[Zawgyi]

ကမာၻ႕သားဆက္ျခားေန႔ဆိုတာ ဘာအတြက္လဲ

ဒီေန႔ေလးကေတာ့ World Contraception Day ပဲျဖစ္ပါတယ္။ ျမန္မာလိုဆိုရင္ေတာ့ ကမာၻ႕သားဆက္ျခားေန႔ပဲျဖစ္ၿပီးေတာ့ ႏွစ္စဥ္ စက္တင္ဘာလ (၂၆) ရက္ေန႔တိုင္းမွာ က်င္းပၿမဲျဖစ္ပါတယ္ေနာ္။ ဒီလို ကမာၻတစ္၀ွမ္း အမ်ိဳးသမီးေတြရဲ႕ သားဆက္ျခားကိစၥနဲ႔ ပတ္သက္ၿပီး အခုလို က်င္းပေပးရတဲ့အေၾကာင္းအရင္းကေတာ့ အမ်ိဳးသမီးငယ္ေလးေတြရဲ႕ သားဆက္ျခားေရြးခ်ယ္မႈေတြနဲ႔ သားဆက္ျခားက်န္းမာေရးေတြကို မွန္ကန္တဲ့နည္းလမ္းနဲ႔ ေရြးခ်ယ္သံုးစြဲဖို႔အတြက္ လႈံ႕ေဆာ္ခ်င္လို႔ပါပဲ။

Contraceptive Ways

Contraceptive Ways

ကမာၻတစ္၀ွမ္းမွာ သားဆက္ျခားနည္းလမ္းေတြ အမ်ားႀကီးရွိပါတယ္ေနာ္။ ျမန္မာႏိုင္ငံမွာဆိုရင္လည္း တခ်ိဳ႕က သားဆက္ျခားေဆးထိုးၾကတယ္။ တခ်ိဳ႕က ေဆးေသာက္တယ္။ တခ်ိဳ႕က်ေတာ့ ၾကာၾကာခံတဲ့ IUD စတဲ့ပစၥည္းေတြ သံုးစြဲၾကတယ္။ ဒါေတြကေရာ မိသားစုနဲ႔ ေမာင္ႏွမေတြက အႀကံေပးလို႔သာ လိုက္လုပ္ၾကတယ္။ ကိုယ္နဲ႔ တကယ္သင့္ေတာ္မွန္ကန္တဲ့သားဆက္ျခားနည္းလမ္းေရာ ဟုတ္ရဲ႕လားလို႔ ေတြးဖူးပါသလား။

အိမ္ေထာင္က်ၿပီးမွ အသားေတြမည္းလာတယ္။ ေျခာက္ေသြ႕လာတယ္။ တခ်ိဳ႕ေတြမွာ ကိုယ္အေလးခ်ိန္ေတြ တက္လာတယ္။ မူးေ၀ေအာ့အန္မိေနတယ္။ ဒါေတြအားလံုးဟာ မွားယြင္းတဲ့သားဆက္ျခားနည္းလမ္းေတြကို အသံုးျပဳေနမိရာကေန ျဖစ္လာတဲ့ ေဘးထြက္ဆိုးက်ိဳးေတြလို႔ ေျပာရပါလိမ့္မယ္။ ဒါေၾကာင့္လည္း သေႏၶတားေတာ့မယ္၊ သားဆက္ျခားေတာ့မယ္ဆိုရင္ ဆရာ၀န္နဲ႔ ကိုယ္လိုခ်င္တဲ့ Family Goal အတိုင္း မွန္ကန္ေပ်ာ္ရႊင္ႏုိင္ေအာင္ သြားေရာက္ တိုင္ပင္သင့္ပါတယ္ေနာ္။

အဲဒီေတာ့ ဒီလိုမွားယြင္းေနတဲ့ နည္းစနစ္ေတြ၊ ေနာက္ၿပီး ဖြ႕ံ ၿဖိဳးဆဲႏိုင္ငံေတြမွာ တင္းက်ပ္ၿပီး ေရွးရိုးဆန္တဲ့ ရိုးရာယဥ္ေက်းမႈေတြေၾကာင့္ သားဆက္ျခားတဲ့ကိစၥကို ပြင့္ပြင့္လင္းလင္းမေဆြးေႏြးတာေတြ၊ ထုတ္ေဖာ္တိုင္ပင္မ၀ံ့တာေတြကို ေျဖရွင္းေပးႏိုင္ဖို႔အတြက္ World Contraception Day မွာဆိုရင္ နားလည္ကၽြမ္းက်င္တဲ့ဆရာ၀န္ေတြ၊ အမ်ိဳးသမီးေတြဟာ စုေ၀းၿပီး သားဆက္ျခားက်န္းမာေရးအေၾကာင္း ေဆြးေႏြးေဟာေျပာမႈေတြ လုပ္ေပးေနပါတယ္။

သူတို႔ဟာ လူငယ္လူႀကီး အမ်ိဳးသမီးေလးေတြအားလံုးရဲ႕ ကိုယ္၀န္ေတြဟာ လိုခ်င္လို႔ရလာတဲ့ကိုယ္၀န္ေတြျဖစ္ေစဖို႔ တစ္ဖက္တစ္လမ္းကေန ကူညီေပးၿပီး အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ကိုယ္၀န္ေဆာင္ဖို႔ အဆင္သင့္မျဖစ္ေသးတဲ့အမ်ိဳးသမီးေလးေတြအတြက္ဆိုရင္လည္း မွန္ကန္တဲ့ သားဆက္ျခားနည္းလမ္းေတြ အသံုးျပဳႏိုင္ေအာင္ ကမာၻတစ္၀ွမ္းမွာ ကူညီေပးလွ်က္ရွိပါတယ္။

Lydia Myanmar

Lydia Myanmar

အခုေနာက္ပိုင္းမွာလည္း ျမန္မာႏိုင္ငံက အဖြဲ႕အစည္းေတြကလည္း ဒီလို လိုအပ္တဲ့ကူညီေပးမႈေတြကို ကမာၻနဲ႔အညီ လက္တြဲလုပ္ေဆာင္ေပးလာတာကို ေတြ႕ရပါတယ္။ ဒီေန႔လည္း ဒီလိုပါပဲ။ World Contraception Day ျဖစ္တာေၾကာင့္ Lydia Myanmar ကဆိုရင္လည္း ကမာၻ႕သားဆက္ျခားေန႔ က်န္းမာေရးေဆြးေႏြးပြဲကို Junction Square မွာ ညေန (၄)နာရီကေန စတင္က်င္းပသြားမွာပါ။ ဒီပြဲေလးမွာလည္း အမ်ိဳးသမီးက်န္းမာေရး၊ သားဆက္ျခားက်န္းမာေရးနဲ႔ သက္ဆိုင္တဲ့ အေၾကာင္းအရာေတြကို ေဒါက္တာစိုးလြင္၊ ေဒါက္တာၿဖိဳးသီဟ စတဲ့ နားလည္ကၽြမ္းက်င္တဲ့ ဆရာ၀န္ႀကီးေတြနဲ႔ သက္ဆိုင္ရာအမ်ိဳးသမီးေတြက ေဆြးေႏြးေပးသြားမွာဆိုေတာ့ အမ်ိဳးသမီးအားလံုး သြားဖို႔ လက္တို႔ေပးလိုက္ခ်င္ပါတယ္။

ကၽြန္မတို႔ အိမ္တြင္းေရးဟာ ကၽြန္မတို႔ အမ်ိဳးသမီးေတြရဲ႕ က်န္းမာေရးေပၚမွာလည္း အမ်ားႀကီးမူတည္ေနပါတယ္ေနာ္။ ေပ်ာ္ရႊင္ခ်မ္းေျမ႕စရာေကာင္းတဲ့ မိသားစုဘ၀ေလးကို ရရွိႏိုင္ဖို႔အတြက္ ကိုယ္လိုခ်င္တဲ့ Family Goal အတိုင္း သြားႏုိင္ဖို႔ရာ ကိုယ္သံုးစြဲေနတဲ့ သားဆက္ျခားနည္းလမ္းဟာ ကိုယ္နဲ႔ ကိုက္ညီမွန္ကန္မႈရွိရဲ႕လားဆိုတာကို အခ်ိန္ေပးၿပီး ေလ့လာပါ။ ဆရာ၀န္နဲ႔ တိုင္ပင္ပါ။ မရွက္မေၾကာက္ၾကပါနဲ႔။ အမ်ိဳးသားေတြကလည္း ကိုယ့္အမ်ိဳးသမီးရဲ႕ က်န္းမာေရးကို ဂရုတစိုက္ရွိေပးဖို႔ မေမ့ၾကပါနဲ႔ဦး။ ေပ်ာ္ရႊင္စရာမိသားစုဘ၀ေလးလည္း ပိုင္ဆိုင္ႏိုင္ၾကပါေစေနာ္။

Moethaesay (Akhayar)

www.akhayar.com

[Unicode]

ကမ္ဘာ့သားဆက်ခြားနေ့ဆိုတာ ဘာအတွက်လဲ

ဒီနေ့လေးကတော့ World Contraception Day ပဲဖြစ်ပါတယ်။ မြန်မာလိုဆိုရင်တော့ ကမ္ဘာ့သားဆက်ခြားနေ့ပဲဖြစ်ပြီးတော့ နှစ်စဉ် စက်တင်ဘာလ (၂၆) ရက်နေ့တိုင်းမှာ ကျင်းပမြဲဖြစ်ပါတယ်နော်။ ဒီလို ကမ္ဘာတစ်ဝှမ်း အမျိုးသမီးတွေရဲ့ သားဆက်ခြားကိစ္စနဲ့ ပတ်သက်ပြီး အခုလို ကျင်းပပေးရတဲ့အကြောင်းအရင်းကတော့ အမျိုးသမီးငယ်လေးတွေရဲ့ သားဆက်ခြားရွေးချယ်မှုတွေနဲ့ သားဆက်ခြားကျန်းမာရေးတွေကို မှန်ကန်တဲ့နည်းလမ်းနဲ့ ရွေးချယ်သုံးစွဲဖို့အတွက် လှုံ့ဆော်ချင်လို့ပါပဲ။

Contraceptive Ways

Contraceptive Ways

ကမ္ဘာတစ်ဝှမ်းမှာ သားဆက်ခြားနည်းလမ်းတွေ အများကြီးရှိပါတယ်နော်။ မြန်မာနိုင်ငံမှာဆိုရင်လည်း တချို့က သားဆက်ခြားဆေးထိုးကြတယ်။ တချို့က ဆေးသောက်တယ်။ တချို့ကျတော့ ကြာကြာခံတဲ့ IUD စတဲ့ပစ္စည်းတွေ သုံးစွဲကြတယ်။ ဒါတွေကရော မိသားစုနဲ့ မောင်နှမတွေက အကြံပေးလို့သာ လိုက်လုပ်ကြတယ်။ ကိုယ်နဲ့ တကယ်သင့်တော်မှန်ကန်တဲ့သားဆက်ခြားနည်းလမ်းရော ဟုတ်ရဲ့လားလို့ တွေးဖူးပါသလား။

အိမ်ထောင်ကျပြီးမှ အသားတွေမည်းလာတယ်။ ခြောက်သွေ့လာတယ်။ တချို့တွေမှာ ကိုယ်အလေးချိန်တွေ တက်လာတယ်။ မူးဝေအော့အန်မိနေတယ်။ ဒါတွေအားလုံးဟာ မှားယွင်းတဲ့သားဆက်ခြားနည်းလမ်းတွေကို အသုံးပြုနေမိရာကနေ ဖြစ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေလို့ ပြောရပါလိမ့်မယ်။ ဒါကြောင့်လည်း သန္ဓေတားတော့မယ်၊ သားဆက်ခြားတော့မယ်ဆိုရင် ဆရာဝန်နဲ့ ကိုယ်လိုချင်တဲ့ Family Goal အတိုင်း မှန်ကန်ပျော်ရွှင်နိုင်အောင် သွားရောက် တိုင်ပင်သင့်ပါတယ်နော်။

အဲဒီတော့ ဒီလိုမှားယွင်းနေတဲ့ နည်းစနစ်တွေ၊ နောက်ပြီး ဖွံ့ ဖြိုးဆဲနိုင်ငံတွေမှာ တင်းကျပ်ပြီး ရှေးရိုးဆန်တဲ့ ရိုးရာယဉ်ကျေးမှုတွေကြောင့် သားဆက်ခြားတဲ့ကိစ္စကို ပွင့်ပွင့်လင်းလင်းမဆွေးနွေးတာတွေ၊ ထုတ်ဖော်တိုင်ပင်မဝံ့တာတွေကို ဖြေရှင်းပေးနိုင်ဖို့အတွက် World Contraception Day မှာဆိုရင် နားလည်ကျွမ်းကျင်တဲ့ဆရာဝန်တွေ၊ အမျိုးသမီးတွေဟာ စုဝေးပြီး သားဆက်ခြားကျန်းမာရေးအကြောင်း ဆွေးနွေးဟောပြောမှုတွေ လုပ်ပေးနေပါတယ်။

သူတို့ဟာ လူငယ်လူကြီး အမျိုးသမီးလေးတွေအားလုံးရဲ့ ကိုယ်ဝန်တွေဟာ လိုချင်လို့ရလာတဲ့ကိုယ်ဝန်တွေဖြစ်စေဖို့ တစ်ဖက်တစ်လမ်းကနေ ကူညီပေးပြီး အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ဝန်ဆောင်ဖို့ အဆင်သင့်မဖြစ်သေးတဲ့အမျိုးသမီးလေးတွေအတွက်ဆိုရင်လည်း မှန်ကန်တဲ့ သားဆက်ခြားနည်းလမ်းတွေ အသုံးပြုနိုင်အောင် ကမ္ဘာတစ်ဝှမ်းမှာ ကူညီပေးလျှက်ရှိပါတယ်။

Lydia Myanmar

Lydia Myanmar

အခုနောက်ပိုင်းမှာလည်း မြန်မာနိုင်ငံက အဖွဲ့အစည်းတွေကလည်း ဒီလို လိုအပ်တဲ့ကူညီပေးမှုတွေကို ကမ္ဘာနဲ့အညီ လက်တွဲလုပ်ဆောင်ပေးလာတာကို တွေ့ရပါတယ်။ ဒီနေ့လည်း ဒီလိုပါပဲ။ World Contraception Day ဖြစ်တာကြောင့် Lydia Myanmar ကဆိုရင်လည်း ကမ္ဘာ့သားဆက်ခြားနေ့ ကျန်းမာရေးဆွေးနွေးပွဲကို Junction Square မှာ ညနေ (၄)နာရီကနေ စတင်ကျင်းပသွားမှာပါ။ ဒီပွဲလေးမှာလည်း အမျိုးသမီးကျန်းမာရေး၊ သားဆက်ခြားကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို ဒေါက်တာစိုးလွင်၊ ဒေါက်တာဖြိုးသီဟ စတဲ့ နားလည်ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးတွေနဲ့ သက်ဆိုင်ရာအမျိုးသမီးတွေက ဆွေးနွေးပေးသွားမှာဆိုတော့ အမျိုးသမီးအားလုံး သွားဖို့ လက်တို့ပေးလိုက်ချင်ပါတယ်။

ကျွန်မတို့ အိမ်တွင်းရေးဟာ ကျွန်မတို့ အမျိုးသမီးတွေရဲ့ ကျန်းမာရေးပေါ်မှာလည်း အများကြီးမူတည်နေပါတယ်နော်။ ပျော်ရွှင်ချမ်းမြေ့စရာကောင်းတဲ့ မိသားစုဘဝလေးကို ရရှိနိုင်ဖို့အတွက် ကိုယ်လိုချင်တဲ့ Family Goal အတိုင်း သွားနိုင်ဖို့ရာ ကိုယ်သုံးစွဲနေတဲ့ သားဆက်ခြားနည်းလမ်းဟာ ကိုယ်နဲ့ ကိုက်ညီမှန်ကန်မှုရှိရဲ့လားဆိုတာကို အချိန်ပေးပြီး လေ့လာပါ။ ဆရာဝန်နဲ့ တိုင်ပင်ပါ။ မရှက်မကြောက်ကြပါနဲ့။ အမျိုးသားတွေကလည်း ကိုယ့်အမျိုးသမီးရဲ့ ကျန်းမာရေးကို ဂရုတစိုက်ရှိပေးဖို့ မမေ့ကြပါနဲ့ဦး။ ပျော်ရွှင်စရာမိသားစုဘဝလေးလည်း ပိုင်ဆိုင်နိုင်ကြပါစေနော်။

Moethaesay (Akhayar)
www.akhayar.com