[Zawgyi]

OLED ကိုယွဥ္ႏိုင္မယ္ဆိုတဲ့ AMLED နည္းပညာသစ္ကို မိတ္ဆက္လိုက္ျပီ

အခုခ်ိန္ Display နည္းပညာထဲ အေကာင္းတကာ့အေကာင္းဆိုတဲ့ OLED ကို ေက်ာ္လြန္ဖို႔ဆိုတာ မျဖစ္ႏိုင္ေသးပါဘူး။ Infinity Contrast ၊ Perfect Black ဆိုတဲ့ အားသာခ်က္ေတြ ဘယ္ LCD ၊ LED Display မွာမွမေတြ႔ရေသးသလို ေကာင္းလွပါတယ္ဆိုတဲ့ IPS Panel မွာေတာင္ မရရွိႏိုင္ေသးပါဘူး။

Even Samsung has Budget AMOLED Panel

ေနာက္ျပီး IPS ဆိုတဲ့ (In-plane Switching) Panel ဟာ အလင္းထြက္အားေကာင္းတယ္၊ အေရာင္ေသြဖီမႈမရွိဘူးဆိုတာထက္ ထုတ္လုပ္မႈကုန္က်စရိတ္က တျခား Panel ေတြထက္ေစ်းပိုၾကီးတယ္၊ အထူးသျဖင့္ Backlight အတြက္သုံးထားတဲ့ LCD ၊ LED နည္းပညာေၾကာင့္ျဖစ္ျပီး အဲ့ဒီအားနည္းခ်က္ကို အစားထိုးဖို႔ Mini LED ေခၚ Active Matrix Light Emitting Diode (AMLED) နည္းပညာအသုံးျပဳဖို႔ Ready ျဖစ္ေနျပီလို႔ သိရပါတယ္။ ဒီေကာင္က ရွိျပီးသား LCD ၊ LED ေတြထက္ အစစ အရာရာ ပိုသာလာမယ္ အထူးသျဖင့္ Brightness ၊ Contrast ၊ Colour Reproduction နဲ႔ Power Consumption စတာအားလုံး AMOLED နဲ႔ Level တူ၊ တန္းတူလိုက္လာႏိုင္မယ္။

IPS [Left] vs AMOLED [Right] Panel

ဒိထက္ပိုစိတ္ဝင္စားစရာပိုေကာင္းတာက 5″ Smartphone တစ္လုံးအတြက္ LED Backlight Unit၂၅ ခုအမ်ားစုရွိတဲ့အခ်ိန္ AMLED မွာ 9000 ကေန 10000 အၾကား Operate လုပ္ႏိုင္မယ္။ ဒါေၾကာင့္ HDR Performance သိသိသာသာေကာငး္မြန္လာႏိုင္ျပီး ဒီနည္းပညာတကယ္ထြက္လာတဲ့အခ်ိန္က်ရင္ Liquid Crystal Display (LCD) ဆိုတာလုံးဝေပ်ာက္သြားႏိုင္ပါတယ္။ ေနာက္ျပီး ပိုသက္သာတဲ့ထုတ္လုပ္မႈေၾကာင့္ IPS Panel ေတြမွာ အစားထိုးလာႏိုင္ျပီး Local Dimming အေခၚ Display Panel တစ္ခုကို အလင္းေလွ်ာ႔ခ်ပစ္တဲ့အခါ OLED မွာလို Sub-pixel တခုခ်င္းစီ အလင္းေလွ်ာ့ႏိုင္မယ့္ အားသာခ်က္မ်ိဳး ပိုင္ဆိုင္ဖို႔ပဲက်န္ပါေတာ့တယ္။

Pricy IPS Display on Razer Phone

AMLED မွာမရဘူးလားဆိုေတာ့ ရပါတယ္၊ အဲ့အတြက္ လိုအပ္ခ်က္ကို ပထမဦးဆုံးလိုက္မီလာတဲ့ Display နည္းပညာသစ္ျဖစ္သလို ပိုျပီးအဆင့္ျမင့္လာဖြယ္ရွိတဲ့ Micro LED Backlight နည္းပညာအတြက္ ပဏာမေျခလွမ္းလို႔လည္း ေျပာႏိုင္ပါေသးတယ္။ အဲ့ဒါကဘာလဲဆိုရင္ OLED ၊ LCD အားသာခ်က္ ၂ ခုကို ေပါင္းကူးတံတားသဖြယ္ခ်ိတ္ဆက္ေပးႏိုင္မယ့္ နည္းပညာခ်က္ျဖစ္ျပီး အေကာင္းဆုံး Display Panel ထုတ္ႏိုင္ဖို႔ရည္ရြယ္ထားတာပါ။ ဒါေပမယ့္လည္း ထုတ္လုပ္ဖို႔ အင္မတန္ခက္ခဲေသးျပီး AMLED Backlighting နည္းပညာကို အနာဂတ္ Display Panel ေတြမွာ ျမင္ေတြ႔လာရေတာ့မွာပါ။

2B (Akhayar)
www.akhayar.com

[Unicode]

OLED ကိုယှဉ်နိုင်မယ်ဆိုတဲ့ AMLED နည်းပညာသစ်ကို မိတ်ဆက်လိုက်ပြီ

အခုချိန် Display နည်းပညာထဲ အကောင်းတကာ့အကောင်းဆိုတဲ့ OLED ကို ကျော်လွန်ဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး။ Infinity Contrast ၊ Perfect Black ဆိုတဲ့ အားသာချက်တွေ ဘယ် LCD ၊ LED Display မှာမှမတွေ့ရသေးသလို ကောင်းလှပါတယ်ဆိုတဲ့ IPS Panel မှာတောင် မရရှိနိုင်သေးပါဘူး။

Even Samsung has Budget AMOLED Panel

နောက်ပြီး IPS ဆိုတဲ့ (In-plane Switching) Panel ဟာ အလင်းထွက်အားကောင်းတယ်၊ အရောင်သွေဖီမှုမရှိဘူးဆိုတာထက် ထုတ်လုပ်မှုကုန်ကျစရိတ်က တခြား Panel တွေထက်ဈေးပိုကြီးတယ်၊ အထူးသဖြင့် Backlight အတွက်သုံးထားတဲ့ LCD ၊ LED နည်းပညာကြောင့်ဖြစ်ပြီး အဲ့ဒီအားနည်းချက်ကို အစားထိုးဖို့ Mini LED ခေါ် Active Matrix Light Emitting Diode (AMLED) နည်းပညာအသုံးပြုဖို့ Ready ဖြစ်နေပြီလို့ သိရပါတယ်။ ဒီကောင်က ရှိပြီးသား LCD ၊ LED တွေထက် အစစ အရာရာ ပိုသာလာမယ် အထူးသဖြင့် Brightness ၊ Contrast ၊ Colour Reproduction နဲ့ Power Consumption စတာအားလုံး AMOLED နဲ့ Level တူ၊ တန်းတူလိုက်လာနိုင်မယ်။

IPS [Left] vs AMOLED [Right] Panel

ဒိထက်ပိုစိတ်ဝင်စားစရာပိုကောင်းတာက 5″ Smartphone တစ်လုံးအတွက် LED Backlight Unit၂၅ ခုအများစုရှိတဲ့အချိန် AMLED မှာ 9000 ကနေ 10000 အကြား Operate လုပ်နိုင်မယ်။ ဒါကြောင့် HDR Performance သိသိသာသာကောင်းမွန်လာနိုင်ပြီး ဒီနည်းပညာတကယ်ထွက်လာတဲ့အချိန်ကျရင် Liquid Crystal Display (LCD) ဆိုတာလုံးဝပျောက်သွားနိုင်ပါတယ်။ နောက်ပြီး ပိုသက်သာတဲ့ထုတ်လုပ်မှုကြောင့် IPS Panel တွေမှာ အစားထိုးလာနိုင်ပြီး Local Dimming အခေါ် Display Panel တစ်ခုကို အလင်းလျှော့ချပစ်တဲ့အခါ OLED မှာလို Sub-pixel တခုချင်းစီ အလင်းလျှော့နိုင်မယ့် အားသာချက်မျိုး ပိုင်ဆိုင်ဖို့ပဲကျန်ပါတော့တယ်။

Pricy IPS Display on Razer Phone

AMLED မှာမရဘူးလားဆိုတော့ ရပါတယ်၊ အဲ့အတွက် လိုအပ်ချက်ကို ပထမဦးဆုံးလိုက်မီလာတဲ့ Display နည်းပညာသစ်ဖြစ်သလို ပိုပြီးအဆင့်မြင့်လာဖွယ်ရှိတဲ့ Micro LED Backlight နည်းပညာအတွက် ပဏာမခြေလှမ်းလို့လည်း ပြောနိုင်ပါသေးတယ်။ အဲ့ဒါကဘာလဲဆိုရင် OLED ၊ LCD အားသာချက် ၂ ခုကို ပေါင်းကူးတံတားသဖွယ်ချိတ်ဆက်ပေးနိုင်မယ့် နည်းပညာချက်ဖြစ်ပြီး အကောင်းဆုံး Display Panel ထုတ်နိုင်ဖို့ရည်ရွယ်ထားတာပါ။ ဒါပေမယ့်လည်း ထုတ်လုပ်ဖို့ အင်မတန်ခက်ခဲသေးပြီး AMLED Backlighting နည်းပညာကို အနာဂတ် Display Panel တွေမှာ မြင်တွေ့လာရတော့မှာပါ။

2B (Akhayar)
www.akhayar.com