[Zawgyi]

သမုိင္းဝင္အျဖစ္အပ်က္တစ္ခု (သို႔) Achille Lauro အေပ်ာ္စီးသေဘၤာၾကီး အပိုင္စီးခံရျခင္း

ဒီေန႔ ေအာက္တုိဘာလ ၁၀ ရက္ေန႔ဟာ အီတလီ အေပ်ာ္စီးသေဘၤာၾကီး Achille Lauro ကို အပိုင္စီးခဲ့တဲ့ အၾကမး္ဖက္သမားေတြကို ဖမ္းဆီးႏုိင္ခဲ့တဲ့ ၃၃ ႏွစ္ျပည့္ေန႔ရက္ ျဖစ္ပါတယ္။ အီတလီအေပ်ာ္စီးသေဘာၤၾကီး Achille Lauro ဟာ အီဂ်စ္ျပည္၊ Alexandria ကမ္းရိုးတန္းအနား ေျမထဲပင္လယ္မွာ ခုတ္ေမာငး္ေနတုန္း ၁၉၈၅ ခုႏွစ္ ေအာက္တုိဘာလ ၇ရက္ေန႔မွာ လက္နက္အျပည့္အစံုတပ္ဆင္ထားတဲ့ ပါလက္စတုိင္း အၾကမ္းဖက္သမားေလးေယာက္ရဲ႕ အပိုင္စီးျခင္းကို ခံလိုက္ရပါေတာ့တယ္။

Achille Lauro

Achille Lauro

ဒီလို စီးနင္းခံရခ်ိန္မွာ သေဘၤာေပၚမွာ သေဘၤာဝန္ထမ္းအေယာက္ ၃၂၀ နဲ႔ ခရီးသည္အေယာက္ ၈၀ ဟာ ဓားစာခံအျဖစ္ ပိတ္မိေနခဲ့ပါတယ္။ သေဘၤာၾကီးေပၚမွာ ခရီးသည္အမ်ားၾကီး မရွိေနတာက အဲဒီမတိုင္ခင္ ခရီးသည္ရာနဲ႔ခ်ီဟာ ကိုင္ရိုနဲ႔ အီဂ်စ္ပိရမစ္ေတြကို ေလ့လာဖို႔ သေဘၤာၾကီးေပၚက ဆင္းသြားၾကလို႔ ျဖစ္ပါတယ္။

ဒီပါလက္စတုိငး္ေလးဦးဟာ ဘာအတြက္ သေဘၤာၾကီးကို အပိုင္စီးရတာပါလဲ။ သူတို႔ကုိယ္ သူတို႔ ပါလက္စတုိင္းလြတ္ေျမာက္ေရးတပ္ဦးအဖြဲ႔သားေတြလို႔ သတ္မွတ္ထားတဲ့ ဒီေလးဦးဟာ သေဘၤာၾကီးနဲ႔ သေဘၤာၾကီးေပၚက လူ႔အသက္မ်ားစြာနဲ႔ လဲလွယ္ဖို႔ အစၥေရးမွာ အက်ဥ္းက်ေနတဲ့ ပါလက္စတုိင္း စစ္ေသြးၾကြအေယာက္ ၅၀ ကို လႊတ္ေပးဖို႔ ေတာင္းဆုိခဲ့ပါတယ္။ တကယ္လို႔ သူတို႔ ေျပာတဲ့အတုိင္းမလုပ္ရင္ေတာ့ သေဘၤာကို ျမွဳပ္ပစ္မွာ ျဖစ္ျပီး သေဘၤာၾကီးေပၚမွာ ပါတဲ့ အေမရိကန္ႏုိင္ငံသား ၁၁ ေယာက္ကို သတ္ပစ္မယ္လို႔ ျခိမ္းေျခာက္ခဲ့တာပါ။ ေနာက္တစ္ေန႔မနက္က်ေတာ့လည္း သေဘၤာၾကီးေပၚက ျဗိတိန္ခရီးသြားေတြကိုပါ သတ္ပစ္မယ္လို႔ ဆက္ျပီး ျခိမ္းေျခာက္ခဲ့တာပါ။ သေဘာကေတာ့ သူတို႔လိုခ်င္တာ မရမခ်င္း ျခိမ္းေျခာက္ေနမွာေပါ့။

ပါလက္စတုိင္းအၾကမ္းဖက္သမားေလးဦး

ပါလက္စတုိင္းအၾကမ္းဖက္သမားေလးဦး

သေဘၤာၾကီးကို ဆက္ခုတ္ေမာင္းခုိင္းထားျပီး ဆီးရီးယန္းဆိပ္ကမ္း Tartus ကို ခရီးႏွင္ေစခဲ့ပါတယ္။ ေအာက္တုိဘာလ ၈ ရက္ေန႔မွာလည္း ညွိႏႈိင္းမႈေတြ ဆက္လက္ျပဳလုပ္ေနျပီး ဆီးရီးယားအာဏာပိုင္ေတြကေတာ့ သူတုိ႔ ဆိပ္ကမ္းကို အကပ္မခံဘဲ ေရလယ္မွာပဲ ေက်ာက္ခ်ရပ္ေနခုိင္းခဲ့ပါတယ္။ ဒါနဲ႔ပဲ ပါလက္စတုိင္းအၾကမး္ဖက္သမားေတြဟာ သေဘၤာေပၚမွာ ရွိတဲ့ အသက္ ၆၉ႏွစ္အရြယ္ ဂ်ဴး- အေမရိကန္အျိမ္းစား စီးပြားေရးလုပ္ငန္းရွင္အဖုိးၾကီး Leon Kilinghoffer ကို ပစ္သတ္ခဲ့ပါတယ္။ Leon Klinghoffer ဟာ ဝွီးခ်ဲနဲ႔ သြားလာေနရတဲ့ အဖိုးၾကီးျဖစ္ျပီး သတ္ပစ္ျပီးတဲ့အခ်ိန္မွာေတာ့ ပင္လယ္ထဲကို ပစ္ခ်လုိက္ပါတယ္။

Leon Klinghoffer

Leon Klinghoffer

ပါလက္စတုိင္းေခါင္းေဆာင္ ယာဆာအာရာဖတ္ရဲ႕ ပါလက္စတုိင္းလြတ္ေျမာက္ေရးအဖြဲ႕ကေတာ့ ဒီအပိုင္စီးမႈကို ရႈွတ္ခ်ျပီး အီဂ်စ္အာဏာပိုင္ေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ကာ ဒီ အေရးအခင္းကို ေျဖရွင္းႏုိင္ဖို႔ ၾကိဳးစားခဲ့ၾကပါတယ္။ ႏွစ္ဘက္စလံုးက ညွိႏိႈင္းေပးသူေတြရဲ႕ အၾကံအရ သေဘၤာၾကီးကို အီဂ်စ္ႏုိင္ငံအေနာက္ေျမာက္ဘက္က ဆတ္ ဆိပ္ကမ္းျမိဳ႕ကို ခုတ္ေမာင္းခဲ့ျပီး ေအာက္တိုဘာလ ၉ ရက္ေန႔မွာ အၾကမ္းဖက္သမားေတြဟာ အီဂ်စ္အာဏာပိုင္ေတြဆီ လက္နက္ခ်ခဲ့သလို ဓားစာခံေတြကိုလည္း လႊတ္ေပးခဲ့ပါတယ္။

Achille Lauro သေဘၤာၾကီး ဆတ္ ဆိပ္ကမး္က ျပန္လည္ထြက္ခြာစဥ္

Achille Lauro သေဘၤာၾကီး ဆတ္ ဆိပ္ကမး္က ျပန္လည္ထြက္ခြာစဥ္

ဇာတ္လမ္းက ဒီမွာ ဆံုးသြားျပီလို႔ ထင္ေပမယ့္ တကယ့္ ျဖစ္ရပ္က ဒီမွာ စတာပါ။ ေအာက္တိုဘာလ ၁၀ ရက္ေန႔ ေနာက္ေန႔မွာ ဒီအၾကမး္ဖက္သမားေလးေယာက္ကို ေဆြးေႏြးညွိႏႈိင္းမႈေတြမွာ ပါဝင္ခဲ့တဲ့ ပါလက္စတိုင္းလြတ္ေျမာက္ေရးတပ္ဦးအဖြဲ႔ဝင္ Mohammed Abbas နဲ႔ တျခားအီဂ်စ္ႏုိင္ငံသားေတြနဲ႔အတူ အီဂ်စ္ေလေၾကာင္းလိုင္းပိုင္ Boeing 737 ေလယာဥ္နဲ႔ တင္လႊတ္လိုက္ပါတယ္။ သူတို႔ေတြရဲ႕ ဦးတည္ရာက တူနီးရွားႏုိင္ငံျဖစ္ျပီး အၾကမး္ဖက္သမားေတြလည္း လြတျ္ပီလို႔ ေမွ်ာ္မွန္းေပမယ့္ အဲဒီအခ်ိန္မွာ အေမရိကန္သမၼတအျဖစ္တာဝန္ထမ္းေဆာင္ေနတဲ့ Ronald Reagan ဆီကေန ဒီ ေလယာဥ္ကို ၾကားျဖတ္တားျမစ္ဖို႔ အမိန္႔စာတက္လာပါေတာ့တယ္။ ဒါနဲ႔႔ပဲ ညေန ၅ နာရီခြဲမွာ F-14 Tomcat Fighters ေလယာဥ္ေတြ တက္လာျပီး ေလယာဥ္ေနာက္က လိုက္ကာ တူနီးရွားေလဆိပ္ Tunis မွာ ဆင္းဖို႔ကို တားျမစ္ခဲ့သလို ေအသင္ ေလဆိပ္မွာ ဆင္းဖို႔ကိုလည္း ျငင္းဆန္ခဲ့ပါတယ္။

Fighter ေလယာဥ္ေတြဟာ အၾကမ္းဖက္သမားေတြကို တင္လာတဲ့ ေလယာဥ္ကို ျခံရံျပီး ေခၚလာကာ အီတလီႏုိင္ငံ၊ စစၥလီကၽြန္းမွာရွိတဲ့ NATO ေလတပ္အေျခစုိက္စခန္းကို ဆင္းဖို႔ အမိန္႔ေပးခဲ့ပါတယ္။ ညေန ၆း၄၅ မိနစ္ေလာက္မွာမွ ကြင္းဆင္းႏုိင္ခဲ့ျပီး အပိုင္စီးတဲ့ အၾကမ္းဖက္သမားေတြလည္း အဖမ္းခံခဲ့ရပါတယ္။

ဒီအမႈကို စစ္ေဆးတညေ္ဆာက္ျပီးတဲ့ ၁၉၈၆ ခုႏွစ္ ဇူလိုင္ ၁၀ ရက္ေန႔မွာေတာ့ အီတလီတရားရံုးကေန အၾကမ္းဖက္သမား ၃ ေယာက္ကို ေထာင္ဒဏ္ ၁၅ ႏွစ္ေန ၃၀ ႏွစ္အထိ ျပစ္ဒဏ္ခ်မွတ္ခဲ့ျပီး Mohammed Abbas နဲ႔ တျခား ၃ ေယာက္ကိုလည္း ေနာက္ကြယ္ကေန ၾကိဳးကိုင္ၾကံစည္မႈအတြက္ ေထာင္ဒဏ္တစ္သက္တစ္ကၽြန္းခ်မွတ္ခဲ့ပါတယ္။

ဘယ္လိုပဲ ျဖစ္ျဖစ္ ဒီေန႔ဟာ အေပ်ာ္စီးသေဘၤာၾကီးကို အပိုင္စီး၊ လူတစ္ေယာက္ကို သတ္ပစ္ခဲ့တဲ့ အၾကမ္းဖက္သမားေတြကို ေဝဟင္ကေန တားျမစ္ဖမ္းဆီးႏုိင္ခဲ့တဲ့ ၃၃ ႏွစ္ေျမာက္ေန႔ပဲ ျဖစ္ပါေတာ့တယ္။

Yoe Lu (Akhayar)

www.akhayar.com

Source : www.history.com
[Unicode]

သမိုင်းဝင်အဖြစ်အပျက်တစ်ခု (သို့) Achille Lauro အပျော်စီးသင်္ဘောကြီး အပိုင်စီးခံရခြင်း

ဒီနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ဟာ အီတလီ အပျော်စီးသင်္ဘောကြီး Achille Lauro ကို အပိုင်စီးခဲ့တဲ့ အကြမ်းဖက်သမားတွေကို ဖမ်းဆီးနိုင်ခဲ့တဲ့ ၃၃ နှစ်ပြည့်နေ့ရက် ဖြစ်ပါတယ်။ အီတလီအပျော်စီးသဘောၤကြီး Achille Lauro ဟာ အီဂျစ်ပြည်၊ Alexandria ကမ်းရိုးတန်းအနား မြေထဲပင်လယ်မှာ ခုတ်မောင်းနေတုန်း ၁၉၈၅ ခုနှစ် အောက်တိုဘာလ ၇ရက်နေ့မှာ လက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့ ပါလက်စတိုင်း အကြမ်းဖက်သမားလေးယောက်ရဲ့ အပိုင်စီးခြင်းကို ခံလိုက်ရပါတော့တယ်။

Achille Lauro

Achille Lauro

ဒီလို စီးနင်းခံရချိန်မှာ သင်္ဘောပေါ်မှာ သင်္ဘောဝန်ထမ်းအယောက် ၃၂၀ နဲ့ ခရီးသည်အယောက် ၈၀ ဟာ ဓားစာခံအဖြစ် ပိတ်မိနေခဲ့ပါတယ်။ သင်္ဘောကြီးပေါ်မှာ ခရီးသည်အများကြီး မရှိနေတာက အဲဒီမတိုင်ခင် ခရီးသည်ရာနဲ့ချီဟာ ကိုင်ရိုနဲ့ အီဂျစ်ပိရမစ်တွေကို လေ့လာဖို့ သင်္ဘောကြီးပေါ်က ဆင်းသွားကြလို့ ဖြစ်ပါတယ်။

ဒီပါလက်စတိုင်းလေးဦးဟာ ဘာအတွက် သင်္ဘောကြီးကို အပိုင်စီးရတာပါလဲ။ သူတို့ကိုယ် သူတို့ ပါလက်စတိုင်းလွတ်မြောက်ရေးတပ်ဦးအဖွဲ့သားတွေလို့ သတ်မှတ်ထားတဲ့ ဒီလေးဦးဟာ သင်္ဘောကြီးနဲ့ သင်္ဘောကြီးပေါ်က လူ့အသက်များစွာနဲ့ လဲလှယ်ဖို့ အစ္စရေးမှာ အကျဉ်းကျနေတဲ့ ပါလက်စတိုင်း စစ်သွေးကြွအယောက် ၅၀ ကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ တကယ်လို့ သူတို့ ပြောတဲ့အတိုင်းမလုပ်ရင်တော့ သင်္ဘောကို မြှုပ်ပစ်မှာ ဖြစ်ပြီး သင်္ဘောကြီးပေါ်မှာ ပါတဲ့ အမေရိကန်နိုင်ငံသား ၁၁ ယောက်ကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တာပါ။ နောက်တစ်နေ့မနက်ကျတော့လည်း သင်္ဘောကြီးပေါ်က ဗြိတိန်ခရီးသွားတွေကိုပါ သတ်ပစ်မယ်လို့ ဆက်ပြီး ခြိမ်းခြောက်ခဲ့တာပါ။ သဘောကတော့ သူတို့လိုချင်တာ မရမချင်း ခြိမ်းခြောက်နေမှာပေါ့။

ပါလက်စတိုင်းအကြမ်းဖက်သမားလေးဦး

ပါလက်စတိုင်းအကြမ်းဖက်သမားလေးဦး

သင်္ဘောကြီးကို ဆက်ခုတ်မောင်းခိုင်းထားပြီး ဆီးရီးယန်းဆိပ်ကမ်း Tartus ကို ခရီးနှင်စေခဲ့ပါတယ်။ အောက်တိုဘာလ ၈ ရက်နေ့မှာလည်း ညှိနှိုင်းမှုတွေ ဆက်လက်ပြုလုပ်နေပြီး ဆီးရီးယားအာဏာပိုင်တွေကတော့ သူတို့ ဆိပ်ကမ်းကို အကပ်မခံဘဲ ရေလယ်မှာပဲ ကျောက်ချရပ်နေခိုင်းခဲ့ပါတယ်။ ဒါနဲ့ပဲ ပါလက်စတိုင်းအကြမ်းဖက်သမားတွေဟာ သင်္ဘောပေါ်မှာ ရှိတဲ့ အသက် ၆၉နှစ်အရွယ် ဂျူး- အမေရိကန်အြိမ်းစား စီးပွားရေးလုပ်ငန်းရှင်အဖိုးကြီး Leon Kilinghoffer ကို ပစ်သတ်ခဲ့ပါတယ်။ Leon Klinghoffer ဟာ ဝှီးချဲနဲ့ သွားလာနေရတဲ့ အဖိုးကြီးဖြစ်ပြီး သတ်ပစ်ပြီးတဲ့အချိန်မှာတော့ ပင်လယ်ထဲကို ပစ်ချလိုက်ပါတယ်။

Leon Klinghoffer

Leon Klinghoffer

ပါလက်စတိုင်းခေါင်းဆောင် ယာဆာအာရာဖတ်ရဲ့ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ကတော့ ဒီအပိုင်စီးမှုကို ရှုှတ်ချပြီး အီဂျစ်အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ကာ ဒီ အရေးအခင်းကို ဖြေရှင်းနိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ နှစ်ဘက်စလုံးက ညှိနှိုင်းပေးသူတွေရဲ့ အကြံအရ သင်္ဘောကြီးကို အီဂျစ်နိုင်ငံအနောက်မြောက်ဘက်က ဆတ် ဆိပ်ကမ်းမြို့ကို ခုတ်မောင်းခဲ့ပြီး အောက်တိုဘာလ ၉ ရက်နေ့မှာ အကြမ်းဖက်သမားတွေဟာ အီဂျစ်အာဏာပိုင်တွေဆီ လက်နက်ချခဲ့သလို ဓားစာခံတွေကိုလည်း လွှတ်ပေးခဲ့ပါတယ်။

Achille Lauro သင်္ဘောကြီး ဆတ် ဆိပ်ကမ်းက ပြန်လည်ထွက်ခွာစဉ်

Achille Lauro သင်္ဘောကြီး ဆတ် ဆိပ်ကမ်းက ပြန်လည်ထွက်ခွာစဉ်

ဇာတ်လမ်းက ဒီမှာ ဆုံးသွားပြီလို့ ထင်ပေမယ့် တကယ့် ဖြစ်ရပ်က ဒီမှာ စတာပါ။ အောက်တိုဘာလ ၁၀ ရက်နေ့ နောက်နေ့မှာ ဒီအကြမ်းဖက်သမားလေးယောက်ကို ဆွေးနွေးညှိနှိုင်းမှုတွေမှာ ပါဝင်ခဲ့တဲ့ ပါလက်စတိုင်းလွတ်မြောက်ရေးတပ်ဦးအဖွဲ့ဝင် Mohammed Abbas နဲ့ တခြားအီဂျစ်နိုင်ငံသားတွေနဲ့အတူ အီဂျစ်လေကြောင်းလိုင်းပိုင် Boeing 737 လေယာဉ်နဲ့ တင်လွှတ်လိုက်ပါတယ်။ သူတို့တွေရဲ့ ဦးတည်ရာက တူနီးရှားနိုင်ငံဖြစ်ပြီး အကြမ်းဖက်သမားတွေလည်း လွြတ်ပီလို့ မျှော်မှန်းပေမယ့် အဲဒီအချိန်မှာ အမေရိကန်သမ္မတအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ Ronald Reagan ဆီကနေ ဒီ လေယာဉ်ကို ကြားဖြတ်တားမြစ်ဖို့ အမိန့်စာတက်လာပါတော့တယ်။ ဒါနဲ့ပဲ ညနေ ၅ နာရီခွဲမှာ F-14 Tomcat Fighters လေယာဉ်တွေ တက်လာပြီး လေယာဉ်နောက်က လိုက်ကာ တူနီးရှားလေဆိပ် Tunis မှာ ဆင်းဖို့ကို တားမြစ်ခဲ့သလို အေသင် လေဆိပ်မှာ ဆင်းဖို့ကိုလည်း ငြင်းဆန်ခဲ့ပါတယ်။

Fighter လေယာဉ်တွေဟာ အကြမ်းဖက်သမားတွေကို တင်လာတဲ့ လေယာဉ်ကို ခြံရံပြီး ခေါ်လာကာ အီတလီနိုင်ငံ၊ စစ္စလီကျွန်းမှာရှိတဲ့ NATO လေတပ်အခြေစိုက်စခန်းကို ဆင်းဖို့ အမိန့်ပေးခဲ့ပါတယ်။ ညနေ ၆း၄၅ မိနစ်လောက်မှာမှ ကွင်းဆင်းနိုင်ခဲ့ပြီး အပိုင်စီးတဲ့ အကြမ်းဖက်သမားတွေလည်း အဖမ်းခံခဲ့ရပါတယ်။

ဒီအမှုကို စစ်ဆေးတညေ်ဆာက်ပြီးတဲ့ ၁၉၈၆ ခုနှစ် ဇူလိုင် ၁၀ ရက်နေ့မှာတော့ အီတလီတရားရုံးကနေ အကြမ်းဖက်သမား ၃ ယောက်ကို ထောင်ဒဏ် ၁၅ နှစ်နေ ၃၀ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခဲ့ပြီး Mohammed Abbas နဲ့ တခြား ၃ ယောက်ကိုလည်း နောက်ကွယ်ကနေ ကြိုးကိုင်ကြံစည်မှုအတွက် ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခဲ့ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ဒီနေ့ဟာ အပျော်စီးသင်္ဘောကြီးကို အပိုင်စီး၊ လူတစ်ယောက်ကို သတ်ပစ်ခဲ့တဲ့ အကြမ်းဖက်သမားတွေကို ဝေဟင်ကနေ တားမြစ်ဖမ်းဆီးနိုင်ခဲ့တဲ့ ၃၃ နှစ်မြောက်နေ့ပဲ ဖြစ်ပါတော့တယ်။

Yoe Lu (Akhayar)

www.akhayar.com

Source : www.history.com