[Zawgyi]

႐ိုးမားကိုအႏိုင္ယူျပီး ခ်ိဳျမိန္တဲ႔ ႏိုင္ပြဲတစ္ပြဲကို ပံုေဖာ္ႏိုင္ခဲ႔တဲ႔ ေအစီမီလန္

စီးရီးေအပြဲစဥ္(၃)ရဲ႕အသင္းၾကီးႏွစ္သင္းထိပ္တိုက္ေတြ႕ဆံုမႈပြဲစဥ္ျဖစ္တဲ႔ ေအစီမီလန္ – ႐ိုးမား ပြဲစဥ္ဟာ ပရိသတ္အၾကိဳက္ပြဲစဥ္တစ္ပြဲျဖစ္ခဲ႔ပါတယ္။ ဒီပြဲမွာေတာ႔ ရမွတ္လိုအပ္ေနတဲ႔ ေအစီမီလန္အသင္းဟာ အိမ္ကြင္းမွာ ႐ိုးမားအသင္းကို(၂ – ၁ )နဲ႔အႏိုင္ရရိွခဲ႔ပါတယ္။

Higuaín

Higuaín

ႏွစ္သင္းလံုးဟာ လူစံုပြဲထြက္လာၾကျပီး ပြဲအစပိုင္းထဲက ေအစီမီလန္အသင္းဟာ ႐ိုးမားအသင္းကိုဖိအားေပးကစားႏိုင္ခဲ႔ပါတယ္။ ေအစီမီလန္အသင္းရဲ႕ဂိုးကန္သြင္းခ်က္ေတြကိုလည္း ႐ိုးမားအသင္းဂိုးသမား ေအာဆင္ Olsen လက္စြမ္းျပကာကြယ္ေနလို႔သာ ႐ိုးမားအသင္းအေနနဲ႔ သက္သာရာရခဲ႔တာပါ။ ေအစီမီလန္အသင္းတိုက္စစ္မႈး ဟီဂြာအင္ Higuaín ဟာလည္းျပီးခဲ႔တဲ႔ပြဲစဥ္ကထက္ပိုေကာင္းတဲ႔ ေျခစြမ္းကိုျပသႏိုင္ခဲ႔ျပီး ပြဲခ်ိန္မိနစ္(၄၀)မွာေတာ႔ ေအစီမီလန္အသင္းဟာ ဦးေဆာင္ဂိုးစရခဲ႔ပါတယ္။ ဒီဂိုးကိုေတာ႔ ကက္ဆီး Kessié ဟာ ႐ိုဒရီဂြက္ Rodríguez ရဲ႕ဖန္တီးေပးပို႔မႈကေန ပိတ္သြင္းယူခဲ႔တာပါ။

Cutrone-Celebrate

Cutrone-Celebrate

ဒုတိယပိုင္းပြဲခ်ိန္(၅၉)မိနစ္မွာေတာ႔ ႐ိုးမားအသင္းဟာ ေခ်ပဂိုးရရိွခဲ႔ျပီး ေအစီမီလန္အသင္း ရွင္းထုတ္လိုက္တဲ႔ေဘာလံုးကို အသင္႔ရိွေနတဲ႔ ႐ိုးမားေနာက္ခံလူ ဖာဇီယို Fazio က ကန္သြင္းယူခဲ႔တာပါ။ ေနာက္ပိုင္းမွာေတာ႔ ပြဲက အၾကိတ္အနယ္ပိုရိွလာခဲ႔ျပီး ေအစီမီလန္တိုက္စစ္မႈး ဟီဂြာအင္ Higuaín နဲ႔ ႐ိုးမားကြင္းလယ္လူ အန္ဇြန္ဇီ Nzonzi တို႔ဟာ အသင္းအတြက္ပထမဆံုးသြင္းဂိုးေတြသြင္းယူႏိုင္ခဲ႔ၾကေပမယ္႔ VAR စနစ္ရဲ႕ျငင္းပယ္ျခင္းကိုခံခဲ႔ရတာေၾကာင္႔ နစ္နာခဲ႔ရပါတယ္။ ေအစီမီလန္အသင္းအတြက္ အဖိုးတန္အႏိုင္ဂိုးကိုေတာ႔ ပြဲခ်ိန္(၉၅)မိနစ္မွာ ဟီဂြာအင္ Higuaín ရဲ႕ဖန္တီးေပးပို႔မႈကေန ကူထ႐ိုနီ Cutrone က အေကာင္းဆံုးကန္သြင္းအဆံုးသတ္ခဲ႔တာပဲျဖစ္ပါတယ္။

Gattuso

Gattuso

နည္းျပဂတ္တူဆို Gattuso ရဲ႕ ေအစီမီလန္အသင္းဟာ ထိုက္တန္တဲ႔ႏိုင္ပြဲတစ္ပြဲကို ရရိွခဲ႔တာျဖစ္ျပီး ဒီႏိုင္ပြဲဟာ ေရွ႕လာမယ္႔ ပြဲစဥ္ေတြအတြက္အားအင္တစ္ရပ္ျဖစ္ေစခဲ႔ပါတယ္။

Photo: AC Milan Twitter
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ရိုးမားကိုအနိုင်ယူပြီး ချိုမြိန်တဲ့ နိုင်ပွဲတစ်ပွဲကို ပုံဖော်နိုင်ခဲ့တဲ့ အေစီမီလန်

စီးရီးအေပွဲစဉ်(၃)ရဲ့အသင်းကြီးနှစ်သင်းထိပ်တိုက်တွေ့ဆုံမှုပွဲစဉ်ဖြစ်တဲ့ အေစီမီလန် – ရိုးမား ပွဲစဉ်ဟာ ပရိသတ်အကြိုက်ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာတော့ ရမှတ်လိုအပ်နေတဲ့ အေစီမီလန်အသင်းဟာ အိမ်ကွင်းမှာ ရိုးမားအသင်းကို(၂ – ၁ )နဲ့အနိုင်ရရှိခဲ့ပါတယ်။

Higuaín

Higuaín

နှစ်သင်းလုံးဟာ လူစုံပွဲထွက်လာကြပြီး ပွဲအစပိုင်းထဲက အေစီမီလန်အသင်းဟာ ရိုးမားအသင်းကိုဖိအားပေးကစားနိုင်ခဲ့ပါတယ်။ အေစီမီလန်အသင်းရဲ့ဂိုးကန်သွင်းချက်တွေကိုလည်း ရိုးမားအသင်းဂိုးသမား အောဆင် Olsen လက်စွမ်းပြကာကွယ်နေလို့သာ ရိုးမားအသင်းအနေနဲ့ သက်သာရာရခဲ့တာပါ။ အေစီမီလန်အသင်းတိုက်စစ်မှုး ဟီဂွာအင် Higuaín ဟာလည်းပြီးခဲ့တဲ့ပွဲစဉ်ကထက်ပိုကောင်းတဲ့ ခြေစွမ်းကိုပြသနိုင်ခဲ့ပြီး ပွဲချိန်မိနစ်(၄၀)မှာတော့ အေစီမီလန်အသင်းဟာ ဦးဆောင်ဂိုးစရခဲ့ပါတယ်။ ဒီဂိုးကိုတော့ ကက်ဆီး Kessié ဟာ ရိုဒရီဂွက် Rodríguez ရဲ့ဖန်တီးပေးပို့မှုကနေ ပိတ်သွင်းယူခဲ့တာပါ။

Cutrone-Celebrate

Cutrone-Celebrate

ဒုတိယပိုင်းပွဲချိန်(၅၉)မိနစ်မှာတော့ ရိုးမားအသင်းဟာ ချေပဂိုးရရှိခဲ့ပြီး အေစီမီလန်အသင်း ရှင်းထုတ်လိုက်တဲ့ဘောလုံးကို အသင့်ရှိနေတဲ့ ရိုးမားနောက်ခံလူ ဖာဇီယို Fazio က ကန်သွင်းယူခဲ့တာပါ။ နောက်ပိုင်းမှာတော့ ပွဲက အကြိတ်အနယ်ပိုရှိလာခဲ့ပြီး အေစီမီလန်တိုက်စစ်မှုး ဟီဂွာအင် Higuaín နဲ့ ရိုးမားကွင်းလယ်လူ အန်ဇွန်ဇီ Nzonzi တို့ဟာ အသင်းအတွက်ပထမဆုံးသွင်းဂိုးတွေသွင်းယူနိုင်ခဲ့ကြပေမယ့် VAR စနစ်ရဲ့ငြင်းပယ်ခြင်းကိုခံခဲ့ရတာကြောင့် နစ်နာခဲ့ရပါတယ်။ အေစီမီလန်အသင်းအတွက် အဖိုးတန်အနိုင်ဂိုးကိုတော့ ပွဲချိန်(၉၅)မိနစ်မှာ ဟီဂွာအင် Higuaín ရဲ့ဖန်တီးပေးပို့မှုကနေ ကူထရိုနီ Cutrone က အကောင်းဆုံးကန်သွင်းအဆုံးသတ်ခဲ့တာပဲဖြစ်ပါတယ်။

Gattuso

Gattuso

နည်းပြဂတ်တူဆို Gattuso ရဲ့ အေစီမီလန်အသင်းဟာ ထိုက်တန်တဲ့နိုင်ပွဲတစ်ပွဲကို ရရှိခဲ့တာဖြစ်ပြီး ဒီနိုင်ပွဲဟာ ရှေ့လာမယ့် ပွဲစဉ်တွေအတွက်အားအင်တစ်ရပ်ဖြစ်စေခဲ့ပါတယ်။

Photo: AC Milan Twitter
Ko Kyue(Akhayar)
www.akhayar.com