အခုချိန်မှာ Fortnite နဲ့ PUBG တွေလို Battle Royale ဂိမ်းက လူကြိုက်များနေတာ မှန်ပေမယ့် Real World Shooter လို Story Line နဲ့ Gameplay Scenario ၂ မျိုးကို အချိုးကျကျ ပေါင်းစပ်ထားတဲ့ ဂိမ်းမရှိသေးပါဘူး။ တချိန်က World War (WW) Shooter ဂိမ်းတွေနဲ့ (၂ ကြိမ်တိတိ ဖြစ်ပွားခဲ့တဲ့) တိုက်ပွဲ အနိဌာရုံတွေကို အနီးစပ်ဆုံး ဖြည့်တွေးလက်ခံနိုင်ခဲ့တယ်။ ဗဟုသုတ အနည်း၊ အများရခဲ့တယ် ပြောရမယ်ပေါ့။

Modern Warfare In-game Footage

ခေတ်အနေထားရ Black Ops 4 ကို Call of Duty Title တွေနဲ့ မတူဘဲ ခေတ်လွန် Zombie Mode နဲ့ Black Out (Battle Royale) Mode နဲ့ Release လုပ်ခဲ့တယ်။ ဒီလို အမြင့်တနေရာကို ခုန်နေရင်း၊ ခုန်နေရင်း ကိုယ်နဲ့မဆိုင်တဲ့ (Battle Royale) ဘက်ကို ရောက်သွားတာ ပြဿနာ မရှိပေမယ့် ဒီထက်ကောင်းတာ ထပ်မထုတ်ပြ၊ ထပ်မခုန်နိုင်ရင် Fans Base ကွဲသွားနိုင်ပါတယ်။ ပြောချင်တဲ့ သဘောကတော့ Black Ops နဲ့ Warfare စီးရီးတွေဟာ တဖြည်းဖြည်း ခေတ်လွန်လာတာဖြစ်ပြီး ဒိထက်ပိုလွန်မလား ဒါမှမဟုတ် ဘယ်လိုပုံစံမျိုးနဲ့ ထပ်ထုတ်ပြမလဲဆိုတဲ့ မေးခွန်းက COD Fans တွေအတွက် အသက်ဖြစ်နေတာပါ။

Modern Warfare In-game Footage

ဒီအဖြေကို Activision က E3 တောင် စောင့်မနေတော့ဘဲ Death Stranding နဲ့အပြိုင် Single Player အသားပေး Real World Shooter ပုံစံမျိုးဖြစ်လာမယ့် Modern Warfare ကို ကြေညာလိုက်ပါပြီ။ ဒီနေရာမှာ မူကွဲနေတဲ့ အရှုပ်ထုပ်ကို အရင်ဖြေရရင် ထွက်ပြီးသား Modern Warfare ၃ ဂိမ်းနဲ့ ဘာမှမဆိုင်ပါဘူး။ နာမည်ကိုက ခေတ်သစ်တိုက်ပွဲ ဆိုတဲ့အတိုင်း ၂၁၀၉ အတွက် ကြေညာထားတဲ့ဂိမ်းကိုတော့ လက်ရှိဖြစ်ပျက်နေတဲ့ Warfare တွေရဲ့ အငွေ့သက်နဲ့ ထွေးပိုက်ထားမှာပါ။

That’s the Mission to Eliminate all Threats (Modern Warfare In-game Footage)

အဲ့ဒါကြောင့် အမြဲတမ်း ဇာတ်လမ်း အသွား၊ အပြန်ရှိနေတဲ့ COD ဂိမ်းတွေလို Modern Warfare Reboot မှာလည်း Side ၂ ဖက်ကနေ (အမေရိကန်တွေ မှားသလား၊ မှန်သလား? ဘာကြောင့် သူတို့တွေကို မုန်းတီပြီး ပုန်ကုန်နေတာလဲ သိရဖို့) တလှည့်စီ ကစားသွားရဖွယ်ရှိပါတယ်။ ဒီလိုလုပ်ထားတဲ့ပုံစံက Call of Duty: Ghosts ၊ Black Ops 2 နဲ့ Battlefield 3 နဲ့ 4 Title တွေမှာလို ပဋိပက္ခဖြစ်နေတဲ့ အင်အားကြီးနိုင်ငံအချင်းချင်း ဘယ်လို အားပြိုင်နေလဲ မီးမှောင်းထပ်ထိုးဦးမှာလား? အထူးသဖြင့် ရှရုားကိုပဲ မဟာမိတ်တပ်တို့ရဲ့ Worst Enemy အနေနဲ့ Modern Warfare Reboot မှာ ထပ်တင်ဆက်ဦးမှာလား?

They Sent us in (Modern Warfare In-game Footage)

ဘယ်လိုပဲလာလာ “အပြင်မှာ ဖြစ်ပွားနေတဲ့ Modern Warfare တွေရဲ့ ဇာတ်ကြောင်းတွေကို ပြောပြသွားမှာပါ” လို့ Infinity Ward ရဲ့ ဂိမ်းဒီဇိုင်နာ Jacob Minkoff က ထပ်ကွန့်ထားလို့ Story Base ကတော့ ကွဲထွက်လာမယ်လို့ ကျိန်းသူပြောလို့ရပါတယ်။ Russia လို့ သုံးလိုက်ရတာကလည်း ၂၀၀၇ မှာ ပထမဆုံးထွက်ခဲ့တဲ့ Modern Warfare ၊ အရှေ့အလယ်ပိုင်းဒေသမှာ ရှရုားတွေနဲ့ Civil War ဖြစ်တော့ US နဲ့ မဟာမိတ် အမြင်ဖက်က ဆော့ရပေမယ့် Critics မှာ Gameplay နဲ့ Storyline ကို Praise လုပ်ခံရတယ်၊ ဒါပေမယ့် First Person Shooter ထဲမှာတော့ Failure of the First Step ဖြစ်သွားခဲ့တယ်။

A fine line between right and wrong (Modern Warfare In-game Footage)

ဒါနဲ့ MW 2 ကို ၂၀၀၉ မှာ Debut လုပ်တော့ ဘယ်နေရာမှာ Criticize လုပ်ခံရလဲဆိုရင် လေဆိပ်နားမှာ အစုလိုက်၊ အပြုံလိုက် Civillian တွေ ပစ်သတ်ခံရတဲ့အခန်း၊ အဲ့မှာ US ဘက်ကနေ ဆော့ရပေမယ့် ရန်သူက ရှရုားပဲ။ တနေရာနဲ့ တနေရာ မတူတဲ့ တိုက်ခိုက်မှုတွေက နယူကလီးယားစစ်ပွဲဆီ ဦးတည်သွားနေတာကို Unfold လုပ်ထားပေမယ့် “No More Room for Russia” ပုံစံမျိုး ပေါက်နေခဲ့တယ်။

Modern Warfare In-game Footage

မဖြစ်သေးတဲ့ အနာဂတ်ကို ဇာတ်အိမ်တည်ထားလို့ အဓိပ္ပာယ်မရှိဘူးလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် Failure ဖြစ်သွားတဲ့အချက်ကို Battlefield 3 နဲ့ယှဉ်ပြောရရင် နိုင်ငံရေး အစွန်းရောက်ဝါဒီတွေ အမေရိကန်နဲ့ ရုရှား ၂ ဖက်လုံးကို ကြိုးကိုင်ပြီး တဖက်နဲ့ တဖက် အပြန်လှန်ပစ်ခတ်စေတာမျိုးအထိ Plot Twist မပါ၊ Heoric Action နဲ့ အနိုင်ယူသွားတာချည်းပဲ ဖြစ်နေတဲ့အတွက် Modern Warfare စီးရီးတွေဟာ Critics Review တွေမှာ Negative ဖြစ်နေခဲ့တာပါ။

Modern Warfare In-game Footage

Modern Warfare နဲ့ မတူတဲ့ Ghost နဲ့ Black Ops တို့ကျပြန်တော့ Focus ထားတဲ့ ဇာတ်အိမ်က အတည်တကျ မရှိခဲ့ပေမယ့် ရန်သူက ဘယ်သူမဆိုဖြစ်နေနိုင်တယ်။ အထူးသဖြင့် Ghost ရဲ့ Story Telling က အကောင်းဆုံးလို့ပြောနိုင်သလို Black Ops 2 မှာ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေကို ၃ နာရီအတွင်း ဖျက်ဆီးပစ်နိုင်တဲ့ Drone Army ကို Control လုပ်သွားတဲ့လူက ကိုယ့်ဖက်ကပဲဖြစ်နေခဲ့တာ၊ နိုင်ငံတော်ကပဲ သစ္စာဖောက်ခံရတဲ့ ဇာတ်လမ်းသွားမျိုးနဲ့ Plot Twist ကိုချိုးပြနိုင်တော့ ပိုကောင်းတယ်လို့ ပြောရမှာပါ။

Modern Warfare In-game Footage

အခု Reveal လုပ်ထားတဲ့ Trailer ထဲမှာဆိုရင်တော့ Captain Price ဦးဆောင်တဲ့ Bravo Team နဲ့ပဲ ဂိမ်းတခုလုံးကို ဆွဲခေါ်သွားမယ့်ပုံစံရှိပါတယ်။ Trailer ရဲ့ First Phase ကို လန်ဒန်မြို့တနေရာမှာ ဇာတ်အိမ်တည်ထားပြီး Terrorist Attack ဖြစ်တာကို တအိမ်ဝင်တအိမ်ထွက် Ambush လုပ်တာပြတယ်၊ အခန်းထဲက ရန်သူလို့ယူဆရတဲ့လူ မှန်သမျှ တခါထဲ အသေပစ်သတ်တဲ့အထိ Dirty ဖြစ်လာတာကို ထပ်ပြတယ်။ ဒီလို ရုန်းရင်းဆန်ခတ် ဖြစ်နေတာ တကယ်ဆိုရင် ဘယ်လောက် လန့်စရာကောင်းမလဲ တွေးဆနိုင်ပြီး Background မှာ ကလေးငိုသံပါနေတာကိုတောင် ကြားနေရတာနဲ့ ပုံဖော်ထားသေးတယ်။

We Get Dirty (Modern Warfare In-game Footage)

Second Phase ကိုတော့ အရှေ့အလယ်ပိုင်းဒေသလို့ ယူဆရပြီး ဘာမှန်းမသိရတဲ့ မြို့ထဲမှာ Civil War ဖြစ်နေတာ၊ သူပုန်၊ လက်နက်ကိုင် အဖွဲ့စည်းတွေ သောင်းကျန်း၊ ဖောက်ခွဲလို့ အလုပ်သမားတွေ ကယ်ဆယ်ရေးလုပ်နေတာနဲ့ Air Strike လုပ်နေတာကို အသားပေးပြထားလို့ စတုတ္ထ Installment ဖြစ်လာမယ့် Modern Warfare ဂိမ်းဟာ အပြင်မှာ အမေရိကန်တွေ ရင်ဆိုင်ခဲ့ရတဲ့ အရေးနိမ့်မှု၊ ရက်စက်မှုတွေနဲ့ Civilian တွေ ကဘယ်လိုခံစားခဲ့ရသလဲဆိုတာ ရသမြောက်အောင် ဖော်ပြသွားနိုင်မယ် ထင်ပါတယ်။

So, the World Stay Clean (Modern Warfare In-game Footage)

ဒီ Modern Warfare Reboot ကို Infinity Ward ကပဲ ကိုင်တွယ်ထားတာဖြစ်ပြီး အောက်တိုဘာ ၂၅ ကျရင် Xbox , PlayStation နဲ့ PC အတွက် ထွက်ရှိလာမှာဖြစ်ပါတယ်။ မနေ့တုန်းကဆိုရင်လည်း ဟိုးလေးတကျော်ဖြစ်နေတဲ့ Death Stranding ဂိမ်းဟာ ဘယ်လိုဂိမ်းမျိုးလဲ၊ ဘာကို Focus ထားသလဲ ကျွန်တော့်ဥာဏ်မီသလောက် တင်ဆက်ထားပါတယ်။ ပရိသတ်ကြီးလည်း ဖတ်ရှုရင်း ထင်မြင်ချက်တွေ သုံးသပ်သွားပါဦး။

2B (Akhayar)
www.akhayar.com