[Zawgyi]

ရမ္ေဆး Ramsey ဂုိးသြင္းရင္ နာမည္ေက်ာ္လူပုဂၢိဳလ္ေတြ ေသဆုံးတာက တိုက္ဆုိင္မႈလား၊ က်ိန္စာမ်ားလား

က႑အသီးသီးက နာမည္ႀကီး Celebrity ေတြ ရမ္ေဆး Ramsey နဲ႔ ပတ္သက္ၿပီး ဆုေတာင္းေနၾကတာ တစ္ခုရွိပါတယ္။ အဲဒါကေတာ့ အာဆင္နယ္အသင္းအတြက္ ရမ္ေဆး ဂုိးမသြင္းဖုိ႔ပါပဲ။ ၾကမၼာငင္တယ္လုိ႔ပဲ ေျပာရမလား၊ တိုက္ဆုိင္မႈလုိ႔ပဲ ေျပာရမလား၊ ရမ္ေဆးဂုိးသြင္းရင္ နာမည္ႀကီးတစ္ေယာက္ ေသတတ္လုိ႔ပါ။ အခုလည္း ရမ္ေဆးရဲ႕ က်ိန္စာဆုိးက မရပ္တန္႔ေသးပါဘူး။ ၿပီးခဲ့တဲ့ ေသာၾကာေန႔က Vorskla နဲ႔ ကစားခဲ့တဲ့ ယူ႐ုိပါလိဂ္ပဲြမွာ ရမ္ေဆးဂုိးသြင္းပါတယ္။ နာမည္ႀကီးထဲက ဘယ္သူေသဦးမလဲဆုိၿပီး ရင္တမမနဲ႔ ေစာင့္ၾကည့္ေနတုန္းမွာပဲ အခုဆုိရင္ အေမရိကန္သမၼတေဟာင္းတစ္ဦးျဖစ္တဲ့ ေဂ်ာ႔ခ်္ဟာဘတ္ေ၀ါလ္ကာဘုရွ္ George Herbert Walker Bush (အေမရိကန္သမၼတေဟာင္း ေဂ်ာ႔ခ်္ေ၀ါလ္ကာဘုရွ္ George W. Bush ရဲ႕ဖခင္) ကြယ္လြန္သြားျပန္ပါၿပီ။ တကယ့္ကုိ မယုံႏုိင္ေလာက္ေအာင္ပါပဲ။ ေဂ်ာ႔ခ်္ဘုရွ္ မတိုင္ခင္တုန္းကလည္း နာမည္ႀကီး ႐ုပ္သံစီးရီးတစ္ခုျဖစ္တဲ့ Walking Dead ထဲမွာ ပါ၀င္ခဲ့ဖူးသူ မင္းသားႀကီး စေကာ့၀ီလ္ဆင္ Scott Wilson ဟာ ေသြးကင္ဆာေရာဂါေၾကာင့္ ေအာက္တိုဘာလ (၆)ရက္မွာ ကြယ္လြန္ခဲ့ၿပီး အဲဒီေန႔ နာရီပုိင္းအၾကာမွာပဲ ဖူလ္ဟမ္ကုိ ရမ္ေဆး ဂုိးသြင္းခဲ့တယ္။

George-H.-W.-Bush

George-H.-W.-Bush

ဒီႏွစ္ထဲမွာပဲ ရမ္ေဆးဂုိးသြင္းအၿပီး ေသဆုံးခဲ့တဲ့ နာမည္ေက်ာ္ လူပုဂၢိဳလ္ (၄)ဦးအထိ ရွိခဲ့ပါတယ္။ ရမ္ေဆးဂုိးသြင္းရင္ Cele တစ္ေယာက္ေသတတ္တာနဲ႔ပတ္သက္ၿပီး Online ေပၚမွာ အၿမဲ Troll ခံခဲ့ရတယ္။ အဲဒီအေၾကာင္းအရာနဲ႔ပတ္သက္ၿပီး ၂၀၁၅ ခုႏွစ္တုနး္က အင္တာဗ်ဴးတစ္ခုမွာ ရမ္ေဆးက အခုလုိေျပာခဲ့ဖူးတယ္။ ”ကၽြန္ေတာ္ ဂုိးသြင္းရင္ လူတစ္ေယာက္ ေသတယ္ဆုိၿပီး ရီစရာအေကာင္းဆုံး ေကာလာဟလသတင္းေတြကုိ ၾကားသိခဲ့ရတယ္။ ဒါဟာ တကယ့္ကုိ ႐ူးေၾကာင္ေၾကာင္ႏုိင္တဲ့ ေျပာဆုိမႈေတြပါ” လုိ႔ ဆုိခဲ့တယ္။

Stephen-Hawking-and-Steve-Jobs

Stephen-Hawking-and-Steve-Jobs

ရမ္ေဆးဂုိးသြင္းအၿပီး ေသဆုံးခဲ့သူေတြထဲမွာ စတိဗ္ဂ်ာ႔ဘ္ Steve Jobs ၊ စတီဖင္ေဟာကင္း Stephen Hawking တို႔လုိ နာမည္ႀကီးလူပုဂၢိဳလ္ေတြ ပါ၀င္ခဲ့ၾကတယ္။ ပရိသတ္ႀကီးေရ .. ရမ္ေဆးဂုိးသြင္းရင္ နာမည္ႀကီး Celebrity တစ္ဦး ေသဆုံးတတ္တာက တိုက္ဆုိင္မႈလား၊ က်ိန္စာမ်ားလားဆုိတာေတာ့ . . .

ရမ္ေဆးဂုိးသြင္းအၿပီး ေသဆုံးခဲ့တဲ့ နာမည္ႀကီးမ်ား

တက္ဒ္ကေနဒီ (၂၀၀၉) – အေမရိကန္ အထက္လႊတ္ေတာ္အမတ္ တက္ဒ္ကေနဒီ Ted Kennedy ဟာ ပုိ႔စ္ေမာက္ကုိ ရမ္ေဆး ဂုိးသြင္းအၿပီး (၃)ရက္အၾကာမွာ ကြယ္လြန္ခဲ့တယ္။

အုိစမာဘင္လာဒင္ (၂၀၁၁) – မန္ယူနဲ႔ပဲြမွာ ဂုိးသြင္းအၿပီး ေနာက္တစ္ေန႔မွွာပဲ အုိစမာဘင္လာဒင္ Osama Bin Laden ေသဆုံးခဲ့တယ္။

စတိဗ္ေဂ်ာ႔ဘ္ (၂၀၁၁) – စပါးနဲ႔ပဲြမွာ ရမ္ေဆးဂုိးသြင္းအၿပီး (၃)ရက္အၾကာမွာ စတိဗ္ေဂ်ာ႔ဘ္ Steve Jobs ကြယ္လြန္ခဲ့တယ္။

မူအမ္မာကဒါဖီ (၂၀၁၁) – မာေဆးလ္နဲ႔ပဲြမွာ ဂုိးသြင္းခဲ့ၿပီးေနာက္တစ္ေန႔မွာပဲ မူအမ္မာကဒါဖီ Muammar Gaddafi ေသဆုံးခဲ့တယ္။

၀စ္တနီေဟာက္စတန္ (၂၀၁၂) – နာမည္ႀကီးအဆုိေတာ္ ၀စ္တနီေဟာက္စတန္ Whitney Houston ဟာ ဆန္ဒါးလန္းအသင္းဘက္ကုိ ရမ္ေဆး ဂုိးသြင္းအၿပီး ေနာက္တစ္ေန႔မွာ ေသဆုံးခဲ့ပါတယ္။

ေရး၀ီလီယံစ္ နဲ႔ ေဘာ္ရစ္ဘရီေဇာ့စကီး (၂၀၁၃) – နာမည္ႀကီး ဘက္စကတ္ေဘာ ကစားသမား ေရး၀ီလီယံစ္ Ray Williams နဲ႔ ႐ုရွားသိပၸံပညာရွင္ ေဘာ္ရစ္ဘရီေဇာ့စကီး Berezovsky တို႔ဟာ ရမ္ေဆး ဂုိးသြင္းအၿပီး ရက္ပုိင္းအၾကာမွာပဲ ေရွ႕ဆင့္ေနာက္ဆင့္ဆုိသလုိ ကြယ္လြန္ခဲ့ပါတယ္။

ေပါလ္ေ၀ါကာ (၂၀၁၃) – နာမည္ေက်ာ္ သ႐ုပ္ေဆာင္တစ္ဦးျဖစ္တဲ့ ေပါလ္ေ၀ါကာ Paul Walker ဟာ ကာဒစ္ဖ္အသင္းကုိ ရမ္ေဆး ဂုိးသြင္းတဲ့ တစ္ရက္တည္းမွာပဲ ေသဆုံးခဲ့တယ္။

ေရာ္ဘင္၀ီလီယံ (၂၀၁၄) – နာမည္ႀကီးဟာသ သ႐ုပ္ေဆာင္ ေရာ္ဘင္၀ီလီယံ Robin Williams ဟာ မန္စီးတီးဘက္ကုိ ရမ္ေဆး ဂုိးသြင္းၿပီး ေနာက္တစ္ရက္မွာပဲ ကြယ္လြန္ခဲ့တယ္။

“Aaron-Ramsey-curse”

“Aaron-Ramsey-curse”

ေဒးဗစ္ဘုိ၀ီ (၂၀၁၆) – သီခ်င္းေရးဆရာ၊ အဆုိေတာ္၊ သ႐ုပ္ေဆာင္ ေဒးဗစ္ဘုိ၀ီ David Bowie ဟာ ဆန္းဒါးလန္းကုိ ရမ္ေဆး ဂုိးသြင္းၿပီး ေနာက္တစ္ရက္မွာ ကြယ္လြန္ခဲ့တယ္။

အလန္ရစ္ခ္မန္း (၂၀၁၆) – ၿဗိတိန္နာမည္ေက်ာ္ ဒါ႐ုိက္တာတစ္ဦးျဖစ္တဲ့ အလန္ရစ္ခ္မန္း Alan Rickman ဟာ လီဗာပူးလ္နဲ႔ပဲြမွာ ရမ္ေဆးဂုိးသြင္းအၿပီး ေနာက္တစ္ရက္မွာ ကြယ္လြန္ခဲ့တယ္။

နန္စီေရဂန္ (၂၀၁၆) – အေမရိကန္သမၼတေဟာင္း ေရာ္နယ္လ္ေရဂန္ Ronald Reagan ရဲ႕ ဇနီးျဖစ္သူ နန္စီေရဂန္ Nancy Reagan ဟာ စပါးအသင္းကုိ ရမ္ေဆး ဂုိးသြင္းၿပီး တစ္ရက္အၾကာမွာ ကြယ္လြန္ခဲ့ပါတယ္။

ဘ႐ုစ္ေဖာ္ဆုိင္ (၂၀၁၇) – နာမည္ႀကီး ဟာသသ႐ုပ္ေဆာင္တစ္ဦးျဖစ္တဲ့ ဘ႐ုစ္ေဖာ္ဆုိင္ Bruce Forsyth ဟာ လက္စတာဘက္ကုိ ရမ္ေဆး ဂုိးသြင္းအၿပီး တစ္ပတ္အၾကာမွာ ကြယ္လြန္ခဲ့ပါတယ္။

Ramsey

Ramsey

ကန္ေဒ့ါတ္ နဲ႔ စတီဖင္ေဟာကင္း (၂၀၁၈) – ေအစီမီလန္နဲ႔ပဲြမွာ ရမ္ေဆး ဂုိးသြင္းအၿပီး ဟာသ သ႐ုပ္ေဆာင္ ကန္ေဒ့ါတ္ Ken Dodd နဲ႔ သိပၸံပညာရွင္ စတီဖင္ေဟာကင္း Stephen Hawking တို႔ ကြယ္လြန္ခဲ့တယ္။

အဲရစ္ဘရစၥတိုး (၂၀၁၈) – ကမၻာ႔ခ်န္ပီယံ (၅)ႀကိမ္ရခဲ့တဲ့ နာမည္ႀကီး စက္၀ုိင္းျမားပစ္ (Dart) ကစားသမား အဲရစ္ဘစၥတုိး Eric Bristow  ဟာ CSKA ေမာ္စကုိကုိ ရမ္ေဆးဂုိးသြင္းခဲ့တဲ့ တစ္ရက္တည္းမွာပဲ ေသဆုံးခဲ့တယ္။

စေကာ့၀ီလ္ဆင္ (၂၀၁၈) – Walking Dead ရုပ္သံစီးရီးထဲမွာ ပါ၀င္ခဲ့ဖူးတဲ့ မင္းသားႀကီး စေကာ့၀ီလ္ဆင္ Scott Wilson ဟာ ေအာက္တိုဘာလ (၆)ရက္မွာ ကြယ္လြန္ခဲ့ၿပီး နာရီအနည္းငယ္အၾကာမွာပဲ ဖူလ္ဟမ္ဘက္ကုိ ရမ္ေဆး ဂုိးသြင္းယူခဲ့ပါတယ္။

REF:dailystar
Photo:ShortList,Twitter,Daily Advent Nigeria,Town & Country Magazine
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ရမ်ဆေး Ramsey ဂိုးသွင်းရင် နာမည်ကျော်လူပုဂ္ဂိုလ်တွေ သေဆုံးတာက တိုက်ဆိုင်မှုလား၊ ကျိန်စာများလား

ကဏ္ဍအသီးသီးက နာမည်ကြီး Celebrity တွေ ရမ်ဆေး Ramsey နဲ့ ပတ်သက်ပြီး ဆုတောင်းနေကြတာ တစ်ခုရှိပါတယ်။ အဲဒါကတော့ အာဆင်နယ်အသင်းအတွက် ရမ်ဆေး ဂိုးမသွင်းဖို့ပါပဲ။ ကြမ္မာငင်တယ်လို့ပဲ ပြောရမလား၊ တိုက်ဆိုင်မှုလို့ပဲ ပြောရမလား၊ ရမ်ဆေးဂိုးသွင်းရင် နာမည်ကြီးတစ်ယောက် သေတတ်လို့ပါ။ အခုလည်း ရမ်ဆေးရဲ့ ကျိန်စာဆိုးက မရပ်တန့်သေးပါဘူး။ ပြီးခဲ့တဲ့ သောကြာနေ့က Vorskla နဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာ ရမ်ဆေးဂိုးသွင်းပါတယ်။ နာမည်ကြီးထဲက ဘယ်သူသေဦးမလဲဆိုပြီး ရင်တမမနဲ့ စောင့်ကြည့်နေတုန်းမှာပဲ အခုဆိုရင် အမေရိကန်သမ္မတဟောင်းတစ်ဦးဖြစ်တဲ့ ဂျော့ချ်ဟာဘတ်ဝေါလ်ကာဘုရှ် George Herbert Walker Bush (အမေရိကန်သမ္မတဟောင်း ဂျော့ချ်ဝေါလ်ကာဘုရှ် George W. Bush ရဲ့ဖခင်) ကွယ်လွန်သွားပြန်ပါပြီ။ တကယ့်ကို မယုံနိုင်လောက်အောင်ပါပဲ။ ဂျော့ချ်ဘုရှ် မတိုင်ခင်တုန်းကလည်း နာမည်ကြီး ရုပ်သံစီးရီးတစ်ခုဖြစ်တဲ့ Walking Dead ထဲမှာ ပါဝင်ခဲ့ဖူးသူ မင်းသားကြီး စကော့ဝီလ်ဆင် Scott Wilson ဟာ သွေးကင်ဆာရောဂါကြောင့် အောက်တိုဘာလ (၆)ရက်မှာ ကွယ်လွန်ခဲ့ပြီး အဲဒီနေ့ နာရီပိုင်းအကြာမှာပဲ ဖူလ်ဟမ်ကို ရမ်ဆေး ဂိုးသွင်းခဲ့တယ်။

George-H.-W.-Bush

George-H.-W.-Bush

ဒီနှစ်ထဲမှာပဲ ရမ်ဆေးဂိုးသွင်းအပြီး သေဆုံးခဲ့တဲ့ နာမည်ကျော် လူပုဂ္ဂိုလ် (၄)ဦးအထိ ရှိခဲ့ပါတယ်။ ရမ်ဆေးဂိုးသွင်းရင် Cele တစ်ယောက်သေတတ်တာနဲ့ပတ်သက်ပြီး Online ပေါ်မှာ အမြဲ Troll ခံခဲ့ရတယ်။ အဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ၂၀၁၅ ခုနှစ်တုန်းက အင်တာဗျူးတစ်ခုမှာ ရမ်ဆေးက အခုလိုပြောခဲ့ဖူးတယ်။ ”ကျွန်တော် ဂိုးသွင်းရင် လူတစ်ယောက် သေတယ်ဆိုပြီး ရီစရာအကောင်းဆုံး ကောလာဟလသတင်းတွေကို ကြားသိခဲ့ရတယ်။ ဒါဟာ တကယ့်ကို ရူးကြောင်ကြောင်နိုင်တဲ့ ပြောဆိုမှုတွေပါ” လို့ ဆိုခဲ့တယ်။

Stephen-Hawking-and-Steve-Jobs

Stephen-Hawking-and-Steve-Jobs

ရမ်ဆေးဂိုးသွင်းအပြီး သေဆုံးခဲ့သူတွေထဲမှာ စတိဗ်ဂျာ့ဘ် Steve Jobs ၊ စတီဖင်ဟောကင်း Stephen Hawking တို့လို နာမည်ကြီးလူပုဂ္ဂိုလ်တွေ ပါဝင်ခဲ့ကြတယ်။ ပရိသတ်ကြီးရေ .. ရမ်ဆေးဂိုးသွင်းရင် နာမည်ကြီး Celebrity တစ်ဦး သေဆုံးတတ်တာက တိုက်ဆိုင်မှုလား၊ ကျိန်စာများလားဆိုတာတော့ . . .

ရမ်ဆေးဂိုးသွင်းအပြီး သေဆုံးခဲ့တဲ့ နာမည်ကြီးများ

တက်ဒ်ကနေဒီ (၂၀၀၉) – အမေရိကန် အထက်လွှတ်တော်အမတ် တက်ဒ်ကနေဒီ Ted Kennedy ဟာ ပို့စ်မောက်ကို ရမ်ဆေး ဂိုးသွင်းအပြီး (၃)ရက်အကြာမှာ ကွယ်လွန်ခဲ့တယ်။

အိုစမာဘင်လာဒင် (၂၀၁၁) – မန်ယူနဲ့ပွဲမှာ ဂိုးသွင်းအပြီး နောက်တစ်နေ့မှာပဲ အိုစမာဘင်လာဒင် Osama Bin Laden သေဆုံးခဲ့တယ်။

စတိဗ်ဂျော့ဘ် (၂၀၁၁) – စပါးနဲ့ပွဲမှာ ရမ်ဆေးဂိုးသွင်းအပြီး (၃)ရက်အကြာမှာ စတိဗ်ဂျော့ဘ် Steve Jobs ကွယ်လွန်ခဲ့တယ်။

မူအမ်မာကဒါဖီ (၂၀၁၁) – မာဆေးလ်နဲ့ပွဲမှာ ဂိုးသွင်းခဲ့ပြီးနောက်တစ်နေ့မှာပဲ မူအမ်မာကဒါဖီ Muammar Gaddafi သေဆုံးခဲ့တယ်။

ဝစ်တနီဟောက်စတန် (၂၀၁၂) – နာမည်ကြီးအဆိုတော် ဝစ်တနီဟောက်စတန် Whitney Houston ဟာ ဆန်ဒါးလန်းအသင်းဘက်ကို ရမ်ဆေး ဂိုးသွင်းအပြီး နောက်တစ်နေ့မှာ သေဆုံးခဲ့ပါတယ်။

ရေးဝီလီယံစ် နဲ့ ဘော်ရစ်ဘရီဇော့စကီး (၂၀၁၃) – နာမည်ကြီး ဘက်စကတ်ဘော ကစားသမား ရေးဝီလီယံစ် Ray Williams နဲ့ ရုရှားသိပ္ပံပညာရှင် ဘော်ရစ်ဘရီဇော့စကီး Berezovsky တို့ဟာ ရမ်ဆေး ဂိုးသွင်းအပြီး ရက်ပိုင်းအကြာမှာပဲ ရှေ့ဆင့်နောက်ဆင့်ဆိုသလို ကွယ်လွန်ခဲ့ပါတယ်။

ပေါလ်ဝေါကာ (၂၀၁၃) – နာမည်ကျော် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ပေါလ်ဝေါကာ Paul Walker ဟာ ကာဒစ်ဖ်အသင်းကို ရမ်ဆေး ဂိုးသွင်းတဲ့ တစ်ရက်တည်းမှာပဲ သေဆုံးခဲ့တယ်။

ရော်ဘင်ဝီလီယံ (၂၀၁၄) – နာမည်ကြီးဟာသ သရုပ်ဆောင် ရော်ဘင်ဝီလီယံ Robin Williams ဟာ မန်စီးတီးဘက်ကို ရမ်ဆေး ဂိုးသွင်းပြီး နောက်တစ်ရက်မှာပဲ ကွယ်လွန်ခဲ့တယ်။

“Aaron-Ramsey-curse”

“Aaron-Ramsey-curse”

ဒေးဗစ်ဘိုဝီ (၂၀၁၆) – သီချင်းရေးဆရာ၊ အဆိုတော်၊ သရုပ်ဆောင် ဒေးဗစ်ဘိုဝီ David Bowie ဟာ ဆန်းဒါးလန်းကို ရမ်ဆေး ဂိုးသွင်းပြီး နောက်တစ်ရက်မှာ ကွယ်လွန်ခဲ့တယ်။

အလန်ရစ်ခ်မန်း (၂၀၁၆) – ဗြိတိန်နာမည်ကျော် ဒါရိုက်တာတစ်ဦးဖြစ်တဲ့ အလန်ရစ်ခ်မန်း Alan Rickman ဟာ လီဗာပူးလ်နဲ့ပွဲမှာ ရမ်ဆေးဂိုးသွင်းအပြီး နောက်တစ်ရက်မှာ ကွယ်လွန်ခဲ့တယ်။

နန်စီရေဂန် (၂၀၁၆) – အမေရိကန်သမ္မတဟောင်း ရော်နယ်လ်ရေဂန် Ronald Reagan ရဲ့ ဇနီးဖြစ်သူ နန်စီရေဂန် Nancy Reagan ဟာ စပါးအသင်းကို ရမ်ဆေး ဂိုးသွင်းပြီး တစ်ရက်အကြာမှာ ကွယ်လွန်ခဲ့ပါတယ်။

ဘရုစ်ဖော်ဆိုင် (၂၀၁၇) – နာမည်ကြီး ဟာသသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဘရုစ်ဖော်ဆိုင် Bruce Forsyth ဟာ လက်စတာဘက်ကို ရမ်ဆေး ဂိုးသွင်းအပြီး တစ်ပတ်အကြာမှာ ကွယ်လွန်ခဲ့ပါတယ်။

Ramsey

Ramsey

ကန်ဒေ့ါတ် နဲ့ စတီဖင်ဟောကင်း (၂၀၁၈) – အေစီမီလန်နဲ့ပွဲမှာ ရမ်ဆေး ဂိုးသွင်းအပြီး ဟာသ သရုပ်ဆောင် ကန်ဒေ့ါတ် Ken Dodd နဲ့ သိပ္ပံပညာရှင် စတီဖင်ဟောကင်း Stephen Hawking တို့ ကွယ်လွန်ခဲ့တယ်။

အဲရစ်ဘရစ္စတိုး (၂၀၁၈) – ကမ္ဘာ့ချန်ပီယံ (၅)ကြိမ်ရခဲ့တဲ့ နာမည်ကြီး စက်ဝိုင်းမြားပစ် (Dart) ကစားသမား အဲရစ်ဘစ္စတိုး Eric Bristow  ဟာ CSKA မော်စကိုကို ရမ်ဆေးဂိုးသွင်းခဲ့တဲ့ တစ်ရက်တည်းမှာပဲ သေဆုံးခဲ့တယ်။

စကော့ဝီလ်ဆင် (၂၀၁၈) – Walking Dead ရုပ်သံစီးရီးထဲမှာ ပါဝင်ခဲ့ဖူးတဲ့ မင်းသားကြီး စကော့ဝီလ်ဆင် Scott Wilson ဟာ အောက်တိုဘာလ (၆)ရက်မှာ ကွယ်လွန်ခဲ့ပြီး နာရီအနည်းငယ်အကြာမှာပဲ ဖူလ်ဟမ်ဘက်ကို ရမ်ဆေး ဂိုးသွင်းယူခဲ့ပါတယ်။

REF:dailystar
Photo:ShortList,Twitter,Daily Advent Nigeria,Town & Country Magazine
Naing Linn(Akhayar)
www.akhayar.com