[Zawgyi]

ေအစီမီလန္အသင္းရဲ႕ အားကစားဒါရိုက္တာရာထူးကို ရယူခဲ့တဲ့ မာလ္ဒီနီ Maldini

ေအစီမီလန္အသင္းရဲ႕ ဂႏၳဝင္ေနာက္ခံလူ မာလ္ဒီနီ Maldini အေနနဲ႔ အားကစားဒါရိုက္တာရာထူးနဲ႔အတူ အသင္းေဟာင္းကို ျပန္လည္ေရာက္ရွိလာခဲ့ပါတယ္။ အသက္ (၅၀)အရြယ္ရွိၿပီျဖစ္တဲ့ မာလ္ဒီနီ Maldini က ေအစီမီလန္အသင္းနဲ႔အတူ ေအာင္ျမင္မႈေတြ တစ္ေက်ာ႔ျပန္ရရွိဖို႔ ပစ္မွတ္ထားေနေၾကာင္း အားကစားဒါရိုက္တာရာထူးကို ရယူအၿပီးမွာ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ မာလ္ဒီနီ Maldini ဟာ ေအစီမီလန္အသင္းမွာ (၂၅)ရာသီၾကာ ကစားသမားဘဝကို ျဖတ္သန္းခဲ့ၿပီး ၂၀၀၉ ခုႏွစ္မွာ ကစားသမားဘဝကေန အနားယူခဲ့တဲ့ အသင္းပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ကစားသမားတစ္ဦးျဖစ္ပါတယ္။

Maldini-entire-25-year-playing-career-with-the-club

Maldini-entire-25-year-playing-career-with-the-club

ေအစီမီလန္အတြက္ ကစားေပးခဲ့တဲ့ ကာလအတြင္း အဓိကဆုဖလားေပါင္း (၂၅)လံုးအထိ ရယူေပးခဲ့တဲ့ မာလ္ဒီနီ Maldini ဟာ အသင္းရဲ႕ အေရးပါတဲ့ ရာထူးတစ္ခုကို ရယူခဲ့ေၾကာင္း တရားဝင္ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ ေအစီမီလန္အသင္းရဲ႕ အမႈေဆာင္အရာရွိ Paolo Scaroni က “ေအစီမီလန္အသင္းကို မာလ္ဒီနီ Maldini ကုိယ္စားျပဳမယ့္အေၾကာင္းကို ေဖာ္ျပဖို႔ စကားလံုးအနည္းငယ္ပဲ ရွိပါတယ္၊ အသင္းနဲ႔အတူ ဆုဖလားေအာင္ျမင္မႈေပါင္းမ်ားစြာ ရယူေပးခဲ့တဲ့ ဂႏၳဝင္တစ္ဦးက ကစားသမားေတြကို ေစာင့္ၾကည့္သြားေတာ့မယ့္အေပၚ စိတ္လႈပ္ရွားမိပါတယ္၊ အသင္းနဲ႔ ဒီေန႔ကစၿပီး ျပန္လည္ပူးေပါင္းလုပ္ကိုင္ေတာ့မယ့္ သူ႔အတြက္ ဂုဏ္ယူမိပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

Maldini-won-25-trophies-with-AC

Maldini-won-25-trophies-with-AC

ေအစီမီလန္အသင္းနဲ႔အတူ မာလ္ဒီနီ Maldini ရရွိခဲ့တဲ့ ကစားသမားဘဝ ေအာင္ျမင္မႈမ်ား

Serie A: 1987–88, 1991–92, 1992–93, 1993–94, 1995–96, 1998–99, 2003–04
Coppa Italia: 2002–03
Supercoppa Italiana: 1988, 1992, 1993, 1994, 2004
European Cup/Champions League: 1988–89, 1989–90, 1993–94, 2002–03, 2006–07
UEFA Super Cup: 1989, 1990, 1994, 2003
Intercontinental Cup: 1989, 1990
FIFA Club World Cup: 2007

REF:The Sun
Photo:Gianluca Di Marzio, Scoopnest.com, Goal.com
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

အေစီမီလန်အသင်းရဲ့ အားကစားဒါရိုက်တာရာထူးကို ရယူခဲ့တဲ့ မာလ်ဒီနီ Maldini

အေစီမီလန်အသင်းရဲ့ ဂန္ထဝင်နောက်ခံလူ မာလ်ဒီနီ Maldini အနေနဲ့ အားကစားဒါရိုက်တာရာထူးနဲ့အတူ အသင်းဟောင်းကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ အသက် (၅၀)အရွယ်ရှိပြီဖြစ်တဲ့ မာလ်ဒီနီ Maldini က အေစီမီလန်အသင်းနဲ့အတူ အောင်မြင်မှုတွေ တစ်ကျော့ပြန်ရရှိဖို့ ပစ်မှတ်ထားနေကြောင်း အားကစားဒါရိုက်တာရာထူးကို ရယူအပြီးမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ မာလ်ဒီနီ Maldini ဟာ အေစီမီလန်အသင်းမှာ (၂၅)ရာသီကြာ ကစားသမားဘဝကို ဖြတ်သန်းခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ ကစားသမားဘဝကနေ အနားယူခဲ့တဲ့ အသင်းပရိသတ်တွေရဲ့ အချစ်တော်ကစားသမားတစ်ဦးဖြစ်ပါတယ်။

Maldini-entire-25-year-playing-career-with-the-club

Maldini-entire-25-year-playing-career-with-the-club

အေစီမီလန်အတွက် ကစားပေးခဲ့တဲ့ ကာလအတွင်း အဓိကဆုဖလားပေါင်း (၂၅)လုံးအထိ ရယူပေးခဲ့တဲ့ မာလ်ဒီနီ Maldini ဟာ အသင်းရဲ့ အရေးပါတဲ့ ရာထူးတစ်ခုကို ရယူခဲ့ကြောင်း တရားဝင် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အေစီမီလန်အသင်းရဲ့ အမှုဆောင်အရာရှိ Paolo Scaroni က “အေစီမီလန်အသင်းကို မာလ်ဒီနီ Maldini ကိုယ်စားပြုမယ့်အကြောင်းကို ဖော်ပြဖို့ စကားလုံးအနည်းငယ်ပဲ ရှိပါတယ်၊ အသင်းနဲ့အတူ ဆုဖလားအောင်မြင်မှုပေါင်းများစွာ ရယူပေးခဲ့တဲ့ ဂန္ထဝင်တစ်ဦးက ကစားသမားတွေကို စောင့်ကြည့်သွားတော့မယ့်အပေါ် စိတ်လှုပ်ရှားမိပါတယ်၊ အသင်းနဲ့ ဒီနေ့ကစပြီး ပြန်လည်ပူးပေါင်းလုပ်ကိုင်တော့မယ့် သူ့အတွက် ဂုဏ်ယူမိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Maldini-won-25-trophies-with-AC

Maldini-won-25-trophies-with-AC

အေစီမီလန်အသင်းနဲ့အတူ မာလ်ဒီနီ Maldini ရရှိခဲ့တဲ့ ကစားသမားဘဝ အောင်မြင်မှုများ

Serie A: 1987–88, 1991–92, 1992–93, 1993–94, 1995–96, 1998–99, 2003–04
Coppa Italia: 2002–03
Supercoppa Italiana: 1988, 1992, 1993, 1994, 2004
European Cup/Champions League: 1988–89, 1989–90, 1993–94, 2002–03, 2006–07
UEFA Super Cup: 1989, 1990, 1994, 2003
Intercontinental Cup: 1989, 1990
FIFA Club World Cup: 2007

REF:The Sun
Photo:Gianluca Di Marzio, Scoopnest.com, Goal.com
Aung Kyaw Wai (Akhayar)
www.akhayar.com