[Zawgyi]

သမီးကို အခ်ိန္ေပးၿပီး ဂရုစိုက္ျဖစ္တဲ့ အေၾကာင္းေတြေျပာျပခဲ့တဲ့ ဘုဏ္းသိုက္

အနုပညာအလုပ္ေတြကို အခ်ိန္ေပးလုပ္ေဆာင္ေနေပမယ့္လည္း အားလပ္ေတြ အခ်ိန္ေတြတိုင္းကို သမီးျဖစ္သူ ျမမိုးဂဂၤါ နဲ႕သာ ကုန္ဆံုးေလ့ရွိတယ္ ဆိုၿပီးသမီးကို ဂရုစိုက္အခ်ိန္ေပးတာေတြနဲ႕ပတ္သက္လို႕ သရုပ္ေဆာင္ဘုဏ္းသိုက္က ေျပာျပခဲ့တာျဖစ္ပါတယ္။

ဘုဏ္းသိုက္ နဲ႕ သမီးေလး ျမမိုးဂဂၤါ

ဘုဏ္းသိုက္ နဲ႕ သမီးေလး ျမမိုးဂဂၤါ

“သမီးေလး နဲ႕ကေတာ့ ျပင္ဦးလြင္မွာ ကြ်န္ေတာ္ ရိုက္ကူးေရးသြားေနတုန္းကလည္း သမီးေက်ာင္းပိတ္ရက္ေတြဆိုရင္ ကြ်န္ေတာ္ေခၚသြားပါတယ္။ စားက်က္ရိုက္ကြင္း အတြက္ ကေလာနဲ႕ ေအာင္ပန္းရႈတင္မွာလည္း သမီးေက်ာင္းပိတ္ရက္ေတြဆိုရင္ သမီးကို  ကြ်န္ေတာ္ေခၚပါတယ္။ သႀကၤန္တြင္းတစ္တြင္းလံုးလည္း အျပင္ကို ဘယ္မွမသြားပါဘူး သမီးနဲ႕ ကြ်န္ေတာ္အတူေနေပးပါတယ္။

ဘုဏ္းသိုက္ နဲ႕ သမီးေလး ျမမိုးဂဂၤါ

ဘုဏ္းသိုက္ နဲ႕ သမီးေလး ျမမိုးဂဂၤါ

တခ်ိဳ႕ ရက္ေတြမွာ ကြ်န္ေတာ္ေအးေအးေဆးေဆးနဲ႕ စာေရးခ်င္တဲ့အခ်ိန္ အမ်ိဳးသမီးကလည္း ကြ်န္ေတာ္နဲ႕ပဲ အတူ ရွိေနခ်င္တယ္ဆိုရင္ သားအဖ နွစ္ေယာက္ဟိုတယ္ကိုသြားတယ္ သူက TV ၾကည့္တယ္၊ အိပ္တယ္ ။ သူအိပ္ၿပီဆိုရင္ ကြ်န္ေတာ္က စာေရးတယ္။ကြ်န္ေတာ္မွက အလုပ္ၿပီးရင္ သူပဲရွိေတာ့ သမီးကို အခ်ိန္ေပးျဖစ္ပါတယ္။

အဆိုေတာ္ ခ်မ္းခ်မ္း နဲ႕ ဘုဏ္းသိုက္တို႕ရဲ႕သမီးေလး

အဆိုေတာ္ ခ်မ္းခ်မ္း နဲ႕ ဘုဏ္းသိုက္တို႕ရဲ႕သမီးေလး

အိမ္ေထာင္ေရး အေျခအေနကေတာ့ ေအးေဆးပါပဲ။ ကြ်န္ေတာ္ ကိုယ္ေရးကိုယ္တာနဲ႕ပတ္သက္ရင္ေတာ့ သိပ္မေျပာခ်င္ပါဘူး။အနုပညာကို လုပ္တဲ့ အခါက်ရင္ေတာ့ ကြ်န္ေတာ္လုပ္နိုင္စြမ္းအားရွိသေလာက္ကို ႀကိဳးစားၿပီးေတာ့ အျပည့္အဝ လုပ္ပါတယ္။ အဲ့လိုအခ်ိန္က်ရင္ ကြ်န္ေတာ့္ ကိုယ္ကြ်န္ေတာ္လည္း ျပန္ျမင္ေနရတယ္ ကြ်န္ေတာ္ရုပ္ရွင္ရိုက္တဲ့ အခ်ိန္မွာ ကြ်န္ေတာ္ဒီအလုပ္ကို ဘယ္ေလာက္အထိခ်စ္တယ္ ဆိုတာေပါ့ အဲ့တာထြက္လာတဲ့ အခါမ်ိဳးမွာ ၾကည့္ရႈ႕သူအေနနဲ႕ အခ်ိန္ေပးရက်ိဳးနပ္တဲ့ အရာမ်ိဳးျဖစ္ေအာင္ ကြ်န္ေတာ္အျမဲႀကိဳးစားပါတယ္လို႕”ဆိုၿပီး ပရိသတ္ကို ေျပာျပခဲ့တာျဖစ္ပါတယ္။

Photo Credit: Hpone Thaik Facebook

ၾကည္သာ (Akhayar)

www.akhayar.com

[Unicode]

သမီးကို အချိန်ပေးပြီး ဂရုစိုက်ဖြစ်တဲ့ အကြောင်းတွေပြောပြခဲ့တဲ့ ဘုဏ်းသိုက်

အနုပညာအလုပ်တွေကို အချိန်ပေးလုပ်ဆောင်နေပေမယ့်လည်း အားလပ်တွေ အချိန်တွေတိုင်းကို သမီးဖြစ်သူ မြမိုးဂင်္ဂါ နဲ့သာ ကုန်ဆုံးလေ့ရှိတယ် ဆိုပြီးသမီးကို ဂရုစိုက်အချိန်ပေးတာတွေနဲ့ပတ်သက်လို့ သရုပ်ဆောင်ဘုဏ်းသိုက်က ပြောပြခဲ့တာဖြစ်ပါတယ်။

ဘုဏ်းသိုက် နဲ့ သမီးလေး မြမိုးဂင်္ဂါ

ဘုဏ်းသိုက် နဲ့ သမီးလေး မြမိုးဂင်္ဂါ

“သမီးလေး နဲ့ကတော့ ပြင်ဦးလွင်မှာ ကျွန်တော် ရိုက်ကူးရေးသွားနေတုန်းကလည်း သမီးကျောင်းပိတ်ရက်တွေဆိုရင် ကျွန်တော်ခေါ်သွားပါတယ်။ စားကျက်ရိုက်ကွင်း အတွက် ကလောနဲ့ အောင်ပန်းရှုတင်မှာလည်း သမီးကျောင်းပိတ်ရက်တွေဆိုရင် သမီးကို  ကျွန်တော်ခေါ်ပါတယ်။ သင်္ကြန်တွင်းတစ်တွင်းလုံးလည်း အပြင်ကို ဘယ်မှမသွားပါဘူး သမီးနဲ့ ကျွန်တော်အတူနေပေးပါတယ်။

ဘုဏ်းသိုက် နဲ့ သမီးလေး မြမိုးဂင်္ဂါ

ဘုဏ်းသိုက် နဲ့ သမီးလေး မြမိုးဂင်္ဂါ

တချို့ ရက်တွေမှာ ကျွန်တော်အေးအေးဆေးဆေးနဲ့ စာရေးချင်တဲ့အချိန် အမျိုးသမီးကလည်း ကျွန်တော်နဲ့ပဲ အတူ ရှိနေချင်တယ်ဆိုရင် သားအဖ နှစ်ယောက်ဟိုတယ်ကိုသွားတယ် သူက TV ကြည့်တယ်၊ အိပ်တယ် ။ သူအိပ်ပြီဆိုရင် ကျွန်တော်က စာရေးတယ်။ကျွန်တော်မှက အလုပ်ပြီးရင် သူပဲရှိတော့ သမီးကို အချိန်ပေးဖြစ်ပါတယ်။

အဆိုတော် ချမ်းချမ်း နဲ့ ဘုဏ်းသိုက်တို့ရဲ့သမီးလေး

အဆိုတော် ချမ်းချမ်း နဲ့ ဘုဏ်းသိုက်တို့ရဲ့သမီးလေး

အိမ်ထောင်ရေး အခြေအနေကတော့ အေးဆေးပါပဲ။ ကျွန်တော် ကိုယ်ရေးကိုယ်တာနဲ့ပတ်သက်ရင်တော့ သိပ်မပြောချင်ပါဘူး။အနုပညာကို လုပ်တဲ့ အခါကျရင်တော့ ကျွန်တော်လုပ်နိုင်စွမ်းအားရှိသလောက်ကို ကြိုးစားပြီးတော့ အပြည့်အဝ လုပ်ပါတယ်။ အဲ့လိုအချိန်ကျရင် ကျွန်တော့် ကိုယ်ကျွန်တော်လည်း ပြန်မြင်နေရတယ် ကျွန်တော်ရုပ်ရှင်ရိုက်တဲ့ အချိန်မှာ ကျွန်တော်ဒီအလုပ်ကို ဘယ်လောက်အထိချစ်တယ် ဆိုတာပေါ့ အဲ့တာထွက်လာတဲ့ အခါမျိုးမှာ ကြည့်ရှု့သူအနေနဲ့ အချိန်ပေးရကျိုးနပ်တဲ့ အရာမျိုးဖြစ်အောင် ကျွန်တော်အမြဲကြိုးစားပါတယ်လို့”ဆိုပြီး ပရိသတ်ကို ပြောပြခဲ့တာဖြစ်ပါတယ်။

Photo Credit: Hpone Thaik Facebook

ကြည်သာ (Akhayar)

www.akhayar.com