[Zawgyi]

Oprah Winfrey လို ဘဝရဲ့ အခက္အခဲေတြကို ၾကံ့ၾကံ့ခံရဲရင့္ၾကပါစို႔

၂၀၁၈ Forbes ရဲ့ စစ္တမ္းအရ ေဒၚလာ ၂.၈ ဘီလီယံၾကြယ္ဝေနျပီျဖစ္တဲ့ Oprah Winfrey ရဲ့ ငယ္ဘဝဟာ အမ်ားသိၾကတဲ့အတုိင္း ၾကမ္းတမ္းခက္ထန္ခဲ့ပါတယ္။ အမည္ရင္း Orpah Gail Winfrey လို႔ ေခၚတဲ့ Oprah ဟာ ဇန္နဝါရီလ ၂၉ ရက္ ၁၉၅၄ ခုႏွစ္မွာ ေမြးဖြားတဲ့အတြက္ အခုဆို အသက္ ၆၄ ႏွစ္ရွိျပီျဖစ္ပါတယ္။

သူ႔ကို လူသိမ်ားေစတဲ့ အမွတ္အသားျဖစ္တဲ့ “The Oprah Winfrey Show” ဆိုတဲ့ တီဗြီအစီအစဥ္ကို တင္ဆက္သူျဖစ္ျပီး သူ႔ကို“Queen of All Media” လို႔လည္း တင္စားၾကပါတယ္။ သူဟာ အခ်မ္းသာဆံုးအာဖရိကန္အေမရိကန္တစ္ေယာက္လည္းျဖစ္ျပီး ကမာၻ႔ၾသဇာလႊမ္းမိုးမႈအရွိဆံုးအမ်ိဳးသမီးတစ္ေယာက္လည္းျဖစ္ပါတယ္။

ဒီအေျခအေန၊ ဒီအဆင့္ထိ ေရာက္လာရတဲ့ သူ႔ခရီးလမ္းက ေရႊမႈန္ေတြၾကဲထားတဲ့လမ္းေတာ့ မဟုတ္ပါဘူး။ သူ႔ကို Kosciusko ၊ Mississippi မွာ ေမြးဖြားခဲ့ျပီး သူ႔ရဲ့ ကေလးဘဝနဲ႔ ဆယ္ေက်ာ္သက္ဘဝတစ္ေလွ်ာက္လံုး ပင္ပန္းဆင္းရဲစြာ ရုန္းကန္ခဲ့ရတာပါ။ သူ႔မိဘႏွစ္ပါးကြာရွင္းမႈအျပီးမွာ ထံုးစံအတုိင္း အဘိုးအဘြားေတြ ရွိရာ ပို႔ခံခဲ့ရျပီး အေတာ့္ကို ဆင္းဆင္းရဲရဲေနခဲ့ရပါတယ္။

ဆင္းရဲလြန္းလို႔ အာလူးအိတ္အခြံေတြကို ခ်ဳပ္ဝတ္ခဲ့ရတယ္လို႔ေတာင္ ေျပာစမွတ္ရွိခဲ့ၾကပါတယ္။ အသက္ ၆ႏွစ္အရြယ္ေလာက္မွ အေမနဲ႔ ျပန္ေနရတာ ျဖစ္ေပမယ့္ သူ႔အေမဟာ သူမ်ားအိမ္ေတြမွာ အိမ္အကူတစ္ေန႔လံုးလုပ္ေနရတာ ျဖစ္တဲ့အတြက္ Oprah အတြက္ အခ်ိန္မေပးႏုိင္ခဲ့ပါဘူး။

ဒီထက္ပိုရင္နာစရာေကာင္းတာက Oprah အသက္ ၉ ႏွစ္အရြယ္မွာ သူ႔ရဲ့ တဝမ္းကြဲအကို၊ သူ႔ရဲ့ ဦးေလးအျပင္ သူ႔မိသားစုရဲ့ အသိတစ္ေယာက္က မုဒိမ္းက်င့္တာကို ခံခဲ့ရပါတယ္။ ဒီဒဏ္ေတြကို မခံႏုိင္ေတာ့တဲ့ Oprah ဟာ အသက္ ၁၃ ႏွစ္မွာ အိမ္က ထြက္ေျပးခဲ့ျပီး အသက္ ၁၄ ႏွစ္မွာ ကိုယ္ဝန္ရခဲ့ပါတယ္။ ကိုယ္ဝန္ဟာ အခ်ိန္မတိုင္ခင္ေစာေမြးျပီး ကေလးျဖစ္တဲ့ သားေယာက်္ားေလးဟာ ေမြးျပီး သိပ္မၾကာခင္ပဲ ေသဆံုးခဲ့ရတာ ျဖစ္ပါတယ္။

ဒီလို ေလာကဓံလႈိင္းတံပိုးေတြ မ်ိဳးစံုေအာင္ ၾကံဳျပီးတဲ့အခါမွာေတာ့ စာကို အျပင္းအထန္ၾကိဳးစားေလ့လာခဲ့ျပီး ဒီအတြက္ရလဒ္က သူတက္ေရာက္ခဲ့တဲ့ အေရွ႕နက္ရွ္ဗီးလ္အထက္တန္းေက်ာင္းမွာ Speech Competition မွာ ဆုေတြ မၾကာခဏရျပီးေတာ့ ေပၚျပဴလာျဖစ္တဲ့ ေက်ာင္းသူျဖစ္လာေတာ့တာပါပဲ၊

ေနာက္ပိုင္းမွာေတာ့ တင္နက္ဆီတကၠသိုလ္မွာ Communication ပညာရပ္ကို ဆက္လက္သင္ၾကားခဲ့ျပီး အသက္ ၁၉ႏွစ္မွာေတာ့ ဘဝတစ္ဆစ္ခ်ိဳးေျပာင္းလဲကာ နယ္ခံေရဒီယိုစေတရွင္တစ္ခုမွာ အကူတင္ဆက္သူအေနနဲ႔ အလုပ္ရရွိခဲ့ပါတယ္။

၁၉၈၄ ခုႏွစ္မွာ မနက္အေစာပိုင္း Talk Show အစီအစဥ္တစ္ခုျဖစ္တဲ့ “AM Chicago” ကို ထုတ္လႊင့္ခဲ့ျပီး ဒီအစီအစဥ္ဟာ အေမရိကားမွာ လူၾကည့္အမ်ားဆံုးအစီအစဥ္တစ္ခုျဖစ္လာခဲ့ပါတယ္။ ဒီအစီအစဥ္ဟာ ေနာက္ပိုင္းမွာ “The Oprah Winfrey Show” လို႔ ျဖစ္တည္လာတာ ျဖစ္ျပီး အေမရိကမွာ လူေပါင္း သန္း ၃၀ ေလာက္ ၾကည့္ရႈသူရွိျပီး ႏုိင္ငံေပါင္း ၁၄၄ ႏုိင္ငံကလည္း ေစာင့္ၾကည့္ခဲ့ၾကတာ ျဖစ္တဲ့အတြက္ ဒီက ရလာမယ့္ သူ႔ဝင္ေငြကိုလည္း ခန္႔မွန္းလို႔ ရေလာက္မွာပါ။

သူ႔ကို အမ်ိဳးသမီးထုၾကီးကလည္း ၾသဇာလႊမ္းမိုးအႏုိင္ဆံုး၊ စိတ္ခြန္အားအေပးႏုိင္ဆံုးေခါင္းေဆာင္တစ္ေယာက္အေနနဲ႔ သတ္မွတ္ထားၾကျပီး သူ႔ တီဗီြအစီအစဥ္ကို ၾကည့္တဲ့ အမ်ိဳးသမီးပရိသတ္တင္ ၂၂ သန္းေလာက္ရွိေနပါတယ္။

ဒီလို သူေအာင္ျမင္မႈေတြရလာတဲ့ခါ Oprah’s Angel Network ဆိုတဲ့ ပရဟိတအဖြဲ႔အစည္းတစ္ခုကိုလည္း ထူေထာင္ခဲ့ျပီး ကတ္ထရီနာမုန္တုိင္းျဖစ္ပြားခဲ့တုန္းကဆုိရင္ ေဒၚလာ ၁၀ သန္း ဒီအဖြဲ႔အစည္းကေန လွဴႏုိင္ခဲ့ပါတယ္။ ဒီလို ရက္ေရာလြန္းတဲ့ သဒၵါတရားေၾကာင့္လည္း ကမာၻ႔အရက္ေရာဆံုး အလွဴရွင္ အေယာက္ ၅၀ စာရင္းမွာ ေဒၚလာ ၃၀၃ သန္းလွဴဒါန္းျပီး စာရင္းဝင္ခဲ့တာပါ။

ငယ္ဘဝက ၾကမ္းတမ္းလြန္းေပမယ့္ ရေအာင္ ရုန္းကန္ ရင္ဆုိင္ခဲ့သူ၊ ေအာင္ျမင္လာတဲ့အခါမွာလည္းတကိုယ္ေကာင္းစိတ္မရွိဘဲ ၾကြယ္ဝတဲ့ စည္းစိမ္ဥစၥာေတြကို လိုအပ္ေနသူေတြဆီကို ျဖန္႔ၾကဲေပးကမ္းခဲ့သူ Oprah ရဲ့ ခုိင္ၾကည္တဲ့ စိတ္ဓာတ္ကို ဒီလို အျပည္ျပည္ဆုိင္ရာအမ်ိဳးသမီးမ်ားေန႔( မတ္လ ၈ ရက္ေန႔) မွာ အခရာက မွတ္တမ္းတင္ဂုဏ္ျပဳလိုက္ပါရေစ။

ရိုးလူ (Akhayar)

www.akhayar.com

Ref : www.brainpick.com
[Unicode]

Oprah Winfrey လို ဘဝရဲ့ အခက်အခဲတွေကို ကြံ့ကြံ့ခံရဲရင့်ကြပါစို့

၂၀၁၈ Forbes ရဲ့ စစ်တမ်းအရ ဒေါ်လာ ၂.၈ ဘီလီယံကြွယ်ဝနေပြီဖြစ်တဲ့ Oprah Winfrey ရဲ့ ငယ်ဘဝဟာ အများသိကြတဲ့အတိုင်း ကြမ်းတမ်းခက်ထန်ခဲ့ပါတယ်။ အမည်ရင်း Orpah Gail Winfrey လို့ ခေါ်တဲ့ Oprah ဟာ ဇန်နဝါရီလ ၂၉ ရက် ၁၉၅၄ ခုနှစ်မှာ မွေးဖွားတဲ့အတွက် အခုဆို အသက် ၆၄ နှစ်ရှိပြီဖြစ်ပါတယ်။

သူ့ကို လူသိများစေတဲ့ အမှတ်အသားဖြစ်တဲ့ “The Oprah Winfrey Show” ဆိုတဲ့ တီဗွီအစီအစဉ်ကို တင်ဆက်သူဖြစ်ပြီး သူ့ကို“Queen of All Media” လို့လည်း တင်စားကြပါတယ်။ သူဟာ အချမ်းသာဆုံးအာဖရိကန်အမေရိကန်တစ်ယောက်လည်းဖြစ်ပြီး ကမ္ဘာ့သြဇာလွှမ်းမိုးမှုအရှိဆုံးအမျိုးသမီးတစ်ယောက်လည်းဖြစ်ပါတယ်။

ဒီအခြေအနေ၊ ဒီအဆင့်ထိ ရောက်လာရတဲ့ သူ့ခရီးလမ်းက ရွှေမှုန်တွေကြဲထားတဲ့လမ်းတော့ မဟုတ်ပါဘူး။ သူ့ကို Kosciusko ၊ Mississippi မှာ မွေးဖွားခဲ့ပြီး သူ့ရဲ့ ကလေးဘဝနဲ့ ဆယ်ကျော်သက်ဘဝတစ်လျှောက်လုံး ပင်ပန်းဆင်းရဲစွာ ရုန်းကန်ခဲ့ရတာပါ။ သူ့မိဘနှစ်ပါးကွာရှင်းမှုအပြီးမှာ ထုံးစံအတိုင်း အဘိုးအဘွားတွေ ရှိရာ ပို့ခံခဲ့ရပြီး အတော့်ကို ဆင်းဆင်းရဲရဲနေခဲ့ရပါတယ်။

ဆင်းရဲလွန်းလို့ အာလူးအိတ်အခွံတွေကို ချုပ်ဝတ်ခဲ့ရတယ်လို့တောင် ပြောစမှတ်ရှိခဲ့ကြပါတယ်။ အသက် ၆နှစ်အရွယ်လောက်မှ အမေနဲ့ ပြန်နေရတာ ဖြစ်ပေမယ့် သူ့အမေဟာ သူများအိမ်တွေမှာ အိမ်အကူတစ်နေ့လုံးလုပ်နေရတာ ဖြစ်တဲ့အတွက် Oprah အတွက် အချိန်မပေးနိုင်ခဲ့ပါဘူး။

ဒီထက်ပိုရင်နာစရာကောင်းတာက Oprah အသက် ၉ နှစ်အရွယ်မှာ သူ့ရဲ့ တဝမ်းကွဲအကို၊ သူ့ရဲ့ ဦးလေးအပြင် သူ့မိသားစုရဲ့ အသိတစ်ယောက်က မုဒိမ်းကျင့်တာကို ခံခဲ့ရပါတယ်။ ဒီဒဏ်တွေကို မခံနိုင်တော့တဲ့ Oprah ဟာ အသက် ၁၃ နှစ်မှာ အိမ်က ထွက်ပြေးခဲ့ပြီး အသက် ၁၄ နှစ်မှာ ကိုယ်ဝန်ရခဲ့ပါတယ်။ ကိုယ်ဝန်ဟာ အချိန်မတိုင်ခင်စောမွေးပြီး ကလေးဖြစ်တဲ့ သားယောကျ်ားလေးဟာ မွေးပြီး သိပ်မကြာခင်ပဲ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ဒီလို လောကဓံလှိုင်းတံပိုးတွေ မျိုးစုံအောင် ကြုံပြီးတဲ့အခါမှာတော့ စာကို အပြင်းအထန်ကြိုးစားလေ့လာခဲ့ပြီး ဒီအတွက်ရလဒ်က သူတက်ရောက်ခဲ့တဲ့ အရှေ့နက်ရှ်ဗီးလ်အထက်တန်းကျောင်းမှာ Speech Competition မှာ ဆုတွေ မကြာခဏရပြီးတော့ ပေါ်ပြူလာဖြစ်တဲ့ ကျောင်းသူဖြစ်လာတော့တာပါပဲ၊

နောက်ပိုင်းမှာတော့ တင်နက်ဆီတက္ကသိုလ်မှာ Communication ပညာရပ်ကို ဆက်လက်သင်ကြားခဲ့ပြီး အသက် ၁၉နှစ်မှာတော့ ဘဝတစ်ဆစ်ချိုးပြောင်းလဲကာ နယ်ခံရေဒီယိုစတေရှင်တစ်ခုမှာ အကူအနေနဲ့ အလုပ်ရရှိခဲ့ပါတယ်။

၁၉၈၄ ခုနှစ်မှာ မနက်အစောပိုင်း Talk Show အစီအစဉ်တစ်ခုဖြစ်တဲ့ “AM Chicago” ကို ထုတ်လွှင့်ခဲ့ပြီး ဒီအစီအစဉ်ဟာ အမေရိကားမှာ လူကြည့်အများဆုံးအစီအစဉ်တစ်ခုဖြစ်လာခဲ့ပါတယ်။ ဒီအစီအစဉ်ဟာ နောက်ပိုင်းမှာ “The Oprah Winfrey Show” လို့ ဖြစ်တည်လာတာ ဖြစ်ပြီး အမေရိကမှာ လူပေါင်း သန်း ၃၀ လောက် ကြည့်ရှုသူရှိပြီး နိုင်ငံပေါင်း ၁၄၄ နိုင်ငံကလည်း စောင့်ကြည့်ခဲ့ကြတာ ဖြစ်တဲ့အတွက် ဒီက ရလာမယ့် သူ့ဝင်ငွေကိုလည်း ခန့်မှန်းလို့ ရလောက်မှာပါ။

သူ့ကို အမျိုးသမီးထုကြီးကလည်း သြဇာလွှမ်းမိုးအနိုင်ဆုံး၊ စိတ်ခွန်အားအပေးနိုင်ဆုံးခေါင်းဆောင်တစ်ယောက်အနေနဲ့ သတ်မှတ်ထားကြပြီး သူ့ တီဗွီအစီအစဉ်ကို ကြည့်တဲ့ အမျိုးသမီးပရိသတ်တင် ၂၂ သန်းလောက်ရှိနေပါတယ်။

ဒီလို သူအောင်မြင်မှုတွေရလာတဲ့ခါ Oprah’s Angel Network ဆိုတဲ့ ပရဟိတအဖွဲ့အစည်းတစ်ခုကိုလည်း ထူထောင်ခဲ့ပြီး ကတ်ထရီနာမုန်တိုင်းဖြစ်ပွားခဲ့တုန်းကဆိုရင် ဒေါ်လာ ၁၀ သန်း ဒီအဖွဲ့အစည်းကနေ လှူနိုင်ခဲ့ပါတယ်။ ဒီလို ရက်ရောလွန်းတဲ့ သဒ္ဒါတရားကြောင့်လည်း ကမ္ဘာ့အရက်ရောဆုံး အလှူရှင် အယောက် ၅၀ စာရင်းမှာ ဒေါ်လာ ၃၀၃ သန်းလှူဒါန်းပြီး စာရင်းဝင်ခဲ့တာပါ။

ငယ်ဘဝက ကြမ်းတမ်းလွန်းပေမယ့် ရအောင် ရုန်းကန် ရင်ဆိုင်ခဲ့သူ၊ အောင်မြင်လာတဲ့အခါမှာလည်းတကိုယ်ကောင်းစိတ်မရှိဘဲ ကြွယ်ဝတဲ့ စည်းစိမ်ဥစ္စာတွေကို လိုအပ်နေသူတွေဆီကို ဖြန့်ကြဲပေးကမ်းခဲ့သူ Oprah ရဲ့ ခိုင်ကြည်တဲ့ စိတ်ဓာတ်ကို ဒီလို အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့( မတ်လ ၈ ရက်နေ့) မှာ အခရာက မှတ်တမ်းတင်ဂုဏ်ပြုလိုက်ပါရစေ။

ရိုးလူ (Akhayar)

www.akhayar.com

Ref : www.brainpick.com