[Zawgyi]

အီဘရာဟီမုိဗစ္ Ibrahimovic ကို ဥေရာပေျမမွာ ျပန္ျမင္ေတြ႕ရႏိုင္မလား

အီဘရာဟီမုိဗစ္ Ibrahimovic ဆိုတာ အသက္ၾကီးေလ ပိုေကာင္းေလလို႔ ေျပာရမယ္႔ သူမ်ိဳးျဖစ္ျပီး တန္ဖိုးျမင္႔ႏွစ္ခ်ိဳ႕၀ိုင္တစ္ခြက္နဲ႔ ခိုင္းႏိႈင္းရမွာပါ။ လက္ရိွမွာ သူ႔ရဲ႕အသက္က (၃၇)ႏွစ္ရိွျပီျဖစ္ေပမယ္႔ ေျခစြမ္းကေတာ႔ ထိပ္တန္းအဆင္႔မွာရိွေနဆဲျဖစ္ျပီး ေခၚယူခ်င္တဲ႔အသင္းေတြဟာလည္း ဒုနဲ႔ေဒးပါပဲ။ သိပ္မၾကာခင္အခ်ိန္တုနး္ကေတာ႔ အီဘရာဟီမုိဗစ္ ကို သူ႔ရဲ႕အသင္းေဟာင္းေတြျဖစ္ၾကတဲ႔ မန္ယူနဲ႔ ေအစီမီလန္အသင္းေတြက ေခၚယူလိုေနၾကတယ္လို႔ သတင္းေတြလည္း ထြက္ခဲ႔ပါေသးတယ္။ ဒါေပမယ္႔ အီဘရာဟီမုိဗစ္ ဟာ သူ႔အေနနဲ႔ ဥေရာပကို သြားကစားမွာမဟုတ္ဘူးလို႔ ေျပာခဲ႔တာေၾကာင္႔ အေျခအေနေတြဟာ ေအးစက္ခဲ႔ရပါတယ္။

Ibrahimovic-AC-Milan

Ibrahimovic-AC-Milan

လက္ရိွမွာေတာ႔ အီဘရာဟီမုိဗစ္ ရဲ႕ အသင္းေဟာင္း ေအစီမီလန္အသင္းဟာ သူ႔ကို ျပန္ေခၚဖို႔ဆံုးျဖတ္ထားတယ္ဆုိတဲ႔ သတင္းေတြထြက္ေပၚလာတာေၾကာင္႔ သူ႔အေျပာင္းအေရႊ႕ ပံုျပင္ေတြဟာ ျပန္လည္ အသက္၀င္လာခဲ႔ပါတယ္။ ကစားသမား အေျပာင္းအေရႊ႕ဆိုတာကလည္း ၾကိဳေျပာလို႔ မရတဲ႔ အရာမ်ိဳးျဖစ္တာေၾကာင္႔ အီဘရာဟီမုိဗစ္ နဲ႔ ေအစီမီလန္တို႔ရဲ႕ ဇာတ္လမ္းဟာ ဘယ္လို အဆံုးသတ္မလဲဆိုတာ စိတ္၀င္စားဖို႔ေကာင္းေနပါတယ္။

Zlatan-Ibrahimovic

Zlatan-Ibrahimovic

အီဘရာဟီမုိဗစ္ ဟာ ေအစီမီလန္အသင္းမွာ ကစားတုန္းက ဆုဖလားေအာင္ျမင္မႈေတြရယူႏိုင္ခဲ႔သလို သြင္းဂိုး(၅၆)ဂိုးသြင္းယူႏိုင္ခဲ႔ပါတယ္။ လက္ရိွမွာလည္း အီဘရာဟီမုိဗစ္ ဟာ ေမဂ်ာလိဂ္ ကလပ္ LA ဂလက္ဆီအသင္းမွာ ေျခစြမ္းျပကစားေနသလို ပြဲေပါင္း(၂၇)ပြဲကစားအျပီးမွာ (၂၂) ဂိုးသြင္းယူထားပါတယ္။ အီဘရာဟီမုိဗစ္ ဟာ ေမဂ်ာလိဂ္ရဲ႕ တစ္ဦးခ်င္းထူးခ်ြန္ဆုေတြျဖစ္တဲ႔ MLS Newcomer of the Year award နဲ႔ Goal of the Year ဆုေတြကိုလည္း ရရိွထားပါတယ္။

အီဘရာဟီမုိဗစ္ ရဲ႕ ေအစီမီလန္ကစားသမားဘ၀ ေအာင္ျမင္မႈမ်ား

Serie A: 2010–11
Supercoppa Italiana: 2011

Ref: BBC Sport
Photo: Sports Illustrated , Pro Soccer USA  , The Genius Media
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

အီဘရာဟီမိုဗစ် Ibrahimovic ကို ဥရောပမြေမှာ ပြန်မြင်တွေ့ရနိုင်မလား

အီဘရာဟီမိုဗစ် Ibrahimovic ဆိုတာ အသက်ကြီးလေ ပိုကောင်းလေလို့ ပြောရမယ့် သူမျိုးဖြစ်ပြီး တန်ဖိုးမြင့်နှစ်ချို့ဝိုင်တစ်ခွက်နဲ့ ခိုင်းနှိုင်းရမှာပါ။ လက်ရှိမှာ သူ့ရဲ့အသက်က (၃၇)နှစ်ရှိပြီဖြစ်ပေမယ့် ခြေစွမ်းကတော့ ထိပ်တန်းအဆင့်မှာရှိနေဆဲဖြစ်ပြီး ခေါ်ယူချင်တဲ့အသင်းတွေဟာလည်း ဒုနဲ့ဒေးပါပဲ။ သိပ်မကြာခင်အချိန်တုန်းကတော့ အီဘရာဟီမိုဗစ် ကို သူ့ရဲ့အသင်းဟောင်းတွေဖြစ်ကြတဲ့ မန်ယူနဲ့ အေစီမီလန်အသင်းတွေက ခေါ်ယူလိုနေကြတယ်လို့ သတင်းတွေလည်း ထွက်ခဲ့ပါသေးတယ်။ ဒါပေမယ့် အီဘရာဟီမိုဗစ် ဟာ သူ့အနေနဲ့ ဥရောပကို သွားကစားမှာမဟုတ်ဘူးလို့ ပြောခဲ့တာကြောင့် အခြေအနေတွေဟာ အေးစက်ခဲ့ရပါတယ်။

Ibrahimovic-AC-Milan

Ibrahimovic-AC-Milan

လက်ရှိမှာတော့ အီဘရာဟီမိုဗစ် ရဲ့ အသင်းဟောင်း အေစီမီလန်အသင်းဟာ သူ့ကို ပြန်ခေါ်ဖို့ဆုံးဖြတ်ထားတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာတာကြောင့် သူ့အပြောင်းအရွှေ့ ပုံပြင်တွေဟာ ပြန်လည် အသက်ဝင်လာခဲ့ပါတယ်။ ကစားသမား အပြောင်းအရွှေ့ဆိုတာကလည်း ကြိုပြောလို့ မရတဲ့ အရာမျိုးဖြစ်တာကြောင့် အီဘရာဟီမိုဗစ် နဲ့ အေစီမီလန်တို့ရဲ့ ဇာတ်လမ်းဟာ ဘယ်လို အဆုံးသတ်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Zlatan-Ibrahimovic

Zlatan-Ibrahimovic

အီဘရာဟီမိုဗစ် ဟာ အေစီမီလန်အသင်းမှာ ကစားတုန်းက ဆုဖလားအောင်မြင်မှုတွေရယူနိုင်ခဲ့သလို သွင်းဂိုး(၅၆)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ လက်ရှိမှာလည်း အီဘရာဟီမိုဗစ် ဟာ မေဂျာလိဂ် ကလပ် LA ဂလက်ဆီအသင်းမှာ ခြေစွမ်းပြကစားနေသလို ပွဲပေါင်း(၂၇)ပွဲကစားအပြီးမှာ (၂၂) ဂိုးသွင်းယူထားပါတယ်။ အီဘရာဟီမိုဗစ် ဟာ မေဂျာလိဂ်ရဲ့ တစ်ဦးချင်းထူးချွန်ဆုတွေဖြစ်တဲ့ MLS Newcomer of the Year award နဲ့ Goal of the Year ဆုတွေကိုလည်း ရရှိထားပါတယ်။

အီဘရာဟီမိုဗစ် ရဲ့ အေစီမီလန်ကစားသမားဘ၀ အောင်မြင်မှုများ

Serie A: 2010–11
Supercoppa Italiana: 2011

Ref: BBC Sport
Photo: Sports Illustrated , Pro Soccer USA  , The Genius Media
Ko Kyue(Akhayar)
www.akhayar.com