[Zawgyi]

အခုတေလာ ကၽြန္ေတာ္တို႔ျမန္မာႏိုင္ငံမွာ ဝက္တုပ္ေကြးေရာဂါ (H1N1) ျဖစ္ေနၾကၿပီး ေသဆံုးတဲ့သူေတြလဲရွိခဲ့တာေၾကာင့္ ႏွာေခါင္းစည္း (mask)ေတြ ၀ယ္တပ္တဲ့သူကလည္းတပ္၊ ၾကက္သြန္ျဖဴစားတဲ့သူကလည္းစား အရက္ေသာက္ရင္ ဝက္တုပ္ေကြးမျဖစ္ဘူးဆိုၿပီး အရက္ေသာက္တဲ့သူကေသာက္နဲ႔ အေတာ္ေလးကို အလုပ္ရပ္ေနၾကပါတယ္။

ဒါေပမဲ႔ ဒီလုိဝက္တုပ္ကြးေရာဂါကို ခံစားေနရတာ ကၽြန္ေတာ္တို႔တစ္ႏိုင္ငံတည္းမဟုတ္ပါဘူး။ အိႏၵိယႏိုင္ငံရဲ႕ေဘာလီးဝုဒ္ရုပ္ရွင္သရုပ္ေဆာင္တစ္ဦးျဖစ္တဲ့ PK မင္းသားလို႔ လူသိမ်ားၾကတဲ႔ Aamir Khan ဟာလဲ အခုအခ်ိန္မွာ ဝက္တုပ္ေကြးေရာဂါကို ခံစားေနရပါတယ္။

Aamir Khan နဲ႔အတူ သူ႔ရဲ႕ ဇနီးျဖစ္သူ Kiran Rao ပါ H1N1 တုပ္ေကြးမိေနၾကတာျဖစ္ၿပီး သူတို႔ဟာ အိမ္မွာပဲ ေဆးကုသမႈခံယူေနၾကပါတယ္။ သူတို႔ဟာေရာဂါကူးစက္လြယ္တဲ့ ၀က္တုပ္ေကြးေရာဂါကို ကူးစက္ခံထားရတဲ့အတြက္ ဇနီးျဖစ္သူ Kiran နဲ႔ သူဟာ အိမ္ထဲမွာပဲ ေနာက္တစ္ပတ္ေလာက္ၾကာတဲ့အထိ ေနေနဦးမွာျဖစ္တယ္လုိ႔ အသက္ ၅၂ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ မင္းသားႀကီး Aamir က ေျပာပါတယ္။ “ကၽြန္ေတာ္တို႔ဟာ တျခားလူေတြကို ေရာဂါမကူးစက္ေစဖုိ႔ အိမ္ထဲမွာပဲ ေနေနၾကပါတယ္” လို႔ သူက ဆက္ေျပာခဲ့ပါတယ္။

သူတို႔ႏွစ္ေယာက္စလံုးဟာ အိမ္ထဲမွာပဲေဆးကုသေနၿပီး ျပန္လည္သက္သာစျပဳလာေနၿပီျဖစ္တယ္လုိ႔ Aamir ရဲ႕ ေျပာေရးဆိုခြင့္ရွိသူက ေျပာပါတယ္။ Aamir ဟာ သူ႔ရဲ႕ NGO ျဖစ္တဲ့ Paani ေဖာင္ေဒးရွင္းက က်င္းပတဲ့ပြဲတစ္ခုကိုတတ္ဖို႔ စီစဥ္ထားခဲ့တာျဖစ္ပါတယ္။ သူဟာ ပြဲတတ္ဖို႔ မျဖစ္ႏိုင္ေတာ့တာေၾကာင့္ သူ႔ေနရာမွာ ‘Jab Harry Met Sejal’ ဇာတ္ကားမွာသရုပ္ေဆာင္ခဲ့တဲ့ နာမည္ေက်ာ္မင္းသား ရွရြတ္ခန္(Shah Rukh Khan) က ကိုယ္စားသြားေပးမွာျဖစ္ပါတယ္။ ဒီလုိ သြားေပးဖို႔ အခြင့္အေရးရတဲ့အတြက္ ေက်းဇူးတင္ေၾကာင္း မင္းသားႀကီး ရွရြတ္ခန္က သူ႔ရဲ႕ Instagram အေကာင့္မွာ ေျပာခဲ့ပါတယ္။

Aamir ဟာ ရုပ္ရွင္အသိုင္းအ၀ုိင္းကေန ေမြးဖြားလာတဲ့သူတစ္ေယာက္ျဖစ္ၿပီး ကေလးဘ၀အရြယ္အတည္းက ကေလးသရုပ္ေဆာင္အေနနဲ႔ ဇာတ္ပို႔ေနရာေတြမွာ သရုပ္ေဆာင္ခဲ့ပါတယ္။ သူ႔ရဲ႕မိဘေတြကေတာ့ သရုပ္ေဆာင္အလုပ္ကို အားမေပးခဲ့ဘဲ ဆရာ၀န္ ဒါမွမဟုတ္ အင္ဂ်င္နီယာတစ္ေယာက္ျဖစ္လာဖို႔ကို ပိုၿပီးအားေပးခဲ့ပါတယ္။

ဒါေပမဲ႔အထက္တန္းေက်ာင္းၿပီးဆံုးတဲ့အခါမွာ Aamir ဟာ ဆက္လက္ၿပီး ပညာမသင္ယူေတာ့ဘဲ လက္ေထာက္ဒါရိုက္တာ တစ္ေယာက္အျဖစ္ ဝင္ေရာက္လုပ္ကိုင္ခဲ့ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ သရုပ္ေဆာင္အလုပ္ကိုပါလုပ္ခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ ေအာင္ျမင္မႈေတြကို ရယူႏိုင္ခဲ့ပါတယ္။

သူဟာ သရုပ္ေဆာင္အလုပ္ေတြအျပင္ လူသားခ်င္းစာနာေထာက္ထားမႈနဲ႔ တျခားလူမႈေရးအလုပ္ေတြမွာလည္း ပါ၀င္ေဆာင္ရြက္ေနပါတယ္။ သူဟာ တီဗြီမွာ စကား၀ိုင္းတစ္ခုကိုျပသဖုိ႔စီစဥ္ခဲ့ၿပီး အိႏၵိယႏိုင္ငံရဲ႕လူမႈေရးရာက႑ေတြကို ေဆြးေႏြးႏိုင္ဖုိ႔ စီစဥ္ခဲ့ပါတယ္။

HGID_KV_Ads_Square2

အခရာ

www.akhayar.com

[Unicode]

အခုတလော ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဝက်တုပ်ကွေးရောဂါ (H1N1) ဖြစ်နေကြပြီး သေဆုံးတဲ့သူတွေလဲရှိခဲ့တာကြောင့် နှာခေါင်းစည်း (mask)တွေ ဝယ်တပ်တဲ့သူကလည်းတပ်၊ ကြက်သွန်ဖြူစားတဲ့သူကလည်းစား အရက်သောက်ရင် ဝက်တုပ်ကွေးမဖြစ်ဘူးဆိုပြီး အရက်သောက်တဲ့သူကသောက်နဲ့ အတော်လေးကို အလုပ်ရပ်နေကြပါတယ်။

ဒါပေမဲ့ ဒီလိုဝက်တုပ်ကွးရောဂါကို ခံစားနေရတာ ကျွန်တော်တို့တစ်နိုင်ငံတည်းမဟုတ်ပါဘူး။ အိန္ဒိယနိုင်ငံရဲ့ဘောလီးဝုဒ်ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ PK မင်းသားလို့ လူသိများကြတဲ့ Aamir Khan ဟာလဲ အခုအချိန်မှာ ဝက်တုပ်ကွေးရောဂါကို ခံစားနေရပါတယ်။

Aamir Khan နဲ့အတူ သူ့ရဲ့ ဇနီးဖြစ်သူ Kiran Rao ပါ H1N1 တုပ်ကွေးမိနေကြတာဖြစ်ပြီး သူတို့ဟာ အိမ်မှာပဲ ဆေးကုသမှုခံယူနေကြပါတယ်။ သူတို့ဟာရောဂါကူးစက်လွယ်တဲ့ ဝက်တုပ်ကွေးရောဂါကို ကူးစက်ခံထားရတဲ့အတွက် ဇနီးဖြစ်သူ Kiran နဲ့ သူဟာ အိမ်ထဲမှာပဲ နောက်တစ်ပတ်လောက်ကြာတဲ့အထိ နေနေဦးမှာဖြစ်တယ်လို့ အသက် ၅၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မင်းသားကြီး Aamir က ပြောပါတယ်။ “ကျွန်တော်တို့ဟာ တခြားလူတွေကို ရောဂါမကူးစက်စေဖို့ အိမ်ထဲမှာပဲ နေနေကြပါတယ်” လို့ သူက ဆက်ပြောခဲ့ပါတယ်။

သူတို့နှစ်ယောက်စလုံးဟာ အိမ်ထဲမှာပဲဆေးကုသနေပြီး ပြန်လည်သက်သာစပြုလာနေပြီဖြစ်တယ်လို့ Aamir ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ Aamir ဟာ သူ့ရဲ့ NGO ဖြစ်တဲ့ Paani ဖောင်ဒေးရှင်းက ကျင်းပတဲ့ပွဲတစ်ခုကိုတတ်ဖို့ စီစဉ်ထားခဲ့တာဖြစ်ပါတယ်။ သူဟာ ပွဲတတ်ဖို့ မဖြစ်နိုင်တော့တာကြောင့် သူ့နေရာမှာ ‘Jab Harry Met Sejal’ ဇာတ်ကားမှာသရုပ်ဆောင်ခဲ့တဲ့ နာမည်ကျော်မင်းသား ရှရွတ်ခန်(Shah Rukh Khan) က ကိုယ်စားသွားပေးမှာဖြစ်ပါတယ်။ ဒီလို သွားပေးဖို့ အခွင့်အရေးရတဲ့အတွက် ကျေးဇူးတင်ကြောင်း မင်းသားကြီး ရှရွတ်ခန်က သူ့ရဲ့ Instagram အကောင့်မှာ ပြောခဲ့ပါတယ်။

Aamir ဟာ ရုပ်ရှင်အသိုင်းအဝိုင်းကနေ မွေးဖွားလာတဲ့သူတစ်ယောက်ဖြစ်ပြီး ကလေးဘဝအရွယ်အတည်းက ကလေးသရုပ်ဆောင်အနေနဲ့ ဇာတ်ပို့နေရာတွေမှာ သရုပ်ဆောင်ခဲ့ပါတယ်။ သူ့ရဲ့မိဘတွေကတော့ သရုပ်ဆောင်အလုပ်ကို အားမပေးခဲ့ဘဲ ဆရာဝန် ဒါမှမဟုတ် အင်ဂျင်နီယာတစ်ယောက်ဖြစ်လာဖို့ကို ပိုပြီးအားပေးခဲ့ပါတယ်။

ဒါပေမဲ့အထက်တန်းကျောင်းပြီးဆုံးတဲ့အခါမှာ Aamir ဟာ ဆက်လက်ပြီး ပညာမသင်ယူတော့ဘဲ လက်ထောက်ဒါရိုက်တာ တစ်ယောက်အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ သရုပ်ဆောင်အလုပ်ကိုပါလုပ်ခဲ့ပြီး နောက်ပိုင်းမှာတော့ အောင်မြင်မှုတွေကို ရယူနိုင်ခဲ့ပါတယ်။

သူဟာ သရုပ်ဆောင်အလုပ်တွေအပြင် လူသားချင်းစာနာထောက်ထားမှုနဲ့ တခြားလူမှုရေးအလုပ်တွေမှာလည်း ပါဝင်ဆောင်ရွက်နေပါတယ်။ သူဟာ တီဗွီမှာ စကားဝိုင်းတစ်ခုကိုပြသဖို့စီစဉ်ခဲ့ပြီး အိန္ဒိယနိုင်ငံရဲ့လူမှုရေးရာကဏ္ဍတွေကို ဆွေးနွေးနိုင်ဖို့ စီစဉ်ခဲ့ပါတယ်။

HGID_KV_Ads_Square2

အခရာ

www.akhayar.com