[ Zawgyi ]

Android စမတ္ဖုန္းဝယ္ၿပီးတဲ့အခါ ပထမဦးဆံုးျပဳလုပ္သင့္သည့္ အခ်က္ ၂ခ်က္

ဖုန္းတစ္လံုးဝယ္ၿပီးသြားၿပီဆိုရင္ ပံုမွန္အားျဖင့္အသံုးျပဳသူေတြဟာ ဖုန္းထဲကို Software ေတြသြင္းမယ္ Game ေတြ သီခ်င္းေတြသြင္းမယ္ ၊ ဖုန္းနံပါတ္ေတြ Restore လုပ္မယ္…ဒီလိုလုပ္ရိုးလုပ္စဥ္ေတြကိုပဲ ျပဳလုပ္ေလ့ရွိပါတယ္။

ဒီတစ္ေခါက္ေဖာ္ျပေပးမွာကေတာ့ ဖုန္းဝယ္ယူၿပီးတဲ့အခါ ေမ့ေနတတ္တဲ့ လုပ္သင့္တဲ့အေၾကာင္းအရာႏွစ္ခုကိုေဖာ္ျပေပးမွာျဖစ္ပါတယ္။ ဘာမ်ားပါလိမ့္ ?

1.Google Services ေတြထည့္သြင္းဖို႔နဲ႔

2. Find My Device app နဲ႔ခ်ိတ္ဆက္ရမယ့္အေၾကာင္းပဲျဖစ္ပါတယ္။

Google Apps ေတြဘာလို႔ထည့္ခိုင္းတာလည္း ?

Android နဲ႔ Google ဟာ လံုးဝခြဲထားလို႔မရေလာက္ေအာင္ကို အျပန္အလွန္အက်ိဳးျပဳေနပါတယ္။ Google ဟာ ဖုန္းတစ္လံုးအတြက္ မရွိမျဖစ္ေလာက္ေအာင္ကိုလုိအပ္မယ့္ Apps ေပါင္းမ်ားစြာကိုအျမဲဆိုသလိုထုတ္ေပးေနပါတယ္။ ဒါေပမယ့္ Google ရဲ႕ Application ေတြကိုအသံုးျပဳမယ္ဆိုရင္ ဖုန္းမွာ Google Framework ေတြ Google service app ေတြလိုအပ္ပါမယ္။ ဖုန္းအေတာ္မ်ားမ်ားမွာေတာ့ Google service နဲ႔အျခား ဝန္ေဆာင္မႈApps ေတြပါဝင္ၿပီးျဖစ္ေပမယ့္ Global & Loacl ဆိုၿပီး Software Version ႏွစ္မ်ိဳးခြဲထုတ္တတ္တဲ့ Xiaomi , Meizu တို႔လိုဖုန္းေတြမွာေတာ့ သီးသန္႔ျပန္သြင္းရတာမ်ိဳးရွိပါတယ္။ ဒါေၾကာင့္ Google Services ေတြကိုဦးစားေပးထည့္သြင္းဖို႔အၾကံၿပဳရတာျဖစ္ပါတယ္။

Google Services ေတြမပါဝင္ခဲ့ရင္ဘယ္လိုဆိုးက်ိဳးေတြရွိမလဲ ?
အထူးသျဖင့္ Game ကစားတဲ့သူနဲ႔ Email ကိုအသံုးျပဳၿပီးအလုပ္လုပ္ေနရတဲ့ လုပ္ငန္းရွင္ေတြအတြက္မ်ားစြာထိခိုက္မႈေတြျဖစ္ေပၚႏိုင္ပါတယ္။

Game ကစားသူေတြဟာ အမ်ားစုက COC တို႔ Mobile Legend တို႔လို Online Game ေတြကိုစြဲစြဲျမဲျမဲကစားလာၾကပါတယ္။ ဒီလိုကစားတဲ့အခါမွာ Mobile game အေကာင့္ျပဳလုပ္ရန္လိုအပ္ၿပီး အဆိုပါ အေကာင့္ဟာ google account နဲ႔သာအမ်ားဆံုးခ်ိတ္ဆက္ေဆာ့ကစားႏိုင္မွာျဖစ္ပါတယ္။ ဒီလို Google Account နဲ႔ ခ်ိတ္ဆက္ႏိုင္ဖို႔အတြက္ဖုန္းမွာ Google Service ေတြပါဝင္ေနရမွာျဖစ္ၿပီး မပါဝင္ခဲ့ရင္ေတာ့ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ Game ကိုအစကျပန္ဝင္ရတဲ့အခါမွာ ကိုယ္ေဆာ့ခဲ့တဲ့အခန္း ၊ ရရွိခဲ့တဲ့ ရမွတ္ေတြ ၊ Skills ေတြကိုျပန္လည္ရရွိေတာ့မွာမဟုတ္ပါဘူး။ ထို႔နည္းတူ Gmail အသံုးျပဳသူေတြအေနနဲ႔လည္း ဖုန္းထဲမွာ Gmail apps နဲ႔အသံုးျပဳလိုတဲ့အခါမွာ(မည္သည့္ Google Apps) Google service frameworks ေတြရွိမေနခဲ့ဘူးဆိုရင္အသံုးျပဳလို႔ရမွာမဟုတ္ပါဘူး။

2.Find My Device App ဆိုတာဘာလဲ ?
Find My Device ဆိုတာကေတာ့ မိမိရဲ႕ဖုန္းေပ်ာက္သြားတဲ့အခါမွာ ဖုန္းရဲ႕တည္ေနရာကိုရွာေဖြႏိုင္တဲ့ Apps တစ္ခုပဲျဖစ္ပါတယ္။ ဒီ Apps ကို Google ကထုတ္ေပးထားတာျဖစ္ၿပီး Google Services ပါဝင္တဲ့ Android စမတ္ဖုန္းအားလံုးမွာအသံုးျပဳႏိုင္မွာျဖစ္ပါတယ္။ Find My Device Apk ကို ဒီေနရာမွတစ္ဆင့္ Download ရယူႏိုင္ပါတယ္။

ဘယ္လိုအသံုးျပဳမလဲ ? FMD Apk ကို ဖုန္းမွာ Install ျပဳလုပ္ပါ။ ၿပီးရင္ မိမိပံုမွန္အသံုးျပဳေနက် Google account ကိုဝင္ေပးပါ။ ဖုန္းမွာ Internet ဖြင့္ထားေပးဖို႔ေတာ့လိုပါမယ္။ အကယ္၍ဖုန္းေပ်ာက္သြားၿပီဆိုရင္ https://www.google.com/android/find ကို Browser ကေနသြားၿပီးေတာ့ ဖုန္းမွာဝင္ခဲ့တဲ့အေကာင့္ကိုဝင္လိုက္ပါ။ ဒါဆိုရင္ေတာ့ သင့္ရဲ႕ဖုန္းတည္ေနရာကိုေဖာ္ျပေပးမွာျဖစ္ၿပီး ဖုန္းကိုအသံျမည္ေစျခင္း ၊ Lockခ်ျခင္းနဲ႔ ဖုန္းမွာရွိတဲ့ အခ်က္အလက္ေတြကို ဖ်က္ခ်ပစ္ျခင္း တို႔ကိုျပဳလုပ္ႏိုင္မွာျဖစ္ပါတယ္။ဒီ Appကိုထည့္သြင္းထားျခင္းျဖင့္ ဖုန္းေပ်ာက္တဲ့အခါ ျပန္လည္ရွာေဖြေတြ႔ရွိဖို႔ရာခိုင္ႏႈန္းပိုမိုမ်ားျပားသလို ေနာက္ဆံုးကိုယ့္ဖုန္းျပန္မရေတာ့ရင္ေတာင္ မိမိရဲ႕ Personal အခ်က္အလက္ေတြကိုတစ္ပါးသူလက္ထဲမေရာက္သြားေအာင္ ဖ်က္စီးႏိုင္မယ့္အခြင့္အေရးမ်ိဳးရရွိမွာပဲျဖစ္ပါတယ္။

ဒါေၾကာင့္ ဖုန္းဝယ္ယူၿပီးၿပီဆိုရင္ ဒီလိုအေရးႀကီးတဲ့ အခ်က္ႏွစ္ခုကိုေမ့မေနပဲလုပ္ေဆာင္ထားဖို႔ Akhayar-Tech ရဲ႔ Fans ေတြအတြက္ သတိေပးေဝမွ်လိုက္ရပါတယ္ခင္ဗ်ာ။

Phone Hay Ko ( Akhayar )

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[ Unicode ]

Android စမတ်ဖုန်းဝယ်ပြီးတဲ့အခါ ပထမဦးဆုံးပြုလုပ်သင့်သည့် အချက် ၂ချက်

ဖုန်းတစ်လုံးဝယ်ပြီးသွားပြီဆိုရင် ပုံမှန်အားဖြင့်အသုံးပြုသူတွေဟာ ဖုန်းထဲကို Software တွေသွင်းမယ် Game တွေ သီချင်းတွေသွင်းမယ် ၊ ဖုန်းနံပါတ်တွေ Restore လုပ်မယ်…ဒီလိုလုပ်ရိုးလုပ်စဉ်တွေကိုပဲ ပြုလုပ်လေ့ရှိပါတယ်။

ဒီတစ်ခေါက်ဖော်ပြပေးမှာကတော့ ဖုန်းဝယ်ယူပြီးတဲ့အခါ မေ့နေတတ်တဲ့ လုပ်သင့်တဲ့အကြောင်းအရာနှစ်ခုကိုဖော်ပြပေးမှာဖြစ်ပါတယ်။ ဘာများပါလိမ့် ?

1.Google Services တွေထည့်သွင်းဖို့နဲ့

2. Find My Device app နဲ့ချိတ်ဆက်ရမယ့်အကြောင်းပဲဖြစ်ပါတယ်။

Google Apps တွေဘာလို့ထည့်ခိုင်းတာလည်း ?

Android နဲ့ Google ဟာ လုံးဝခွဲထားလို့မရလောက်အောင်ကို အပြန်အလှန်အကျိုးပြုနေပါတယ်။ Google ဟာ ဖုန်းတစ်လုံးအတွက် မရှိမဖြစ်လောက်အောင်ကိုလိုအပ်မယ့် Apps ပေါင်းများစွာကိုအမြဲဆိုသလိုထုတ်ပေးနေပါတယ်။ ဒါပေမယ့် Google ရဲ့ Application တွေကိုအသုံးပြုမယ်ဆိုရင် ဖုန်းမှာ Google Framework တွေ Google service app တွေလိုအပ်ပါမယ်။ ဖုန်းအတော်များများမှာတော့ Google service နဲ့အခြား ဝန်ဆောင်မှုApps တွေပါဝင်ပြီးဖြစ်ပေမယ့် Global & Loacl ဆိုပြီး Software Version နှစ်မျိုးခွဲထုတ်တတ်တဲ့ Xiaomi , Meizu တို့လိုဖုန်းတွေမှာတော့ သီးသန့်ပြန်သွင်းရတာမျိုးရှိပါတယ်။ ဒါကြောင့် Google Services တွေကိုဦးစားပေးထည့်သွင်းဖို့အကြံပြုရတာဖြစ်ပါတယ်။

Google Services တွေမပါဝင်ခဲ့ရင်ဘယ်လိုဆိုးကျိုးတွေရှိမလဲ ?
အထူးသဖြင့် Game ကစားတဲ့သူနဲ့ Email ကိုအသုံးပြုပြီးအလုပ်လုပ်နေရတဲ့ လုပ်ငန်းရှင်တွေအတွက်များစွာထိခိုက်မှုတွေဖြစ်ပေါ်နိုင်ပါတယ်။

Game ကစားသူတွေဟာ အများစုက COC တို့ Mobile Legend တို့လို Online Game တွေကိုစွဲစွဲမြဲမြဲကစားလာကြပါတယ်။ ဒီလိုကစားတဲ့အခါမှာ Mobile game အကောင့်ပြုလုပ်ရန်လိုအပ်ပြီး အဆိုပါ အကောင့်ဟာ google account နဲ့သာအများဆုံးချိတ်ဆက်ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ ဒီလို Google Account နဲ့ ချိတ်ဆက်နိုင်ဖို့အတွက်ဖုန်းမှာ Google Service တွေပါဝင်နေရမှာဖြစ်ပြီး မပါဝင်ခဲ့ရင်တော့ အကြောင်းအမျိုးမျိုးကြောင့် Game ကိုအစကပြန်ဝင်ရတဲ့အခါမှာ ကိုယ်ဆော့ခဲ့တဲ့အခန်း ၊ ရရှိခဲ့တဲ့ ရမှတ်တွေ ၊ Skills တွေကိုပြန်လည်ရရှိတော့မှာမဟုတ်ပါဘူး။ ထို့နည်းတူ Gmail အသုံးပြုသူတွေအနေနဲ့လည်း ဖုန်းထဲမှာ Gmail apps နဲ့အသုံးပြုလိုတဲ့အခါမှာ(မည်သည့် Google Apps) Google service frameworks တွေရှိမနေခဲ့ဘူးဆိုရင်အသုံးပြုလို့ရမှာမဟုတ်ပါဘူး။

2.Find My Device App ဆိုတာဘာလဲ ?
Find My Device ဆိုတာကတော့ မိမိရဲ့ဖုန်းပျောက်သွားတဲ့အခါမှာ ဖုန်းရဲ့တည်နေရာကိုရှာဖွေနိုင်တဲ့ Apps တစ်ခုပဲဖြစ်ပါတယ်။ ဒီ Apps ကို Google ကထုတ်ပေးထားတာဖြစ်ပြီး Google Services ပါဝင်တဲ့ Android စမတ်ဖုန်းအားလုံးမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Find My Device Apk ကို ဒီနေရာမှတစ်ဆင့် Download ရယူနိုင်ပါတယ်။

ဘယ်လိုအသုံးပြုမလဲ ? FMD Apk ကို ဖုန်းမှာ Install ပြုလုပ်ပါ။ ပြီးရင် မိမိပုံမှန်အသုံးပြုနေကျ Google account ကိုဝင်ပေးပါ။ ဖုန်းမှာ Internet ဖွင့်ထားပေးဖို့တော့လိုပါမယ်။ အကယ်၍ဖုန်းပျောက်သွားပြီဆိုရင် https://www.google.com/android/find ကို Browser ကနေသွားပြီးတော့ ဖုန်းမှာဝင်ခဲ့တဲ့အကောင့်ကိုဝင်လိုက်ပါ။ ဒါဆိုရင်တော့ သင့်ရဲ့ဖုန်းတည်နေရာကိုဖော်ပြပေးမှာဖြစ်ပြီး ဖုန်းကိုအသံမြည်စေခြင်း ၊ Lockချခြင်းနဲ့ ဖုန်းမှာရှိတဲ့ အချက်အလက်တွေကို ဖျက်ချပစ်ခြင်း တို့ကိုပြုလုပ်နိုင်မှာဖြစ်ပါတယ်။ဒီ Appကိုထည့်သွင်းထားခြင်းဖြင့် ဖုန်းပျောက်တဲ့အခါ ပြန်လည်ရှာဖွေတွေ့ရှိဖို့ရာခိုင်နှုန်းပိုမိုများပြားသလို နောက်ဆုံးကိုယ့်ဖုန်းပြန်မရတော့ရင်တောင် မိမိရဲ့ Personal အချက်အလက်တွေကိုတစ်ပါးသူလက်ထဲမရောက်သွားအောင် ဖျက်စီးနိုင်မယ့်အခွင့်အရေးမျိုးရရှိမှာပဲဖြစ်ပါတယ်။

ဒါကြောင့် ဖုန်းဝယ်ယူပြီးပြီဆိုရင် ဒီလိုအရေးကြီးတဲ့ အချက်နှစ်ခုကိုမေ့မနေပဲလုပ်ဆောင်ထားဖို့ Akhayar-Tech ရဲ့ Fans တွေအတွက် သတိပေးဝေမျှလိုက်ရပါတယ်ခင်ဗျာ။

Phone Hay Ko ( Akhayar )

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။