို ခ်စ္ခင္နွစ္သက္သလို Laura ဟာသူ႔အတြက္ေတာ့ အဲ့လိုမိန္းကေလးမ်ိဳးျဖစ္တယ္လို႔ ေျပာခဲ့တာျဖစ္ပါတယ္။ သူမကို ပထမဆံုးစေတြ႔တဲ့ အခ်ိန္မွာပဲ သူမနဲ႔လက္ထပ္ခ်င္တယ္ဆိုၿပီးေတာ့ အခိုင္အမာေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။ ၂၀၁၅ ခုနွစ္မွာ သားအႀကီးေလးကို ေမြးဖြားခဲ့ၿပီးေတာ့ ၂၀၁၈ ခုနွစ္မွာ သမီးေလးတစ္ေယာက္ထပ္ေမြးခဲ့ပါတယ္။

Me Before You(2016) နဲ႔နာမည္ႀကီးလူသိမ်ားခဲ့ၾကၿပီး Pirates of the Caribbean:On Stranger Tides (2011) ၊ Snow White and the Huntsman(2012) ထဲမွာလည္း ပါဝင္သရုပ္ေဆာင္ထားပါတယ္။

ၾကည္သာ (Akhayar)

Photo Credit:PopSugar

www.akhayar.com
[Unicode]

မိခင်နဲ့တူတဲ့ မိန်းကလေးကိုပိုင်ဆိုင်ခွင့်ရရှိခဲ့တဲ့ Me Before You(2016) မင်းသား Sam Claflin

Me Before You(2016) ဇာတ်ကားထဲက အောက်ပိုင်းသေနေတဲ့ ကောင်လေးနေရာကနေသရုပ်ဆောင်ခဲ့တဲ့ မင်းသား Sam Claflin အကြောင်းကို အနည်းငယ်ဖော်ပြပေးချင်ပါတယ်။

Sam ကို ၁၉၈၆ ခုနှစ် ဇွန်လ ၂၇ ရက်နေ့မှာမွေးခဲ့တာဖြစ်လို့ အခုဆိုရင် အသက်က ၃၂ နှစ်ရှိလို့နေပါပြီ။ အင်္ဂလန်နိုင်ငံသားတစ်ယောက်ဖြစ်ပြီး လန်ဒန်မှာ Music နဲ့ Dramatic Art ကိုသင်ယူခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်မှာ Laura Haddock နဲ့လက်ထပ်ခဲ့တာဖြစ်ပါတယ်။ အမေနဲ့တူတဲ့ အမျိုးသမီးကို ချစ်ခင်နှစ်သက်သလို Laura ဟာသူ့အတွက်တော့ အဲ့လိုမိန်းကလေးမျိုးဖြစ်တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။ သူမကို ပထမဆုံးစတွေ့တဲ့ အချိန်မှာပဲ သူမနဲ့လက်ထပ်ချင်တယ်ဆိုပြီးတော့ အခိုင်အမာပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ သားအကြီးလေးကို မွေးဖွားခဲ့ပြီးတော့ ၂၀၁၈ ခုနှစ်မှာ သမီးလေးတစ်ယောက်ထပ်မွေးခဲ့ပါတယ်။

Me Before You(2016) နဲ့နာမည်ကြီးလူသိများခဲ့ကြပြီး Pirates of the Caribbean:On Stranger Tides (2011) ၊ Snow White and the Huntsman(2012) ထဲမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

ကြည်သာ (Akhayar)

Photo Credit:PopSugar

www.akhayar.com