[Zawgyi]

မီလင္ကိုဗစ္ Milinkovic ကို တရားဝင္ ကမ္းလွမ္းသြားမယ့္ ေအစီမီလန္

စီးရီးေအကလပ္ ေအစီမီလန္အသင္းဟာ လာဇီယုိအသင္းရဲ႕ ကြင္းလယ္တိုက္စစ္ကစားသမား မီလင္ကိုဗစ္ Milinkovic ကို တရားဝင္ ကမ္းလွမ္းသြားမွာျဖစ္ပါတယ္။ ေအစီမီလန္အသင္းက မီလင္ကိုဗစ္ Milinkovic အတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္ (၉၈)သန္းအျပင္ တိုက္စစ္မွဴး ဘိုရီနီ Borini ကိုပါ အလိုက္ေပး ကမ္းလွမ္းသြားမယ္လို႔ အီတလီအေျခစိုက္ မီဒီယာေတြက ေဖာ္ျပခဲ့ပါတယ္။ ဥေရာပထိပ္သီး အသင္းေတြက စိတ္ဝင္စားခဲ့တဲ့ တိုက္စစ္ကစားသမား မီလင္ကိုဗစ္ Milinkovic ကို ေအစီမီလန္အသင္းက လက္ဦးမႈရယူဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ပါတယ္။ လာဇီယိုအသင္းက မီလင္ကိုဗစ္ Milinkovic ရဲ႕ ေျပာင္းေရႊ႕ေၾကးကို ေပါင္ (၁၃၈)သန္းအထိ သတ္မွတ္ထားခဲ့ေပမယ့္ ေအစီမီလန္အသင္းက သူတို႔ရဲ႕ ကမ္းလွမ္းမႈကို လက္ခံသြားမယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။

Milinkovic

Milinkovic

အသက္ (၂၃)ႏွစ္အရြယ္ရွိ မီလင္ကိုဗစ္ Milinkovic ကို အခုႏွစ္ေႏြရာသီအေျပာင္းအေရႊ႕မပိတ္ခင္ အၿပီးသတ္ေခၚယူသြားဖို႔ ေအစီမီလန္အသင္းက ေမွ်ာ္လင့္ေနခဲ့ပါတယ္။ ေအစီမီလန္အသင္းက အေစာပိုင္းမွာ ေပါင္ (၃၅.၈)သန္းနဲ႔ အငွားေခၚယူသြားမွာျဖစ္ၿပီး အငွားစာခ်ဳပ္သက္တမ္းျပည့္ခ်ိန္မွာ ေပါင္ (၆၃)သန္းနဲ႔ အၿပီးသတ္ေခၚယူသြားမွာျဖစ္ပါတယ္။ ေအစီမီလန္အသင္းဟာ ၿပီးခဲ့တဲ့ တနလၤာေန႔ကလည္း ခ်ယ္လ္ဆီးအသင္းရဲ႕ ကြင္းလယ္ကစားသမား ဘာကာယိုကို Bakayoko ကို အၿပီးသတ္ ေခၚယူႏိုင္ခဲ့ၿပီး အေျပာင္းအေရႊ႕ေစ်းကြက္မပိတ္ခင္ အင္အားျဖည့္တင္းမႈေတြ ထပ္မံျပဳလုပ္သြားဖို႔ စီစဥ္ေနခဲ့ပါတယ္။

REF:The Sun
Photo:The Sun
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

မီလင်ကိုဗစ် Milinkovic ကို တရားဝင် ကမ်းလှမ်းသွားမယ့် အေစီမီလန်

စီးရီးအေကလပ် အေစီမီလန်အသင်းဟာ လာဇီယိုအသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား မီလင်ကိုဗစ် Milinkovic ကို တရားဝင် ကမ်းလှမ်းသွားမှာဖြစ်ပါတယ်။ အေစီမီလန်အသင်းက မီလင်ကိုဗစ် Milinkovic အတွက် ပြောင်းရွှေ့ကြေး ပေါင် (၉၈)သန်းအပြင် တိုက်စစ်မှူး ဘိုရီနီ Borini ကိုပါ အလိုက်ပေး ကမ်းလှမ်းသွားမယ်လို့ အီတလီအခြေစိုက် မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ဥရောပထိပ်သီး အသင်းတွေက စိတ်ဝင်စားခဲ့တဲ့ တိုက်စစ်ကစားသမား မီလင်ကိုဗစ် Milinkovic ကို အေစီမီလန်အသင်းက လက်ဦးမှုရယူဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။ လာဇီယိုအသင်းက မီလင်ကိုဗစ် Milinkovic ရဲ့ ပြောင်းရွှေ့ကြေးကို ပေါင် (၁၃၈)သန်းအထိ သတ်မှတ်ထားခဲ့ပေမယ့် အေစီမီလန်အသင်းက သူတို့ရဲ့ ကမ်းလှမ်းမှုကို လက်ခံသွားမယ်လို့ မျှော်လင့်နေပါတယ်။

Milinkovic

Milinkovic

အသက် (၂၃)နှစ်အရွယ်ရှိ မီလင်ကိုဗစ် Milinkovic ကို အခုနှစ်နွေရာသီအပြောင်းအရွှေ့မပိတ်ခင် အပြီးသတ်ခေါ်ယူသွားဖို့ အေစီမီလန်အသင်းက မျှော်လင့်နေခဲ့ပါတယ်။ အေစီမီလန်အသင်းက အစောပိုင်းမှာ ပေါင် (၃၅.၈)သန်းနဲ့ အငှားခေါ်ယူသွားမှာဖြစ်ပြီး အငှားစာချုပ်သက်တမ်းပြည့်ချိန်မှာ ပေါင် (၆၃)သန်းနဲ့ အပြီးသတ်ခေါ်ယူသွားမှာဖြစ်ပါတယ်။ အေစီမီလန်အသင်းဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ကလည်း ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား ဘာကာယိုကို Bakayoko ကို အပြီးသတ် ခေါ်ယူနိုင်ခဲ့ပြီး အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် အင်အားဖြည့်တင်းမှုတွေ ထပ်မံပြုလုပ်သွားဖို့ စီစဉ်နေခဲ့ပါတယ်။

REF:The Sun
Photo:The Sun
Aung Kyaw Wai (Akhayar)
www.akhayar.com