[Zawgyi]

Lady Gaga ကို မမွတ္မိႏုိင္ေလာက္တဲ့ ပံုစံနဲ႔ ေတြ႔ရမယ့္ ‘A Star Is Born(2018)’ Trailer

Lady Gaga လို႔ ဆုိလိုက္တာနဲ႔ ကိုယ္ပုိင္ဟန္နဲ႔ လမ္းေၾကာင္းတစ္ခုုကို ေဖာက္ခဲ့သူ၊ သူ႔ရဲ႕ ဂီတတင္မဟုတ္ဘဲ သူ႔ရဲ့ ဖက္ရွင္ေတြကလည္း သူမ်ားနဲ႔ မတူ ကြဲထြက္လြန္းလို႔ အေဝဖန္ေတာင္ခံရဖူးသူပါ။ အခုေတာ့ အရင္ကနဲ႔မတူ ပိုျပီးေတာ့ ရုိးရွင္းလာတာကိုေတြ႔ရျပီး ဂီတလမ္းေၾကာင္းကို မွန္မွန္ခ်ီတက္ေနသူလည္း ျဖစ္ပါတယ္။

'A Star Is Born' ဇာတ္ကားထဲက Lady Gaga

‘A Star Is Born’ ဇာတ္ကားထဲက Lady Gaga

အခုေတာ့ Lady Gaga အတြက္ ေနာက္ထပ္စိန္ေခၚမႈတစ္ခုျဖစ္တဲ့ Musical Romantic Drama ဇာတ္ကားတစ္ခုမွာ ပါဝင္သရုပ္ေဆာင္ပါေတာ့မယ္။ သူပါဝင္မယ့္ ဇာတ္ကားကေတာ့ ‘A Star Is Born’ ျဖစ္ျပီး Bradley Cooper က ရိုက္ကူးထားပါတယ္။ သရုပ္ေဆာင္ေနရာမွာလည္း Bradley Cooper က Jackson Maine အျဖစ္ပါဝင္သရုပ္ေဆာင္မွာ ျဖစ္ျပီီး Jackson Maine ရဲ့ တြဲဘက္ ေကာင္မေလး Ally ေနရာကေန Lady Gaga က သရုပ္ေဆာင္မွာ ျဖစ္ပါတယ္။

'A Star Is Born' ဇာတ္ကားထဲက Lady Gaga

‘A Star Is Born’ ဇာတ္ကားထဲက Lady Gaga

ဒီဇာတ္ကားဟာ တတိယအၾကိမ္ေျမာက္ျပန္လည္ရိုက္ကူးတဲ့ ဇာတ္ကားျဖစ္ျပီး ပထမအၾကိမ္က ၁၉၅၄ ခုႏွစ္မွာ Judy Garland နဲ႔ James Mason တို႔ တဲြဖက္သရုပ္ေဆာင္ထားတာ ျဖစ္ျပီး ဒုတိယအၾကိမ္ကေတာ့ ၁၉၇၆ ခုနွစ္မွာ Barbra Streisand နဲ႔ Kris Kristofferson တို႔ သရုပ္ေဆာင္ထားတာျဖစ္ပါတယ္။

ရုိက္ကြင္းေပၚမွာ ေတြ႔ရတဲ့ Lady Gaga

ရုိက္ကြင္းေပၚမွာ ေတြ႔ရတဲ့ Lady Gaga

Trailer ထြက္တာေတာ့ ဇြန္လ ၆ ရက္ေန႔မွ ျဖစ္ျပီး YouTube မွာ Tranding No. 3 ျဖစ္ေနပါျပီ။ Trailer ကို စၾကည့္လိုက္လို႔ Lady Gaga စထြက္လာတဲ့အခန္းမွာ Wow လို႔ ျဖစ္မိမွာပါ။ Lady Gaga ဟာ လံုးဝအသြင္တစ္မ်ိဳးေျပာင္းသြားျပီး အရင္က Lady Gaga လို႔ မမွတ္မိႏုိ္င္ေအာင္ ျဖစ္ရပါတယ္။ Lady Gaga မွန္းသိေပမယ့္ လံုးဝပံုစံေျပာင္းသြားျပီး Ally ေနရာက စီးဝင္ခံစားရတာမ်ိဳးေပ့ါ။

Gaga ဟာ Trailer မွာ နာမည္ Credit ထိုးတဲ့အခါ Lady Gaga ဆိုတဲ့ နာမည္ကို မသံုးဘဲ Stefani Germanotta ဆိုတဲ့ နာမည္အရင္းကို အသံုးျပဳထားပါတယ္။ ဒီဇာတ္ကားအတြက္ သူမကိုယ္တုိင္ေရးထားတဲ့ သီခ်င္းတစ္ပုဒ္လည္း ပါဝင္မွာ ျဖစ္ျပီး The Shallow ဆိုတဲ့သီခ်င္းကို Mark Ronson နဲ႔ ပူးတြဲျပီး ဒီရုပ္ရွင္အတြက္ ေရးသားထားပါတယ္။

ရုိက္ကြင္းေပၚမွာ ေတြ႔ရတဲ့ Lady Gaga

ရုိက္ကြင္းေပၚမွာ ေတြ႔ရတဲ့ Lady Gaga

ဒီဇာတ္ကားမွာ စိတ္ဝင္စားစရာအခ်က္ေတြအမ်ားၾကီးရွိေသးျပီး အစတုန္းက ဒီဇာတ္ကားကို Beyonce’ နဲ႔ ရိုက္ဖို႔ စိတ္ကူးခဲ့တာ ျဖစ္ျပီး ကိုယ္ဝန္ရွိလာတဲ့ Beyonce’ ေၾကာင့္ ေႏွာင့္ေႏွးခဲ့ရပါတယ္။ မင္းသားေနရာအတြက္လည္း Leonardo DiCaprio ၊ Will Smith ၊ Christian Bale တို႔နဲ႔ ရိုက္ဖို႔ စကားေျပာခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။ Tom Cruise နဲ႔လည္း စကားေျပာခဲ့ဖူးပါတယ္။ Johnny Depp ကေတာ့ ဒီဇာတ္ကားကို ျငင္းပယ္လိုက္တဲ့အတြက္ ေနာက္ဆံုးအျပီးသတ္မွာ Lady Gaga နဲ႔ Bradley Cooper နဲ႔ ရိုက္ဖုိ႔ ျဖစ္လာခဲ့တာပါ။

ရုိက္ကြင္းေပၚက Lady Gaga

ရုိက္ကြင္းေပၚက Lady Gaga

ဒီဇာတ္ကားကို အေမရိကန္ႏုိင္ငံမွာ ေအာက္တုိဘာလ ၅ ရက္ေန႔ ရုံတင္ျပသဖို႔ လ်ာထားျပီး Lady Gaga ရဲ့ ရုိးရိုးရွင္းရွင္းမ်က္ႏွာေလးနဲ႔ Ally ဆိုတဲ့ သရုပ္ေဆာင္မႈကို ေတြ႔ျမင္ခ်င္ရင္ေတာ့ Trailer ေလးနဲ႔ ေျဖသိမ့္ထားရမွာပါ။

Yoe Lu (Akhayar)

www.akhayar.com

www.news.com.au
[Unicode]

Lady Gaga ကို မမှတ်မိနိုင်လောက်တဲ့ ပုံစံနဲ့ တွေ့ရမယ့် ‘A Star Is Born(2018)’ Trailer

Lady Gaga လို့ ဆိုလိုက်တာနဲ့ ကိုယ်ပိုင်ဟန်နဲ့ လမ်းကြောင်းတစ်ခုုကို ဖောက်ခဲ့သူ၊ သူ့ရဲ့ ဂီတတင်မဟုတ်ဘဲ သူ့ရဲ့ ဖက်ရှင်တွေကလည်း သူများနဲ့ မတူ ကွဲထွက်လွန်းလို့ အဝေဖန်တောင်ခံရဖူးသူပါ။ အခုတော့ အရင်ကနဲ့မတူ ပိုပြီးတော့ ရိုးရှင်းလာတာကိုတွေ့ရပြီး ဂီတလမ်းကြောင်းကို မှန်မှန်ချီတက်နေသူလည်း ဖြစ်ပါတယ်။

'A Star Is Born' ဇာတ်ကားထဲက Lady Gaga

‘A Star Is Born’ ဇာတ်ကားထဲက Lady Gaga

အခုတော့ Lady Gaga အတွက် နောက်ထပ်စိန်ခေါ်မှုတစ်ခုဖြစ်တဲ့ Musical Romantic Drama ဇာတ်ကားတစ်ခုမှာ ပါဝင်သရုပ်ဆောင်ပါတော့မယ်။ သူပါဝင်မယ့် ဇာတ်ကားကတော့ ‘A Star Is Born’ ဖြစ်ပြီး Bradley Cooper က ရိုက်ကူးထားပါတယ်။ သရုပ်ဆောင်နေရာမှာလည်း Bradley Cooper က Jackson Maine အဖြစ်ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပြီး Jackson Maine ရဲ့ တွဲဘက် ကောင်မလေး Ally နေရာကနေ Lady Gaga က သရုပ်ဆောင်မှာ ဖြစ်ပါတယ်။

'A Star Is Born' ဇာတ်ကားထဲက Lady Gaga

‘A Star Is Born’ ဇာတ်ကားထဲက Lady Gaga

ဒီဇာတ်ကားဟာ တတိယအကြိမ်မြောက်ပြန်လည်ရိုက်ကူးတဲ့ ဇာတ်ကားဖြစ်ပြီး ပထမအကြိမ်က ၁၉၅၄ ခုနှစ်မှာ Judy Garland နဲ့ James Mason တို့ တွဲဖက်သရုပ်ဆောင်ထားတာ ဖြစ်ပြီး ဒုတိယအကြိမ်ကတော့ ၁၉၇၆ ခုနှစ်မှာ Barbra Streisand နဲ့ Kris Kristofferson တို့ သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

ရိုက်ကွင်းပေါ်မှာ တွေ့ရတဲ့ Lady Gaga

ရိုက်ကွင်းပေါ်မှာ တွေ့ရတဲ့ Lady Gaga

Trailer ထွက်တာတော့ ဇွန်လ ၆ ရက်နေ့မှ ဖြစ်ပြီး YouTube မှာ Tranding No. 3 ဖြစ်နေပါပြီ။ Trailer ကို စကြည့်လိုက်လို့ Lady Gaga စထွက်လာတဲ့အခန်းမှာ Wow လို့ ဖြစ်မိမှာပါ။ Lady Gaga ဟာ လုံးဝအသွင်တစ်မျိုးပြောင်းသွားပြီး အရင်က Lady Gaga လို့ မမှတ်မိနိုင်အောင် ဖြစ်ရပါတယ်။ Lady Gaga မှန်းသိပေမယ့် လုံးဝပုံစံပြောင်းသွားပြီး Ally နေရာက စီးဝင်ခံစားရတာမျိုးပေ့ါ။

Gaga ဟာ Trailer မှာ နာမည် Credit ထိုးတဲ့အခါ Lady Gaga ဆိုတဲ့ နာမည်ကို မသုံးဘဲ Stefani Germanotta ဆိုတဲ့ နာမည်အရင်းကို အသုံးပြုထားပါတယ်။ ဒီဇာတ်ကားအတွက် သူမကိုယ်တိုင်ရေးထားတဲ့ သီချင်းတစ်ပုဒ်လည်း ပါဝင်မှာ ဖြစ်ပြီး The Shallow ဆိုတဲ့သီချင်းကို Mark Ronson နဲ့ ပူးတွဲပြီး ဒီရုပ်ရှင်အတွက် ရေးသားထားပါတယ်။

ရိုက်ကွင်းပေါ်မှာ တွေ့ရတဲ့ Lady Gaga

ရိုက်ကွင်းပေါ်မှာ တွေ့ရတဲ့ Lady Gaga

ဒီဇာတ်ကားမှာ စိတ်ဝင်စားစရာအချက်တွေအများကြီးရှိသေးပြီး အစတုန်းက ဒီဇာတ်ကားကို Beyonce’ နဲ့ ရိုက်ဖို့ စိတ်ကူးခဲ့တာ ဖြစ်ပြီး ကိုယ်ဝန်ရှိလာတဲ့ Beyonce’ ကြောင့် နှောင့်နှေးခဲ့ရပါတယ်။ မင်းသားနေရာအတွက်လည်း Leonardo DiCaprio ၊ Will Smith ၊ Christian Bale တို့နဲ့ ရိုက်ဖို့ စကားပြောခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ Tom Cruise နဲ့လည်း စကားပြောခဲ့ဖူးပါတယ်။ Johnny Depp ကတော့ ဒီဇာတ်ကားကို ငြင်းပယ်လိုက်တဲ့အတွက် နောက်ဆုံးအပြီးသတ်မှာ Lady Gaga နဲ့ Bradley Cooper နဲ့ ရိုက်ဖို့ ဖြစ်လာခဲ့တာပါ။

ရိုက်ကွင်းပေါ်က Lady Gaga

ရိုက်ကွင်းပေါ်က Lady Gaga

ဒီဇာတ်ကားကို အမေရိကန်နိုင်ငံမှာ အောက်တိုဘာလ ၅ ရက်နေ့ ရုံတင်ပြသဖို့ လျာထားပြီး Lady Gaga ရဲ့ ရိုးရိုးရှင်းရှင်းမျက်နှာလေးနဲ့ Ally ဆိုတဲ့ သရုပ်ဆောင်မှုကို တွေ့မြင်ချင်ရင်တော့ Trailer လေးနဲ့ ဖြေသိမ့်ထားရမှာပါ။

Yoe Lu (Akhayar)

www.akhayar.com

www.news.com.au