[Zawgyi]






ကြည်သာ (Akhayar)


www.akhayar.com
[Unicode]

တတိယမြောက်သမီးလေး မူကြိုဘွဲ့ယူတာကို ကြွားလိုက်တဲ့ ဖေဖေနိုင်းနိုင်း

မင်းသားနိုင်းနိုင်း မှာ ကလေး ၄ ယောက်ရှိတဲ့ အနက် တတိယမြောက် သမီးလေးမူကြိုမှာဘွဲ့ယူတယ်ဆိုပြီးတော့ ပုံလေးတွေတင်ကာ ပရိသတ်တွေကို ကြွားထားတာဖြစ်ပါတယ်။ ဖခင်တစ်ယောက်အနေနဲ့ သားသမီးတွေရဲ့အောင်မြင်မှုတွေကို ဂုဏ်ယူစွာဖော်ပြခဲ့တာပဲဖြစ်ပါတယ်။

“Congratulations my kids
တတိယမြောက် သမီးလေး Emerida မူကြို ဘွဲ့ယူ..
နောက်ဆုံးတစ်ယောက် Emereece ပဲကျန်တော့တယ်”
နိုင်းနိုင်းဟာရင်သွေးတွေနဲ့ မိန်းမ ကို နိုင်ငံရပ်ခြားမှာ ထားပြီး သူဝါသနာပါတဲ့ အနုပညာလုပ်ငန်းတွေကို မြန်မာနိုင်ငံမှာ လုပ်ဆောင်နေတာဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်းတဲ့ မင်းသားတစ်ယောက်ဖြစ်သလို မိသားစုလည်း အင်မတန်ချစ်မြတ်နိုးတန်ဖိုးထားတတ်တဲ့ မင်းသားတစ်ယောက်ဖြစ်ပါတယ်။

နိုင်းနိုင်းနဲ့သူ့ရဲ့ ရင်သွေးများ

အဖေများနေ့တုန်းကလည်း နိုင်ငံခြားမှ သားနဲ့သမီးတွေက ဆုတောင်းပေးထားတာလေးတွေကိုလည်း သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာတင်ခဲ့ပါသေးတယ်။မိသားစုကို ချစ်ပြီး တန်ဖိုးထားတဲ့မင်းသားနိုင်းနိုင်း ဒီထက်မကအောင်မြင်မှုတွေကိုပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ကြည်သာ (Akhayar)

Photo Credit:Actor 99 Facebook Page

www.akhayar.com