[Zawgyi]

အသင္းၾကီးႏွစ္သင္းရဲ႕ ထိပ္တိုက္ေတြ႕ဆံုမႈကို ျမင္ေတြ႕ရမယ္႔ စီးရီးေအ ပြဲစဥ္(၃)

စီးရီးေအျပိဳင္ပြဲဟာ လက္ရိွမွာေတာ႔ ပြဲစဥ္(၃)အထိေရာက္ရိွလာခဲ႔ပါျပီ။ ဒီတစ္ပတ္ရဲ႕စီးရီးေအ ပြဲစဥ္(၃)မွာေတာ႔ အသင္းၾကီးႏွစ္သင္းရဲ႕ ထိပ္တိုက္ေတြ႕ဆံုမႈပြဲစဥ္ျဖစ္တဲ႔ ေအစီမီလန္ – ႐ိုးမားပြဲစဥ္ပါ၀င္ေနပါတယ္။

ေအစီမီလန္ ႏွင္႔ ႐ိုးမား(စေနမနက္ ၁း၀၀ နာရီ)

AC-Milan-Vs-Roma

AC-Milan-Vs-Roma

နည္းျပဂတ္တူဆို Gattuso ရဲ႕ ေအစီမီလန္အသင္းဟာ နာပိုလီကို႐ႈံးခ်က္နာခဲ႔ပါတယ္။ ဒီအရာကိုသင္ခန္းစာယူျပီး အသင္းအေနနဲ႔ အေကာင္းဆံုး ေရွ႕ဆက္ႏိုင္ဖို႔လိုအပ္ပါတယ္။ အဖြင္႔ပြဲမွာရမွတ္ဆံုး႐ႈံးခဲ႔တာေၾကာင္႔ အခုအိမ္ကြင္းပြဲစဥ္မွာ ေအစီမီလန္အသင္းရမွတ္ရယူႏိုင္ဖို႔မျဖစ္မေန လိုအပ္ေနပါျပီ။ ေအစီမီလန္ဟာ ရာသီအဖြင္႔ ဂ်ီႏုိအာနဲ႔ပြဲကို ေရႊ႕ဆိုင္းခဲ႔ရလို႔ အခုပြဲကသူတို႔အတြက္ ဒုတိယေျမာက္ပြဲျဖစ္ပါတယ္။ ႐ိုးမားအသင္းဟာေတာ႔ ရမွတ္(၄)မွတ္ရရိွထားေပမယ္႔ အသင္းရဲ႕ေျခစြမ္းကထင္သေလာက္ အားရစရာမေကာင္းတာကို ေတြ႕ရပါတယ္။ ႏွစ္သင္းလံုးဟာ အတိုင္းအတာတစ္ခုထိေကာင္းမြန္တဲ႔ေျခစြမ္းေတြရိွၾကေပမယ္႔ တစ္ဖက္ကၾကည္႔ရင္လည္းလိုအပ္ခ်က္ေတြရိွေနၾကပါတယ္။ ဒီပြဲမွာ ေအစီမီလန္ကဖိအားပိုမ်ားတဲ႔အသင္းျဖစ္ျပီး အမွားခံလို႔လံုး၀မရပါဘူး။ ေအစီမီလန္ ရမွတ္စရမယ္႔ ပြဲစဥ္လို႔ဆိုခ်င္ျပီး ႏွစ္သင္းေပါင္းသြင္းဂိုးနည္းႏိုင္ပါတယ္။ (၁ – ၁ )ဆိုတဲ႔ရလဒ္ဟာ ႏွစ္သင္းလံုးအတြက္ မွ်တပါတယ္။

ေအစီမီလန္ ႏွင္႔ ႐ိုးမား ထိပ္တိုက္ေတြ႕ဆံုမႈ ေနာက္ဆံုး(၅)ၾကိမ္ ရလဒ္မ်ား

Roma 0 – 2 Milan
Milan 0 – 2 Roma
Milan 1 – 4 Roma
Roma 1 – 0 Milan
Milan 1 – 3 Roma

Photo: RocketNews , Stadium Astro
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

အသင်းကြီးနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုကို မြင်တွေ့ရမယ့် စီးရီးအေ ပွဲစဉ်(၃)

စီးရီးအေပြိုင်ပွဲဟာ လက်ရှိမှာတော့ ပွဲစဉ်(၃)အထိရောက်ရှိလာခဲ့ပါပြီ။ ဒီတစ်ပတ်ရဲ့စီးရီးအေ ပွဲစဉ်(၃)မှာတော့ အသင်းကြီးနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုပွဲစဉ်ဖြစ်တဲ့ အေစီမီလန် – ရိုးမားပွဲစဉ်ပါဝင်နေပါတယ်။

အေစီမီလန် နှင့် ရိုးမား(စနေမနက် ၁း၀၀ နာရီ)

AC-Milan-Vs-Roma

AC-Milan-Vs-Roma

နည်းပြဂတ်တူဆို Gattuso ရဲ့ အေစီမီလန်အသင်းဟာ နာပိုလီကိုရှုံးချက်နာခဲ့ပါတယ်။ ဒီအရာကိုသင်ခန်းစာယူပြီး အသင်းအနေနဲ့ အကောင်းဆုံး ရှေ့ဆက်နိုင်ဖို့လိုအပ်ပါတယ်။ အဖွင့်ပွဲမှာရမှတ်ဆုံးရှုံးခဲ့တာကြောင့် အခုအိမ်ကွင်းပွဲစဉ်မှာ အေစီမီလန်အသင်းရမှတ်ရယူနိုင်ဖို့မဖြစ်မနေ လိုအပ်နေပါပြီ။  အေစီမီလန်ဟာ ရာသီအဖွင့် ဂျီနိုအာနဲ့ပွဲကို ရွှေ့ဆိုင်းခဲ့ရလို့ အခုပွဲကသူတို့အတွက် ဒုတိယမြောက်ပွဲဖြစ်ပါတယ်။ ရိုးမားအသင်းဟာတော့ ရမှတ်(၄)မှတ်ရရှိထားပေမယ့် အသင်းရဲ့ခြေစွမ်းကထင်သလောက် အားရစရာမကောင်းတာကို တွေ့ရပါတယ်။ နှစ်သင်းလုံးဟာ အတိုင်းအတာတစ်ခုထိကောင်းမွန်တဲ့ခြေစွမ်းတွေရှိကြပေမယ့် တစ်ဖက်ကကြည့်ရင်လည်းလိုအပ်ချက်တွေရှိနေကြပါတယ်။ ဒီပွဲမှာ အေစီမီလန်ကဖိအားပိုများတဲ့အသင်းဖြစ်ပြီး အမှားခံလို့လုံးဝမရပါဘူး။ အေစီမီလန် ရမှတ်စရမယ့် ပွဲစဉ်လို့ဆိုချင်ပြီး နှစ်သင်းပေါင်းသွင်းဂိုးနည်းနိုင်ပါတယ်။ (၁ – ၁ )ဆိုတဲ့ရလဒ်ဟာ နှစ်သင်းလုံးအတွက် မျှတပါတယ်။

အေစီမီလန် နှင့် ရိုးမား ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး(၅)ကြိမ် ရလဒ်များ

Roma 0 – 2 Milan
Milan 0 – 2 Roma
Milan 1 – 4 Roma
Roma 1 – 0 Milan
Milan 1 – 3 Roma

Photo: RocketNews , Stadium Astro
Ko Kyue(Akhayar)
www.akhayar.com