[Zawgyi]

သႀကၤန္မွာသူတို႔ဘာေတြလုပ္ၾကမလဲ..သႀကၤန္ခံစားခ်က္နဲ႔အမွတ္တရေတြကဘယ္လိုလဲ..

မၾကာခင္မွာ ႏွစ္သစ္ကူးအတာသႀကၤန္ကိုေရာက္ေတာ့မွာျဖစ္တဲ့အတြက္ အႏုပညာရွင္တခ်ိဳ႕ရဲ႕ သႀကၤန္အစီအစဥ္နဲ႔ သႀကၤန္အမွတ္တရတခ်ိဳ႕ကို ေမးျမန္းျဖစ္ခဲ့ပါတယ္။

ေမာ္ဒယ္ခင္သဇင္

ဒီႏွစ္သႀကၤန္ကေတာ့ သဇင္ကသႀကၤန္ခေရဇီသမားဆိုေတာ့ ႏိုင္ငံျခားခရီးလံုးဝမထြက္ဘူး။ သႀကၤန္ အေငြ႕အသက္ကို အျပည့္အဝအရသာခံစားၿပီးေနခ်င္တယ္။ ျမန္မာႏိုင္ငံက နယ္ဘက္ေတြကို ကားေမာင္းၿပီးေလွ်ာက္ထြက္ရင္ထြက္မယ္။ အလုပ္ေပၚလာရင္လည္း လုပ္မယ္။ ဒါမွမဟုတ္ သဇင့္အေဖဆီသြားၿပီး မႏၲေလးသႀကၤန္ခံစားမယ္။ သူငယ္ခ်င္းေတြနဲ႔ ကမ္းေျခထြက္ၿပီးေပ်ာ္ရင္ေပ်ာ္ျဖစ္မယ္။

Khin Thazin

အဆိုေတာ္ဇြဲျပည့္

သႀကၤန္ဆိုရင္ေတာ့ ႏွစ္တိုင္းရန္ကုန္က MNTV မ႑ပ္မွာ သီခ်င္းဆိုၿပီးျဖတ္သန္းေနၾကေပ့ါ။ ဒီႏွစ္ေတာ့ နယ္သႀကၤန္က်ခ်င္တယ္။ နယ္ဘက္မွာ အေတြ႔အႀကံဳမရွိေသးဘူး။ နယ္ဘက္ကိုသြားဖို႔ေတာ့ စဥ္းစားေနတယ္။ နည္းနည္းေတာ့လိုပါေသးတယ္။ ႏွစ္သစ္ေရာက္ေတာ့မယ္ဆိုေတာ့ ပရိသတ္ေတြ စိတ္ခ်မ္းသာ ကိုယ္က်န္းမာရွိၾကပါေစလို႔ ဆုေတာင္းေပးပါတယ္။

Zwe Pyae

အဆိုေတာ္ေႏြးေႏြးခ်စ္ဖြယ္

အစ္မက သႀကၤန္ကို တစ္ခါမွမကဲဖူးေသးဘူး။ သီခ်င္းမဆိုျဖစ္ရင္လည္း ဒီႏွစ္ကဲမယ္ေပါ့။ သႀကၤန္ကို အနားယူျဖစ္ရင္ မိသားစုနဲ႔ပဲ အနားယူျဖစ္မွာပါ။ တကယ္လို႔နားမယ္ဆိုရင္ ေခ်ာင္းသာမွာ အနားယူခ်င္တယ္။ ဒါေပမဲ့ အလုပ္ကအဓိကေပါ့။ ဒီႏွစ္သႀကၤန္ေခြေတြမွာ သီခ်င္းေတာင္မဆိုျဖစ္ဘူး။

ေမာ္ဒယ္ဂုဏ္ရွိန္ဝင့္ထည္

 

သႀကၤန္ဆိုရင္ေတာ့ ခါတိုင္းႏွစ္ေတြ သံုးႏွစ္ဆက္တိုက္ကေတာ့ မႏၱေလးၿမိဳ႕ေတာ္ဝန္မ႑ပ္မွာ သီခ်င္းအၿမဲဆိုျဖစ္တယ္။ ဒီႏွစ္ကေတာ့ ေလာေလာဆယ္လာခ်ိတ္ထားတာ မရွိေသးဘူး။ ပြဲမရွိဘူးဆုိရင္ေတာ့ ျပည္ပခရီးတစ္ခုခု သြားျဖစ္မွာပါ။ သႀကၤန္ေရာက္ရင္ေတာ့ ေပ်ာ္တာပဲ ငယ္ငယ္ကဆို ပိုေတာင္ေပ်ာ္တယ္ေပ့ါ။ သႀကၤန္ေရာက္ေတာ့မယ့္ တစ္လေလာက္အလုိကတည္းက ေပ်ာ္ေနတာ။ အခုႀကီးလာေတာ့ ငယ္ငယ္ကလိုေတာ့ မဟုတ္ေတာ့ဘူး။ ဒါေပမဲ့ အႏုပညာေလာကထဲေရာက္လာေတာ့ ကုိယ့္ဘာသာေပ်ာ္တာထက္ အလုပ္ရွိတဲ့ေနရာကိုသြားရတယ္ေပါ့။ သီခ်င္းဆိုလုိက္ ဟိုတယ္ျပန္လုိက္နဲ႔ အခ်ိန္ကုန္တယ္ေပ့ါ။

Gone Shaint Wint Htal

အဆိုေတာ္ရတနာမိုင္

ဒီႏွစ္သႀကၤန္ကေတာ့ သီခ်င္းဆိုရင္းပဲ ျဖတ္သန္းသြားမွာပါ။ သႀကၤန္အမွတ္တရေလးေတြကေတာ့ အမ်ားႀကီးပါပဲ။ သႀကၤန္မွာ ပရိသတ္ေတြဆီသြားၿပီးေဖ်ာ္ေျဖရတယ္။ အမွတ္ရစရာေတြကေတာ့ ႏွစ္တိုင္းႏွစ္တိုင္းပါပဲ။ ၿမိဳ႕တိုင္းမွာ အမွတ္ရစရာေလးေတြကေတာ့ရွိတယ္။ ဘယ္မွာရွိမလဲေတာ့ ေသခ်ာမသိေသးပါဘူး။

Yadanar Mine

သရုပ္ေဆာင္ထြန္းကိုိကုိ

သႀကၤန္အတြက္ကေတာ့ ေလာေလာဆယ္အစီအစဥ္္မရွိေသးပါဘူး။ သႀကၤန္ေရာက္ရင္ေတာ့ ေပ်ာ္ပါတယ္။ အက်ိဳးရွိိတဲ့အလုပ္ေတြ သႀကၤန္တြင္းမွာေတာ့ လုပ္ျဖစ္ဖို႔မ်ားပါတယ္။

Tun Ko Ko

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

သင်္ကြန်မှာသူတို့ဘာတွေလုပ်ကြမလဲ..သင်္ကြန်ခံစားချက်နဲ့အမှတ်တရတွေကဘယ်လိုလဲ..

မကြာခင်မှာ နှစ်သစ်ကူးအတာသင်္ကြန်ကိုရောက်တော့မှာဖြစ်တဲ့အတွက် အနုပညာရှင်တချို့ရဲ့ သင်္ကြန်အစီအစဉ်နဲ့ သင်္ကြန်အမှတ်တရတချို့ကို မေးမြန်းဖြစ်ခဲ့ပါတယ်။

မော်ဒယ်ခင်သဇင်

ဒီနှစ်သင်္ကြန်ကတော့ သဇင်ကသင်္ကြန်ခရေဇီသမားဆိုတော့ နိုင်ငံခြားခရီးလုံးဝမထွက်ဘူး။ သင်္ကြန် အငွေ့အသက်ကို အပြည့်အဝအရသာခံစားပြီးနေချင်တယ်။ မြန်မာနိုင်ငံက နယ်ဘက်တွေကို ကားမောင်းပြီးလျှောက်ထွက်ရင်ထွက်မယ်။ အလုပ်ပေါ်လာရင်လည်း လုပ်မယ်။ ဒါမှမဟုတ် သဇင့်အဖေဆီသွားပြီး မန္တလေးသင်္ကြန်ခံစားမယ်။ သူငယ်ချင်းတွေနဲ့ ကမ်းခြေထွက်ပြီးပျော်ရင်ပျော်ဖြစ်မယ်။

Khin Thazin

အဆိုတော်ဇွဲပြည့်

သင်္ကြန်ဆိုရင်တော့ နှစ်တိုင်းရန်ကုန်က MNTV မဏ္ဍပ်မှာ သီချင်းဆိုပြီးဖြတ်သန်းနေကြပေ့ါ။ ဒီနှစ်တော့ နယ်သင်္ကြန်ကျချင်တယ်။ နယ်ဘက်မှာ အတွေ့အကြုံမရှိသေးဘူး။ နယ်ဘက်ကိုသွားဖို့တော့ စဉ်းစားနေတယ်။ နည်းနည်းတော့လိုပါသေးတယ်။ နှစ်သစ်ရောက်တော့မယ်ဆိုတော့ ပရိသတ်တွေ စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေလို့ ဆုတောင်းပေးပါတယ်။

Zwe Pyae

အဆိုတော်နွေးနွေးချစ်ဖွယ်

အစ်မက သင်္ကြန်ကို တစ်ခါမှမကဲဖူးသေးဘူး။ သီချင်းမဆိုဖြစ်ရင်လည်း ဒီနှစ်ကဲမယ်ပေါ့။ သင်္ကြန်ကို အနားယူဖြစ်ရင် မိသားစုနဲ့ပဲ အနားယူဖြစ်မှာပါ။ တကယ်လို့နားမယ်ဆိုရင် ချောင်းသာမှာ အနားယူချင်တယ်။ ဒါပေမဲ့ အလုပ်ကအဓိကပေါ့။ ဒီနှစ်သင်္ကြန်ခွေတွေမှာ သီချင်းတောင်မဆိုဖြစ်ဘူး။

 

မော်ဒယ်ဂုဏ်ရှိန်ဝင့်ထည်

သင်္ကြန်ဆိုရင်တော့ ခါတိုင်းနှစ်တွေ သုံးနှစ်ဆက်တိုက်ကတော့ မန္တလေးမြို့တော်ဝန်မဏ္ဍပ်မှာ သီချင်းအမြဲဆိုဖြစ်တယ်။ ဒီနှစ်ကတော့ လောလောဆယ်လာချိတ်ထားတာ မရှိသေးဘူး။ ပွဲမရှိဘူးဆိုရင်တော့ ပြည်ပခရီးတစ်ခုခု သွားဖြစ်မှာပါ။ သင်္ကြန်ရောက်ရင်တော့ ပျော်တာပဲ ငယ်ငယ်ကဆို ပိုတောင်ပျော်တယ်ပေ့ါ။ သင်္ကြန်ရောက်တော့မယ့် တစ်လလောက်အလိုကတည်းက ပျော်နေတာ။ အခုကြီးလာတော့ ငယ်ငယ်ကလိုတော့ မဟုတ်တော့ဘူး။ ဒါပေမဲ့ အနုပညာလောကထဲရောက်လာတော့ ကိုယ့်ဘာသာပျော်တာထက် အလုပ်ရှိတဲ့နေရာကိုသွားရတယ်ပေါ့။ သီချင်းဆိုလိုက် ဟိုတယ်ပြန်လိုက်နဲ့ အချိန်ကုန်တယ်ပေ့ါ။

Gone Shaint Wint Htal

အဆိုတော်ရတနာမိုင်

ဒီနှစ်သင်္ကြန်ကတော့ သီချင်းဆိုရင်းပဲ ဖြတ်သန်းသွားမှာပါ။ သင်္ကြန်အမှတ်တရလေးတွေကတော့ အများကြီးပါပဲ။ သင်္ကြန်မှာ ပရိသတ်တွေဆီသွားပြီးဖျော်ဖြေရတယ်။ အမှတ်ရစရာတွေကတော့ နှစ်တိုင်းနှစ်တိုင်းပါပဲ။ မြို့တိုင်းမှာ အမှတ်ရစရာလေးတွေကတော့ရှိတယ်။ ဘယ်မှာရှိမလဲတော့ သေချာမသိသေးပါဘူး။

Yadanar Mine

သရုပ်ဆောင်ထွန်းကိုကို

သင်္ကြန်အတွက်ကတော့ လောလောဆယ်အစီအစဉ်မရှိသေးပါဘူး။ သင်္ကြန်ရောက်ရင်တော့ ပျော်ပါတယ်။ အကျိုးရှိတဲ့အလုပ်တွေ သင်္ကြန်တွင်းမှာတော့ လုပ်ဖြစ်ဖို့များပါတယ်။

Tun Ko Ko

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။