[Zawgyi]

အမ်ဳိးသမီးေတြအခ်င္းခ်င္း အနာဂတ္မွာ ပိုမုိရင္ႏွီးတြယ္တာလာမႈေတြ ရွိၾကေတာ့မွာလား

အမ်ဳိးသားနဲ႔ အမ်ဳိးသမီး ေတြ႔ၿပီး ခ်စ္ၾက၊ ႀကိဳက္ၾကတာက ထူးဆန္းတဲ႔ ကိစၥမဟုတ္ေပမယ့္ ယေန႔သိပၸံနည္းပညာအရ ရွာေဖြေတြ႔ရွိတဲ႔ ေလ့လာခ်က္တစ္ခုအရ အမ်ဳိးသမီးေတြဟာ သူမတို႔ရဲ႕ခင္ပြန္းေတြထက္ အမ်ဳိးသမီးခ်င္း ပိုမိုရင္းႏွီးတြယ္တာလာၿပီး မွီခိုလာၾကတာကို ေတြ႔ရပါတယ္။

Spa နဲ႔ က်န္းမာေရး ကုမၸဏီေတြက စစ္တမ္းေကာက္တဲ့အခါ အမ်ဳိးသမီးေပါင္း ၁,၅၀၀ ကို အခ်စ္နဲ႔ဘဝဆိုင္ရာ ေမးခြန္းေတြ ေမးျမန္းၾကည္႔တဲ႔အခါ သူတို႔ေျဖၾကားခဲ့တာက သူတို႔ရဲ႕ေပ်ာ္ရႊင္ဝမ္းနည္းတဲ႔ အခ်ိန္ေတာ္ေတာ္မ်ားမ်ားကို အရင္းအႏွီးရဆံုး အမ်ဳိးသားေတြနဲ႔ မွ်ေဝတာထက္စာရင္ အမ်ဳိးသမီးသူငယ္ခ်င္းေတြနဲ႔ မွ်ေဝခံစားေလ့ ပိုမိုရွိတာကိုေတြ႔ရပါတယ္။ စစ္တမ္းေကာက္ျခင္းကေန ရရွိလာတဲ႔ စိတ္ဝင္စားဖြယ္ေကာင္းတဲ႔ အခ်က္ကေတာ့ အမ်ဳိးသမီးေတြဟာ သူတို႔ေယာက်ာ္းေတြနဲ႔ ရင္းႏွီးမႈပိုမရွိဘဲ သူငယ္ခ်င္းေကာင္မေလးေတြနဲ႔သာ ပိုၿပီး ရင္ႏွီးကၽြမ္းဝင္မႈ ရွိတာကို ေတြ႔ရပါတယ္။

Girl happily talking

ဘာေၾကာင့္ အဲဒီလိုျဖစ္ရလဲဆိုတာကို ဆန္းစစ္ၾကည္႔တဲ႔အခါ အမ်ဳိးသမီး ၅၇ ရာခုိင္ႏႈန္းဟာ ဘယ္လိုအေၾကာင္းအရာမ်ဳိးကိုမဆို သူမတို႔ရဲ႕အရင္းနီးဆံုး သူငယ္ခ်င္းေတြနဲ႔ ထိန္းေျပာစရာမလိုဘဲ စိတ္လြတ္ကိုယ္လြတ္ လြတ္လြတ္လပ္လပ္ မွ်ေဝေျပာဆိုလို႔ရတဲ႔ အတြက္ေၾကာင့္ ျဖစ္ပါတယ္။ စစ္တမ္းေျဖဆိုသူ တစ္ဝက္ေလာက္ကလည္း သူတို႔အမ်ဳိးသားေတြကို မခ်စ္ခင္ မရင္းႏွီးတာမ်ဳိး မဟုတ္ဘဲ သူငယ္ခ်င္းမိန္းကေလးေတြနဲ႔က ေရွ႕ေနာက္ၾကည္႔စရာမလုိဘဲ လုပ္ခ်င္ရာလုပ္လိုရၿပီး ေပါ့ေပါ့ပါးပါး ရင္ဖြင္႔ေျပာဆိုလုိ႔ ရတဲ႔အတြက္ေၾကာင့္ ခင္မင္ရင္ႏွီးကၽြမ္းဝင္မႈ ပိုရွိေနျခင္း ျဖစ္ပါတယ္လို႔ ေျဖဆိုထားပါတယ္။

Girl Singing

စစ္တမ္းအရ အမ်ဳိးသားနဲ႔ သူငယ္ခ်င္းမိန္းကေလး ဘယ္သူက စိတ္အေႏွာင့္အယွက္အနည္းဆံုးေပးလဲ၊ စိတ္ခံစားခ်က္ေတြကို ေကာင္းေကာင္း ဘယ္သူနားေထာင္ေပးလဲ ဆိုတာနဲ႔ ပတ္သက္ၿပီး ေမးျမန္းၾကည့္တဲ႔အခါ အံ့ၾသစရာေကာင္းေလာက္ေအာင္ တညီတညႊတ္တည္းေျဖဆိုၾကတဲ႔ အေျဖက အမ်ဳိးသမီးသူငယ္ခ်င္းေတြပဲ ျဖစ္ပါတယ္။ အမ်ဳိးသမီးေတြ ထပ္မံေျဖၾကားထားတာတစ္ခုကလည္း သူမတို႔ရဲ႕ ဆိုးတူေကာင္းဖက္သူငယ္ခ်င္းေတြဟာ အခက္အခဲနဲ႔ႀကံဳေတြ႔ရင္ အမ်ဳိးသားေတြထက္ အၾကံဥာဏ္ေကာင္းေတြ ပိုမိုေပးတတ္ၾကပါတယ္။ ဒါေတြကိုၾကည္႔ျခင္းအားျဖင့္ အမ်ဳိးသမီးေတြဟာ အိမ္ေထာင္ဖက္ေတြထက္ သူမတုိ႔ရဲ႕ ေသေဖာ္ေသဖက္သူငယ္ခ်င္းေတြကို ပိုမို အားကိုးတႀကီး အၾကံဥာဏ္ေတာင္းတတ္ၾကၿပီး မွီခုိတြယ္တာလာတာကို ေတြ႔ရပါတယ္။ ဒါေၾကာင့္မို႔ ေနာက္ပိုင္းမွာ အမ်ဳိးသမီးေတြဟာ အိမ္ေထာင္ျပဳျခင္း မရွိေတာ့ဘဲ သူငယ္ခ်င္းအရင္းႀကီးေတြနဲ႔ပဲ လြတ္လြတ္လပ္လပ္ ရွင္သန္ေနထုိင္သြားၾကေတာ့မလား ဆိုတာကေတာ့ စိတ္ဝင္စားစရာ ျဖစ္လို႔ေနပါၿပီ။

H.H(Akhayar)

www.akhayar.com

[Unicode]

အမျိုးသမီးတွေအချင်းချင်း အနာဂတ်မှာ ပိုမိုရင်နှီးတွယ်တာလာမှုတွေ ရှိကြတော့မှာလား

အမျိုးသားနဲ့ အမျိုးသမီး တွေ့ပြီး ချစ်ကြ၊ ကြိုက်ကြတာက ထူးဆန်းတဲ့ ကိစ္စမဟုတ်ပေမယ့် ယနေ့သိပ္ပံနည်းပညာအရ ရှာဖွေတွေ့ရှိတဲ့ လေ့လာချက်တစ်ခုအရ အမျိုးသမီးတွေဟာ သူမတို့ရဲ့ခင်ပွန်းတွေထက် အမျိုးသမီးချင်း ပိုမိုရင်းနှီးတွယ်တာလာပြီး မှီခိုလာကြတာကို တွေ့ရပါတယ်။

Spa နဲ့ ကျန်းမာရေး ကုမ္ပဏီတွေက စစ်တမ်းကောက်တဲ့အခါ အမျိုးသမီးပေါင်း ၁,၅၀၀ ကို အချစ်နဲ့ဘဝဆိုင်ရာ မေးခွန်းတွေ မေးမြန်းကြည့်တဲ့အခါ သူတို့ဖြေကြားခဲ့တာက သူတို့ရဲ့ပျော်ရွှင်ဝမ်းနည်းတဲ့ အချိန်တော်တော်များများကို အရင်းအနှီးရဆုံး အမျိုးသားတွေနဲ့ မျှဝေတာထက်စာရင် အမျိုးသမီးသူငယ်ချင်းတွေနဲ့ မျှဝေခံစားလေ့ ပိုမိုရှိတာကိုတွေ့ရပါတယ်။ စစ်တမ်းကောက်ခြင်းကနေ ရရှိလာတဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ အချက်ကတော့ အမျိုးသမီးတွေဟာ သူတို့ယောကျာ်းတွေနဲ့ ရင်းနှီးမှုပိုမရှိဘဲ သူငယ်ချင်းကောင်မလေးတွေနဲ့သာ ပိုပြီး ရင်နှီးကျွမ်းဝင်မှု ရှိတာကို တွေ့ရပါတယ်။

Girl happily talking

ဘာကြောင့် အဲဒီလိုဖြစ်ရလဲဆိုတာကို ဆန်းစစ်ကြည့်တဲ့အခါ အမျိုးသမီး ၅၇ ရာခိုင်နှုန်းဟာ ဘယ်လိုအကြောင်းအရာမျိုးကိုမဆို သူမတို့ရဲ့အရင်းနီးဆုံး သူငယ်ချင်းတွေနဲ့ ထိန်းပြောစရာမလိုဘဲ စိတ်လွတ်ကိုယ်လွတ် လွတ်လွတ်လပ်လပ် မျှဝေပြောဆိုလို့ရတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ စစ်တမ်းဖြေဆိုသူ တစ်ဝက်လောက်ကလည်း သူတို့အမျိုးသားတွေကို မချစ်ခင် မရင်းနှီးတာမျိုး မဟုတ်ဘဲ သူငယ်ချင်းမိန်းကလေးတွေနဲ့က ရှေ့နောက်ကြည့်စရာမလိုဘဲ လုပ်ချင်ရာလုပ်လိုရပြီး ပေါ့ပေါ့ပါးပါး ရင်ဖွင့်ပြောဆိုလို့ ရတဲ့အတွက်ကြောင့် ခင်မင်ရင်နှီးကျွမ်းဝင်မှု ပိုရှိနေခြင်း ဖြစ်ပါတယ်လို့ ဖြေဆိုထားပါတယ်။

Girl Singing

စစ်တမ်းအရ အမျိုးသားနဲ့ သူငယ်ချင်းမိန်းကလေး ဘယ်သူက စိတ်အနှောင့်အယှက်အနည်းဆုံးပေးလဲ၊ စိတ်ခံစားချက်တွေကို ကောင်းကောင်း ဘယ်သူနားထောင်ပေးလဲ ဆိုတာနဲ့ ပတ်သက်ပြီး မေးမြန်းကြည့်တဲ့အခါ အံ့သြစရာကောင်းလောက်အောင် တညီတညွှတ်တည်းဖြေဆိုကြတဲ့ အဖြေက အမျိုးသမီးသူငယ်ချင်းတွေပဲ ဖြစ်ပါတယ်။ အမျိုးသမီးတွေ ထပ်မံဖြေကြားထားတာတစ်ခုကလည်း သူမတို့ရဲ့ ဆိုးတူကောင်းဖက်သူငယ်ချင်းတွေဟာ အခက်အခဲနဲ့ကြုံတွေ့ရင် အမျိုးသားတွေထက် အကြံဉာဏ်ကောင်းတွေ ပိုမိုပေးတတ်ကြပါတယ်။ ဒါတွေကိုကြည့်ခြင်းအားဖြင့် အမျိုးသမီးတွေဟာ အိမ်ထောင်ဖက်တွေထက် သူမတို့ရဲ့ သေဖော်သေဖက်သူငယ်ချင်းတွေကို ပိုမို အားကိုးတကြီး အကြံဉာဏ်တောင်းတတ်ကြပြီး မှီခိုတွယ်တာလာတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့ နောက်ပိုင်းမှာ အမျိုးသမီးတွေဟာ အိမ်ထောင်ပြုခြင်း မရှိတော့ဘဲ သူငယ်ချင်းအရင်းကြီးတွေနဲ့ပဲ လွတ်လွတ်လပ်လပ် ရှင်သန်နေထိုင်သွားကြတော့မလား ဆိုတာကတော့ စိတ်ဝင်စားစရာ ဖြစ်လို့နေပါပြီ။

H.H(Akhayar)

www.akhayar.com