[Zawgyi]



Chan Min Ye Htut


www.akhayar.com

[Unicode]

ဗီလိန်ဇာတ်ရုပ်တွေ မရိုက်တော့ဘူးလို့ဆိုတဲ့ ချမ်းမင်းရဲထွဋ်

“ည”ဇာတ်ကားမှာ ဗီလိန်အဖြစ်နဲ့တွေ့ရလို့ ပရိသတ်မုန်းမှာကြောက်ပြီး နောက်ထပ်ဗီလိန်ဇာတ်ရုပ်မျိုးတွေ မရိုက်တော့ဘူးဆိုလာပါတယ်။ “ကျွန်တော့်ကို ‘ည’ဇာတ်ကားမှာ ပရိသတ်တော်တော်များများ အရမ်းမုန်းကြမှာပဲ။ ကျွန်တော်က ဗီလိန်ဆိုတော့လေ အရမ်းလည်းမုန်းစရာကောင်းပါတယ်” လို့ ဆိုပါတယ်။

Chan Min Ye Htut

ဗီလိန်ဇာတ်ရုပ်တွေ မရိုက်တော့မယ့်အကြောင်းကိုလည်း “ကျွန်တော် ‘ည’ပြီးတော့ နောက်ထပ်တစ်ကား ဒါရိုက်တာကိုဝိုင်းနဲ့ရိုက်တဲ့ “သမ္မတကြီးထံပေးစာ”ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာလည်း ဗီလိန်ဇာတ်ရုပ်ပဲ သရုပ်ဆောင်ထားရတော့ နောက်ထပ်တတိယကားတွေ၊ စတုတ္ထကားတွေမှာ ဗီလိန်အနေနဲ့ မရိုက်တော့ဘူး။ ဘာဖြစ်လို့လဲဆိုရင် ပရိသတ်က ဗီလိန်အနေနဲ့မြင်သွားမှာစိုးလို့ပါ” လို့ဆိုပြီး ပြောခဲ့ပါတယ်။ သရုပ်ဆောင်ချမ်းမင်းရဲထွဋ်ရဲ့လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာတွေပဲ ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။

www.akhayar.com