[ZawGyi]

 ေႏြဦးရာသီရဲ႕ ဧည့္ရိပ္ျမံဳေလး (သို႔) Acacia Tea Salon

“ေႏြေရာက္ၿပီေလ…႐ိုးတံက်ဲက်ဲ ပင္အိုတို႔အလွခ်င္းလည္းၿပိဳင္ ေလ႐ူးေလးအေဝွ႕…ရြက္ဝါေတြလိပ္ျပာေတြရယ္…အကခ်င္းၿပိဳင္ေနသလိုပင္” တဲ့။ ဆြတ္ပ်ံ႕လြမ္းေမာစရာ ေႏြရာသီကို သီခ်င္းေလးေတြနဲ႔ပံုေဖာ္ထားတဲ့ ေတးသံေလးေတြကို ဟိုတစဒီတစ ၾကားလာရၿပီေနာ္။ ရြက္ေဟာင္းေတြေႂကြ၊ ပင္ေျခာက္ေတြေဝနဲ႔ အရာရာဟာ လြမ္းစရာ၊ Feel စရာမေကာင္းလွေပဘူးလား ေဘာ္ေဘာ္တို႔ေရ။ ဒါဆိုရင္ေတာ့ ေႏြရဲ႕အရသာ၊ Mood ကို အျပည့္အဝခံစားဖို႔ ေအးေအးခ်မ္းခ်မ္း ေမ်ာဖို႔ ေႂကြေလာက္စရာ ေႏြဦးကမ႓ာေလးတစ္ခုေတာ့ လိုလာၿပီမလား။

ေအးေအးေဆးေဆး အနားယူမယ္။ ကိတ္ေလးေတြ၊ Drinks ေလးေတြ၊ Coffee ေလးနဲ႔ စာအုပ္ေလးဖတ္ရင္း ဒီေႏြေနအပူႀကီးကေန ခနေျပးထြက္ၿပီး စိတ္ကူးယဥ္ကမ႓ာထဲ စီးေမ်ာဖို႔ဆို ရန္ကုန္ၿမိဳ႕ထဲမွာ အလွဆံုးရိပ္ျမံဳေလးတစ္ခုရွိတာ သိၾကရဲ႕လား။ ပူေလာင္အိုက္စက္မႈတို႔နဲ႔ ေဝးရာ ဒီကမ႓ာေလးကေတာ့ ဒီေႏြအတြက္ နားခိုလို႔ေကာင္းမယ့္ Tea Salon ေလး တစ္ခုပါ။ ကဲ…ဖန္အေဆာက္အဦးလွလွေလး၊ ျခံဝန္းေလး၊ ခ်စ္စရာအခန္းငယ္ေလးေတြရွိတဲ့ အျပင္အဆင္နဲ႔တင္ ေႂကြသြားေလာက္မယ့္ဆိုင္ဆိုတာနဲ႔ ရိပ္မိၾကၿပီမလား? ဒါဆိုရင္ေတာ့ အခရာနဲ႔တူတူ Acacia Tea Salon ေလးကို သြားလည္လိုက္ၾကရေအာင္။

ေနရာက ေဝးသီေခါင္ဖ်ား သြားလာရခက္တဲ့ထဲမပါဘူးေနာ္။ ဗဟန္းၿမိဳ႕နယ္၊ ဆရာစံလမ္းေပၚတင္ရွိတာဆိုေတာ့ သြားရလာရမခက္ခဲဘူး။ ေနာက္ သူက ျခံဝန္းေလးနဲ႔ က်ယ္က်ယ္ျပန္႔ျပန္႔ဆိုေတာ့ ကားရပ္ရလည္း အဆင္ေျပတယ္။ ဝင္ဝင္ျခင္းဆိုသလိုပဲ အိုေအစစ္ေလးတစ္ခုကို ေရာက္သြားသလို အရာရာ စိမ္းစိုလို႔။ သူက Main အေဆာက္အဦးရယ္၊ မွန္အိမ္ေလးရယ္၊ အျပင္ျခံဝန္းထဲက ေနရာေလးေတြရယ္ ၃,၄ ေနရာေလာက္ရွိေတာ့ သာယာေနတာေတာ့အမွန္ပဲ။

ေတြ႕ေတြ႕ခ်င္း အဲ့မွန္အေဆာက္အဦေလးက ဖမ္းစားလြန္းေတာ့ ဒါမ်ိဳးဆို လက္မေႏွး အစားအေသာက္ေလး မွာရင္း ဓါတ္ဖမ္းၾကမေဟးဆိုၿပီး ေပ်ာ္ေပ်ာ္ႀကီး ဝင္သြားလိုက္မွ အားပါးပါး ဝင္လိုက္တာနဲ႔ ကိတ္နံ႔၊ မုန္႔နံ့ေလးေတြကေမႊး၊ Air-con ေလးကေအးနဲ႔ ဇိမ္က်လိုက္တာဆိုတာ။ အဲ့မွန္အိမ္ေလးထဲမွာရယ္၊ မွန္အိမ္ေလးအျပင္ေရွ႕မွာေရာ၊ ေဘးျခံဝန္းထဲမွာေရာ ခံုေလးေတြအစီရီခင္းထားတယ္။ အဓိကက မုန္႔ေတြဖုတ္တယ္။ Take Away အတြက္ အဓိက ေရာင္းတယ္။

မုန္႔ေတြထားတဲ့ မွန္ခန္းေလးထဲမွာေတာ့ Egg tart ေတြ၊ Puff ေတြ၊ Cake ေတြ၊ စားခ်င္စရာအခ်ိဳပြဲေလးေတြက သေရက်စရာ အနံ႔နဲ႔တင္ဆြဲေဆာင္လြန္းေနေတာ့ ဘာရမလဲ Cheese ေတြ Bacon ေတြနဲ႔ ဖုတ္ထားတဲ့ Leek and Bacon Tart အကိတ္ႀကီးရယ္၊ Ham Cheese Danish ေလးရယ္ မွာခ်လိုက္တယ္ကြာ။ ေစ်းႏႈန္းေလးေတြက ၁၀၀၀, ၂၀၀၀, ၃၀၀၀ ဝန္းက်င္ေလးေတြပါပဲ။

ပူတာအိုက္တာကတမ်ိဳးဆိုေတာ့ ေရခဲမုန္႔ေအးေအးေမႊးေမႊးေလးကလည္း စားခ်င္ေသးတယ္ေလ။ ဆိုေတာ့ကာ Chocolate ရယ္၊Green Tea ေလးရယ္ မွာခဲ့လိုက္ပါေလေရာ။ Green Tea ေလးက သူ႔ဆိုင္ရဲ႕ အမွာမ်ားၾကတဲ့ Special Item တဲ့။ သူကေတာ့ တစ္ပြဲကို ၃၅၀၀ ပါတဲ့။

မွာတာေလးေတြ လာမခ်ခင္ ေနရာေလးကို အလွဆံုးခံုလွလွေလးေရြးယူ၊ သူငယ္ခ်င္းနဲ႔ တစ္လွည့္စီဓါတ္ဖမ္းရင္း ေစာင့္ အဆင္ကိုေျပေနေရာ။ ခနေနေရာ ေရာက္လာပါၿပီဗ်ား။ Cheese နံ႔ ၾကက္ဥနံ႔ေလးသင္းေနတဲ့ Tart ေလး စားပြဲေပၚေရာက္တာနဲ႔ ဓါတ္ပံု႐ိုက္ၿပီး မေနႏိုင္ေတာ့လို႔ တန္းကို တစ္ဇြန္းျမည္းလိုက္တာ။

ၾကက္ဥသားေလးအိစက္ၿပီး Cheese အရသာ ငန္က်ိက်ိေလး ဒီၾကားထဲ Bacon အသားလႊာေတြနဲ႔ဆိုေတာ့ အဲ့ ၃ ခုေပါင္းထားတဲ့အရသာကို ေတြးသာေတြးၾကည့္ပါေတာ့။ ေျပာရင္းကို ျပန္စားခ်င္တယ္။ Egg Tart ႀကီးကအႀကီးႀကီး။ တစ္ခုလံုးစားၿပီးရင္ေတာ့ အီဆိမ့္ဖို႔သာျပင္ေပေတာ့ပဲ။

ေနာက္ထပ္ Ham Cheese Danish ေလးက အဆိမ့္နဲ႔ အေလးဓါတ္ေလးပဲ။ သူကေတာ့ အဆာေျပစာေလးေပါ့။ အရသာကေတာ့ မုန္႔သားရဲ႕ လတ္ဆတ္မႈက ေမႊးေနေရာ။ သူဆို ၁၀၀၀ ပါတဲ့။

ေရခဲမုန္႔ေလးေတြက အေရာင္ေလးေရာ၊ အျပင္ဆင္ေလးေရာ လွမွလွ အဲ့အျပင္ ကိုယ္ေႂကြမိတာက တစ္ပြဲမွာ 2 Scoop ေတာင္ထည့္ေပးထားေတာ့ အဝစားပဲ။ ၃၅၀၀ ဆိုတာေတာ့ ေစ်းမႀကီးဘူးေလေနာ့။

ေခ်ာကလက္ေလးက ခါးသက္သက္ခ်ိဳျမျမေလး၊ ေခ်ာကလက္ရည္ေလးဆမ္းထားတဲ့အတိုင္းပဲ။ Green Tea ေလးဆိုလည္း လက္ဖက္စိမ္းနံ႔ေလးေတြသင္းလို႔ ေမႊးေနေရာ။ သူက အဆိမ့္ဘက္မသြားဘဲ အခ်ိဳေတာ့ ပိုကဲတယ္။ အခ်ိဳေလး ေလွ်ာ့ၿပီး ႏို႔ပိုသံုးရင္ပိုေျပမလားပဲ။ ေရခဲမုန္႔ ၂ခုလံုးပံုမွန္အရသာေတြပါပဲ။ ထင္သေလာက္ႀကီးေတာ့ အားမရဘူး။

အျပင္မွာစားေသာက္ၿပီးေတာ့ ဆိုင္ရဲ႕ ပင္မေဆာင္ထဲဝင္ေမႊလိုက္တာ ေရာင္စံုခ်စ္စရာ ကိတ္ေလးေတြ၊ အခ်ိဳပြဲ ကိတ္ေျခာက္၊ မုန္႔အစံုလင္ရယ္၊ သူ႔ဆီကကိုယ္တိုင္လုပ္တဲ့ သၾကားလံုး၊ ေခ်ာကလက္ေလးေတြပါေတြ႕ရတယ္။ ေတာ္ေတာ္စံုပါတယ္။ ေစ်းႏႈန္းအေနနဲ႔လည္း ခန္႔မွန္းထားသေလာက္ မႀကီးတာေတြ႕ရတယ္။ ကိတ္ တစိတ္ကို ၄၅၀၀,၅၀၀၀ ဝန္းက်င္ပါ။ ေမြးေန႔ကိတ္ေလးေတြလည္း လွမွလွ။ သူအဓိက ဖမ္းစားတာက ထုပ္ပိုးမႈလွလွႏုႏုေလးေတြနဲ႔ပါ။

ဒီဆိုင္က ေစ်းႀကီးတယ္လို႔နာမည္ႀကီးေပမယ့္ တခ်ိဳ႕မုန္႔ေတြ ေတာ္ေတာ္မ်ားမ်ားက ပံုမွန္ ေကာ္ဖီဆိုင္ကေစ်းႏႈန္းေလးေတြေလာက္ပဲမို႔ စားလို႔ေသာက္လို႔ရပါေသးတယ္။

အဓိက ဆြဲေဆာင္ေနတာကေတာ့ အျဖဴေရာင္၊ ပန္းေရာင္နဲ႔ Fairy Tale ဆန္ဆန္ အတြင္းဘက္က ဂႏၶဝင္ဆန္တဲ့စားပြဲေလးေတြ၊ ထိုင္ခံုေလးေတြနဲ႔၊ အခန္းအလွဆင္ယင္ထားတဲ့ပံုေလးေတြပါပဲ။ ေကာင္မေလးေတြဆိုရင္ေတာ့ျဖင့္ လာၿပီးမျပန္ခ်င္ေတာ့ေလာက္ေအာင္ျဖစ္မွာအေသခ်ာပဲ။ ေအးေအးၿငိမ့္ၿငိမ့္ေလးနဲ႔ ဒီရာသီအတြက္ အနားယူလို႔လည္း ေကာင္းတယ္။ ဆိုင္ေလးကလည္း လွလြန္းတာကိုး။

ဝန္ထမ္းေတြ Service ပံုမွန္ပါပဲ။ ေစ်းေလးေတြလည္း ဒိထက္ပိုေလွ်ာ့ေပးရင္ ေပ်ာ္မိမွာ။ တခ်ိဳ႕ဟာေတြေတာ့ ေစ်းတအားမ်ားတယ္။ အရသာအတြက္ေတာ့ ႀကိဳက္တာေရာ၊ မႀကိဳက္တာေရာ ရွိေပမယ့္ သန္႔ရွင္းမႈအတြက္ေတာ့ လံုးဝအျပည့္ေပးပါတယ္။

မယံုမရွိနဲ႔ေနာ္။ အခရာက မိန္းကေလးေတြေတာင္ ပံုေတြတဝႀကီး ဓါတ္ဖမ္းခဲ့တာဆိုေတာ့ ကိုယ္ေတြလို ဓါတ္ပံုသရဲေတြအတြက္ေရာ၊ ေႏြအပူဒဏ္ခနေလးေရွာင္ခ်င္သူ မိဘျပည္သူေတြအတြက္ေရာ ေန႔ခင္းေန႔လည္ ထမင္းစားၿပီးခ်ိန္ေလး အခ်ိဳတည္းဖို႔၊ ညေန အျပန္ ဒိတ္လုပ္ဖို႔ အခရာအေနနဲ႔ အၾကံေပးလိုက္ၿပီဗ်ိဳ႕။ ဖြင့္ခ်ိန္ မနက္ ၈ နာရီကေန ည ၁၀ နာရီထိတဲ့ေနာ္။ လိပ္စာအေပၚဆံုးမွာ ဦးဦးဖ်ားဖ်ား သတင္းပါးၿပီးသားေနာ္။ သြားၿပီးရင္လည္း ဘာေလးႀကိဳက္ခဲ့လဲ ျပန္မွ်ေဝေပးဦးေနာ္။

EiEiKhineMinn ( Akhayar )

[Unicode]

 နွေဦးရာသီရဲ့ ဧည့်ရိပ်မြုံလေး (သို့) Acacia Tea Salon

“နွေရောက်ပြီလေ…ရိုးတံကျဲကျဲ ပင်အိုတို့အလှချင်းလည်းပြိုင် လေရူးလေးအဝှေ့…ရွက်ဝါတွေလိပ်ပြာတွေရယ်…အကချင်းပြိုင်နေသလိုပင်” တဲ့။ ဆွတ်ပျံ့လွမ်းမောစရာ နွေရာသီကို သီချင်းလေးတွေနဲ့ပုံဖော်ထားတဲ့ တေးသံလေးတွေကို ဟိုတစဒီတစ ကြားလာရပြီနော်။ ရွက်ဟောင်းတွေကြွေ၊ ပင်ခြောက်တွေဝေနဲ့ အရာရာဟာ လွမ်းစရာ၊ Feel စရာမကောင်းလှပေဘူးလား ဘော်ဘော်တို့ရေ။ ဒါဆိုရင်တော့ နွေရဲ့အရသာ၊ Mood ကို အပြည့်အဝခံစားဖို့ အေးအေးချမ်းချမ်း မျောဖို့ ကြွေလောက်စရာ နွေဦးကမ္ဘာလေးတစ်ခုတော့ လိုလာပြီမလား။

အေးအေးဆေးဆေး အနားယူမယ်။ ကိတ်လေးတွေ၊ Drinks လေးတွေ၊ Coffee လေးနဲ့ စာအုပ်လေးဖတ်ရင်း ဒီနွေနေအပူကြီးကနေ ခနပြေးထွက်ပြီး စိတ်ကူးယဉ်ကမ္ဘာထဲ စီးမျောဖို့ဆို ရန်ကုန်မြို့ထဲမှာ အလှဆုံးရိပ်မြုံလေးတစ်ခုရှိတာ သိကြရဲ့လား။ ပူလောင်အိုက်စက်မှုတို့နဲ့ ဝေးရာ ဒီကမ္ဘာလေးကတော့ ဒီနွေအတွက် နားခိုလို့ကောင်းမယ့် Tea Salon လေး တစ်ခုပါ။ ကဲ…ဖန်အဆောက်အဦးလှလှလေး၊ ခြံဝန်းလေး၊ ချစ်စရာအခန်းငယ်လေးတွေရှိတဲ့ အပြင်အဆင်နဲ့တင် ကြွေသွားလောက်မယ့်ဆိုင်ဆိုတာနဲ့ ရိပ်မိကြပြီမလား? ဒါဆိုရင်တော့ အခရာနဲ့တူတူ Acacia Tea Salon လေးကို သွားလည်လိုက်ကြရအောင်။

နေရာက ဝေးသီခေါင်ဖျား သွားလာရခက်တဲ့ထဲမပါဘူးနော်။ ဗဟန်းမြို့နယ်၊ ဆရာစံလမ်းပေါ်တင်ရှိတာဆိုတော့ သွားရလာရမခက်ခဲဘူး။ နောက် သူက ခြံဝန်းလေးနဲ့ ကျယ်ကျယ်ပြန့်ပြန့်ဆိုတော့ ကားရပ်ရလည်း အဆင်ပြေတယ်။ ဝင်ဝင်ခြင်းဆိုသလိုပဲ အိုအေစစ်လေးတစ်ခုကို ရောက်သွားသလို အရာရာ စိမ်းစိုလို့။ သူက Main အဆောက်အဦးရယ်၊ မှန်အိမ်လေးရယ်၊ အပြင်ခြံဝန်းထဲက နေရာလေးတွေရယ် ၃,၄ နေရာလောက်ရှိတော့ သာယာနေတာတော့အမှန်ပဲ။

တွေ့တွေ့ချင်း အဲ့မှန်အဆောက်အဦလေးက ဖမ်းစားလွန်းတော့ ဒါမျိုးဆို လက်မနှေး အစားအသောက်လေး မှာရင်း ဓါတ်ဖမ်းကြမဟေးဆိုပြီး ပျော်ပျော်ကြီး ဝင်သွားလိုက်မှ အားပါးပါး ဝင်လိုက်တာနဲ့ ကိတ်နံ့၊ မုန့်နံ့လေးတွေကမွှေး၊ Air-con လေးကအေးနဲ့ ဇိမ်ကျလိုက်တာဆိုတာ။ အဲ့မှန်အိမ်လေးထဲမှာရယ်၊ မှန်အိမ်လေးအပြင်ရှေ့မှာရော၊ ဘေးခြံဝန်းထဲမှာရော ခုံလေးတွေအစီရီခင်းထားတယ်။ အဓိကက မုန့်တွေဖုတ်တယ်။ Take Away အတွက် အဓိက ရောင်းတယ်။

မုန့်တွေထားတဲ့ မှန်ခန်းလေးထဲမှာတော့ Egg tart တွေ၊ Puff တွေ၊ Cake တွေ၊ စားချင်စရာအချိုပွဲလေးတွေက သရေကျစရာ အနံ့နဲ့တင်ဆွဲဆောင်လွန်းနေတော့ ဘာရမလဲ Cheese တွေ Bacon တွေနဲ့ ဖုတ်ထားတဲ့ Leek and Bacon Tart အကိတ်ကြီးရယ်၊ Ham Cheese Danish လေးရယ် မှာချလိုက်တယ်ကွာ။ ဈေးနှုန်းလေးတွေက ၁၀၀၀, ၂၀၀၀, ၃၀၀၀ ဝန်းကျင်လေးတွေပါပဲ။

ပူတာအိုက်တာကတမျိုးဆိုတော့ ရေခဲမုန့်အေးအေးမွှေးမွှေးလေးကလည်း စားချင်သေးတယ်လေ။ ဆိုတော့ကာ Chocolate ရယ်၊Green Tea လေးရယ် မှာခဲ့လိုက်ပါလေရော။ Green Tea လေးက သူ့ဆိုင်ရဲ့ အမှာများကြတဲ့ Special Item တဲ့။ သူကတော့ တစ်ပွဲကို ၃၅၀၀ ပါတဲ့။

မှာတာလေးတွေ လာမချခင် နေရာလေးကို အလှဆုံးခုံလှလှလေးရွေးယူ၊ သူငယ်ချင်းနဲ့ တစ်လှည့်စီဓါတ်ဖမ်းရင်း စောင့် အဆင်ကိုပြေနေရော။ ခနနေရော ရောက်လာပါပြီဗျား။ Cheese နံ့ ကြက်ဥနံ့လေးသင်းနေတဲ့ Tart လေး စားပွဲပေါ်ရောက်တာနဲ့ ဓါတ်ပုံရိုက်ပြီး မနေနိုင်တော့လို့ တန်းကို တစ်ဇွန်းမြည်းလိုက်တာ။

ကြက်ဥသားလေးအိစက်ပြီး Cheese အရသာ ငန်ကျိကျိလေး ဒီကြားထဲ Bacon အသားလွှာတွေနဲ့ဆိုတော့ အဲ့ ၃ ခုပေါင်းထားတဲ့အရသာကို တွေးသာတွေးကြည့်ပါတော့။ ပြောရင်းကို ပြန်စားချင်တယ်။ Egg Tart ကြီးကအကြီးကြီး။ တစ်ခုလုံးစားပြီးရင်တော့ အီဆိမ့်ဖို့သာပြင်ပေတော့ပဲ။

နောက်ထပ် Ham Cheese Danish လေးက အဆိမ့်နဲ့ အလေးဓါတ်လေးပဲ။ သူကတော့ အဆာပြေစာလေးပေါ့။ အရသာကတော့ မုန့်သားရဲ့ လတ်ဆတ်မှုက မွှေးနေရော။ သူဆို ၁၀၀၀ ပါတဲ့။

ရေခဲမုန့်လေးတွေက အရောင်လေးရော၊ အပြင်ဆင်လေးရော လှမှလှ အဲ့အပြင် ကိုယ်ကြွေမိတာက တစ်ပွဲမှာ 2 Scoop တောင်ထည့်ပေးထားတော့ အဝစားပဲ။ ၃၅၀၀ ဆိုတာတော့ ဈေးမကြီးဘူးလေနော့။

ချောကလက်လေးက ခါးသက်သက်ချိုမြမြလေး၊ ချောကလက်ရည်လေးဆမ်းထားတဲ့အတိုင်းပဲ။ Green Tea လေးဆိုလည်း လက်ဖက်စိမ်းနံ့လေးတွေသင်းလို့ မွှေးနေရော။ သူက အဆိမ့်ဘက်မသွားဘဲ အချိုတော့ ပိုကဲတယ်။ အချိုလေး လျှော့ပြီး နို့ပိုသုံးရင်ပိုပြေမလားပဲ။ ရေခဲမုန့် ၂ခုလုံးပုံမှန်အရသာတွေပါပဲ။ ထင်သလောက်ကြီးတော့ အားမရဘူး။

အပြင်မှာစားသောက်ပြီးတော့ ဆိုင်ရဲ့ ပင်မဆောင်ထဲဝင်မွှေလိုက်တာ ရောင်စုံချစ်စရာ ကိတ်လေးတွေ၊ အချိုပွဲ ကိတ်ခြောက်၊ မုန့်အစုံလင်ရယ်၊ သူ့ဆီကကိုယ်တိုင်လုပ်တဲ့ သကြားလုံး၊ ချောကလက်လေးတွေပါတွေ့ရတယ်။ တော်တော်စုံပါတယ်။ ဈေးနှုန်းအနေနဲ့လည်း ခန့်မှန်းထားသလောက် မကြီးတာတွေ့ရတယ်။ ကိတ် တစိတ်ကို ၄၅၀၀,၅၀၀၀ ဝန်းကျင်ပါ။ မွေးနေ့ကိတ်လေးတွေလည်း လှမှလှ။ သူအဓိက ဖမ်းစားတာက ထုပ်ပိုးမှုလှလှနုနုလေးတွေနဲ့ပါ။

ဒီဆိုင်က ဈေးကြီးတယ်လို့နာမည်ကြီးပေမယ့် တချို့မုန့်တွေ တော်တော်များများက ပုံမှန် ကော်ဖီဆိုင်ကဈေးနှုန်းလေးတွေလောက်ပဲမို့ စားလို့သောက်လို့ရပါသေးတယ်။

အဓိက ဆွဲဆောင်နေတာကတော့ အဖြူရောင်၊ ပန်းရောင်နဲ့ Fairy Tale ဆန်ဆန် အတွင်းဘက်က ဂန္ဓဝင်ဆန်တဲ့စားပွဲလေးတွေ၊ ထိုင်ခုံလေးတွေနဲ့၊ အခန်းအလှဆင်ယင်ထားတဲ့ပုံလေးတွေပါပဲ။ ကောင်မလေးတွေဆိုရင်တော့ဖြင့် လာပြီးမပြန်ချင်တော့လောက်အောင်ဖြစ်မှာအသေချာပဲ။ အေးအေးငြိမ့်ငြိမ့်လေးနဲ့ ဒီရာသီအတွက် အနားယူလို့လည်း ကောင်းတယ်။ ဆိုင်လေးကလည်း လှလွန်းတာကိုး။

ဝန်ထမ်းတွေ Service ပုံမှန်ပါပဲ။ ဈေးလေးတွေလည်း ဒိထက်ပိုလျှော့ပေးရင် ပျော်မိမှာ။ တချို့ဟာတွေတော့ ဈေးတအားများတယ်။ အရသာအတွက်တော့ ကြိုက်တာရော၊ မကြိုက်တာရော ရှိပေမယ့် သန့်ရှင်းမှုအတွက်တော့ လုံးဝအပြည့်ပေးပါတယ်။

မယုံမရှိနဲ့နော်။ အခရာက မိန်းကလေးတွေတောင် ပုံတွေတဝကြီး ဓါတ်ဖမ်းခဲ့တာဆိုတော့ ကိုယ်တွေလို ဓါတ်ပုံသရဲတွေအတွက်ရော၊ နွေအပူဒဏ်ခနလေးရှောင်ချင်သူ မိဘပြည်သူတွေအတွက်ရော နေ့ခင်းနေ့လည် ထမင်းစားပြီးချိန်လေး အချိုတည်းဖို့၊ ညနေ အပြန် ဒိတ်လုပ်ဖို့ အခရာအနေနဲ့ အကြံပေးလိုက်ပြီဗျို့။ ဖွင့်ချိန် မနက် ၈ နာရီကနေ ည ၁၀ နာရီထိတဲ့နော်။ လိပ်စာအပေါ်ဆုံးမှာ ဦးဦးဖျားဖျား သတင်းပါးပြီးသားနော်။ သွားပြီးရင်လည်း ဘာလေးကြိုက်ခဲ့လဲ ပြန်မျှဝေပေးဦးနော်။

EiEiKhineMinn ( Akhayar )