ကော်ဖီဆိုတာ မိန်းမနဲ့တူတယ်။ မိန်းမတစ်ယောက်ရဲ့ အလှဟာ ကြည့် တဲ့ သူရဲ့မျက်လုံးပေါ်မှာ မူတည်သလို ကော်ဖီရဲ့အရသာကောင်း၊ မကောင်းဟာလည်းခံစားသူရဲ့ လျှာဖျားပေါ်မှာ ရှိပါတယ်။ ကိုယ်ကြိုက်တဲ့ အရသာဟာ ကိုယ့်အတွက် အကောင်းဆုံးပါ။ ဈေးကြီးကြီးပေးရတဲ့ Cappuccino၊ Latte တို့ကမှ ကောင်းတာမဟုတ်ပါ။

အာရပ်ဗီကာ (Arabica) နဲ့ ရိုဘုစတာ (Robusta)

နိုင်ငံခြားဖြစ် ကော်ဖီထုပ်တချို့ပေါ်မှာ အာရပ်ဗီကာနဲ့ ရိုဘုစတာတံဆိပ်တွေ တပ်ထားတာ တွေ့ရပါလိမ့်မယ်။ ကမ္ဘာပေါ်မှာ ကော်ဖီပင် အမျိုးအစားပေါင်းများစွာရှိတဲ့အထဲက ဒီနှစ်မျိုးကို အများဆုံး စိုက်ပျိုးရောင်းချတာပါ။ ယေဘူယျအားဖြင့် ပြောရရင် အာရပ်ဗီကာကို တောင်ပေါ်ဒေသတွေမှာသာ စိုက်နိုင်ပြီး ရိုဘုစတာကိုတော့ မြေပြန့်ဒေသတွေမှာ အဓိကစိုက်ပျိုး ကြပါတယ်။ အရသာ အနေနဲ့ကတော့ ရိုဘုစတာ ကော်ဖီစေ့ကနေ ဖျော်တဲ့ ကော်ဖီက ပိုပြီး ခါးသက်သက်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရိုဘုစတာမျိုးကလာတဲ့ အစေ့က အာရပ်ဗီကာကရတဲ့ အစေ့ထက် ကဖိန်း (Caffeine) ဓာတ်နှစ်ဆလောက် ပိုများတာကြောင့်ပါ။ နောက်ပြီး ရိုဘုစတာကရတဲ့ Espresso ခေါ် ကော်ဖီအနှစ်ရည်က ပိုပြီး ပျစ်ပျစ် နှစ်နှစ်ရှိလို့ Ice Coffee ဖျော်တဲ့နေ ရာမှာ ပိုပြီး အသုံးများပါတယ်။ Instant ကော်ဖီ အထုပ်တွေကလည်း များသောအားဖြင့် ရိုဘုစတာကော်ဖီ စေ့ကလုပ်တာပါ။
ရိုဘုစတာအမျိုးအစား ကော်ဖီ ပင်တွေက စိုက်ပျိုးထိန်းသိမ်းရာမှာ ပိုမိုလွယ် ကူတဲ့အပြင် အလေအလွင့် သိပ်မရှိတဲ့အတွက် ထုတ်လုပ်မှုအား (Yield) ပိုများပါတယ်။ ဒါကြောင့် စိုက်ပျိုးရာမှာ ပိုမိုဂရုစိုက်ရတဲ့ အာရပ်ဗီကာအမျိုးအစားကော်ဖီစေ့ တွေက ဈေးပိုကောင်းပါတယ်။ အာ ရပ်ဗီကာ အများဆုံးထုတ်လုပ်တဲ့ နိုင်ငံများကတော့ ဘရာဇီးနိုင်ငံ ဖြစ်ပြီး ရိုဘုစတာကိုတော့ အရှေ့တောင် အာရှနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဗီယက် နမ်နိုင်ငံက အများဆုံး စိုက်ပျိုးပါတယ်။

ကော်ဖီစေ့

အရင်ဆုံး အနီရောင်သန်းနေ တဲ့ ကော်ဖီသီး (Berry) အမှည့် တွေကို ခူးယူရပါတယ်။ မြန်မာနိုင်ငံမှာတော့ စက်ပိုင်းဆိုင်ရာနဲ့ နည်း ပညာ အားနည်းနေသေးတဲ့အတွက် လူအင်အားနဲ့ ခူးယူပြီး ရရှိလာတဲ့ ကော်ဖီသီးတွေကို ရေစိမ်ပြီးတော့ အရည်အသွေးမီမမီ စစ်ဆေးရပါ တယ်။ ပြီးမှ ကော်ဖီသီး(သို့)အစေ့ တွေကို အခြောက်ခံပြီး အပူပေးရ ပါတယ်။ အပူချိန်နဲ့ ကြာချိန်တွေပေါ် မူတည်ပြီး Mild, Medium, Dark ဆိုပြီး ကော်ဖီစေ့ကို လှော်လို့ရပါတယ်။ ကော်ဖီစေ့ အထုပ်တွေပေါ်မှာလည်း ဘယ်လိုပုံစံနဲ့ လှော်ထားလဲဆိုတာ ကို တံဆိပ်တပ်ထားလေ့ရှိပါတယ်။
အပျော့ (Mild) လှော်ထား တဲ့ အစေ့တွေကရတဲ့ ကော်ဖီရည် Espresso က အချဉ်ဓာတ်စူးပြီး အခါးဓာတ်နည်းပါတယ်။ အလယ် အလတ် (Medium) လှော်ထားတာ တွေကတော့ အချဉ် ဓာတ်နည်းနည်း ပါပြီး အခါးဓာတ်ပိုပါတယ်။ အပြင်း (Dark) ကတော့ လုံးဝအချဉ်ဓာတ် ပျောက်ပြီး အခါးအရသာပဲ ကျန်ပါ တယ်။ ဒါကြောင့် ကော်ဖီအရသာ ချဉ်တိုင်း နွားနို့ မကောင်းလို့ မဟုတ် ဘဲ ကော်ဖီစေ့ရဲ့ လှော်ထားတဲ့ပုံစံ ကွာတာလည်း ဖြစ်နိုင်ပါတယ်။

You May Also Like: “စက်ဘီးစီးမယ်”

ကော်ဖီတစ်ခွက်ဖြစ်လာပုံ

Instant ကော်ဖီတစ်ခွက်ကို ဖျော်ရတာလွယ်ပေမယ့် ကော်ဖီဆိုင် တွေမှာ သောက်တဲ့ Cappuccino ၊ Mocha ၊ Latte တို့က တော်တော် လေး လက်ဝင်အောင် ဖျော်ရပါတယ်။ ဒီလိုကော်ဖီမျိုးတွေက Espresso ပေါ်မှာအခြေခံပြီး ဖျော်ထားတာပါ။ သူတို့ရဲ့ အဓိက ကွဲပြားချက်တွေက တော့ နို့၊ ကော်ဖီအနှစ်ရည်နဲ့ ရေနွေး တို့ ပါဝင်မှုတို့ပါပဲ။ စက်နဲ့ဖျော်တယ် ဆိုပေမယ့် ကော်ဖီဖျော်တဲ့သူ (Barista) ရဲ့ ကျွမ်းကျင်မှုကလည်း အရမ်း အရေးကြီးပါတယ်။
ကော်ဖီ ကောင်းကောင်း တစ် ခွက်ရဖို့ ကော်ဖီစေ့ကောင်းရုံတင် မဟုတ်ပဲ ဖျော်တဲ့အချိန်မှာ အပူချိန် မှန်မမှန်၊ ပါဝင်တဲ့ ပစ္စည်းတွေရဲ့ အချိုးအစညီမညီတို့ကလည်း အ ရေးပါပါတယ်။ Infographic ပုံ လေးကို ကြည့်ပြီးတဲ့ ကော်ဖီက ဘာတွေဘယ်လောက်ပါ တယ်ဆိုတာသိနိုင်ပါတယ်။

အခရာ

(www.akhayar.com)