[Zawgyi]

ႏွစ္မိနစ္အတြင္း အျမန္ဆံုးအိပ္ေပ်ာ္သြားေစမယ့္ အေမရိကန္စစ္တပ္ရဲ႕ နည္းလမ္းေကာင္း

အခုတေလာ အင္တာနက္ေပၚမွာ ေခတ္စားေနတဲ႔  ႏွစ္မိနစ္အတြင္းအိပ္ေပ်ာ္ေအာင္ ျပဳလုပ္ေပးမယ့္ နည္းလမ္းေကာင္းေလးတစ္ခုကို ေဝမွ်ေပးခ်င္ပါတယ္။ ဒီနည္းလမ္းေလးက အေမရိကန္စစ္တပ္က အသံုးျပဳခဲ့တဲ႔နည္းလမ္းေလးျဖစ္ၿပီး အလြန္အသံုးဝင္တဲ့အတြက္ ညဘက္အိပ္မေပ်ာ္တဲ႔သူေတြအေနနဲ႔ စမ္းလုပ္ၾကည္႔သင့္ပါတယ္။

ဒီနည္းလမ္းေလးရဲ႕ မူရင္းအစကို ေျခရာေကာက္ၾကည္႔ရမယ္ဆိုရင္ ၁၉၈၁ ခုနစ္တုန္းက Sharon Ackman ထုတ္ေဝခဲ႔တဲ႔ စာအုပ္ျဖစ္တဲ႔ “Relax and Win: Championship Performance” ကေန စတင္သိလာခဲ႔ၿပီး ေနာက္ပိုင္းမွာ ဝိုင္းရွဲၾကရင္း လူသိမ်ားလာခဲ႔တာ ျဖစ္ပါတယ္။ ဒီစာအုပ္ထဲမွာ စာေရးဆရာက စာဖတ္သူေတြကို ဘယ္လို စိတ္ေပါ့ပါးေအာင္ေနထိုင္ရမလဲဆိုတာနဲ႔ US စစ္တပ္မွာ ထမ္းေဆာင္ေနတဲ႔ စစ္သားေတြ ႏွစ္မိနစ္အတြင္း ဘယ္လို အိပ္ေပ်ာ္ေအာင္ႀကိဳးစားခဲ႔လဲဆိုတဲ႔ အေၾကာင္းေတြကုိ ျပည့္ျပည့္စံုစံု ေရးသားေဖာ္ျပထားပါတယ္။

US ေရတပ္ အႀကိဳပ်ံသန္းမႈေက်ာင္းမွာ ေန႔ေရာညပါ ေလ့က်င္မႈေတြ အဆက္မျပတ္လုပ္ေနရတဲ႔အတြက္ ဘယ္လုိအေျခအေနမ်ဳိးမွာပဲျဖစ္ျဖစ္ အိပ္ေပ်ာ္ႏို္င္ဖို႔ ေလ့က်င္ရင္းကေန ႏွစ္မိနစ္အတြင္း အိပ္ေပ်ာ္သြားတဲ႔ နည္းလမ္းေလး ရွာေဖြေတြ႔ရွိခဲ႔တာကို စာေရးဆရာ Ackman က ေရးသားေဖာ္ျပခဲ႔ပါတယ္။  “ဘယ္လုိအေျခအေနမ်ဳိးမွာပဲျဖစ္ျဖစ္ အိပ္ေပ်ာ္သြားဖို႔ အေလ့အက်င့္ျပဳလုပ္ၿပီး ေျခာက္ပတ္ေျမာက္ၾကာတဲ႔အခါမွာ ၉၆ ရာခိုင္ႏႈန္းေသာ ေလယာဥ္မွဴးေတြက ေကာ္ဖီေသာက္ထားရင္ပဲျဖစ္ျဖစ္ ေသနတ္သံေတြၾကားေနရရင္ပဲျဖစ္ျဖစ္ ႏွစ္မိနစ္အတြင္း (သို႔) ႏွစ္မိနစ္ထက္နည္းတဲ႔ အခ်ိန္တြင္းမွာ အိပ္ေပ်ာ္သြားၾကတာကို” ေတြ႔ရပါတယ္ ဆိုၿပီး ေဖာ္ျပထားတာ ျဖစ္ပါတယ္။

အဲဒီလို အခ်ိန္တိုအတြင္း အိပ္ေပ်ာ္သြားေအာင္ ေလ့က်င္ခဲ႔ပံုကေတာ့ ပထမဆံုးအေနနဲ႔ စိတ္ထဲမွာ ဘာမွမေတြးမိေအာင္ အတတ္ႏို္္င္ဆံုး ျပဳလုပ္ပါတယ္။ အဲဒီလို ဘာမွမေတြးမိဖို႔က မ်က္ႏွာတစ္ခုလံုးမွာရွိတဲ႔ ၾကြက္သားေတြ ေျပေလ်ာ့ေနဖို႔ကလည္း အေရးႀကီးတ႔ဲ အခ်က္တစ္ခုျဖစ္တယ္လို႔ အၾကံျပဳထားတာကိို ေတြ႔႔ရပါတယ္။ ထို႔ေနာက္ ပခံုးနဲ႔ ၾကြက္သားေတြကိုလည္း ေျဖေလ်ာ့ထားလုိက္ပါ။ ထို႔ေနာက္ အသက္ပံုမွန္ရႈၿပီး ရင္ဘတ္နဲ႔ ေျခေထာက္ရွိ ၾကြက္သားေတြကုိလည္း ေျပေလ်ာ့ေအာင္ထားပါ။ ဆယ္စကၠန္႔ေလာက္ၾကာတဲ႔အခါမွာ စိတ္ရွင္းလင္းေပါ့ပါးသြားတာကို ေတြ႔ရပါလိ္မ့္္မယ္။ ေမွာင္မည္းေနတဲ႔ အခန္းထဲနဲ႔ သက္ေသာင္႔သက္သာရွိတဲ႔ ဆိုဖာေပၚမွာ လဲွေလ်ာင္းအိပ္ေနခဲ႔ရင္လည္း ဘာမွမစဥ္းစားဘူးဆိုၿပီး ထပ္ခါထပ္ခါ တိုးတိုးေလးေျပာေပးျခင္းက လ်င္လ်င္ျမန္ျမန္ အိပ္ေပ်ာ္သြားေအာင္ အကူအညီ ေပးပါလိမ္႔မယ္။

မၾကာေသးမီက ေလ့လာခ်က္ေတြအရ တစ္ညမွာ ေျခာက္နာရီမွ ကိုးနာရီအတြင္းအိပ္စက္ေပးရင္ ႏွလံုးေရာဂါျဖစ္ႏုိင္ေခ် ေလ်ာ့က်ေအာင္ ကူညီေပးတာကို ေတြ႔ရပါတယ္။။ တျခားေလ့လာမႈေတြအရ သိရတာကေတာ့ ဆိုးရြားတဲ႔အိပ္ေရးပ်က္မႈေတြဟာ ကိုယ္ခႏၶာကို ႀကီးႀကီးမားမား ထိခိုက္ေစႏိုင္ပါတယ္။ အိပ္တာက အေကာင္းဆံုးေဆးဝါးျဖစ္တယ္ဆိုတာကို လူေတြက ေကာင္းေကာင္းနားမလည္ၾကတဲ႔အတြက္ အိပ္ေရးအပ်က္ခံၿပီး အလုပ္ေတြႀကိဳးစားလုပ္ကာ စိတ္အေႏွာင္႔အယွက္ေတြ အျဖစ္ခံၾကပါတယ္။

အခုခ်ိန္ကစၿပီး အိပ္စက္ျခင္းက အေကာင္းဆံုးေဆးဝါးဆိုတာ သိၿပီးၿပီဆိုေတာ့ အိပ္ေရးဝဝအိပ္ဖို႔၊ ေခါင္းခ်လိုက္တာနဲ႔ အိပ္ေပ်ာ္ႏိုင္ေစဖို႔အတြက္ US စစ္တပ္ရဲ႕ နည္းလမ္းကို ဘာေၾကာင့္စမ္းလုပ္ၾကည္႔ဖို႔ အခ်ိန္ဆဲြေနေတာ့မွာလဲ။ ဒီညကပဲစၿပီး အိပ္မေပ်ာ္ရင္ လြယ္ကူျမန္ဆန္တဲ႔ ဒီနည္းလမ္းကို စမ္းလုပ္ၾကည္႔လုိက္ၾကပါ။ အက်ဳိးထူးရင္လည္း မသိေသးတဲ့သူေတြကို ျပန္လည္မွ်ေဝေပးဖို႔ မေမ့ပါနဲ႔ဦးနာ္။

H.H(Akhayar)

www.akhayar.com

[Unicode]

နှစ်မိနစ်အတွင်း အမြန်ဆုံးအိပ်ပျော်သွားစေမယ့် အမေရိကန်စစ်တပ်ရဲ့ နည်းလမ်းကောင်း

အခုတလော အင်တာနက်ပေါ်မှာ ခေတ်စားနေတဲ့  နှစ်မိနစ်အတွင်းအိပ်ပျော်အောင် ပြုလုပ်ပေးမယ့် နည်းလမ်းကောင်းလေးတစ်ခုကို ဝေမျှပေးချင်ပါတယ်။ ဒီနည်းလမ်းလေးက အမေရိကန်စစ်တပ်က အသုံးပြုခဲ့တဲ့နည်းလမ်းလေးဖြစ်ပြီး အလွန်အသုံးဝင်တဲ့အတွက် ညဘက်အိပ်မပျော်တဲ့သူတွေအနေနဲ့ စမ်းလုပ်ကြည့်သင့်ပါတယ်။

ဒီနည်းလမ်းလေးရဲ့ မူရင်းအစကို ခြေရာကောက်ကြည့်ရမယ်ဆိုရင် ၁၉၈၁ ခုနစ်တုန်းက Sharon Ackman ထုတ်ဝေခဲ့တဲ့ စာအုပ်ဖြစ်တဲ့ “Relax and Win: Championship Performance” ကနေ စတင်သိလာခဲ့ပြီး နောက်ပိုင်းမှာ ဝိုင်းရှဲကြရင်း လူသိများလာခဲ့တာ ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ စာရေးဆရာက စာဖတ်သူတွေကို ဘယ်လို စိတ်ပေါ့ပါးအောင်နေထိုင်ရမလဲဆိုတာနဲ့ US စစ်တပ်မှာ ထမ်းဆောင်နေတဲ့ စစ်သားတွေ နှစ်မိနစ်အတွင်း ဘယ်လို အိပ်ပျော်အောင်ကြိုးစားခဲ့လဲဆိုတဲ့ အကြောင်းတွေကို ပြည့်ပြည့်စုံစုံ ရေးသားဖော်ပြထားပါတယ်။

US ရေတပ် အကြိုပျံသန်းမှုကျောင်းမှာ နေ့ရောညပါ လေ့ကျင်မှုတွေ အဆက်မပြတ်လုပ်နေရတဲ့အတွက် ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အိပ်ပျော်နိုင်ဖို့ လေ့ကျင်ရင်းကနေ နှစ်မိနစ်အတွင်း အိပ်ပျော်သွားတဲ့ နည်းလမ်းလေး ရှာဖွေတွေ့ရှိခဲ့တာကို စာရေးဆရာ Ackman က ရေးသားဖော်ပြခဲ့ပါတယ်။  “ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အိပ်ပျော်သွားဖို့ အလေ့အကျင့်ပြုလုပ်ပြီး ခြောက်ပတ်မြောက်ကြာတဲ့အခါမှာ ၉၆ ရာခိုင်နှုန်းသော လေယာဉ်မှူးတွေက ကော်ဖီသောက်ထားရင်ပဲဖြစ်ဖြစ် သေနတ်သံတွေကြားနေရရင်ပဲဖြစ်ဖြစ် နှစ်မိနစ်အတွင်း (သို့) နှစ်မိနစ်ထက်နည်းတဲ့ အချိန်တွင်းမှာ အိပ်ပျော်သွားကြတာကို” တွေ့ရပါတယ် ဆိုပြီး ဖော်ပြထားတာ ဖြစ်ပါတယ်။

အဲဒီလို အချိန်တိုအတွင်း အိပ်ပျော်သွားအောင် လေ့ကျင်ခဲ့ပုံကတော့ ပထမဆုံးအနေနဲ့ စိတ်ထဲမှာ ဘာမှမတွေးမိအောင် အတတ်နို်င်ဆုံး ပြုလုပ်ပါတယ်။ အဲဒီလို ဘာမှမတွေးမိဖို့က မျက်နှာတစ်ခုလုံးမှာရှိတဲ့ ကြွက်သားတွေ ပြေလျော့နေဖို့ကလည်း အရေးကြီးတဲ့ အချက်တစ်ခုဖြစ်တယ်လို့ အကြံပြုထားတာကို တွေ့ရပါတယ်။ ထို့နောက် ပခုံးနဲ့ ကြွက်သားတွေကိုလည်း ဖြေလျော့ထားလိုက်ပါ။ ထို့နောက် အသက်ပုံမှန်ရှုပြီး ရင်ဘတ်နဲ့ ခြေထောက်ရှိ ကြွက်သားတွေကိုလည်း ပြေလျော့အောင်ထားပါ။ ဆယ်စက္ကန့်လောက်ကြာတဲ့အခါမှာ စိတ်ရှင်းလင်းပေါ့ပါးသွားတာကို တွေ့ရပါလိမ့််မယ်။ မှောင်မည်းနေတဲ့ အခန်းထဲနဲ့ သက်သောင့်သက်သာရှိတဲ့ ဆိုဖာပေါ်မှာ လဲှလျောင်းအိပ်နေခဲ့ရင်လည်း ဘာမှမစဉ်းစားဘူးဆိုပြီး ထပ်ခါထပ်ခါ တိုးတိုးလေးပြောပေးခြင်းက လျင်လျင်မြန်မြန် အိပ်ပျော်သွားအောင် အကူအညီ ပေးပါလိမ့်မယ်။

မကြာသေးမီက လေ့လာချက်တွေအရ တစ်ညမှာ ခြောက်နာရီမှ ကိုးနာရီအတွင်းအိပ်စက်ပေးရင် နှလုံးရောဂါဖြစ်နိုင်ချေ လျော့ကျအောင် ကူညီပေးတာကို တွေ့ရပါတယ်။။ တခြားလေ့လာမှုတွေအရ သိရတာကတော့ ဆိုးရွားတဲ့အိပ်ရေးပျက်မှုတွေဟာ ကိုယ်ခန္ဓာကို ကြီးကြီးမားမား ထိခိုက်စေနိုင်ပါတယ်။ အိပ်တာက အကောင်းဆုံးဆေးဝါးဖြစ်တယ်ဆိုတာကို လူတွေက ကောင်းကောင်းနားမလည်ကြတဲ့အတွက် အိပ်ရေးအပျက်ခံပြီး အလုပ်တွေကြိုးစားလုပ်ကာ စိတ်အနှောင့်အယှက်တွေ အဖြစ်ခံကြပါတယ်။

အခုချိန်ကစပြီး အိပ်စက်ခြင်းက အကောင်းဆုံးဆေးဝါးဆိုတာ သိပြီးပြီဆိုတော့ အိပ်ရေးဝဝအိပ်ဖို့၊ ခေါင်းချလိုက်တာနဲ့ အိပ်ပျော်နိုင်စေဖို့အတွက် US စစ်တပ်ရဲ့ နည်းလမ်းကို ဘာကြောင့်စမ်းလုပ်ကြည့်ဖို့ အချိန်ဆွဲနေတော့မှာလဲ။ ဒီညကပဲစပြီး အိပ်မပျော်ရင် လွယ်ကူမြန်ဆန်တဲ့ ဒီနည်းလမ်းကို စမ်းလုပ်ကြည့်လိုက်ကြပါ။ အကျိုးထူးရင်လည်း မသိသေးတဲ့သူတွေကို ပြန်လည်မျှဝေပေးဖို့ မမေ့ပါနဲ့ဦးနာ်။

H.H(Akhayar)

www.akhayar.com