[Zawgyi]








Ref;AndroidPit

Phone Hay Ko (Akhayar)

www.akhayar.com

[Unicode]

Google ကရွေးထုတ်ပေးထားတဲ့ အကောင်းဆုံး Game နဲ့ App များ

Play Store အသုံးပြုသူတွေအနေနဲ့ မရေတွက်နိုင်တဲ့ Game တွေ App တွေကို ဘယ် App ကအကောင်းဆုံးလဲဆိုပြီးလိုက်ရှာလို့အဆင်မပြေပါဘူး။
Game ပဲဖြစ်ဖြစ် App တွေပဲဖြစ်ဖြစ် ဆင်တူရိုးမှားတွေအများကြီးရှိနေပြီး အကောင်းဆုံးဖြစ်မယ့် App ကိုတော့ တစ်ခုချင်းစီအချိန်ပေးသုံးပြီးရှာမှတွေ့နိုင်ပါလိမ့်မယ်။
ဒီလိုအခက်အခဲတွေကိုအဆင်ပြေဖို့အတွက် Excellence Applications ဆိုတဲ့ ကဏ္ဍတစ်ခုကိုထပ်မံတိုးချဲ့ခဲ့ပြီး အဆိုပါ ကဏ္ဍမှတစ်ဆင့် နှစ်တစ်နှစ်ချင်းစီရဲ့ ရာသီအလိုက် အကောင်းဆုံး Game နဲ့ App တွေကိုစိစစ်ဖော်ပြပေးမှာဖြစ်ပါတယ်။

According to Google, these are the best apps

ဒီအစီအစဉ်ကို မနှစ်ကစတင်ခဲ့တာဖြစ်ပြီး Google ကပေးတဲ့ဆုတွေဖြစ်တဲ့ User Rating/Review များပြီး အရည်အသွေးကောင်းမွန်တဲ့ App တွေ၊ User Experience အကောင်းဆုံး App တွေနဲ့ နည်းပညာပံ့ပိုးမှုဆိုင်ရာ အကောင်းဆုံး App တွေပါဝင်ပါတယ်။

အကောင်းဆုံး Game နဲ့ App တွေကို Software Program အတိုင်းရွေးချယ်တာမျိုးမဟုတ်ပဲ Google ရဲ့ Editor တွေကိုယ်တိုင် စိစစ်ရွေးချယ်တာကြောင့် တစ်ကယ်စစ်မှန်တဲ့ ကောင်းတဲ့ App တွေကိုရရှိစေပါတယ်။ ၂၀၁၈ ခုနှစ်ရဲ့ နွေဦးကာလအတွက် အကောင်းဆုံး Game နဲ့ App တွေကိုတော့ အောက်ပါအတိုင်းတွေ့မြင်ရမှာဖြစ်ပါတယ်။

Android Excellence Spring 2018 apps

Android Excellence Spring 2018 games

Ref;AndroidPit

Phone Hay Ko (Akhayar)

www.akhayar.com