[Zawgyi]

ေမာ္ရိုကိုႏိုင္ငံရဲ႕ အမ်ားျပည္သူသံုးဘတ္စ္ကားတစ္စီးေပၚမွာ မိန္းကေလးတစ္ေယာက္ကို အုပ္စုလုိက္ အဓမၼျပဳက်င့္မႈတစ္ခု ျဖစ္ပြားခဲ့ပါတယ္။ သတင္းေတြအရေတာ့ အဓမၼျပဳက်င္႔ခံရတဲ့မိန္းကေလးကို ကားေပၚမွာပါလာတဲ့ခရီးသည္ေတြထဲက တစ္ေယာက္ကမွ အကူညီမေပးခဲ့ပါဘူးလုိ႔ ဆိုပါတယ္။

ေမာ္ရိုကိုႏိုင္ငံ Casablanca ၿမဳိ႕ရဲ႕ M’Dina ဘတ္စ္ကားေပၚမွာ ျဖစ္ပြားခဲ့တဲ့ ဒီအျဖစ္အပ်က္ဟာ ၾသဂုတ္လ ၁၈ ရက္ကတည္းက ျဖစ္ခဲ့ေပမယ့္ ၂၀ ရက္ေန႔ေက်ာ္မွ ဒီအျဖစ္အပ်က္ကို ရိုက္ကူးထားတဲ့ တစ္မိနစ္စာဗြီဒီယိုဖုိင္ဟာ အြန္လိုင္းေပၚမွာ ပ်ံ႕ႏွံ႔ခဲ့တာျဖစ္ပါတယ္။ ဒီမိန္းကေလးကို ကူညီေပးမယ့္သူမရွိခဲ့သလုိ ကားေမာင္းသမားကလည္း ကားကိုမရပ္ေပးခဲ့ဘဲ ကားေပၚကလူေတြဟာ အဓမၼျပဳက်င့္သူေကာင္ကေလးေတြကို အားေပးအားေျမာက္လုပ္ေနခဲ့တယ္လုိ႔ သတင္းေတြက ဆိုပါတယ္။

အႏိုင္က်င့္ခံရတဲ့အမ်ိဳးသမီးဟာ အသက္၂၄ ႏွစ္အရြယ္ရွိတဲ့ လွပတဲ့ မိန္းကေလးတစ္ေယာက္ျဖစ္ပါတယ္။ အႏိုင္က်င့္တဲ့ေကာင္ေလးေတြကေတာ့ ဆယ္ေက်ာ္သက္အရြယ္သာရွိၿပီး ကားေပၚမွာ သူမရဲ႕အဝတ္အစားေတြကိုခြ်တ္ၿပီး ပါးစပ္ထဲကိုလည္း အဝတ္စတစ္ခုထည့္ထားကာ တစ္ေယာက္ၿပီးတစ္ေယာက္ အႏိုင္က်င့္ခဲ့ၾကတာျဖစ္ပါတယ္။

ဒီကိစၥဟာ သာမန္လိင္အၾကမ္းဖက္မႈတစ္ခုမဟုတ္ဘဲ လူအမ်ားေရွ႕မွာ အဖြဲ႔လုိက္မုဒိမ္းက်င့္တဲ့အမူျဖစ္တယ္လုိ႔ ေမာ္ရိုကိုႏိုင္ငံရဲ႕ အမ်ဳိးသမီးအခြင့္အေရးဆိုင္ရာ ဒီမုိကရက္တစ္အဖြဲ႔ခ်ဳပ္ရဲ႕ ေခါင္းေဆာင္ Fouzia Assouil က ေျပာခဲ့ပါတယ္။

Facebook ေပၚက စည္းရံုးလႈံ႔ေဆာ္မႈအဖြဲ႔ေတြေနာက္ကိုအေျခခံၿပီး သံသယရွိသူ လူငယ္ေျခာက္ေယာက္ကို ရဲတပ္ဖြဲ႔က ဖမ္းဆီးခဲ့ပါတယ္။ သံသယရွိသူ လူငယ္ေတြကေတာ့ အသက္ ၁၅ ႏွစ္ကေန ၁၇ နွစ္ၾကားသာ ရွိပါေသးတယ္။ ဒီအျဖစ္အပ်က္နဲ႔ပတ္သတ္ၿပီး လူမႈကြန္ယက္ေတြမွာေရာ လူ႔အသိုင္းအ၀ိုင္းၾကားထဲမွာပါ ေ၀ဖန္မႈေတြ အမ်ားအျပားရွိခဲ့ပါတယ္။ ၂၀၁၆ ခုႏွစ္တုန္းကလည္း ေမာ္ရိုကိုႏိုင္ငံမွာ အသက္ ၁၆ ႏွစ္အရြယ္မိန္းကေလးတစ္ေယာက္ကို အမ်ဳိးသားရွစ္ေယာက္က အဓမၼျပဳက်င့္ခဲ့ၿပီးေနာက္မွာ ကိုယ့္ကိုယ္ကိုသတ္ေသခဲ့တဲ့ အမႈတစ္ခုျဖစ္ပြားခဲ့ပါတယ္။

ပထမအႀကိမ္ အႏိုင္ထက္ျပဳက်င့္ခံရၿပီးေနာက္မွာေတာ့ သူမဟာ တရားရံုးမွာအမႈဖြင့္ခဲ့တာေၾကာင့္ အႏိုင္ထက္ျပဳက်င့္သူေတြကို တရားရံုးက ဖမ္းဆီးခဲ့ပါတယ္။ ဒါေပမဲ့ သူတို႔ဟာ မၾကာခင္မွာပဲ ျပန္လည္လြတ္ေျမာက္ခဲ့ၿပီး သူတို႔အႏိုင္က်င့္ထားတဲ့ပံုေတြကို အြန္လိုင္းမွာျဖန္႔ေဝလုိက္မယ္ဆိုၿပီး အႏိုင္က်င့္ခံခဲ့ရတဲ့ေကာင္မေလးကို ထပ္မံၿခိမ္းေျခာက္ခဲ့ပါတယ္။ အဲဒီၿခိမ္းေျခာက္မႈအၿပီးမွာေတာ့ သူမဟာ ကိုယ့္ကိုယ္ကို မီးရိႈ႕သတ္ေသခဲ့ပါတယ္။ သတင္းေတြအရေတာ့ သူမမွာ ကိုယ္၀န္ရွိေနၿပီလုိ႔ဆိုပါတယ္။

၂၀၁၄ ခုႏွစ္မွာ ေမာ္ရိုကိုႏိုင္ငံရဲ႕ဥပေဒေဟာင္းျဖစ္တဲ့ အႏိုင္ထက္ျပဳက်င့္သူဟာ ခံရသူကို လက္ထပ္ယူလုိက္ရင္ အျပစ္ဒဏ္က ကင္းလြတ္ခြင့္ေပးတဲ့ ပုဒ္မ ၄၇၅ ကို ျပန္လည္ျပင္ဆင္ခဲ့ပါတယ္။ အစၥလာမ္ေခါင္းေဆာင္ေတြဦးေဆာင္တဲ့ အစိုးရအဖြဲ႔ဟာ အေျပာင္းအလဲေတြကိုျပဳလုပ္ခဲ့ၿပီး တစ္ႏွစ္အၾကာမွာေတာ့ ပုဒ္မ ၄၇၅ ကို ျပန္လည္ျပင္ဆင္ခဲ့တာျဖစ္ပါတယ္။

၂၀၁၂ ခုႏွစ္တုန္းကလည္း အသက္ ၁၆ ႏွစ္အရြယ္ မိန္းကေလးတစ္ေယာက္ဟာ အဓမၼျပဳက်င့္ခံခဲ့ရၿပီး အဓမၼျပဳက်င့္သူကိုလက္ထပ္ဖို႔ အတင္းအက်ပ္ေစခုိင္းခံခဲ့ရတဲ့အတြက္ သူမဟာ ကိုယ့္ကိုယ္ကိုသတ္ေသခဲ့ပါတယ္။ ဒီကိစၥေၾကာင့္လည္း အဓမၼျပဳက်င့္အၿပီး ျပဳက်င့္ခံရသူကို ယူႏိုင္ရင္ အျပစ္ကလြတ္မယ္ဆိုတဲ့ ႏိုင္ငံရဲ႕ဥပေဒကို ႏိုင္ငံတကာအသိုင္းအ၀ိုင္းက ေဝဖန္ေထာက္ျပမႈေတြျပဳလုပ္ခဲ့ၾကပါတယ္။

ဒီဥပေဒကို အစိုးရကျပင္ဆင္ခဲ့တဲ့အေပၚမွာ ႏိုင္ငံထဲမွာရွိတဲ့ လႈပ္ရွားတက္ၾကြသူေတြက ႀကိဳဆိုခဲ့ၾကေပမယ့္ က်ားမတန္းတူ အခြင့္အေရးရရွိဖို႔အတြက္နဲ႔ ကေလးသူငယ္ ထိမ္းျမွားလက္ထပ္ျခင္းေတြနဲ႔ပတ္သက္လုိ႔ ျပဳျပင္စရာေတြ အမ်ားႀကီးက်န္ေနေသးပါတယ္။

အရြယ္မေရာက္ေသးသူ ကေလးေတြနဲ႔ ထိမ္းျမွားလက္ထပ္မႈကို အစိုးရက ၂၀၁၄ ခုႏွစ္ကတည္းက ပိတ္ပင္ထားခဲ့ေပမယ့္ ဥပေဒေရးရာျခြင္းခ်က္ေတြရွိေနတာေၾကာင့္ မဖြံ႔ၿဖိဳးေသးတဲ့ေဒသေတြမွာေတာ့ အသက္ ၁၈ ႏွစ္ေအာက္မိန္းကေလးေတြရဲ႕ ထိမ္းျမွားလက္ထပ္ျခင္းဟာ သာမန္ကိစၥရပ္တစ္ခုလို ျဖစ္ေနတာပဲ ျဖစ္ပါတယ္။

HGID_KV_Ads_Square

www.akhayar.com

[Unicode]

မော်ရိုကိုနိုင်ငံရဲ့ အများပြည်သူသုံးဘတ်စ်ကားတစ်စီးပေါ်မှာ မိန်းကလေးတစ်ယောက်ကို အုပ်စုလိုက် အဓမ္မပြုကျင့်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ သတင်းတွေအရတော့ အဓမ္မပြုကျင့်ခံရတဲ့မိန်းကလေးကို ကားပေါ်မှာပါလာတဲ့ခရီးသည်တွေထဲက တစ်ယောက်ကမှ အကူညီမပေးခဲ့ပါဘူးလို့ ဆိုပါတယ်။

မော်ရိုကိုနိုင်ငံ Casablanca မြို့ရဲ့ M’Dina ဘက်စ်ကားပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ဒီအဖြစ်အပျက်ဟာ သြဂုတ်လ ၁၈ ရက်ကတည်းက ဖြစ်ခဲ့ပေမယ့် ၂၀ ရက်နေ့ကျော်မှ ဒီအဖြစ်အပျက်ကို ရိုက်ကူးထားတဲ့ တစ်မိနစ်စာဗွီဒီယိုဖိုင်ဟာ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။ ဒီမိန်းကလေးကို ကူညီပေးမယ့်သူမရှိခဲ့သလို ကားမောင်းသမားကလည်း ကားကိုမရပ်ပေးခဲ့ဘဲ ကားပေါ်ကလူတွေဟာ အဓမ္မပြုကျင့်သူကောင်ကလေးတွေကို အားပေးအားမြောက်လုပ်နေခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

အနိုင်ကျင့်ခံရတဲ့အမျိုးသမီးဟာ အသက်၂၄ နှစ်အရွယ်ရှိတဲ့ လှပတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်။ အနိုင်ကျင့်တဲ့ကောင်လေးတွေကတော့ ဆယ်ကျော်သက်အရွယ်သာရှိပြီး ကားပေါ်မှာ သူမရဲ့အဝတ်အစားတွေကိုချွတ်ပြီး ပါးစပ်ထဲကိုလည်း အဝတ်စတစ်ခုထည့်ထားကာ တစ်ယောက်ပြီးတစ်ယောက် အနိုင်ကျင့်ခဲ့ကြတာဖြစ်ပါတယ်။

ဒီကိစ္စဟာ သာမန်လိင်အကြမ်းဖက်မှုတစ်ခုမဟုတ်ဘဲ လူအများရှေ့မှာ အဖွဲ့လိုက်မုဒိမ်းကျင့်တဲ့အမူဖြစ်တယ်လို့ မော်ရိုကိုနိုင်ငံရဲ့ အမျိုးသမီးအခွင့်အရေးဆိုင်ရာ ဒီမိုကရက်တစ်အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင် Fouzia Assouil က ပြောခဲ့ပါတယ်။

Facebook ပေါ်က စည်းရုံးလှုံဆော်မှုအဖွဲ့တွေနောက်ကိုအခြေခံပြီး သံသယရှိသူ လူငယ်ခြောက်ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ သံသယရှိသူ လူငယ်တွေကတော့ အသက် ၁၅ နှစ်ကနေ ၁၇ နှစ်ကြားသာ ရှိပါသေးတယ်။ ဒီအဖြစ်အပျက်နဲ့ပတ်သတ်ပြီး လူမှုကွန်ယက်တွေမှာရော လူ့အသိုင်းအဝိုင်းကြားထဲမှာပါ ဝေဖန်မှုတွေ အများအပြားရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်တုန်းကလည်း မော်ရိုကိုနိုင်ငံမှာ အသက် ၁၆ နှစ်အရွယ်မိန်းကလေးတစ်ယောက်ကို အမျိုးသားရှစ်ယောက်က အဓမ္မပြုကျင့်ခဲ့ပြီးနောက်မှာ ကိုယ့်ကိုယ်ကိုသတ်သေခဲ့တဲ့ အမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။

ပထမအကြိမ် အနိုင်ထက်ပြုကျင့်ခံရပြီးနောက်မှာတော့ သူမဟာ တရားရုံးမှာအမှုဖွင့်ခဲ့တာကြောင့် အနိုင်ထက်ပြုကျင့်သူတွေကို တရားရုံးက ဖမ်းဆီးခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ဟာ မကြာခင်မှာပဲ ပြန်လည်လွတ်မြောက်ခဲ့ပြီး သူတို့အနိုင်ကျင့်ထားတဲ့ပုံတွေကို အွန်လိုင်းမှာဖြန့်ဝေလိုက်မယ်ဆိုပြီး အနိုင်ကျင့်ခံခဲ့ရတဲ့ကောင်မလေးကို ထပ်မံခြိမ်းခြောက်ခဲ့ပါတယ်။ အဲဒီခြိမ်းခြောက်မှုအပြီးမှာတော့ သူမဟာ ကိုယ့်ကိုယ်ကို မီးရှို့သတ်သေခဲ့ပါတယ်။ သတင်းတွေအရတော့ သူမမှာ ကိုယ်ဝန်ရှိနေပြီလို့ဆိုပါတယ်။

၂၀၁၄ ခုနှစ်မှာ မော်ရိုကိုနိုင်ငံရဲ့ဥပဒေဟောင်းဖြစ်တဲ့ အနိုင်ထက်ပြုကျင့်သူဟာ ခံရသူကို လက်ထပ်ယူလိုက်ရင် အပြစ်ဒဏ်က ကင်းလွတ်ခွင့်ပေးတဲ့ ပုဒ်မ ၄၇၅ ကို ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။ အစ္စလာမ်ခေါင်းဆောင်တွေဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ အပြောင်းအလဲတွေကိုပြုလုပ်ခဲ့ပြီး တစ်နှစ်အကြာမှာတော့ ပုဒ်မ ၄၇၅ ကို ပြန်လည်ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်တုန်းကလည်း အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ယောက်ဟာ အဓမ္မပြုကျင့်ခံခဲ့ရပြီး အဓမ္မပြုကျင့်သူကိုလက်ထပ်ဖို့ အတင်းအကျပ်စေခိုင်းခံခဲ့ရတဲ့အတွက် သူမဟာ ကိုယ့်ကိုယ်ကိုသတ်သေခဲ့ပါတယ်။ ဒီကိစ္စကြောင့်လည်း အဓမ္မပြုကျင့်အပြီး ပြုကျင့်ခံရသူကို ယူနိုင်ရင် အပြစ်ကလွတ်မယ်ဆိုတဲ့ နိုင်ငံရဲ့ဥပဒေကို နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်ထောက်ပြမှုတွေပြုလုပ်ခဲ့ကြပါတယ်။

ဒီဥပဒေကို အစိုးရကပြင်ဆင်ခဲ့တဲ့အပေါ်မှာ နိုင်ငံထဲမှာရှိတဲ့ လှုပ်ရှားတတ်ကြွသူတွေက ကြိုဆိုခဲ့ကြပေမယ့် ကျားမတန်းတူ အခွင့်အရေးရရှိဖို့အတွက်နဲ့ ကလေးသူငယ် ထိမ်းမြှားလက်ထပ်ခြင်းတွေနဲ့ပတ်သတ်လို့ ပြုပြင်စရာတွေ အများကြီးကျန်နေသေးပါတယ်။

အရွယ်မရောက်သေးသူ ကလေးတွေနဲ့ ထိမ်းမြှားလက်ထပ်မှုကို အစိုးရက ၂၀၁၄ ခုနှစ်ကတည်းက ပိတ်ပင်ထားခဲ့ပေမယ့် ဥပဒေရေးရာခြွင်းချက်တွေရှိနေတာကြောင့် မဖွံ့ဖြိုးသေးတဲ့ဒေသတွေမှာတော့ အသက် ၁၈ နှစ်အောက်မိန်းကလေးတွေရဲ့ ထိမ်းမြှားလက်ထပ်ခြင်းဟာ သာမန်ကိစ္စရပ်တစ်ခုလို ဖြစ်နေတာပဲ ဖြစ်ပါတယ်။

HGID_KV_Ads_Square

www.akhayar.com