လာမယ့် ဘောလုံးရာသီမှာတော့ အေစီမီလန်အသင်းရဲ့ တိုက်စစ်မှူး ပီယာတက် Piatek ဟာ ကျောနံပါတ်(၁၉)ကနေ ကျောနံပါတ်(၉)ကို ပြောင်းလဲဝတ်ဆင်ကစားသွားမှာဖြစ်ပါတယ်။ အေစီမီလန်အသင်းမှာ ကျောနံပါတ်(၉)ကို ၀တ်ဆင်ကစားခဲ့တဲ့ ကစားသမားတွေဟာ ခြေစွမ်းကောင်းတွေကို ပြသနိုင်ခဲ့တာကြောင့် သူတို့တွေရဲ့ ခြေရာကို ပီယာတက် လိုက်နင်းနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါ။ ပီယာတက် ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီအပြောင်းအရွှေ့ကမှ အေစီမီလန်အသင်းကို ရောက်ရှိလာတဲ့သူဖြစ်ပေမယ့် အသင်းမှာ လျင်လျင်မြန်မြန်အထိုင်ကြခဲ့ပြီး ရာသီဝက်အတွင်းမှာပဲ ခြေစွမ်းကောင်းတွေကို ပြသနိုင်ခဲ့သူဖြစ်တာကြောင့် ထိုက်ထိုက်တန်တန်နဲ့ ကျောနံပါတ်(၉)ကို ၀တ်ဆင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ အခု ဒီ Article မှာတော့ ပရိသတ်တွေ ဗဟုသုတရစေဖို့အတွက် အေစီမီလန်အသင်းရဲ့ နာမည်ကျော် ကျောနံပါတ်(၉)ကစားသမားတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Jean-Pierre Papin

ပြင်သစ်တိုက်စစ်မှူး ပါပင် Jean-Pierre Papin ကတော့ ကစားသမားဘ၀ကို ကလပ်အသင်းပေါင်းများစွာနဲ့ ဖြတ်သန်းခဲ့ပြီး အသင်းတိုင်းလိုလိုမှာ ခြေစွမ်းပြကစားနိုင်ခဲ့သူဖြစ်ပါတယ်။ ပါပင် ရဲ့ကစားသမားဘ၀ အကောင်းဆုံးအချိန်တွေကတော့ ကလပ်ဘရုဂေး ၊ မာဆေးလ် နဲ့ အေစီမီလန်အသင်းတွေမှာ ကစားတုန်းကဖြစ်ပါတယ်။ အေစီမီလန်အသင်းမှာ ပါပင် ဟာ (၂)ရာသီကြာ ကစားနိုင်ခဲ့ပေမယ့် အကောင်းဆုံးခြေစွမ်းတွေကို ပြသခဲ့ပြီး ချန်ပီယံဆုဖလားပေါင်းများစွာကိုလည်း ရရှိခဲ့ပါတယ်။ ပါပင် ရဲ့ ဂိုးသွင်းစွမ်းရည် ၊ အသင်းဖော်တွေအတွက် ဂိုးဖန်တီးနိုင်စွမ်းနဲ့ ဂိုးရနိုင်မယ့် ဘောလုံးလမ်းကြောင်း တွက်ဆနိုင်မှုတွေက အေစီမီလန်အသင်းအတွက် အထောက်အပံကောင်းတွေဖြစ်ခဲ့ပါတယ်။

Jean-Pierre Papin ရဲ့ အေစီမီလန်ကစားသမားဘ၀ အောင်မြင်မှုများ

Serie A: 1992–93, 1993–94
Supercoppa Italiana: 1992, 1993
UEFA Champions League: 1993–94

Van Basten

ကစားသမားဘ၀ကနေ ဒဏ်ရာပြဿနာကြောင့် စောစောစီးစီးအနားယူခဲ့ရပေမယ့် ဗန်ဘက်စတန် Van Basten ဟာ ကစားခဲ့တဲ့ ကလပ်အသင်း(၂)သင်းဖြစ်တဲ့ အေဂျက်စ်နဲ့ အေစီမီလန်အသင်းတို့မှာ ဂန္ထ၀င်စာရင်းပေါက်ခဲ့သူပါ။ ဗန်ဘက်စတန် ဟာ Ballon d’Or ဆုကို (၃)ကြိမ်ထိ ရရှိခဲ့သူဖြစ်ပြီး ဒီ(၃)ကြိမ်လုံးကိုလည်း အေစီမီလန်အသင်းမှာ ကစားတုန်းက ရရှိခဲ့တာဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပြီး တည်ငြိမ်တဲ့ပုံစံကို ပိုင်ဆိုင်ထားတဲ့ ဗန်ဘက်စတန် ဟာ အေစီမီလန်အသင်းမှာ (၆)ရာသီကြာကစားခဲ့သလို သွင်းဂိုး(၁၂၅)ဂိုးထိ သွင်းယူခဲ့ပါတယ်။

Van Basten ရဲ့ အေစီမီလန်ကစားသမားဘ၀ အောင်မြင်မှုများ

Serie A: 1987–88, 1991–92, 1992–93
Supercoppa Italiana: 1988, 1992
European Cup/UEFA Champions League: 1988–89, 1989–90
European Supercup: 1989
Intercontinental Cup: 1989, 1990

အေစီမီလန်အသင်းရဲ့ နာမည်ကျော် ကျောနံပါတ်(၉)ကစားသမားများ အပိုင်း(၁)ဖတ်ရန်လင်ခ့်

Ref: Bleacher Report Football
Photo: AC Milan Forums – AC Milan Online , AC Milan
Ko Kyue(Akhayar)
www.akhayar.com