[Zawgyi]

ပရိသတ္ရင္ထဲေရာက္ေအာင္ ႀကိဳးစားထားတဲ့ဇာတ္ကားမို႔ ေက်နပ္တယ္ဆုိတဲ့ ထပ္ဆင့္အကယ္ဒမီေနတိုး

“မုန္းလို႔ရရင္မုန္းခ်င္တယ္” ဇာတ္ကားကို ေရႊစင္ဦးရုပ္ရွင္ထုတ္လုပ္ေရးမွ ထုတ္လုပ္ျဖန္႔ခ်ိမွာျဖစ္ၿပီး ဇာတ္လမ္း သက္ဦးေမာင္ ဇာတ္ညႊန္းျမျမင့္မိုရ္နဲ႔မိုးနီလြင္တို႔က ေရးသားေပးထားကာ ဒါရိုက္တာေအာင္ေဇာ္လင္း ရိုက္ကူးပံုေဖာ္ထားတဲ့ အိမ္ေထာင္ေရးအခ်စ္ဇာတ္လမ္းရုပ္ရွင္ဇာတ္ကားႀကီးကို လာမယ့္ ၂၇ ရက္မွာ ျမန္မာတစ္ႏိုင္ငံလံုးမွာရွိတဲ့ ရုပ္ရွင္ရံုႀကီးမ်ားမွာ ျပသေပးသြားေတာ့မွာ ျဖစ္ပါတယ္။ ဒီဇာတ္ကားမွာ ထပ္ဆင့္အကယ္ဒမီေနတိုး၊ အကယ္ဒမီမင္းဦး၊ သင္ဇာဝင့္ေက်ာ္၊ ရတနာမိုင္၊ ဇင္မ်ိဳး၊ ေအာင္ျမင့္ျမတ္(အိမ္မက္ဆံုရာ)၊ ေစာေနလင္းဟန္(အိမ္မက္ဆံုရာ) အျပင္ တျခားသရုပ္ေဆာင္မ်ားစြာက ပါဝင္သရုပ္ေဆာင္ထားပါတယ္။

Movie

ဒီဇာတ္ကားမွာဆိုရင္ ပံုမွန္အိမ္ေထာင္ေရး အခ်စ္ဇာတ္ကားတစ္ကားျဖစ္ၿပီး ပရိသတ္ေတြရင္ထဲကိုေရာက္ႏိုင္ဖို႔ အခ်ိန္သံုးႏွစ္ေက်ာ္ၾကာမွ ရံုတင္ျပသတာျဖစ္ေၾကာင္းကို ေနတိုးက“အခ်စ္ဇာတ္ကားကိုမွ ဇာတ္လမ္းတင္ဆက္မႈပံုစံေလး နည္းနည္းဆန္းသစ္ထားတယ္။ သရုပ္ေဆာင္မႈအပိုင္း ဇာတ္ဝင္သီခ်င္းေတြရဲ႕ပံ႔ပိုးမႈေတြမွာ အေကာင္းဆံုးျဖစ္ေအာင္ ရင္ထဲကိုေရာက္ေအာင္ ႀကိဳးစားထားၾကတဲ့ ရုပ္ရွင္တစ္ကားပါ။ အဓိကကေတာ့ ရုပ္ရွင္နဲ႔ဂီတေပါင္းစပ္ၿပီး ရိုက္ကူးတဲ့ဇာတ္ဆိုေတာ့ ကၽြန္ေတာ္အေနနဲ႔လည္း သေဘာက်ႏွစ္သက္မိတယ္။ အဓိကကေတာ့ ခ်စ္ျခင္းေမတၱာ၊ အိမ္ေထာင္ေရးေပ့ါ။ ခ်စ္သူတစ္ေယာက္ကို စၿပီးခ်စ္ကတည္းက အျမဲတမ္းခ်စ္ေနဖို႔ပဲလိုတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္ေနရင္ ဘယ္ေတာ့မွေဝးမသြားဘူး။ ဘယ္ေလာက္ပဲေဝးေနေန ခ်စ္ျခင္းေမတၱာက တစ္ေယာက္ႏွလံုးသားထဲမွာ တစ္ေယာက္ရွိေနဖို႔ပဲ လိုတယ္။ ဘယ္လိုအခက္အခဲမ်ိဳးပဲရွိေနပါေစ တစ္ခ်ိန္မွာ ျပန္လည္ေပါင္းစည္းရမယ္ဆုိတဲ့ အေၾကာင္းေလးပါ။ အိမ္ေထာင္ေရးကို တည္ေဆာက္တဲ့အခ်ိန္မွာျဖစ္တတ္တဲ့ ပဋိပကၡေလးေတြပါ။ ဒါကိုမွ ခံစားမႈလြယ္တဲ့ ေတးေရးဆရာတစ္ေယာက္ရဲ႕ဇာတ္ေကာင္ အိမ္ေထာင္ေရးအဆင္မေျပမႈေတြမွာ ျဖစ္ေလ့ျဖစ္ထရွိတဲ့ ပံုစံေလးေတြကို ဇာတ္လမ္းဖြဲ႔ထားတာပါ။ ဒီကားကို အခ်ိန္အမ်ားႀကီးယူထားတယ္။ ပရိသတ္ေတြဆီကို ေရာက္လာဖို႔အတြက္ကို သာမာန္ကားေတြထက္ ပိုၿပီးေတာ့ကို ၾကာခဲ့တယ္။ သံုးႏွစ္ေက်ာ္သြားၿပီ။ အခ်ိန္ေစာင့္ရက်ိဳးနပ္တဲ့ ဇာတ္ကားတစ္ကားလည္းျဖစ္ခဲ့တယ္။ ျပန္ၾကည့္တဲ့အခ်ိန္မွာ ကိုယ္တိုင္လည္းေက်နပ္တယ္” လို႔ ဆိုပါတယ္။

ထပ္ဆင့္အကယ္ဒမီေနတိုးအေနနဲ႔ “မိုးညအိမ္မက္ျမဴ”ရုပ္ရွင္ဇာတ္ကားနဲ႔လည္းေကာင္း၊ “နကၡတ္မွားတဲ့တိုက္ပြဲ”ရုပ္ရွင္ဇာတ္ကားနဲ႔လည္းေကာင္း၊ “တာေတႀကီး”ရုပ္ရွင္ဇာတ္ကားနဲ႔လည္းေကာင္း အေကာင္းဆံုးအမ်ိဳးသားရုပ္ရွင္ဇာတ္ေဆာင္ဆု သံုးဆုကိုရရွိထားတဲ့ အႏုပညာရွင္တစ္ဦးျဖစ္ပါတယ္။

Photo Credit:Nay Toe Facebook

www.akhayar.com

[Unicode]

ပရိသတ်ရင်ထဲရောက်အောင် ကြိုးစားထားတဲ့ဇာတ်ကားမို့ ကျေနပ်တယ်ဆိုတဲ့ ထပ်ဆင့်အကယ်ဒမီနေတိုး

“မုန်းလို့ရရင်မုန်းချင်တယ်” ဇာတ်ကားကို ရွှေစင်ဦးရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ဖြန့်ချိမှာဖြစ်ပြီး ဇာတ်လမ်း သက်ဦးမောင် ဇာတ်ညွှန်းမြမြင့်မိုရ်နဲ့မိုးနီလွင်တို့က ရေးသားပေးထားကာ ဒါရိုက်တာအောင်ဇော်လင်း ရိုက်ကူးပုံဖော်ထားတဲ့ အိမ်ထောင်ရေးအချစ်ဇာတ်လမ်းရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ၂၇ ရက်မှာ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ရုပ်ရှင်ရုံကြီးများမှာ ပြသပေးသွားတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ထပ်ဆင့်အကယ်ဒမီနေတိုး၊ အကယ်ဒမီမင်းဦး၊ သင်ဇာဝင့်ကျော်၊ ရတနာမိုင်၊ ဇင်မျိုး၊ အောင်မြင့်မြတ်(အိမ်မက်ဆုံရာ)၊ စောနေလင်းဟန်(အိမ်မက်ဆုံရာ) အပြင် တခြားသရုပ်ဆောင်များစွာက ပါဝင်သရုပ်ဆောင်ထားပါတယ်။

Movie

ဒီဇာတ်ကားမှာဆိုရင် ပုံမှန်အိမ်ထောင်ရေး အချစ်ဇာတ်ကားတစ်ကားဖြစ်ပြီး ပရိသတ်တွေရင်ထဲကိုရောက်နိုင်ဖို့ အချိန်သုံးနှစ်ကျော်ကြာမှ ရုံတင်ပြသတာဖြစ်ကြောင်းကို နေတိုးက“အချစ်ဇာတ်ကားကိုမှ ဇာတ်လမ်းတင်ဆက်မှုပုံစံလေး နည်းနည်းဆန်းသစ်ထားတယ်။ သရုပ်ဆောင်မှုအပိုင်း ဇာတ်ဝင်သီချင်းတွေရဲ့ပံ့ပိုးမှုတွေမှာ အကောင်းဆုံးဖြစ်အောင် ရင်ထဲကိုရောက်အောင် ကြိုးစားထားကြတဲ့ ရုပ်ရှင်တစ်ကားပါ။ အဓိကကတော့ ရုပ်ရှင်နဲ့ဂီတပေါင်းစပ်ပြီး ရိုက်ကူးတဲ့ဇာတ်ဆိုတော့ ကျွန်တော်အနေနဲ့လည်း သဘောကျနှစ်သက်မိတယ်။ အဓိကကတော့ ချစ်ခြင်းမေတ္တာ၊ အိမ်ထောင်ရေးပေ့ါ။ ချစ်သူတစ်ယောက်ကို စပြီးချစ်ကတည်းက အမြဲတမ်းချစ်နေဖို့ပဲလိုတယ်။ တစ်ယောက်နဲ့တစ်ယောက် ချစ်နေရင် ဘယ်တော့မှဝေးမသွားဘူး။ ဘယ်လောက်ပဲဝေးနေနေ ချစ်ခြင်းမေတ္တာက တစ်ယောက်နှလုံးသားထဲမှာ တစ်ယောက်ရှိနေဖို့ပဲ လိုတယ်။ ဘယ်လိုအခက်အခဲမျိုးပဲရှိနေပါစေ တစ်ချိန်မှာ ပြန်လည်ပေါင်းစည်းရမယ်ဆိုတဲ့ အကြောင်းလေးပါ။ အိမ်ထောင်ရေးကို တည်ဆောက်တဲ့အချိန်မှာဖြစ်တတ်တဲ့ ပဋိပက္ခလေးတွေပါ။ ဒါကိုမှ ခံစားမှုလွယ်တဲ့ တေးရေးဆရာတစ်ယောက်ရဲ့ဇာတ်ကောင် အိမ်ထောင်ရေးအဆင်မပြေမှုတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပုံစံလေးတွေကို ဇာတ်လမ်းဖွဲ့ထားတာပါ။ ဒီကားကို အချိန်အများကြီးယူထားတယ်။ ပရိသတ်တွေဆီကို ရောက်လာဖို့အတွက်ကို သာမာန်ကားတွေထက် ပိုပြီးတော့ကို ကြာခဲ့တယ်။ သုံးနှစ်ကျော်သွားပြီ။ အချိန်စောင့်ရကျိုးနပ်တဲ့ ဇာတ်ကားတစ်ကားလည်းဖြစ်ခဲ့တယ်။ ပြန်ကြည့်တဲ့အချိန်မှာ ကိုယ်တိုင်လည်းကျေနပ်တယ်” လို့ ဆိုပါတယ်။

ထပ်ဆင့်အကယ်ဒမီနေတိုးအနေနဲ့ “မိုးညအိမ်မက်မြူ”ရုပ်ရှင်ဇာတ်ကားနဲ့လည်းကောင်း၊ “နက္ခတ်မှားတဲ့တိုက်ပွဲ”ရုပ်ရှင်ဇာတ်ကားနဲ့လည်းကောင်း၊ “တာတေကြီး”ရုပ်ရှင်ဇာတ်ကားနဲ့လည်းကောင်း အကောင်းဆုံးအမျိုးသားရုပ်ရှင်ဇာတ်ဆောင်ဆု သုံးဆုကိုရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။

Photo Credit:Nay Toe Facebook

www.akhayar.com