[Zawgyi]







ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

နာရေးကူညီမှုအသင်းနဲ့အတူတူ လုပ်အားပေးခဲ့ကြတဲ့ အနုပညာရှင်များ

နာရေးကူညီမှုအသင်းရဲ့ရေဘေး အလှူမှာ ပါဝင်ကူညီခဲ့ကြတဲ့ အနုပညာရှင်တွေ ရဲ့ပုံရိပ်တွေကို ဖော်ပြပေးချင်ပါတယ်။ ပါဝင်ကြတဲ့ အနုပညာရှင်တွေ ကတော့ ခင်ဝင့်ဝါ ၊ ထွန်းကိုကို ၊ ဝိုင်းလေး ၊ နဲ့ ထားထက်ထက်တို့ ပါဝင်တာကိုတွေ့ရပါတယ်။

ဦကျော်သူရဲ့နာရေးကူညီမှု အသင်း နဲ့အတူတူ ကုသိုလ်ပြုခဲ့ကြတဲ့ ပုံရိပ်တွေ ကတော့ အင်မတန်ကို ကြည့်နူးစရာကောင်းလှပါတယ်။

“ဦးကျော်သူ(နာရေးကူညီမှု အသင်း)ရဲ့ ရေဘေးအလှူမှာ ပါဝင် အားဖြည့် ကုသိုလ် ယူ ခဲ့ပါသည်” ဆိုပြီးတော့ ဓါတ်ပုံတွေကိုခင်ဝင့်ဝါက သူမရဲ့လူမှုကွန်ရက်စာမျက်နှာ မှာ ဖော်ပြထားတာလည်း ဖြစ်ပါတယ်။

တစ်ဦးတစ်ယောက်ဒုက္ခရောက်နေတဲ့ အချိန်မှာ ကူညီတယ်ဆိုတာကောင်းတဲ့ အမူအကျင့် ပါ။ အနုပညာရှင်ဆိုတာက ပြည်သူတွေ အတွက် စံပြအနေနဲ့ နေထိုင်သူတွေပါ။ ဒါကြောင့်လည်း အနုပညာရှင်တွေ က အခုလိုကူညီနေတဲ့ ပုံတွေ ကို ကြည့်ရင်း ပရိသတ်တွေလည်း ကူညီချင်စိတ်တွေ ဖြစ်ပေါ်လာနိုင်သလို သူတို့ ပြုခဲ့တဲ့ ကောင်းမှုတွေကိုလည်း မျှဝေနိုငစေရန်အတွက်အခုလိုပြန်လည်ဖော်ပြလိုက်တာလည်း ဖြစ်ပါတယ်။

Photo Credit: Khin Wint Wah Facebook Page

ကြည်သာ (Akhayar)

www.akhayar.com