[ZawGyi]

အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးၫႊန္ၾကားေရးမႈးခ်ဳပ္ အဂတိလိုက္စားမႈျဖင့္အေရးယူခံရ

ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ကေတာ့ အစိုးရအသစ္တက္ၿပီးၿပီးခ်င္း ဌာနအခ်င္းခ်င္း စြမ္းစြမ္းတမံ အမႈဖြင့္အေရးယူေဆာင္ရြက္လိုက္တဲ့ အေရးယူမႈေတြေပၚေပါက္လာပါၿပီ။

ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ရဲ႕ တရားဝင္ Facebook စာမ်က္ႏွာျဖစ္တဲ့ ACC Myanmar Page မွာ လြန္ခဲ့တဲ့ ၂နာရီခန္႔က ထုတ္ျပန္လိုက္တဲ့ သတင္းျဖစ္ၿပီး အမႈဖြင့္ၿပီး အေရးယူခံရသူမွာ အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာနမွ ၫႊန္ၾကားေရးမႈးခ်ဳပ္ျဖစ္ေနတာျဖစ္ပါတယ္။

က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာနလက္ေအာက္ရွိ စီမံကိန္း မ်ားႏွင့္ ပတ္သက္ၿပီး အေဆာက္အဦမ်ား အရည္အေသြးျပည့္မီမႈမရွိျခင္း၊ ဌာန အႀကီးအကဲအခ်ဳိ႕၏ ျပည္သူ႕ဘ႑ာမ်ားအေပၚ ကိုယ္က်ိဳးသံုးစြဲေနျခင္းမ်ားကို ေဖာ္ထုတ္စစ္ေဆးေပးပါရန္ တုိင္ၾကားလာမႈအေပၚ အဂတိလိုက္စားမႈေကာ္မရွင္က စစ္ေဆးလိုက္တဲ့အခါ အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာနရဲ႕ ၫႊန္ၾကားေရးမႈးခ်ဳပ္ ေဒါက္တာသန္းထြဋ္ ဟာ လုပ္ပိုင္ခြင့္အာဏာေတြကို အသံုးျပဳၿပီး အေဆာက္အဦေဆာက္ရန္ တင္ဒါေအာင္တဲ့ကုမၸဏီထံမွ က်ပ္သိန္းေထာင့္ငါးရာေက်ာ္ဖိုးကို သူပိုင္ဆိုင္တဲ့ ေျမကြက္ေပၚမွာရွိတဲ့ အိမ္မ်ား ျပဳျပင္တည္ေဆာက္ အလွဆင္ရန္ ေတာင္းခံရရွိခဲ့တယ္လို႔ ဆိုထားပါတယ္။ ဒါ့ေၾကာင့္ ၂၀.၄.၂၀၁၈ ယေန႔မွာ ေနျပည္ေတာ္မွာရွိတဲ့ ဇမၺဴသီ႐ိျမိဳ႕နယ္ရဲစခန္းမွာ သတင္းေပးတိုင္ခ်က္ဖြင့္ခဲ့တာျဖစ္ပါတယ္။

ဒီလို အစိုးရဌာနအခ်င္းခ်င္း ဘက္မလိုက္ဘဲ အေရးယူမႈေတြဟာ အခုလို အစိုးရသစ္တက္တဲ့ကာလမွာ ဦးဦးဖ်ားဖ်ားၾကားရတာျဖစ္လာၿပီး ပိုမိုပြင့္လင္းျမင္သာတဲ့ အစိုးရအျဖစ္၊ ဘက္မလိုက္ေရးကိုပါ အဓိကဦးတည္ေဆာင္ရြက္လာေၾကာင္း အျပဳသေဘာေဆာင္တဲ့ ေဝဖန္ခ်က္ေတြပါေတြ႕ရွိလာရပါၿပီ။

အစိုးရသစ္တစ္ရပ္အေနနဲ႔လည္း ႏွစ္ဆန္းတစ္ရက္ေန႔ကာလမွာ အက်ဥ္းေထာင္အတြင္းမွ အက်ဥ္းသားမ်ားကို လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးၿပီးေနာက္ပိုင္း သိသာထင္ရွားတဲ့ အေရြ႕မ်ား၊ အေျပာင္းအလဲမ်ား ဆက္တိုက္ေဖာ္ေဆာင္ေနတာျမင္လာရပါၿပီ။

ဒီျဖစ္စဥ္ရဲ႕ သတင္းရင္းျမစ္ကို ACC Myanmar Page မွာ ဝင္ေရာက္ေလ့လာႏိုင္ပါတယ္။

EiEiKhineMinn ( Akhayar )

[Unicode]

  အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးညွှန်ကြားရေးမှုးချုပ် အဂတိလိုက်စားမှုဖြင့်အရေးယူခံရ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကတော့ အစိုးရအသစ်တက်ပြီးပြီးချင်း ဌာနအချင်းချင်း စွမ်းစွမ်းတမံ အမှုဖွင့်အရေးယူဆောင်ရွက်လိုက်တဲ့ အရေးယူမှုတွေပေါ်ပေါက်လာပါပြီ။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ တရားဝင် Facebook စာမျက်နှာဖြစ်တဲ့ ACC Myanmar Page မှာ လွန်ခဲ့တဲ့ ၂နာရီခန့်က ထုတ်ပြန်လိုက်တဲ့ သတင်းဖြစ်ပြီး အမှုဖွင့်ပြီး အရေးယူခံရသူမှာ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှုးချုပ်ဖြစ်နေတာဖြစ်ပါတယ်။


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနလက်အောက်ရှိ စီမံကိန်း များနှင့် ပတ်သက်ပြီး အဆောက်အဦများ အရည်အသွေးပြည့်မီမှုမရှိခြင်း၊ ဌာန အကြီးအကဲအချို့၏ ပြည်သူ့ဘဏ္ဍာများအပေါ် ကိုယ်ကျိုးသုံးစွဲနေခြင်းများကို ဖော်ထုတ်စစ်ဆေးပေးပါရန် တိုင်ကြားလာမှုအပေါ် အဂတိလိုက်စားမှုကော်မရှင်က စစ်ဆေးလိုက်တဲ့အခါ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရဲ့ ညွှန်ကြားရေးမှုးချုပ် ဒေါက်တာသန်းထွဋ် ဟာ လုပ်ပိုင်ခွင့်အာဏာတွေကို အသုံးပြုပြီး အဆောက်အဦဆောက်ရန် တင်ဒါအောင်တဲ့ကုမ္ပဏီထံမှ ကျပ်သိန်းထောင့်ငါးရာကျော်ဖိုးကို သူပိုင်ဆိုင်တဲ့ မြေကွက်ပေါ်မှာရှိတဲ့ အိမ်များ ပြုပြင်တည်ဆောက် အလှဆင်ရန် တောင်းခံရရှိခဲ့တယ်လို့ ဆိုထားပါတယ်။ ဒါ့ကြောင့် ၂၀.၄.၂၀၁၈ ယနေ့မှာ နေပြည်တော်မှာရှိတဲ့ ဇမ္ဗူသီရိမြို့နယ်ရဲစခန်းမှာ သတင်းပေးတိုင်ချက်ဖွင့်ခဲ့တာဖြစ်ပါတယ်။

ဒီလို အစိုးရဌာနအချင်းချင်း ဘက်မလိုက်ဘဲ အရေးယူမှုတွေဟာ အခုလို အစိုးရသစ်တက်တဲ့ကာလမှာ ဦးဦးဖျားဖျားကြားရတာဖြစ်လာပြီး ပိုမိုပွင့်လင်းမြင်သာတဲ့ အစိုးရအဖြစ်၊ ဘက်မလိုက်ရေးကိုပါ အဓိကဦးတည်ဆောင်ရွက်လာကြောင်း အပြုသဘောဆောင်တဲ့ ဝေဖန်ချက်တွေပါတွေ့ရှိလာရပါပြီ။

အစိုးရသစ်တစ်ရပ်အနေနဲ့လည်း နှစ်ဆန်းတစ်ရက်နေ့ကာလမှာ အကျဉ်းထောင်အတွင်းမှ အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီးနောက်ပိုင်း သိသာထင်ရှားတဲ့ အရွေ့များ၊ အပြောင်းအလဲများ ဆက်တိုက်ဖော်ဆောင်နေတာမြင်လာရပါပြီ။

ဒီဖြစ်စဉ်ရဲ့ သတင်းရင်းမြစ်ကို ACC Myanmar Page မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

EiEiKhineMinn ( Akhayar )