[Zawgyi]

၂၀၁၈ ကမၻာ႔ဖလားရလဒ္ေတြကုိ ခန္႔မွန္းမယ့္ “အာခီလီ Achilles”လုိ႔ အမည္ရတဲ့ ေၾကာင္ေလး

အခုအခ်ိန္မွာ ေဘာလုံးပရိသတ္ေတြ အေတာ္မ်ားမ်ားကေတာ့ ကမၻာ႔ဖလားၿပိဳင္ပဲြ ရလဒ္ေတြကုိ ခန္႔မွန္းရင္း အလုပ္႐ႈပ္ေနေလာက္ပါၿပီ။ “အာခီလီ Achilles”လည္း ဒီအတိုင္းပါပဲ။ ဒါေပမဲ့ တျခားသူေတြနဲ႔ မတူတာက “အာခီလီ” ဆုိတာက လူ မဟုတ္ဘဲ ခ်စ္စရာေကာင္းတဲ့ ေၾကာင္ေလး တစ္ေကာင္ျဖစ္ေနလုိ႔ပါ။ ၂၀၁၀ ကမၻာ႔ဖလားတုန္း က နာမည္ေက်ာ္ခဲ့တဲ့ ေရဘ၀ဲေလး ေပါလ္ “Paul The Octopus “ကုိ ပရိသတ္ေတြ မွတ္မိ ေနပါဦးမယ္။ ေပါလ္ဟာ ယူ႐ုိ-၂၀၀၈၊ ၂၀၁၀ ကမၻာ႔ဖလားၿပိဳင္ပဲြေတြမွာ ဂ်ာမနီအသင္း ကစားခဲ့တဲ့ ပဲြစဥ္(၁၀) ပဲြရဲ႕ ရလဒ္ကုိ ခန္႔မွန္းတာမွာ (၂)ပဲြသာ လဲြေခ်ာ္ခဲ့ၿပီး (၈)ပဲြအထိ မွန္ကန္ခဲ့တယ္။

Paul-the-octopus-

Paul-the-octopus-

ဒါ့အျပင္ ၂၀၁၀ ကမၻာ႔ဖလား ဗုိလ္လုပဲြတုန္းကလည္း ေပါလ္ဟာ ဗုိလ္စဲြမယ့္အသင္းအျဖစ္ စပိန္ကုိ အံ့အားသင့္စရာ ေကာင္းေလာက္ေအာင္ မွန္မွန္ကန္ကန္ေရြးခ်ယ္ခဲ့ပါတယ္။အခုေတာ့ ေပါလ္ ရဲ႕ ေနရာကုိ ဆက္ခံမယ့္ အာခီလီ ေၾကာင္ေလး ရွိေနပါၿပီ။ အာခီလီဟာ ၂၀၁၇ ကြန္ဖက္ဒေရးရွင္း ဖလားၿပိဳင္ပဲြတုန္းက ပဲြစဥ္ရလဒ္တခ်ိဳ႕ကုိ ခန္႔မွန္းခဲ့ပါေသးတယ္။ ခန္႔မွန္းပုံကေတာ့ ရွင္းပါတယ္။ ပဲြကစားမယ့္ အသင္းႏွစ္သင္း အလံေရွ႕မွာ အစာခြက္ႏွစ္ခြက္ ခ်ထားၿပီး ဘယ္ခြက္ကုိ စားမလဲဆုိတာ ၾကည့္ရ တာပါ။

Achilles-the-cat-prepares-for-role-as-World-Cup-2018-psychic-

Achilles-the-cat-prepares-for-role-as-World-Cup-2018-psychic-

အာခီလီဟာ အၾကားအာ႐ုံခ်ိဳ႕ယြင္းေနတဲ့ ေၾကာင္ေလးတစ္ေကာင္ျဖစ္တာေၾကာင့္ ပတ္၀န္းက်င္က လူေတြရဲ႕ ေအာ္ဟစ္မႈကုိ ၾကားႏုိင္မွာ မဟုတ္ပါဘူး။ အခုအခ်ိန္မွာ အာခီလီကုိ ေလ့က်င့္သင္ၾကားမႈေတြ ျပဳလုပ္ေနၿပီး တိရစာၦန္ဆရာ၀န္ျဖစ္တဲ့ ကြန္ဒရာတီဗာ Kondratieva ဆုိသူက ”အာခီလီဟာ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြအတြက္ ႀကိဳတင္ျပင္ဆင္မႈေတြ လုပ္ေနပါၿပီ။ သူ ဒီကုိ စေရာက္ကတညး္က ေၾကာင္တစ္ေကာင္နဲ႔ မတူဘဲ ေဘာလုံးတစ္လုံးလုိ႔ ကၽြန္ေတာ္တို႔ ခံစားမိပါတယ္။ ဒါေၾကာင့္ အာခီလီကုိ စည္းကမ္းတက် ေကၽြးေမြးေစာင့္ေရွာက္ဖုိ႔ ဆုံးျဖတ္ခဲ့တာပါ”လုိ႔ ဆုိခဲ့တယ္။ ၂၀၁၀ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ေရဘ၀ဲ ေပါလ္ ေအာင္ျမင္ခဲ့ၿပီးေနာက္ပုိင္း အဲဒီလုိ ထူးထူးျခားျခား အရည္အေသြးရွိတဲ့ တိရစာၦန္ေလးေတြ ထပ္ၿပီး ထြက္ေပၚလာျခငး္မရွိေတာ့တာေၾကာင့္ ဒီတစ္ႀကိမ္ ကမၻာ႔ဖလားမွာ အာခီလီအေနနဲ႔ ေပါလ္ လုိမ်ိဳး စြမ္းေဆာင္ႏုိင္မလားဆုိတာ ေစာင့္ၾကည့္ရမွာပါ။

REF:AS
Photo: The National,Guardian,AS
Naing Linn(Akhayar)
www.akhayar.com

[Unicode]

၂၀၁၈ ကမ္ဘာ့ဖလားရလဒ်တွေကို ခန့်မှန်းမယ့် “အာခီလီ Achilles”လို့ အမည်ရတဲ့ ကြောင်လေး

အခုအချိန်မှာ ဘောလုံးပရိသတ်တွေ အတော်များများကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲ ရလဒ်တွေကို ခန့်မှန်းရင်း အလုပ်ရှုပ်နေလောက်ပါပြီ။ “အာခီလီ Achilles”လည်း ဒီအတိုင်းပါပဲ။ ဒါပေမဲ့ တခြားသူတွေနဲ့ မတူတာက “အာခီလီ” ဆိုတာက လူ မဟုတ်ဘဲ ချစ်စရာကောင်းတဲ့ ကြောင်လေး တစ်ကောင်ဖြစ်နေလို့ပါ။ ၂၀၁၀ ကမ္ဘာ့ဖလားတုန်း က နာမည်ကျော်ခဲ့တဲ့ ရေဘဝဲလေး ပေါလ် “Paul The Octopus “ကို ပရိသတ်တွေ မှတ်မိ နေပါဦးမယ်။ ပေါလ်ဟာ ယူရို-၂၀၀၈၊ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ဂျာမနီအသင်း ကစားခဲ့တဲ့ ပွဲစဉ်(၁၀) ပွဲရဲ့ ရလဒ်ကို ခန့်မှန်းတာမှာ (၂)ပွဲသာ လွဲချော်ခဲ့ပြီး (၈)ပွဲအထိ မှန်ကန်ခဲ့တယ်။

Paul-the-octopus-

Paul-the-octopus-

ဒါ့အပြင် ၂၀၁၀ ကမ္ဘာ့ဖလား ဗိုလ်လုပွဲတုန်းကလည်း ပေါလ်ဟာ ဗိုလ်စွဲမယ့်အသင်းအဖြစ် စပိန်ကို အံ့အားသင့်စရာ ကောင်းလောက်အောင် မှန်မှန်ကန်ကန်ရွေးချယ်ခဲ့ပါတယ်။အခုတော့ ပေါလ် ရဲ့ နေရာကို ဆက်ခံမယ့် အာခီလီ ကြောင်လေး ရှိနေပါပြီ။ အာခီလီဟာ ၂၀၁၇ ကွန်ဖက်ဒရေးရှင်း ဖလားပြိုင်ပွဲတုန်းက ပွဲစဉ်ရလဒ်တချို့ကို ခန့်မှန်းခဲ့ပါသေးတယ်။ ခန့်မှန်းပုံကတော့ ရှင်းပါတယ်။ ပွဲကစားမယ့် အသင်းနှစ်သင်း အလံရှေ့မှာ အစာခွက်နှစ်ခွက် ချထားပြီး ဘယ်ခွက်ကို စားမလဲဆိုတာ ကြည့်ရ တာပါ။

Achilles-the-cat-prepares-for-role-as-World-Cup-2018-psychic-

Achilles-the-cat-prepares-for-role-as-World-Cup-2018-psychic-

အာခီလီဟာ အကြားအာရုံချို့ယွင်းနေတဲ့ ကြောင်လေးတစ်ကောင်ဖြစ်တာကြောင့် ပတ်ဝန်းကျင်က လူတွေရဲ့ အော်ဟစ်မှုကို ကြားနိုင်မှာ မဟုတ်ပါဘူး။ အခုအချိန်မှာ အာခီလီကို လေ့ကျင့်သင်ကြားမှုတွေ ပြုလုပ်နေပြီး တိရစ္ဆာန်ဆရာဝန်ဖြစ်တဲ့ ကွန်ဒရာတီဗာ Kondratieva ဆိုသူက ”အာခီလီဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပါပြီ။ သူ ဒီကို စရောက်ကတည်းက ကြောင်တစ်ကောင်နဲ့ မတူဘဲ ဘောလုံးတစ်လုံးလို့ ကျွန်တော်တို့ ခံစားမိပါတယ်။ ဒါကြောင့် အာခီလီကို စည်းကမ်းတကျ ကျွေးမွေးစောင့်ရှောက်ဖို့ ဆုံးဖြတ်ခဲ့တာပါ”လို့ ဆိုခဲ့တယ်။ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရေဘဝဲ ပေါလ် အောင်မြင်ခဲ့ပြီးနောက်ပိုင်း အဲဒီလို ထူးထူးခြားခြား အရည်အသွေးရှိတဲ့ တိရစ္ဆာန်လေးတွေ ထပ်ပြီး ထွက်ပေါ်လာခြင်းမရှိတော့တာကြောင့် ဒီတစ်ကြိမ် ကမ္ဘာ့ဖလားမှာ အာခီလီအနေနဲ့ ပေါလ် လိုမျိုး စွမ်းဆောင်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

REF:AS
Photo: The National,Guardian,AS
Naing Linn(Akhayar)
www.akhayar.com