[Zawgyi]

ဆာရီ Maurizio Sarri လက္ထက္ ခ်ယ္လ္ဆီးအသင္းရဲ႕ ကစားပုံကုိ ေလ့လာၾကည့္ရေအာင္

ခ်ယ္လ္ဆီးအသင္းကုိ ဒီရာသီအစက စတင္ကုိင္တြယ္ခဲ့တဲ့ ဆာရီ Maurizio Sarri ဟာ လက္ရွိအခ်ိန္အထိ အသင္းကို ပရီးမီးယားလိဂ္၊ ယူ႐ုိပါလိဂ္မွာ ရႈံးပဲြမရွိေအာင္ စြမ္းေဆာင္ထားသူပါ။ ဆာရီဟာ ကမၻာ႔အေကာင္းဆုံး နည္းျပမဟုတ္ရင္ေတာင္ အဲဒီစာရင္းမွာ မျဖစ္မေနထည့္သြင္းရမယ့္သူဆိုတာ သံသယျဖစ္စရာမလုိပါဘူး။ သူဟာ Philosopher တစ္ဦးျဖစ္ၿပီး စိတ္ကူးအိပ္မက္ေတြကုိ အမွန္တကယ္ျဖစ္ေအာင္ အေကာင္အထည္ ေဖာ္ႏုိင္သူလည္းျဖစ္ပါတယ္။

Basic-idea-of-Sarriball

Basic-idea-of-Sarriball

Possession ဦးစားေပး ပုံစံေၾကာင့္ ‘Sarriball’ လုိ႔ အမည္ေျပာင္သတ္မွတ္ခံထားရသူ ဆာရီဟာ နာပုိလီကုိ ကုိင္တြယ္ခဲ့စဥ္က Style အတိုင္းပဲ ခ်ယ္လ္ဆီးအသင္းကုိ ပုံစံေျပာင္းလဲခ့ဲတယ္။ ဒါေၾကာင့္ ဆာရီလက္ထက္ ခ်ယ္လ္ဆီးအသင္းရဲ႕ ကစားဟန္ကုိ ေလ့လာၾကည့္ရေအာင္ . . . .

Sarriball ရဲ႕ အေျခခံအက်ဆုံး သေဘာတရား
ဆာရီရဲ႕ ခ်ယ္လ္ဆီးအသင္းဟာ သူတို႔ Defensive Third ဇုန္ထဲမွာ ေဘာလုံးပုိင္ဆုိင္မႈ အသာရဖုိ႔က အဓိက ဦးစားေပးပါပဲ။ ခံစစ္မွာ ေဘာလုံးပုတ္မယ္၊ ၿပီးရင္ တိုက္စစ္ကုိ တိုက္႐ုိက္စတင္မယ္။ အဲဒီအတြက္ အခရာက်တာက ေဒးဗစ္လူး၀စ္ဇ္ David Luiz ျဖစ္ပါတယ္။ သူဟာ Ball Playing Defender ျဖစ္လုိ႔ တိုက္စစ္ျပန္စရင္ အားကုိးရတဲ့ကစားသမားတစ္ဦးပါပဲ။

David-Luiz

David-Luiz

ခ်ယ္လ္ဆီးအသင္းဟာ ကြင္းလယ္မွာ ၿပိဳင္ဘက္ကုိ Press လုပ္မယ္၊ အဲဒီမွာ ၿပိဳင္ဘက္က အမွားလုပ္မိရင္ရင္ ေဘာလုံးျပန္ကုိင္ၿပီး ကြင္းလယ္စီးေအာင္ ႀကိဳးစားပါတယ္။ Attacking Third ဇုန္ထဲမွာေတာ့ ခ်ယ္လ္ဆီးအသင္းဟာ ၿပိဳင္ဘက္ခံစစ္ေၾကာင္းကုိ Vertical Passes ေတြနဲ႔ အတြင္းထဲထိ ထုိးေဖာက္ကစားေလ့ရွိတယ္။

ခံစစ္ကစားပုံ
ခ်ယ္လ္ဆီးအသင္း ခံစစ္တည္ေဆာက္ပုံက သိပ္သည္းပါတယ္။ Fullbacks ေတြက တိုက္စစ္အထိ လုိက္ပါကစားၿပီး မားကုိ႔စ္အလြန္ဆုိ Marcos Alonso က တိုက္စစ္ကုိ အခ်ိန္တိုင္း လုိက္ပါခြင့္ရွိေပမယ့္ ညာေနာက္ခံလူ အက္ဇ္ပီလီကြယ္တာ Cesar Azpilicueta ကေတာ့ ကုိယ့္အသင္းကြင္းတစ္၀က္ျခမ္းအထိပဲ တိုက္စစ္ကုိ လုိက္ေလ့ရွိတယ္။

Defensive-line

Defensive-line

ေဒးဗစ္လူး၀စ္ဇ္က ဘယ္ကစားသမားကုိ ဘယ္လုိေပးရမလဲဆုိတာက ေကာင္းေကာင္းသိၿပီး အျမင့္ေဘာေတြနဲ႔ တိုက္စစ္ကုိ စတင္ရတဲ့တာ၀န္ ယူထားတယ္။ ႐ူဒီဂါ Rudiger ကေတာ့ ခံစစ္မွာအထုိင္ကစားၿပီး ၿပိဳင္ဘက္တိုက္စစ္ကုိ ဟန္႔တားဖုိ႔ပါပဲ။

ကြင္းလယ္နဲ႔ တိုက္စစ္ခ်ိတ္ဆက္မႈ
ၿပိဳင္ဘက္အသင္းရဲ႕ Final Third ဇုန္မွာ အခြင့္အေရးေကာင္းေတြကုိ ဖန္တီးေပးႏုိင္တဲ့ ကြင္းလယ္တိုက္စစ္ကစားသမား အမ်ားႀကီး ခ်ယ္လ္ဆီးမွာ ရွိပါတယ္။ ကုိဗာခ်စ္ Kovacic ဒါမွမဟုတ္ ဘာကေလ Barkley တို႔ဟာ ကြင္းလယ္မွာ Rotate ကစားၿပီး ကြန္ေတ Kante က ခံစစ္ကုိ ကူေနတဲ့အခ်ိန္မွာ သူတို႔က တိုက္စစ္နဲ႔ ခ်ိတ္ဆက္ကစားပါတယ္။ ဒါေပမဲ့ အခု ဆာရီက ခံစစ္ကုိ ကူတ့ဲတာ၀န္ကုိ ေယာ္ဂ်င္ဟုိ Jorginho ဆီ လဲႊေျပာင္းခဲ့ၿပီျဖစ္လုိ႔ ကြန္ေတဟာ တိုက္စစ္ကုိ လြတ္လြတ္လပ္လပ္ လုိက္ပါခြင့္ရွိသြားပါၿပီ။ ဒီပုံစံေၾကာင့္ ခ်ယ္လ္ဆီးအသင္းရဲ႕ Attacking က ၿပိဳင္ဘက္ကုိ ၿခိမ္းေျခာက္ႏုိင္စြမ္းရွိေနတာပါ။

Marcos-Alonso-and-Hazard

Marcos-Alonso-and-Hazard

ေတာင္ပံတိုက္စစ္ကစားသမား ဟာဇက္ Eden Hazard က ၿပိဳင္ဘက္ခံစစ္အတြင္း ဆဲြေျပး၀င္သြားခ်ိန္မွာ မားကုိ႔စ္အလြန္ဆုိက ေတာင္ပံမွာေနရာယူၿပီး ျဖတ္တင္ေဘာေတြနဲ႔ တိုက္စစ္ကုိ Provide လုပ္တယ္။ ဟာဇက္ အတြင္း၀င္လာခ်ိန္မွာ တိုက္စစ္မွဴး မုိရာတာ Morata က (၁၆)ကုိက္စည္းထဲ အသင့္ရွိေနၿပီး ဂုိးသြင္းဖုိ႔ ဒါမွမဟုတ္ ဟာဇက္ ဂုိးသြင္းႏုိင္ေအာင္ ဖန္တီးေပးဖုိ႔ တာ၀န္ယူထားပါတယ္။ ၀ီလီယံ Willian / ပတ္ဒ႐ုိ Pedro တို႔က ခံစစ္၊ တိုက္စစ္ မွ်ေအာင္ ကစားေပးရတယ္။ တကယ္လုိ႔ အက္ဇ္ပီလီကြယ္တာဟာ တိုက္စစ္ကုိ မလုိက္ပါတဲ့အခ်ိန္မွာ ညာေတာင္ပံကစားသမားက ၿပိဳင္ဘက္ခံစစ္ေၾကာင္းထဲအထိ ဆဲြ၀င္တာမ်ိဳး မလုပ္ဘဲ ျဖတ္တင္ေဘာေတြနဲ႔သာ ကစားတာကုိ ေတြ႔ရမွာပါ။

ခ်ယ္လ္ဆီးအသင္းရဲ႕ အဓိက ကစားသမား
ခ်ယ္လ္ဆီးအသင္းရဲ႕ ၀င္႐ုိးတစ္ခုလုံးမွာ အဓိက က်သူက ေယာ္ဂ်င္ဟုိ Jorginho လုိ႔ သတ္မွတ္ရမယ္။ သူဟာ Deep Lying Midfielder အျဖစ္ တာ၀န္ယူထားၿပီး ခံစစ္ေၾကာင္းကုိ Cover လုပ္ဖုိ႔အျပင္ တိုက္စစ္ျပန္စရင္လည္း တိက်တဲ့အျမင့္ေဘာေတြနဲ႔ ကူညီေပးရသူပါပဲ။ ေယာ္ဂ်င္ဟုိဟာ ဆာရီနဲ႔ နာပုိလီမွာ လက္တဲြဖူးသူျဖစ္သလုိ အခုခ်ယ္လ္ဆီးအသင္းမွာလည္း အဓိက အခန္းက႑ကေန ပါ၀င္ေနသူျဖစ္ပါတယ္။

Jorginho

Jorginho

အခုေလာေလာဆယ္ ခ်ယ္လ္ဆီးအသင္းဟာ မန္စီးတီးနဲ႔ (၄)မွတ္အကြာ အဆင့္(၃)ေနရာမွာ ရပ္တည္ေနၿပီး ပရီးမီးယားလိဂ္ ခ်န္ပီယံဆုအတြက္ ေျပးလမ္းေၾကာင္းေပၚမွာ ရွိေနဆဲပါပဲ။ တိုက္စစ္မွဴးေတြျဖစ္တဲ့ မုိရာတာ Morata ၊ ဂ်႐ူး Giroud တို႔ရဲ႕ စြမ္းေဆာင္ရည္သာ အခုထက္ ပုိေကာင္းလာမယ္ဆုိရင္ ဆုဖလားေမွ်ာ္လင့္ခ်က္ေတြက အသက္၀င္လာမယ္လုိ႔ သတ္မွတ္ရမွာျဖစ္ပါေတာ့တယ္ . . .

REF:.sportskeeda
Photo:We Ain’t Got No History,ESPN,Ghanasoccernet,The Independent,101 Great Goals,Live TV,Chelsea Season
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဆာရီ Maurizio Sarri လက်ထက် ချယ်လ်ဆီးအသင်းရဲ့ ကစားပုံကို လေ့လာကြည့်ရအောင်

ချယ်လ်ဆီးအသင်းကို ဒီရာသီအစက စတင်ကိုင်တွယ်ခဲ့တဲ့ ဆာရီ Maurizio Sarri ဟာ လက်ရှိအချိန်အထိ အသင်းကို ပရီးမီးယားလိဂ်၊ ယူရိုပါလိဂ်မှာ ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားသူပါ။ ဆာရီဟာ ကမ္ဘာ့အကောင်းဆုံး နည်းပြမဟုတ်ရင်တောင် အဲဒီစာရင်းမှာ မဖြစ်မနေထည့်သွင်းရမယ့်သူဆိုတာ သံသယဖြစ်စရာမလိုပါဘူး။ သူဟာ Philosopher တစ်ဦးဖြစ်ပြီး စိတ်ကူးအိပ်မက်တွေကို အမှန်တကယ်ဖြစ်အောင် အကောင်အထည် ဖော်နိုင်သူလည်းဖြစ်ပါတယ်။

Basic-idea-of-Sarriball

Basic-idea-of-Sarriball

Possession ဦးစားပေး ပုံစံကြောင့် ‘Sarriball’ လို့ အမည်ပြောင်သတ်မှတ်ခံထားရသူ ဆာရီဟာ နာပိုလီကို ကိုင်တွယ်ခဲ့စဉ်က Style အတိုင်းပဲ ချယ်လ်ဆီးအသင်းကို ပုံစံပြောင်းလဲခဲ့တယ်။ ဒါကြောင့် ဆာရီလက်ထက် ချယ်လ်ဆီးအသင်းရဲ့ ကစားဟန်ကို လေ့လာကြည့်ရအောင် . . . .

Sarriball ရဲ့ အခြေခံအကျဆုံး သဘောတရား
ဆာရီရဲ့ ချယ်လ်ဆီးအသင်းဟာ သူတို့ Defensive Third ဇုန်ထဲမှာ ဘောလုံးပိုင်ဆိုင်မှု အသာရဖို့က အဓိက ဦးစားပေးပါပဲ။ ခံစစ်မှာ ဘောလုံးပုတ်မယ်၊ ပြီးရင် တိုက်စစ်ကို တိုက်ရိုက်စတင်မယ်။ အဲဒီအတွက် အခရာကျတာက ဒေးဗစ်လူးဝစ်ဇ် David Luiz ဖြစ်ပါတယ်။ သူဟာ Ball Playing Defender ဖြစ်လို့ တိုက်စစ်ပြန်စရင် အားကိုးရတဲ့ကစားသမားတစ်ဦးပါပဲ။

David-Luiz

David-Luiz

ချယ်လ်ဆီးအသင်းဟာ ကွင်းလယ်မှာ ပြိုင်ဘက်ကို Press လုပ်မယ်၊ အဲဒီမှာ ပြိုင်ဘက်က အမှားလုပ်မိရင်ရင် ဘောလုံးပြန်ကိုင်ပြီး ကွင်းလယ်စီးအောင် ကြိုးစားပါတယ်။ Attacking Third ဇုန်ထဲမှာတော့ ချယ်လ်ဆီးအသင်းဟာ ပြိုင်ဘက်ခံစစ်ကြောင်းကို Vertical Passes တွေနဲ့ အတွင်းထဲထိ ထိုးဖောက်ကစားလေ့ရှိတယ်။

ခံစစ်ကစားပုံ
ချယ်လ်ဆီးအသင်း ခံစစ်တည်ဆောက်ပုံက သိပ်သည်းပါတယ်။ Fullbacks တွေက တိုက်စစ်အထိ လိုက်ပါကစားပြီး မားကို့စ်အလွန်ဆို Marcos Alonso က တိုက်စစ်ကို အချိန်တိုင်း လိုက်ပါခွင့်ရှိပေမယ့် ညာနောက်ခံလူ အက်ဇ်ပီလီကွယ်တာ Cesar Azpilicueta ကတော့ ကိုယ့်အသင်းကွင်းတစ်ဝက်ခြမ်းအထိပဲ တိုက်စစ်ကို လိုက်လေ့ရှိတယ်။

Defensive-line

Defensive-line

ဒေးဗစ်လူးဝစ်ဇ်က ဘယ်ကစားသမားကို ဘယ်လိုပေးရမလဲဆိုတာက ကောင်းကောင်းသိပြီး အမြင့်ဘောတွေနဲ့ တိုက်စစ်ကို စတင်ရတဲ့တာဝန် ယူထားတယ်။ ရူဒီဂါ Rudiger ကတော့ ခံစစ်မှာအထိုင်ကစားပြီး ပြိုင်ဘက်တိုက်စစ်ကို ဟန့်တားဖို့ပါပဲ။

ကွင်းလယ်နဲ့ တိုက်စစ်ချိတ်ဆက်မှု
ပြိုင်ဘက်အသင်းရဲ့ Final Third ဇုန်မှာ အခွင့်အရေးကောင်းတွေကို ဖန်တီးပေးနိုင်တဲ့ ကွင်းလယ်တိုက်စစ်ကစားသမား အများကြီး ချယ်လ်ဆီးမှာ ရှိပါတယ်။ ကိုဗာချစ် Kovacic ဒါမှမဟုတ် ဘာကလေ Barkley တို့ဟာ ကွင်းလယ်မှာ Rotate ကစားပြီး ကွန်တေ Kante က ခံစစ်ကို ကူနေတဲ့အချိန်မှာ သူတို့က တိုက်စစ်နဲ့ ချိတ်ဆက်ကစားပါတယ်။ ဒါပေမဲ့ အခု ဆာရီက ခံစစ်ကို ကူတဲ့တာဝန်ကို ယော်ဂျင်ဟို Jorginho ဆီ လွဲှပြောင်းခဲ့ပြီဖြစ်လို့ ကွန်တေဟာ တိုက်စစ်ကို လွတ်လွတ်လပ်လပ် လိုက်ပါခွင့်ရှိသွားပါပြီ။ ဒီပုံစံကြောင့် ချယ်လ်ဆီးအသင်းရဲ့ Attacking က ပြိုင်ဘက်ကို ခြိမ်းခြောက်နိုင်စွမ်းရှိနေတာပါ။

Marcos-Alonso-and-Hazard

Marcos-Alonso-and-Hazard

တောင်ပံတိုက်စစ်ကစားသမား ဟာဇက် Eden Hazard က ပြိုင်ဘက်ခံစစ်အတွင်း ဆွဲပြေးဝင်သွားချိန်မှာ မားကို့စ်အလွန်ဆိုက တောင်ပံမှာနေရာယူပြီး ဖြတ်တင်ဘောတွေနဲ့ တိုက်စစ်ကို Provide လုပ်တယ်။ ဟာဇက် အတွင်းဝင်လာချိန်မှာ တိုက်စစ်မှူး မိုရာတာ Morata က (၁၆)ကိုက်စည်းထဲ အသင့်ရှိနေပြီး ဂိုးသွင်းဖို့ ဒါမှမဟုတ် ဟာဇက် ဂိုးသွင်းနိုင်အောင် ဖန်တီးပေးဖို့ တာဝန်ယူထားပါတယ်။ ဝီလီယံ Willian / ပတ်ဒရို Pedro တို့က ခံစစ်၊ တိုက်စစ် မျှအောင် ကစားပေးရတယ်။ တကယ်လို့ အက်ဇ်ပီလီကွယ်တာဟာ တိုက်စစ်ကို မလိုက်ပါတဲ့အချိန်မှာ ညာတောင်ပံကစားသမားက ပြိုင်ဘက်ခံစစ်ကြောင်းထဲအထိ ဆွဲဝင်တာမျိုး မလုပ်ဘဲ ဖြတ်တင်ဘောတွေနဲ့သာ ကစားတာကို တွေ့ရမှာပါ။

ချယ်လ်ဆီးအသင်းရဲ့ အဓိက ကစားသမား
ချယ်လ်ဆီးအသင်းရဲ့ ဝင်ရိုးတစ်ခုလုံးမှာ အဓိက ကျသူက ယော်ဂျင်ဟို Jorginho လို့ သတ်မှတ်ရမယ်။ သူဟာ Deep Lying Midfielder အဖြစ် တာဝန်ယူထားပြီး ခံစစ်ကြောင်းကို Cover လုပ်ဖို့အပြင် တိုက်စစ်ပြန်စရင်လည်း တိကျတဲ့အမြင့်ဘောတွေနဲ့ ကူညီပေးရသူပါပဲ။ ယော်ဂျင်ဟိုဟာ ဆာရီနဲ့ နာပိုလီမှာ လက်တွဲဖူးသူဖြစ်သလို အခုချယ်လ်ဆီးအသင်းမှာလည်း အဓိက အခန်းကဏ္ဍကနေ ပါဝင်နေသူဖြစ်ပါတယ်။

Jorginho

Jorginho

အခုလောလောဆယ် ချယ်လ်ဆီးအသင်းဟာ မန်စီးတီးနဲ့ (၄)မှတ်အကွာ အဆင့်(၃)နေရာမှာ ရပ်တည်နေပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ပြေးလမ်းကြောင်းပေါ်မှာ ရှိနေဆဲပါပဲ။ တိုက်စစ်မှူးတွေဖြစ်တဲ့ မိုရာတာ Morata ၊ ဂျရူး Giroud တို့ရဲ့ စွမ်းဆောင်ရည်သာ အခုထက် ပိုကောင်းလာမယ်ဆိုရင် ဆုဖလားမျှော်လင့်ချက်တွေက အသက်ဝင်လာမယ်လို့ သတ်မှတ်ရမှာဖြစ်ပါတော့တယ် . . .

REF:.sportskeeda
Photo:We Ain’t Got No History,ESPN,Ghanasoccernet,The Independent,101 Great Goals,Live TV,Chelsea Season
Naing Linn(Akhayar)
www.akhayar.com