[Zawgyi]





Ref: Engadget

Min Than Htike (Akhayar)

www.akhayar.com


[Unicode]

SXSW မှာပြသွားတဲ့ Japan က Sushi စက်ရုပ်

Japan တွေရဲ့တီထွင်မှုတွေကတော့ အမြဲလိုလိုစိတ်ဝင်စားဖို့ကောင်းပါတယ်။ သူငယ်ချင်းတစ်ယောက်က သင့်ကို စားစရာပုံတစ်ခုခုကိုဓာတ်ပုံရိုက်ပြီး သင့်ဆီကို Internet ကနေပို့လိုက်ရင်သင်စားလို့မရပါဘူး။ ဒါပေမယ့် အခု Sushi စက်ရုပ်ကေ တာ့သူငယ်ချင်းပို့လိုက်တဲ့စားစရာတွေကို သင့်အတွက်တစ်ကယ်လုပ်ပေးမယ့် သူငယ်ချင်းပဲဖြစ်ပါတယ်။ Sushi စက်ရုပ်လေးကိုတော့ Openmeal ဆိုတဲ့ အစားအစာဖန်တီးရေး Program အောက်မှာ ဖန်တီးစမ်းသပ်နေပါတယ်။

South By South West (SXSW) ဆိုတာကတော့ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ အနုပညာပြပွဲပဲဖြစ်ပါတယ်။ အနုပညာနဲ့ပတ်သက်တာတွေများပေမယ့် ဒီနှစ်မှာတော့ ထူးဆန်းစွာနဲ့ အစားအသောက်လုပ်ပေးမယ့် စက်ရုပ်ကိုထူးခြားစွာတွေ့ရပါတယ်။ Sushi စက်ရုပ်လေးကတော့ သူနားလည်တဲ့နည်းနဲ့ သင်စားလို့ရတဲ့ Sushi တွေကိုသေချာလုပ်ပေးမှာဖြစ်ပါတယ်။ သူ့ရဲ့ထူးခြားချက်အနေနဲ့ကတော့ Sushi တွေကိုအမျိုးမျိုးလုပ်တတ်ပြီး Sushi လုပ်နည်းအသစ်တွေကိုလည်း ထပ်သင်ပေးလို့ရပါသေးတယ်။

Sushi တွေကိုလုပ်တတ်ဖို့အတွက် Software ကိုပဲသုံးထားပါတယ်။ Software ကပဲအရောင်တွေ ၊ အရသာအမျိုးအစားတွေကိုသိရှိနာလည်တဲ့အတွက် Sushi အရသာအစ်တွေကိုတောင် ဖန်တီးပေးနိုင်မှာပါ။ သင့်ဖုန်းကနေလည်း Sushi လုပ်နည်းတွေကိုပို့ပေးရင်လည်း သူကလုပ်ပေးနိုင်ပါတယ်။ လက်ရှိကတော့ ဒီ Sushi စာဖိုမှုးစက်ရုပ်လေးက စမ်းသပ်အဆင့်ပဲရှိသေးပေမယ့် အနာဂတ်မှာ Sushi ကောင်းကောင်းအိမ်မှာစားနိုင်ဖို့အပြင် သူငယ်ချင်းက Sushi လုပ်နည်းအသစ်ကို Internet ကနေသင့်ဆီကိုပေးပို့လိုက်ရင်ပဲ စက်ကလုပ်ပေးမှာဆိုတော့ တစ်ကယ်စားလို့ရပါပြီ။ အရင်ကလို သူငယ်ချင်းပို့လိုက်တဲ့ ဓာတ်ပုံလေးကိုပဲထိုင်ကြည့်နေရတဲ့အဖြစ်မျိုးတွေရှိတော့မှာမဟုတ်ပါဘူး။ Sushi စက်ရုပ်လေးကိုတော့ Pixel Food Printer လို့နာမည်ပေးထားပြီး Sushi အပြင်အခြားအစားအစာတွေကိုပါဖန်တီးပေးနိုင်အောင် ဆက်လက်တီထွင်သွားမယ်လို့ Openmeals ကဆိုပါတယ်။

Ref: Engadget

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။