[Zawgyi]

Leonardo DiCaprio ရဲ႕ US$ ၄.၉၁ သန္းေက်ာ္ အိမ္သစ္ၾကီးအေၾကာင္း

Titanic တို႔ The Wolf of Wall Street တို႔ရဲ႕ ကမ႓ာေက်ာ္ ေငြၾကယ္ပြင့္ႀကီး Leonardo DiCaprio ကေတာ့ ႂကြယ္ဝခ်မ္းသာတဲ့ ဝင္ေငြပိုင္ဆိုင္မႈေတြအတိ ပိုင္ဆိုင္ထားတယ္ဆိုတာ သူ႔ရဲ႕ ဝင္ေငြအေကာင္းဆံုး ႐ုပ္ရွင္ေတြက သက္ေသထူေနၿပီးသားပါ။ ကမ႓ာေက်ာ္နာမည္ႀကီး Celebrity ေတြရဲ႕ အသားတင္ႂကြယ္ဝမႈေတြကို စစ္တမ္းေကာက္ယူေပးတဲ့ The Richest Website ရဲ႕ အဆိုအရဆိုရင္ Leo ရဲ႕ အသားတင္ ႂကြယ္ဝမႈဟာ ခုဆိုရင္ေတာ့ အေမရိကန္ေဒၚလာ ၂၄၅ သန္းထိ ရွိလာၿပီျဖစ္ပါတယ္။ ခမ္းနားႀကီးက်ယ္တဲ့ အိမ္ရာပိုင္ဆိုင္မႈေတြကို မက္ေမာသေဘာက်ေလ့ရွိတဲ့ Leo ကေတာ့ ခုလည္း သူ႔ဝါသနာအရ အိမ္သစ္ႀကီး တစ္လံုးကို ပရိသတ္ေရွ႕ကို ခ်ျပခဲ့ျပန္ပါၿပီ။

အသက္ ၄၃ ႏွစ္အရြယ္ Oscar ဆုပိုင္ရွင္ႀကီး Leo ခုထပ္ဝယ္လိုက္တဲ့အိမ္ရာကေတာ့ Los Angeles ၿမိဳ႕အလယ္ပိုင္း ေတာင္ကုန္းေတြရွိတဲ့ Los Feliz နယ္ေျမက စတုရန္းေပေပါင္း ၄၄၆၄ ေပရွိတဲ့ အိမ္က်ယ္ႀကီး တစ္လံုးျဖစ္ၿပီး အေမရိကန္ေဒၚလာ ၄.၉၁ သန္းနဲ႔ဝယ္ယူခဲ့တာျဖစ္ပါတယ္။

ဒီအိမ္ႀကီးကို အရင္က ဂီတပညာရွင္ Moby က ပိုင္ဆိုင္ခဲ့တာျဖစ္ၿပီး Moby ကိုယ္တိုင္ကိုက ပါပါရာဇီေတြကို ေရွာင္တတ္တဲ့သူတစ္ေယာက္မို႔ သူ႔ရဲ႕အိမ္တစ္ခုလံုးကို သစ္ပင္ေတြ၊ ေျမေလွ်ာက္ျခံဳႏြယ္ေလးေတြနဲ႔ အုပ္အုပ္မိႈင္းမိႈင္း တည္ေဆာက္ခဲ့ပါတယ္။

က်ယ္ဝန္းလွတဲ့ အိမ္တစ္အိမ္လံုးကို အိပ္ခန္း ၅ ခန္း၊ ေရခ်ိဳးခန္း ၈ ခန္း၊ တျခားသီးသန္႔ခန္းေတြနဲ႔ တျခား Celebrity ေတြ ေနထိုင္လည္ပတ္ဖို႔ အခန္းေတြပါဝင္ပါတယ္။

Leo အေနနဲ႔ ၿပီးခဲ့တဲ့ ႏွစ္ေတြကတည္းက သူ႔ရဲ႕ အိမ္ယာပိုင္ဆိုင္မႈေတြကို စနစ္တက်စုေဆာင္းရွင္းလင္းေနတာျဖစ္ၿပီး ၂၀၁၆ မွာ သူ ၁၈ ႏွစ္တာ ပိုင္ဆိုင္ခဲ့တဲ့ Malibu Compound ကို အေမရိကန္ေဒၚလာ ၁၀.၉၅ သန္းနဲ႔ ျပန္ေရာင္းဖို႔ေစ်းဆိုခဲ့ပါတယ္။ သူ႔ရဲ႕ Greenwich Village တိုက္ခန္းကိုေတာ့ အေမရိကန္ေဒၚလာ ၈သန္းနဲ႔ ေရာင္းခ်ခဲ့ၿပီး Studio City အိမ္ရာကိုလည္း ေဒၚလာ ၈ သန္းနဲ႔ ေရာင္းခ်ခဲ့ပါေသးတယ္။

ဒီတစ္ခါဝယ္ယူခဲ့တဲ့ Leo ရဲ႕ အိမ္ကေတာ့ အိမ္အတြင္းပိုင္းတစ္ခုလံုး ႏို႔ႏွစ္ေရာင္ၿငိမ္ၿငိမ္ေလးနဲ႔ တည္ၿငိမ္ရွင္းလင္းၿပီး ခမ္းနားလွပေနပံုေတြကို လူမႈကြန္ရက္ေပၚမွာ ေတြ႕ျမင္ခဲ့ရပါတယ္။ လူပ်ိဳႀကီး Leo ရဲ႕ ဒီအိမ္ႀကီးကို အုပ္ခ်ဳပ္ခြင့္ရမယ့္ လက္တြဲေဖာ္ အိမ္ႀကီးရွင္ သခင္မကေတာ့ ဒီခ်ိန္ထိ မေပၚလာေသးပါဘူး။

EiEiKhineMinn (Akhayar)

[Unicode]

Leonardo DiCaprio ရဲ့ US$ ၄.၉၁ သန်းကျော် အိမ်သစ်ကြီးအကြောင်း

Titanic တို့ The Wolf of Wall Street တို့ရဲ့ ကမ္ဘာကျော် ငွေကြယ်ပွင့်ကြီး Leonardo DiCaprio ကတော့ ကြွယ်ဝချမ်းသာတဲ့ ဝင်ငွေပိုင်ဆိုင်မှုတွေအတိ ပိုင်ဆိုင်ထားတယ်ဆိုတာ သူ့ရဲ့ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်တွေက သက်သေထူနေပြီးသားပါ။ ကမ္ဘာကျော်နာမည်ကြီး Celebrity တွေရဲ့ အသားတင်ကြွယ်ဝမှုတွေကို စစ်တမ်းကောက်ယူပေးတဲ့ The Richest Website ရဲ့ အဆိုအရဆိုရင် Leo ရဲ့ အသားတင် ကြွယ်ဝမှုဟာ ခုဆိုရင်တော့ အမေရိကန်ဒေါ်လာ ၂၄၅ သန်းထိ ရှိလာပြီဖြစ်ပါတယ်။ ခမ်းနားကြီးကျယ်တဲ့ အိမ်ရာပိုင်ဆိုင်မှုတွေကို မက်မောသဘောကျလေ့ရှိတဲ့ Leo ကတော့ ခုလည်း သူ့ဝါသနာအရ အိမ်သစ်ကြီး တစ်လုံးကို ပရိသတ်ရှေ့ကို ချပြခဲ့ပြန်ပါပြီ။

အသက် ၄၃ နှစ်အရွယ် Oscar ဆုပိုင်ရှင်ကြီး Leo ခုထပ်ဝယ်လိုက်တဲ့အိမ်ရာကတော့ Los Angeles မြို့အလယ်ပိုင်း တောင်ကုန်းတွေရှိတဲ့ Los Feliz နယ်မြေက စတုရန်းပေပေါင်း ၄၄၆၄ ပေရှိတဲ့ အိမ်ကျယ်ကြီး တစ်လုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၄.၉၁ သန်းနဲ့ဝယ်ယူခဲ့တာဖြစ်ပါတယ်။

ဒီအိမ်ကြီးကို အရင်က ဂီတပညာရှင် Moby က ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး Moby ကိုယ်တိုင်ကိုက ပါပါရာဇီတွေကို ရှောင်တတ်တဲ့သူတစ်ယောက်မို့ သူ့ရဲ့အိမ်တစ်ခုလုံးကို သစ်ပင်တွေ၊ မြေလျှောက်ခြုံနွယ်လေးတွေနဲ့ အုပ်အုပ်မှိုင်းမှိုင်း တည်ဆောက်ခဲ့ပါတယ်။

ကျယ်ဝန်းလှတဲ့ အိမ်တစ်အိမ်လုံးကို အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၈ ခန်း၊ တခြားသီးသန့်ခန်းတွေနဲ့ တခြား Celebrity တွေ နေထိုင်လည်ပတ်ဖို့ အခန်းတွေပါဝင်ပါတယ်။

Leo အနေနဲ့ ပြီးခဲ့တဲ့ နှစ်တွေကတည်းက သူ့ရဲ့ အိမ်ယာပိုင်ဆိုင်မှုတွေကို စနစ်တကျစုဆောင်းရှင်းလင်းနေတာဖြစ်ပြီး ၂၀၁၆ မှာ သူ ၁၈ နှစ်တာ ပိုင်ဆိုင်ခဲ့တဲ့ Malibu Compound ကို အမေရိကန်ဒေါ်လာ ၁၀.၉၅ သန်းနဲ့ ပြန်ရောင်းဖို့ဈေးဆိုခဲ့ပါတယ်။ သူ့ရဲ့ Greenwich Village တိုက်ခန်းကိုတော့ အမေရိကန်ဒေါ်လာ ၈သန်းနဲ့ ရောင်းချခဲ့ပြီး Studio City အိမ်ရာကိုလည်း ဒေါ်လာ ၈ သန်းနဲ့ ရောင်းချခဲ့ပါသေးတယ်။

ဒီတစ်ခါဝယ်ယူခဲ့တဲ့ Leo ရဲ့ အိမ်ကတော့ အိမ်အတွင်းပိုင်းတစ်ခုလုံး နို့နှစ်ရောင်ငြိမ်ငြိမ်လေးနဲ့ တည်ငြိမ်ရှင်းလင်းပြီး ခမ်းနားလှပနေပုံတွေကို လူမှုကွန်ရက်ပေါ်မှာ တွေ့မြင်ခဲ့ရပါတယ်။ လူပျိုကြီး Leo ရဲ့ ဒီအိမ်ကြီးကို အုပ်ချုပ်ခွင့်ရမယ့် လက်တွဲဖော် အိမ်ကြီးရှင် သခင်မကတော့ ဒီချိန်ထိ မပေါ်လာသေးပါဘူး။

EiEiKhineMinn (Akhayar)