[Zawgyi]

နှုတ်ခမ်းနီမလေးတွေဝိုင်းဝိုင်းလည်နေတဲ့ တက္ကသိုလ်ကျောင်းသားလေး ပိုင်တံခွန်





Stella(Akhayar)

www.Akhayar.com 

[Unicode]

အရှေ့ပိုင်းတက္ကသိုလ်ရောက်တုန်း ပရိသတ်တွေနဲ့တွေ့ဆုံခဲ့တဲ့ ပိုင်တံခွန်

နှုတ်ခမ်းနီမလေးတွေအသဲကျော် မော်ဒယ်၊ သရုပ်ဆောင် ပိုင်တံခွန်ကတော့ လူမှုကွန်ရက်မှာ နှုတ်ခမ်းနီမလေးတွေရဲ့ ဝန်းရံအားပေးမှုအများဆုံးရရှိထားသူဆိုလည်းမမှားပါဘူး။ အနုပညာသက်တမ်းနုသေးပေမယ့် အထိုက်အလျောက်အောင်မြင်မှုရရှိနေပြီဖြစ်တဲ့ ပိုင်တံခွန်ကတော့ ဒီနေ့မှာ အရှေ့ပိုင်းတက္ကသိုလ်ကို ခဏတာအလည်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ရောက်တုန်းရောက်ခိုက်မှာ သူ့ကိုတွေ့လို့ ပျော်ရွှင်နေတဲ့ ပရိသတ်တွေနဲ့အတူ အမှတ်တရဓာတ်ပုံလေးတွေရိုက်ကူးခဲ့ပြီး လူမှုကွန်ရက်အကောင့်မှာ မျှဝေထားတာဖြစ်ပါတယ်။ ပိုင်တံခွန်ဟာ ရုပ်ရှင်နဲ့ကြော်ငြာတွေလည်း ဆက်တိုက်ရိုက်ကူးနေရသလို သူ့ရဲ့ အမိုက်စားဘော်ဒီနဲ့ အရပ်အမောင်းကလည်း မိန်းကလေးတွေကို ကြွေစေတဲ့အချက်ဖြစ်ပါတယ်။

ဒီနေ့ခေတ် လူငယ်မော်ဒယ်တွေထဲမှာ ပိုင်တံခွန်ဟာ Fan အများဆုံးဖြစ်တဲ့အတွက် သူ့ကို အားပေးကြတဲ့ ပရိသတ်တွေကလည်း ဒုနဲ့ဒေးပါပဲ။
ပိုင်တံခွန်တစ်ယောက် သူ့ပရိသတ်တွေနဲ့တွေ့ဆုံခိုက်မှာ ပျော်ပျော်ပါးပါး အမှတ်တရတွေဖန်တီးဖြစ်ခဲ့တာကိုတွေ့ရပါတယ်။

Photos Credit – Paing Takon facebook

Stella(Akhayar)

www.Akhayar.com