[Zawgyi]
Paul Walker Mom
Paul Walker Mom
အဲ့ဒီအချိန်တုန်းက တက်ရောက်ရမယ့်ပွဲတစ်ခုကို မေ့လျောနေခဲ့ပြီး သူ့တို့သားအဖတွေဟာ တကယ်ကို စကားလက်ဆုံကောင်းနေခဲ့ကြကာ သားအဖနှစ်ယောက်ကြားမှာ ကောင်းမွန်တဲ့ စကားဝိုင်းလေးဖြစ်ခဲ့တဲ့ အကြောင်းကိုလည်း Cheryl က လူတွေ သိစေဖို့အတွက် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
Paul Walker
Paul Walker
Car accident
Car accident
Prayer Letter
Prayer Letter
H.H(Akhayar)
www.akhayar.com
[Unicode]
Message တစ်ခုကြောင့် Paul Walker ကွယ်လွန်ရတယ်လို့ ဖွင့်ချလိုက်တဲ့ သူ့အမေ
Fast and  Furious ရဲ့ နာမည်ကျော်မင်းသား Paul Walker ဟာ ၂၀၁၃ ခုနစ်တုန်းက ကားမတော်တဆတိုက်ကာ မီးလောင်ပြီး သေဆုံးခဲ့တာကို လူတိုင်း သိကြပါတယ်။ အဲ့သေဆုံးမှုနဲ့ပတ်သက်ပြီး Paul Walk မိခင် Cheryl က သေဆုံးရတဲ့ အကြောင်းအရင်း အသေးစိတ်အချက်အလက်တွေကို ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ Paul Walker ရဲ့မိခင်က အသေးစိတ်အချက်အလက်တွေကို “I am Paul Walker” ဆိုတဲ့ Documentary ရိုက်ကူးမှုထဲမှာ မေ့လျောပြီး ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။ သူ့မိခင်ပြောကြားခဲ့တာကတော့ အဲ့ Text Message ကိုသာ လက်ခံမရရှိခဲ့ရင် သူူ့သားဟာ ယနေ့အချိန်အထိ အသက်ဆက်ရှင်နေဦးမယ်ဖြစ်တယ်လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။
Paul Walker Mom
Paul Walker Mom
“Fast and Furious 7” ရုပ်ရှင်ရိုက်ကူးမှု ခဏနားထားတဲ့အချိန် မသေဆုံးခင်မနက်ခင်းတုန်းက သူ့သမီးလေး Meadow နဲ့ မီးဖိုချောင်ထဲမှာထိုင်ကာ Christmas ကို ဘယ်လိုအစီအစဉ်တွေနဲ့ ဖြတ်သန်းပြီး Christmas သစ်ပင်ကို ဘယ်လိုအလှဆင်ကြမလဲဆိုပြီး ပျော်ပျော်ရွှင်ရွှင် ဆွေးနွေးတိုင်ပင်နေုခဲ့တာကို တွေ့မြင်ခဲ့ရပါသေးတယ်။
Paul Walker and his Daughter
Paul Walker and his Daughter
အဲ့ဒီအချိန်တုန်းက တက်ရောက်ရမယ့်ပွဲတစ်ခုကို မေ့လျောနေခဲ့ဲပြီး သူ့တို့သားအဖတွေဟာ တကယ်ကို စကားလက်ဆုံကောင်းနေခဲ့ကြကာ သားအဖနှစ်ယောက်ကြားမှာ ကောင်းမွန်တဲ့ စကားဝိုင်းလေးဖြစ်ခဲ့တဲ့ အကြောင်းကိုလည်း Cheryl က လူတွေ သိစေဖို့အတွက် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
Paul Walker
Paul Walker
အဲဒီလိုစကားပြောနေတဲ့အချိန်မှာ Text တစ်ခုကိုရခဲ့ြ့ပီး အလန့်တကြားနဲ့ တစ်နေရာသွားမယ်ဆိုပြီး ပြောကြားကာ အပြင်ကို ထွက်သွားခဲ့ပါတယ်။ သူသွားခဲ့တဲ့နေရာကတော့ ဖိလစ်ပိုင်မှာဖြစ်ပွားခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်းအတွက် ကျင်းပတဲ့ ရံပုံငွေပွဲဆီကိုပဲ ဖြစ်ပါတယ်။
Car accident
Car accident
အဲဒီရံပုံငွေပွဲကို Paul Walker ဟာ သူ့ရဲ့မိတ်ဆွေ ငွေရေးကြေးရေးအကြံပေးသူ ယခင်ပြိုင်ကားမောင်းသူ Roger Roads မောင်းနှင်တဲ့ Porsche Carrera GT ကားကို စီးပြီး ထွက်သွားခဲ့ပါတယ်။ ရုတ်တရက် ဘရိတ်ပြတ်သွားပြီး မီးတိုင်နဲ့တိုက်မိပြီး မီးလောင်ကျွမ်းကာ Paul Walker နဲ့သူ့သူငယ်ချင်းနှစ်ယောက်စလုံးပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။ အဲ့လိုမီးလောင်ကာ သေဆုံးသွားတဲ့အတွက် လူတော်တော်များက သာမန်ကားတိုက်မှုလို့သာ ထင်ကြသော်လည်း Paul Walker ရဲ့မိခင်က သူမအတွက်တော့ ဒီထက်ပိုတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
Prayer Letter
Prayer Letter
အဲ့လိုသေဆုံးသွားပြီးတဲ့နောက်မှာတော့ Paul Walker ကို ချစ်ခင်သူမိသားစုဝင်တွေနဲ့ သူရဲ့မိခင်က သူမွေးနေ့ရောက်တိုင်း အနှစ်သက်ဆုံးကမ်းခြေဖြစ်တဲ့ Huntington Beach ကိုသွားကာ နေကြာပန်းတွေလွှတ်ကာ သူမွေးနေ့ပွဲကို မမေ့မလျော့ကျင်းပကာ ကောင်းရာမွန်ရာရောက်ရှိဖို့ ဆုတောင်းပေးကြပါတယ်။ ဒါအပြင် ပရိသတ်တွေကလည်း Paul Walker အမေဆီကို ဆုတောင်းစာတွေပို့ကာ Paul ကို သတိရကြောင်း ပြောကြားကြပါတယ်။ Paul Walker သေဆုံးသွားလို့ မိသားစုဝင်တွေ၊ ပရိသတ်တွေနဲ့ အတူမရှိနိုင်တော့ပေမယ့်လည်း စိတ်ထဲမှာတော့ အမြဲရှင်သန်နေတယ်လို့ Paul ရဲ့မိခင်က ဝမ်းနည်းစွာနဲ့ ပြောကြားသွားပါတယ်။
H.H(Akhayar)
www.akhayar.com