[Zawgyi]

အျပင္ေလာကမွာပါ လူစြမ္းေကာင္းျဖစ္သြားတဲ့ Benedict Cumberbatch

ျဗိတိန္မင္းသား Benedict Cumberbatch တစ္ေယာက္ဟာ Marvel ရဲ႕ ဇာတ္ေကာင္ Superhero Doctor Strange အျဖစ္ ရုပ္ရွင္ထဲမွာ စြမ္းစြမ္းတမံတိုက္ပြဲဝင္ခဲ့သလို အျပင္ေလာကမွာ လူအုပ္စုနဲ႔ အႏုိင္က်င့္တုိက္ခုိက္ခံရတဲ့ လူတစ္ေယာက္ကို ဝင္ကယ္ရင္း လူစြမ္းေကာင္းလုပ္ခဲ့ပါျပီ။

Benedict Cumberbatch

အဲဒီေန႔က အစားအေသာက္ပို႔ေဆာင္ေရးကုမၸဏီတစ္ခုျဖစ္တဲ့ Deliveroo က အလုပ္သမားတစ္ေယာက္စက္ဘီးနဲ႔ ထြက္လာတာမွာ လုယက္သူေတြက အုပ္စုဖြဲ႔ ဝိုင္းထိုးျပီး သူ႔စက္ဘီးကို လုဖို႔ ၾကိဳးစားတာ ျဖစ္ပါတယ္။

Benedict Cumberbatch as Doctor Strange

Uber စီးလာတဲ့ Benedict ဟာ အဲဒီလို ျဖစ္ေနတာ ျမင္ေတာ့ “ ေကာင္ေလးကို လႊတ္လိုက္၊ ထားခဲ့လိုက္” လို႔ ေအာ္ျပီး ကားေပၚကေန ေျပးဆင္းသြားခဲ့ပါတယ္။ ဒီလို သူဝင္ကူညီခဲ့တာေၾကာင့္ လုယက္တဲ့အုပ္စုဟာ ဘာမွ ယူသြားႏုိင္တာ မရွိဘဲ လက္ဗလာနဲ႔ ထြက္ေျပးသြားခဲ့ရျပီး စက္ဘီးသမားမွာလည္း ေဆးရံုသြားရေလာက္ေအာင္ ဒဏ္ရာၾကီးၾကီးမားမားရခဲ့တာ မရွိပါဘူး။

Benedict Cumberbatch

ဒီျဖစ္ရပ္ကို Benedict တို႔စီးလာတဲ့ Uber ကားဆရာကလည္း “စက္ဘီးသမားေကာင္ေလး ကံေကာင္းသြားတာဗ်ာ၊ Benedict ၾကီးကလည္း သတၱိရွိတာကိုးဗ်။ သူဟာ သတၱိရွိသလို ကုိယ္က်ိဳးလည္း ၾကည့္တဲ့ပံုမေပၚဘူးဗ်။ တကယ္လို႔ သူသာ ဝင္မကယ္ရင္ ဟုိေကာင္ေလးေတာ့ ဆိုးဆိုးရြားရြားတစ္ခုခုေတာ့ ျဖစ္ေတာ့မွာ” လို႔ သတင္းမီဒီယာေတြကို ေျပာျပခဲ့ပါတယ္။

ဒီျဖစ္ရပ္က ျပီးခဲ့တဲ့ ႏုိဝင္ဘာလတည္းက ျဖစ္ခဲ့တာ ျဖစ္ေပမယ့္ Deliveroo ကုမၸဏီက ဇြန္လ ၂ ရက္ေန႔ကမွ Benedict ကို ေက်းဇူးတင္ေၾကာင္း Twitter မွာ Tweet ခဲ့တာ ျဖစ္ပါတယ္။

ကုိယ္တို႔ မင္းသားၾကီး Benedict ကေတာ့ ရုပ္ရွင္ထဲမွာတင္ မိုက္တာမဟုတ္ဘဲ အျပင္ေလာကမွာလည္း တကယ့္ Hero တစ္ေယာက္ပါပဲလို႔ ဂုဏ္ျပဳစကားဆုိလိုက္ပါရေစ။

Yoe Lu (Akhayar)

www.akhayar.com

Ref : cnn.com
[Unicode]

အပြင်လောကမှာပါ လူစွမ်းကောင်းဖြစ်သွားတဲ့ Benedict Cumberbatch

ဗြိတိန်မင်းသား Benedict Cumberbatch တစ်ယောက်ဟာ Marvel ရဲ့ ဇာတ်ကောင် Superhero Doctor Strange အဖြစ် ရုပ်ရှင်ထဲမှာ စွမ်းစွမ်းတမံတိုက်ပွဲဝင်ခဲ့သလို အပြင်လောကမှာ လူအုပ်စုနဲ့ အနိုင်ကျင့်တိုက်ခိုက်ခံရတဲ့ လူတစ်ယောက်ကို ဝင်ကယ်ရင်း လူစွမ်းကောင်းလုပ်ခဲ့ပါပြီ။

Benedict Cumberbatch

အဲဒီနေ့က အစားအသောက်ပို့ဆောင်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Deliveroo က အလုပ်သမားတစ်ယောက်စက်ဘီးနဲ့ ထွက်လာတာမှာ လုယက်သူတွေက အုပ်စုဖွဲ့ ဝိုင်းထိုးပြီး သူ့စက်ဘီးကို လုဖို့ ကြိုးစားတာ ဖြစ်ပါတယ်။

Benedict Cumberbatch as Doctor Strange

Uber စီးလာတဲ့ Benedict ဟာ အဲဒီလို ဖြစ်နေတာ မြင်တော့ “ ကောင်လေးကို လွှတ်လိုက်၊ ထားခဲ့လိုက်” လို့ အော်ပြီး ကားပေါ်ကနေ ပြေးဆင်းသွားခဲ့ပါတယ်။ ဒီလို သူဝင်ကူညီခဲ့တာကြောင့် လုယက်တဲ့အုပ်စုဟာ ဘာမှ ယူသွားနိုင်တာ မရှိဘဲ လက်ဗလာနဲ့ ထွက်ပြေးသွားခဲ့ရပြီး စက်ဘီးသမားမှာလည်း ဆေးရုံသွားရလောက်အောင် ဒဏ်ရာကြီးကြီးမားမားရခဲ့တာ မရှိပါဘူး။

Benedict Cumberbatch

ဒီဖြစ်ရပ်ကို Benedict တို့စီးလာတဲ့ Uber ကားဆရာကလည်း “စက်ဘီးသမားကောင်လေး ကံကောင်းသွားတာဗျာ၊ Benedict ကြီးကလည်း သတ္တိရှိတာကိုးဗျ။ သူဟာ သတ္တိရှိသလို ကိုယ်ကျိုးလည်း ကြည့်တဲ့ပုံမပေါ်ဘူးဗျ။ တကယ်လို့ သူသာ ဝင်မကယ်ရင် ဟိုကောင်လေးတော့ ဆိုးဆိုးရွားရွားတစ်ခုခုတော့ ဖြစ်တော့မှာ” လို့ သတင်းမီဒီယာတွေကို ပြောပြခဲ့ပါတယ်။

ဒီဖြစ်ရပ်က ပြီးခဲ့တဲ့ နိုဝင်ဘာလတည်းက ဖြစ်ခဲ့တာ ဖြစ်ပေမယ့် Deliveroo ကုမ္ပဏီက ဇွန်လ ၂ ရက်နေ့ကမှ Benedict ကို ကျေးဇူးတင်ကြောင်း Twitter မှာ Tweet ခဲ့တာ ဖြစ်ပါတယ်။

ကိုယ်တို့ မင်းသားကြီး Benedict ကတော့ ရုပ်ရှင်ထဲမှာတင် မိုက်တာမဟုတ်ဘဲ အပြင်လောကမှာလည်း တကယ့် Hero တစ်ယောက်ပါပဲလို့ ဂုဏ်ပြုစကားဆိုလိုက်ပါရစေ။

Yoe Lu (Akhayar)

www.akhayar.com

Ref : cnn.com