[Zawgyi]

ေမာ္ဒယ္ၿပိဳင္ပြဲေတြမွာ ၿပိဳင္ပြဲမၿပိဳင္ရေသးခင္ Crown က ေရာင္းၿပီးသားျဖစ္ေနဟုဆို

လက္ရွိျမန္မာႏိုင္ငံမွာက်င္းပေနတဲ့ ေမာ္ဒယ္ၿပိဳင္ပြဲေတြမွာ မသမာမႈ၊ မရိုးသားမႈေတြ ေတြ႕ရၿပီး ၿပိဳင္ပြဲမၿပိဳင္ရေသးခင္ Crown က ေရာင္းၿပီးေနတာမ်ိဳးေတြရွိတာေၾကာင့္ တကယ့္ရသင့္ရထုိက္တဲ့သူေတြ မရဘဲ မရသင့္တဲ့သူေတြ ရသြားၾကတာမ်ားတယ္လို႔ Angel Entertainment Organization မွ CEO ႏွင့္ သရုပ္ေဆာင္/ဒါရိုက္တာ မင္းညီကေျပာပါတယ္။

“ကၽြန္ေတာ့္မူရင္းအလုပ္ကေတာ့ ရုပ္ရွင္ပါပဲ၊ ဒါေပမဲ့ ကၽြန္ေတာ့္အမ်ိဳးသမီးနဲ႔ပတ္သက္ၿပီးေတာ့ ဒီလိုမ်ိဳး Miss ၿပိဳင္ပြဲေတြလုိက္သြားရတဲ့အခါမ်ိဳးမွာ ဘာေတြေတြ႔ရလဲဆိုေတာ့ တခ်ိဳ႕ၿပိဳင္ပြဲေတြမွာ မသမာ မႈေတြေတြ႕ရတယ္၊ မရိုးသားမႈေတြေတြ႕ရတယ္ ၿပီးေတာ့ ၿပိဳင္ပြဲမၿပိဳင္ရေသးဘူး Crown ေတြကေရာင္းထားၿပီးသားေတြျဖစ္ေနတယ္။ အဲဒီမွာ တကယ္ရသင့္ရထိုက္တဲ့လူေတြကမရဘဲနဲ႔ ဘယ္လိုမွမရသင့္မရထိုက္တဲ့လူကရေတာ့ ကၽြန္ေတာ့္အမ်ိဳးသမီးကို ကၽြန္ေတာ္ကေမးတယ္ အဲဒါဘယ္လိုျဖစ္တာလဲဆိုေတာ့ အဲဒါေတြက စင္ေပၚမွာ ဘယ္သူေတြကေတာ့လွတယ္ ဘယ္သူကေတာ့ အဆင္ေျပတယ္ဆိုရင္မရဘူး သူတို႔က က်ိန္းေသမရဘူး ဘယ္သူရမယ္ ဘယ္ဟာရမယ္ဆိုၿပီး သူကအကုန္လံုး အလြတ္နီးပါးေျပာၿပီးေနၿပီ။ ဟာ မင္းတို႔ဟာကဘယ္လိုလဲဆိုေတာ့ ဒါေတြက အဲဒါမ်ိဳးေတြပဲတဲ့။ အဲဒီေတာ့ သူနဲ႔ကိုယ္နဲ႔ တိုင္ပင္တယ္၊ ကၽြန္ေတာ္အရင္က “ဒီမိုရပ္ကြက္” ရုပ္ရွင္ကားကိုလည္းရိုက္ထားေတာ့ အဲဒီတုန္းက အသစ္ေတြကိုေျမေတာင္ေျမႇာက္ၿပီးေတာ့ သူတို႔ဆီက ေငြေရးေၾကးေရးအက်ိဳးအျမတ္ဘာမွမယူဘဲနဲ႔ အဲဒီလိုရိုက္ခဲ့တာဆိုေတာ့ ဒီမွာလည္း တကယ္ကို ကိုယ္ခ်င္းစာတာေပါ့ဗ်ာ။

ဒီ Organization မွာေတာ့ ကၽြန္ေတာ္က စီအီးအိုတာဝန္ယူထားပါတယ္။ ဒီကေနေမြးထုတ္လိုက္တဲ့ကေလးေတြကို ကၽြန္ေတာ္ဖြင့္တဲ့ ရုပ္ရွင္သင္တန္းေတြ သရုပ္ေဆာင္သင္တန္းေတြ အဲဒါေတြမွာ သူတို႔ကိုေလ့က်င့္ေပးမယ္။ အခမဲ့သင္ၾကားေပးမယ္။ ၿပီးရင္ ကၽြန္ေတာ္ရိုက္မယ့္ ရုပ္ရွင္ကားေတြ၊ ဇာတ္လမ္းတြဲေတြ၊ MTV ေတြ အဲဒါေတြမွာ ကၽြန္ေတာ္ထည့္ၿပီး သံုးသြားေပးမွာပါ”လို႔ သရုပ္ေဆာင္မင္းညီကေျပာပါတယ္။ ဒါ့အျပင္ ျမန္မာႏိုင္ငံရဲ႕ ေမာ္ဒယ္ၿပိဳင္ပြဲေတြမွာ ဝင္ၿပိဳင္တဲ့ ၇၀ ရာခိုင္ႏႈန္းခန္႔ဟာ ရုပ္ရွင္နယ္ပယ္မွာ မင္းသား၊ မင္းသမီးအျဖစ္ရပ္တည္လိုတာေၾကာင့္ ေမာ္ဒယ္အလုပ္ကို လက္မွတ္တစ္ခုသေဘာမ်ိဳးနဲ႔ လုပ္ကိုင္ၾကေလ့ရွိတယ္လို႔လည္း သူကထပ္မံေျပာပါတယ္။

“တကယ္ဝါသနာပါတဲ့လူေတြဆီက ပိုက္ဆံေတြလွီးတယ္၊ ရိတ္တယ္၊ Crown ေတြကို မတန္တဆေတြ ဝယ္ရတယ္ဆိုေတာ့ သူတို႔ရဲ႕ျဖစ္ခ်င္စိတ္က ဘာလဲဆိုေတာ့ ျမန္မာျပည္မွာ ေမာ္ဒယ္လုပ္တဲ့ လူေတာ္ေတာ္မ်ားမ်ားသည္ ရုပ္ရွင္နယ္ထဲကို မင္းသား၊မင္းသမီးအေနနဲ႔ဝင္ခ်င္လို႔ လက္မွတ္ေလးတစ္ခု သေဘာမ်ိဳးနဲ႔ ဒီလိုမ်ိဳးၿပိဳင္ၾကတာေပါ့။ အဲဒါမ်ိဳးက ၇၀ ရာခိုင္ႏႈန္းေလာက္ရွိတယ္ဆိုေတာ့ ငါတို႔ ဒီလိုၿပိဳင္ပြဲေတြလုပ္ၿပီးေတာ့ တကယ့္ရိုးရိုးသားသားမွန္မွန္ကန္ကန္လုပ္ၿပီး ဒီကေလးေတြကို ေျမေတာင္ေျမႇာက္ၿပီးေတာ့ ရုပ္ရွင္နယ္ထဲကိုလက္တြဲေခၚမယ္ေပါ့ အဲဒီလိုမ်ိဳးစိတ္ကူးနဲ႔ ဒီပြဲကိုဦးေဆာင္ၿပီးေတာ့က်င္းပ တာပါ”လို႔ ဆိုပါတယ္။ Angel Entertainment Organization ကေန ဦးေဆာင္ၿပီးက်င္းပျပဳလုပ္မယ့္ Mr.King & Miss Angel of Valentine 2018 ႏွင့္ Miss Angel Beauty of Yangon 2018 အတြက္စာနယ္ဇင္းမိတ္ဆက္ပြဲကို ေဖေဖာ္ဝါရီ ၁၃ ရက္ေန႔က ရန္ကုန္ၿမိဳ႕ Orchid Hotel မွာက်င္းပခဲ့ပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

မော်ဒယ်ပြိုင်ပွဲတွေမှာ ပြိုင်ပွဲမပြိုင်ရသေးခင် Crown က ရောင်းပြီးသားဖြစ်နေဟုဆို

လက်ရှိမြန်မာနိုင်ငံမှာကျင်းပနေတဲ့ မော်ဒယ်ပြိုင်ပွဲတွေမှာ မသမာမှု၊ မရိုးသားမှုတွေ တွေ့ရပြီး ပြိုင်ပွဲမပြိုင်ရသေးခင် Crown က ရောင်းပြီးနေတာမျိုးတွေရှိတာကြောင့် တကယ့်ရသင့်ရထိုက်တဲ့သူတွေ မရဘဲ မရသင့်တဲ့သူတွေ ရသွားကြတာများတယ်လို့ Angel Entertainment Organization မှ CEO နှင့် သရုပ်ဆောင်/ဒါရိုက်တာ မင်းညီကပြောပါတယ်။

“ကျွန်တော့်မူရင်းအလုပ်ကတော့ ရုပ်ရှင်ပါပဲ၊ ဒါပေမဲ့ ကျွန်တော့်အမျိုးသမီးနဲ့ပတ်သက်ပြီးတော့ ဒီလိုမျိုး Miss ပြိုင်ပွဲတွေလိုက်သွားရတဲ့အခါမျိုးမှာ ဘာတွေတွေ့ရလဲဆိုတော့ တချို့ပြိုင်ပွဲတွေမှာ မသမာ မှုတွေတွေ့ရတယ်၊ မရိုးသားမှုတွေတွေ့ရတယ် ပြီးတော့ ပြိုင်ပွဲမပြိုင်ရသေးဘူး Crown တွေကရောင်းထားပြီးသားတွေဖြစ်နေတယ်။ အဲဒီမှာ တကယ်ရသင့်ရထိုက်တဲ့လူတွေကမရဘဲနဲ့ ဘယ်လိုမှမရသင့်မရထိုက်တဲ့လူကရတော့ ကျွန်တော့်အမျိုးသမီးကို ကျွန်တော်ကမေးတယ် အဲဒါဘယ်လိုဖြစ်တာလဲဆိုတော့ အဲဒါတွေက စင်ပေါ်မှာ ဘယ်သူတွေကတော့လှတယ် ဘယ်သူကတော့ အဆင်ပြေတယ်ဆိုရင်မရဘူး သူတို့က ကျိန်းသေမရဘူး ဘယ်သူရမယ် ဘယ်ဟာရမယ်ဆိုပြီး သူကအကုန်လုံး အလွတ်နီးပါးပြောပြီးနေပြီ။ ဟာ မင်းတို့ဟာကဘယ်လိုလဲဆိုတော့ ဒါတွေက အဲဒါမျိုးတွေပဲတဲ့။ အဲဒီတော့ သူနဲ့ကိုယ်နဲ့ တိုင်ပင်တယ်၊ ကျွန်တော်အရင်က “ဒီမိုရပ်ကွက်” ရုပ်ရှင်ကားကိုလည်းရိုက်ထားတော့ အဲဒီတုန်းက အသစ်တွေကိုမြေတောင်မြှောက်ပြီးတော့ သူတို့ဆီက ငွေရေးကြေးရေးအကျိုးအမြတ်ဘာမှမယူဘဲနဲ့ အဲဒီလိုရိုက်ခဲ့တာဆိုတော့ ဒီမှာလည်း တကယ်ကို ကိုယ်ချင်းစာတာပေါ့ဗျာ။

ဒီ Organization မှာတော့ ကျွန်တော်က စီအီးအိုတာဝန်ယူထားပါတယ်။ ဒီကနေမွေးထုတ်လိုက်တဲ့ကလေးတွေကို ကျွန်တော်ဖွင့်တဲ့ ရုပ်ရှင်သင်တန်းတွေ သရုပ်ဆောင်သင်တန်းတွေ အဲဒါတွေမှာ သူတို့ကိုလေ့ကျင့်ပေးမယ်။ အခမဲ့သင်ကြားပေးမယ်။ ပြီးရင် ကျွန်တော်ရိုက်မယ့် ရုပ်ရှင်ကားတွေ၊ ဇာတ်လမ်းတွဲတွေ၊ MTV တွေ အဲဒါတွေမှာ ကျွန်တော်ထည့်ပြီး သုံးသွားပေးမှာပါ”လို့ သရုပ်ဆောင်မင်းညီကပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ မော်ဒယ်ပြိုင်ပွဲတွေမှာ ဝင်ပြိုင်တဲ့ ၇၀ ရာခိုင်နှုန်းခန့်ဟာ ရုပ်ရှင်နယ်ပယ်မှာ မင်းသား၊ မင်းသမီးအဖြစ်ရပ်တည်လိုတာကြောင့် မော်ဒယ်အလုပ်ကို လက်မှတ်တစ်ခုသဘောမျိုးနဲ့ လုပ်ကိုင်ကြလေ့ရှိတယ်လို့လည်း သူကထပ်မံပြောပါတယ်။

“တကယ်ဝါသနာပါတဲ့လူတွေဆီက ပိုက်ဆံတွေလှီးတယ်၊ ရိတ်တယ်၊ Crown တွေကို မတန်တဆတွေ ဝယ်ရတယ်ဆိုတော့ သူတို့ရဲ့ဖြစ်ချင်စိတ်က ဘာလဲဆိုတော့ မြန်မာပြည်မှာ မော်ဒယ်လုပ်တဲ့ လူတော်တော်များများသည် ရုပ်ရှင်နယ်ထဲကို မင်းသား၊မင်းသမီးအနေနဲ့ဝင်ချင်လို့ လက်မှတ်လေးတစ်ခု သဘောမျိုးနဲ့ ဒီလိုမျိုးပြိုင်ကြတာပေါ့။ အဲဒါမျိုးက ၇၀ ရာခိုင်နှုန်းလောက်ရှိတယ်ဆိုတော့ ငါတို့ ဒီလိုပြိုင်ပွဲတွေလုပ်ပြီးတော့ တကယ့်ရိုးရိုးသားသားမှန်မှန်ကန်ကန်လုပ်ပြီး ဒီကလေးတွေကို မြေတောင်မြှောက်ပြီးတော့ ရုပ်ရှင်နယ်ထဲကိုလက်တွဲခေါ်မယ်ပေါ့ အဲဒီလိုမျိုးစိတ်ကူးနဲ့ ဒီပွဲကိုဦးဆောင်ပြီးတော့ကျင်းပ တာပါ”လို့ ဆိုပါတယ်။ Angel Entertainment Organization ကနေ ဦးဆောင်ပြီးကျင်းပပြုလုပ်မယ့် Mr.King & Miss Angel of Valentine 2018 နှင့် Miss Angel Beauty of Yangon 2018 အတွက်စာနယ်ဇင်းမိတ်ဆက်ပွဲကို ဖေဖော်ဝါရီ ၁၃ ရက်နေ့က ရန်ကုန်မြို့ Orchid Hotel မှာကျင်းပခဲ့ပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။