[Zawgyi]

Chromebook ေတြက တျဖည္းျဖည္း Windows Laptop ေတြနဲ႔ Android Tablet ေတြၾကားမွာ ေနရာယူလာပါၿပီ။ ေစ်းသက္သာတဲ့ Chromebook ေတြရွိသလို Windows Laptop ေတြထက္ေစ်းႀကီးတဲ့ Chromebook ေတြလည္းရွိပါေသးတယ္။ Chromebook ေတြကေတာ့ ေက်ာင္းသား၊ စီးပြားေရးလုပ္ငန္းရွင္အခ်ိဳ႕နဲ႔ ႐ံုးဝန္ထမ္းေတြ ၾကားမွာအသံုးမ်ားပါတယ္။ အၿမဲလိုလို Internet ရွိဖို႔လိုအပ္တာေၾကာင့္ အိမ္၊ ေက်ာင္းနဲ႔ ႐ံုးေတြမွာပဲ ပိုအသံုးမ်ားတာပဲျဖစ္ပါတယ္။ 

Acer Chromebook 13 Spin

Chromebook ထုတ္လုပ္တဲ့ ကုမၸဏီေတြအမ်ားႀကီးထဲကမွာ Acer ကတစ္ခုအပါအဝင္ပါ။ Acer ရဲ႕ေနာက္ဆံုးထုတ္ Chromebook ေတြကေတာ့ Chromebook 13 နဲ႔ Chromebook 13 Spin ေတြပဲျဖစ္ပါတယ္။ Chromebook 13 ကေတာ့ Laptop တစ္လံုးလိုမ်ိဳးသာမန္ Chromebook တစ္လံုးျဖစ္ၿပီးေတာ့ Chromebook 13 Spin ကေတာ့ Laptop ဒါမွမဟုတ္ Tablet လို ႏွစ္မ်ိဳးသံုးလို႔ရတဲ့ 2 In 1 Chromebook ပါ။  

3:2 Ratio Display ကိုအသံုးျပဳေပးထားပါတယ္။ 2256 x 1504 Resolution ရွိတာေၾကာင့္ အျခား တန္ဖိုးႀကီး Laptop ေတြလို Display အရည္အေသြးကိုရႏိုင္ပါတယ္။ Spin ကေတာ့ 2 In 1 ျဖစ္တာေၾကာင့္ Tablet လိုအသံုးျပဳတဲ့အခ်ိန္မွာ Touch Screen အသံုးျပဳႏိုင္ပါတယ္။ USB 3.1 Type C အေပါက္ေတြလည္း ပါဝင္တာေၾကာင့္ Laptop တစ္လံုးလို အသံုးျပဳတဲ့အခါ Data အေရႊ႕အေျပာင္းအတြက္ အဆင္ေျပေျပနဲ႔သံုးႏိုင္မွာပါ။ Intel ရဲ႕ 8th Generation Core i3 Processor ေတြကိုအသံုးျပေပးထားတာေၾကာင့္ Chromebook တစ္လံုးအေနနဲ႔ေတာ္ေတာ္ေလးေကာင္းတယ္လို႔ေျပာလို႔ရပါတယ္။ 

Acer Chromebook 13

Spin မွာေနာက္ထပ္တစ္ခုပါလာတာကေတာ့ Wacom Stylus ပါ။ ႐ံုးသံုး၊ ေက်ာင္းသံုးအတြက္ ရည္ရြယ္ထားတာေၾကာင့္ Stylus ကို Tablet Mode မွာအသံုးျပဳႏိုင္ေအာင္ တစ္ခါတည္းထည့္ေပးထားတာပဲျဖစ္ပါတယ္။ Acer ရဲ႕ Chromebook 13 ေတြကိုေတာ့ Aluminum Body နဲ႔တည္ေဆာက္ေပးထားတာျဖစ္လိုတျခား Plastic Laptop ေတြထက္ေတာ့ အျမင္ပိုင္းအရေရာ အၾကမ္းခံမႈအပိုင္းမွာပါ ပိုသာပါတယ္။ Google ရဲ႕ Chrome OS က Android Tablet ေတြကို Chromebook ေတြနဲ႔အစားထုိးဖို႔အထိ ရည္႐ြယ္ထားတာေၾကာင့္ Chromebook ေတြေပၚမွာ Google Plays ကိုလည္း အသံုးျပဳႏိုင္ေအာင္ လုပ္ေပးထားပါတယ္။ Acer ရဲ႕ Chromebook အသစ္ေတြကိုေရာင္းခ်မယ့္ေစ်းကိုေတာ့ ေျပာၾကားထားခ်င္းမရွိေသးပါဘူး။ 

Ref: Acer

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ရုံးသုံး Chromebook အသစ်တွေကိုထုတ်ပြလိုက်တဲ့ Acer

Chromebook တွေက တဖြည်းဖြည်း Windows Laptop တွေနဲ့ Android Tablet တွေကြားမှာ နေရာယူလာပါပြီ။ ဈေးသက်သာတဲ့ Chromebook တွေရှိသလို Windows Laptop တွေထက်ဈေးကြီးတဲ့ Chromebook တွေလည်းရှိပါသေးတယ်။ Chromebook တွေကတော့ ကျောင်းသား၊ စီးပွားရေးလုပ်ငန်းရှင်အချို့နဲ့ ရုံးဝန်ထမ်းတွေ ကြားမှာအသုံးများပါတယ်။ အမြဲလိုလို Internet ရှိဖို့လိုအပ်တာကြောင့် အိမ်၊ ကျောင်းနဲ့ ရုံးတွေမှာပဲ ပိုအသုံးများတာပဲဖြစ်ပါတယ်။ 

Acer Chromebook 13 Spin

Chromebook ထုတ်လုပ်တဲ့ ကုမ္ပဏီတွေအများကြီးထဲကမှာ Acer ကတစ်ခုအပါအဝင်ပါ။ Acer ရဲ့နောက်ဆုံးထုတ် Chromebook တွေကတော့ Chromebook 13 နဲ့ Chromebook 13 Spin တွေပဲဖြစ်ပါတယ်။ Chromebook 13 ကတော့ Laptop တစ်လုံးလိုမျိုးသာမန် Chromebook တစ်လုံးဖြစ်ပြီးတော့ Chromebook 13 Spin ကတော့ Laptop ဒါမှမဟုတ် Tablet လို နှစ်မျိုးသုံးလို့ရတဲ့ 2 In 1 Chromebook ပါ။  

3:2 Ratio Display ကိုအသုံးပြုပေးထားပါတယ်။ 2256 x 1504 Resolution ရှိတာကြောင့် အခြား တန်ဖိုးကြီး Laptop တွေလို Display အရည်အသွေးကိုရနိုင်ပါတယ်။ Spin ကတော့ 2 In 1 ဖြစ်တာကြောင့် Tablet လိုအသုံးပြုတဲ့အချိန်မှာ Touch Screen အသုံးပြုနိုင်ပါတယ်။ USB 3.1 Type C အပေါက်တွေလည်း ပါဝင်တာကြောင့် Laptop တစ်လုံးလို အသုံးပြုတဲ့အခါ Data အရွှေ့အပြောင်းအတွက် အဆင်ပြေပြေနဲ့သုံးနိုင်မှာပါ။ Intel ရဲ့ 8th Generation Core i3 Processor တွေကိုအသုံးပြပေးထားတာကြောင့် Chromebook တစ်လုံးအနေနဲ့တော်တော်လေးကောင်းတယ်လို့ပြောလို့ရပါတယ်။ 

Acer Chromebook 13

Spin မှာနောက်ထပ်တစ်ခုပါလာတာကတော့ Wacom Stylus ပါ။ ရုံးသုံး၊ ကျောင်းသုံးအတွက် ရည်ရွယ်ထားတာကြောင့် Stylus ကို Tablet Mode မှာအသုံးပြုနိုင်အောင် တစ်ခါတည်းထည့်ပေးထားတာပဲဖြစ်ပါတယ်။ Acer ရဲ့ Chromebook 13 တွေကိုတော့ Aluminum Body နဲ့တည်ဆောက်ပေးထားတာဖြစ်လိုတခြား Plastic Laptop တွေထက်တော့ အမြင်ပိုင်းအရရော အကြမ်းခံမှုအပိုင်းမှာပါ ပိုသာပါတယ်။ Google ရဲ့ Chrome OS က Android Tablet တွေကို Chromebook တွေနဲ့အစားထိုးဖို့အထိ ရည်ရွယ်ထားတာကြောင့် Chromebook တွေပေါ်မှာ Google Plays ကိုလည်း အသုံးပြုနိုင်အောင် လုပ်ပေးထားပါတယ်။ Acer ရဲ့ Chromebook အသစ်တွေကိုရောင်းချမယ့်ဈေးကိုတော့ ပြောကြားထားချင်းမရှိသေးပါဘူး။

Ref: Acer

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။