[Zawgyi]

ႏွစ္ခါရုံတင္ေတာ့ ႏွစ္ခါထီေပါက္သလိုပါပဲဆိုတဲ့ Russell

“ည”ဇာတ္ကားႏွစ္ခါရုံတင္ခြင့္ရတဲ့အေပၚမွာ သရုပ္ေဆာင္ Russell ေျပာျပခဲ့တာကေတာ့ “ပရိသတ္အားေပးတာ ႏွစ္ခါထီေပါက္သလိုပဲ ခံစားရပါတယ္။ တကယ္ကို ၀မ္းသာတယ္။ အစကေတာ့ ေနာက္ေနတယ္ထင္တာ။ မဟုတ္ဘူး ငါတို႔ရုံရက္ရၿပီေျပာေတာ့ အဲဒီမွာ အားလုံးအံ့ၾသသြားတယ္။ ေတာ္ေတာ္ေလးကို ေက်းဇူးတင္ဖို႔ေကာင္းပါတယ္”လို႔ ဆိုပါတယ္။

“ည”ဇာတ္ကားကို ပရိသတ္ေတြ မၾကည့္လိုက္ရမွာစိုးရိမ္တဲ့အေၾကာင္းကိုလည္း Russell က ေျပာျပခဲ့ပါတယ္။ “ကၽြန္ေတာ္ကေတာ့ ဒီကားေလးကို ပရိသတ္ႀကီးကို ၾကည့္ေစခ်င္တယ္။ ကိုယ္ေတြအားလုံးလည္း ႀကိဳးစားထားတယ္။ ဒီကားေလးကိုလည္း တကယ္ခ်စ္တယ္ေတာ့ ပရိသတ္ေတြ ဒီကားကိုမျမင္လိုက္ရမွာ စိုးရိမ္တယ္။ အခုလို ဒုတိယအႀကိမ္ရုံတင္ခြင့္ရတဲ့အေပၚမွာ ေစာေစာကေျပာခဲ့သလိုပဲ ႏွစ္ခါထီေပါက္သြားတာပါ။ တကယ္ကို ၀မ္းသာပါတယ္။ ကိုထူးပိုင္အတြက္ ပိုေပ်ာ္မိတယ္”လို႔ ဆိုပါတယ္။

ပရိသတ္ေပးတဲ့ အကယ္ဒမီဆုရခဲ့တယ္ဆိုတာကိုလည္း “အကယ္ဒမီဆိုတာ နတ္ႀကီးပါတယ္။ အကယ္ဒမီရဖို႔ထက္ Technical ပိုင္း၊ Editing ပိုင္းႏွင့္ Sound ပိုင္းေတြ အဓိကက Sound ပိုင္းကို ႏိုင္ငံျခားထိေတာင္သြားၿပီး ေသေသခ်ာခ်ာေလး အရမ္းတာ၀န္ေက်ေအာင္လုပ္ထားတာဆိုေတာ့ ရေစခ်င္တယ္။ ဒါေပမယ့္ ႏွစ္ခါရုံတင္ခြင့္ရတာနဲ႔တင္ ကၽြန္ေတာ္တို႔အတြက္ အကယ္ဒမီဆုရသလိုပါပဲ” လို႔ ေျပာျပခဲ့ပါတယ္။ Russell ဟာ လတ္တေလာမွာေတာ့ “မ်က္ႏွာဖုံးမ်ား”ရုပ္ရွင္ဇာတ္ကားႀကီး ရိုက္ကူးထားၿပီး သူ႔ရဲ႕ဂီတနဲ႔ပတ္သက္လို႔ တစ္ကိုယ္ေတာ္အေခြ အျမန္ဆုံးထြက္ႏိုင္ဖို႔ ႀကိဳးစားေနတယ္လို႔ သိရပါတယ္။

www.akhayar.com

[Unicode]

နှစ်ခါရုံတင်တော့ နှစ်ခါထီပေါက်သလိုပါပဲဆိုတဲ့ Russell

“ည”ဇာတ်ကားနှစ်ခါရုံတင်ခွင့်ရတဲ့အပေါ်မှာ သရုပ်ဆောင် Russell ပြောပြခဲ့တာကတော့ “ပရိသတ်အားပေးတာ နှစ်ခါထီပေါက်သလိုပဲ ခံစားရပါတယ်။ တကယ်ကို ဝမ်းသာတယ်။ အစကတော့ နောက်နေတယ်ထင်တာ။ မဟုတ်ဘူး ငါတို့ရုံရက်ရပြီပြောတော့ အဲဒီမှာ အားလုံးအံ့သြသွားတယ်။ တော်တော်လေးကို ကျေးဇူးတင်ဖို့ကောင်းပါတယ်”လို့ ဆိုပါတယ်။

“ည”ဇာတ်ကားကို ပရိသတ်တွေ မကြည့်လိုက်ရမှာစိုးရိမ်တဲ့အကြောင်းကိုလည်း Russell က ပြောပြခဲ့ပါတယ်။ “ကျွန်တော်ကတော့ ဒီကားလေးကို ပရိသတ်ကြီးကို ကြည့်စေချင်တယ်။ ကိုယ်တွေအားလုံးလည်း ကြိုးစားထားတယ်။ ဒီကားလေးကိုလည်း တကယ်ချစ်တယ်တော့ ပရိသတ်တွေ ဒီကားကိုမမြင်လိုက်ရမှာ စိုးရိမ်တယ်။ အခုလို ဒုတိယအကြိမ်ရုံတင်ခွင့်ရတဲ့အပေါ်မှာ စောစောကပြောခဲ့သလိုပဲ နှစ်ခါထီပေါက်သွားတာပါ။ တကယ်ကို ဝမ်းသာပါတယ်။ ကိုထူးပိုင်အတွက် ပိုပျော်မိတယ်”လို့ ဆိုပါတယ်။

ပရိသတ်ပေးတဲ့ အကယ်ဒမီဆုရခဲ့တယ်ဆိုတာကိုလည်း “အကယ်ဒမီဆိုတာ နတ်ကြီးပါတယ်။ အကယ်ဒမီရဖို့ထက် Technical ပိုင်း၊ Editing ပိုင်းနှင့် Sound ပိုင်းတွေ အဓိကက Sound ပိုင်းကို နိုင်ငံခြားထိတောင်သွားပြီး သေသေချာချာလေး အရမ်းတာဝန်ကျေအောင်လုပ်ထားတာဆိုတော့ ရစေချင်တယ်။ ဒါပေမယ့် နှစ်ခါရုံတင်ခွင့်ရတာနဲ့တင် ကျွန်တော်တို့အတွက် အကယ်ဒမီဆုရသလိုပါပဲ” လို့ ပြောပြခဲ့ပါတယ်။ Russell ဟာ လတ်တလောမှာတော့ “မျက်နှာဖုံးများ”ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးထားပြီး သူ့ရဲ့ဂီတနဲ့ပတ်သက်လို့ တစ်ကိုယ်တော်အခွေ အမြန်ဆုံးထွက်နိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

www.akhayar.com